SMEs များ ဖွံ့ဖြိုးရေးအထောက်အပံ့ Responsible Business Fund – RBF မှ လုပ်ငန်းရှင်များအတွက် ပဉ္စမအကြိမ် အဆိုပြုလျှောက်လွှာခေါ်ယူနေ
ဒိန်းမတ်နိုင်ငံအစိုးရ၏ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးရေး အထောက်အပံ့ Responsible Business Fund – RBF မှ မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းရှင်များအတွက် ပဉ္စမအကြိမ် အဆိုပြုလျှောက်လွှာများ စတင်လက်ခံနေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အထ ကောင်းများ တိုးပွားလာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဒိန်းမတ်နိုင်ငံမှ ဖွံ့ဖြိုးရေးအကူအညီ ထောက်ပံ့ငွေများ ထပ်မံပေးအပ်သွားမည် ဖြစ်သဖြင့် ပဉ္စမအကြိမ် အဆိုပြုလွှာများ ခေါ်ယူခြင်းဖြစ်သည်။
RBF ဆိုတာ ဒိန်းမတ်နိုင်ငံကနေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနေတဲ့ အစီအစဉ်တွေ ထဲက အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံဟာ အာရှနဲ့အာဖရိကနိုင်ငံများထဲမှာ ပုဂ္ဂလိက စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှတဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် ကူညီပံ့ပိုးပေးနေတဲ့ ရှေ့ဆောင်လမ်းပြ နိုင်ငံတစ်နိုင်ငံပါ။ RBF ဆိုတာ မြန်မာတစ်နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အလေ့အထကောင်းတွေကို တိုးမြှင့်စေဖို့အတွက် ပေးအပ်တဲ့ Challenge Fund ဖြစ်ပါတယ်။ RBF ကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ ကျပ်သိန်းပေါင်း ၁၄၈,၀၀၀ ကို လုပ်ငန်းပေါင်း ၄၅၃ ခု အတွက် ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။,
ဟု RBF Myanmar မှ Grant Manager ကိုအောင်ဖြိုး က ပြောသည်။
RBF မှ ဖွံ့ဖြိုးရေးအကူအညီ ပေးအပ်မည့် လုပ်ငန်းများအနေဖြင့် ဧရိယာ(၁) စွမ်းအင်အလေအလွင့် လျော့ချခြင်း၊ ဧရိယာ(၂) ရေသုံးစွဲမှု လျော့ချခြင်း၊ ဧရိယာ(၃) စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း၊ ဧရိယာ(၄) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ဧရိယာ(၅) အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ဧရိယာ(၆) စွန့်ပစ်ရေဆိုးသန့်စင်ခြင်း အစရှိသည့် ဧရိယာ (၆)ခုအောက်မှ အကျုံးဝင်သည့် စီမံကိန်းများကို အဆိုပြုလျှောက်ထားနိုင်ပြီး စီမံကိန်းကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။
ဧရိယာ (၁,၂,၃,၄,၅) အောက်မှ လျှောက်ထားမည့်လုပ်ငန်းများအတွက် စီမံကိန်းကုန်ကျစရိတ်၏ ၃၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း၊ ဧရိယာ(၆)အောက်မှ လျှောက်ထားမည့်စီမံကိန်းများအတွက် စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရခိုင်ပြည်နယ် တို့ရှိ လုပ်ငန်းများအတွက် စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း၊ ဒိန်းမတ်နိုင်ငံမှ ထုတ်လုပ်သော စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုမည့် လုပ်ငန်းများအတွက် စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ % (အများဆုံး ကျပ်သိန်း ၈၀၀) အထိလည်းကောင်း ထောက်ပံ့ငွေပေးအပ်ရန် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း RBF Myanmar မှ ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းပေါင်း (၁၉)ခုရှိပြီး၊ ပုသိမ်မြို့ရှိ ပြည်ဝဓနဆန်စက်သည်လည်း ဧရိယာ(၃) စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်း ခေါင်းစဉ်အောက်ရှိ ထိုင်ဝမ်နိုင်ငံမှ ထုတ်လုပ်သည့် SUNCUE(ဆန်းကျူး)အမှတ်တံဆိပ် စပါးခွံလောင်စာသုံး စပါးအခြောက်ခံစက်ကို RBF Myanmar ၏ အထောက်အပံ့ဖြင့် 2020 ခုနှစ် မေလတွင် တပ်ဆင်ခဲ့ပြီး အောင်မြင်စွာ လည်ပတ်လျက်ရှိနေပြီ ဖြစ်သည်။
အဆိုပါ ပဉ္စမအကြိမ် အဆိုပြုလျှောက်လွှာများကို ဇန်နဝါရီလ(၄)ရက်မှ (၂၇)ရက်နေ့၊ နေ့လည်(၁၂)နာရီအထိ ပထမအဆင့်လျှောက်လွှာ (Concept Note)များ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022