အစိမ်းရောင်လမ်း
ဟင်းသီးဟင်းရွက်စိုက်တောင်သူများအတွက် ဂုဏ်ယူဝမ်းမြောက်စွာ လက်တွဲပူးပေါင်းခြင်း

ဟင်းသီးဟင်းရွက်စိုက်တောင်သူများအတွက် ဂုဏ်ယူဝမ်းမြောက်စွာ လက်တွဲပူးပေါင်းခြင်း

အပူပိုင်းဒေသရှိ တောင်သူများ ပြည့်ဝသောအသိပညာဗဟုသုတများဖြင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အကျိုးအမြတ်ဖြစ်ထွန်းမည့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ (East-West Seed Knowledge Transfer) နှင့် အစိမ်းရောင်လမ်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာပေးအဖွဲ့ (Greenovator) တို့ အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

Greenovator အနေဖြင့် Green Way အက်ပလီကေးရှင်းနှင့် အခြားသောဆိုရှယ်မီဒီယာအကောင့်များမှတဆင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်မှအစ စိတ်ဝင်စားစရာဗဟုသုတများကို အသုံးပြုသူများထံ ပိုမိုကျယ်ပြန့်စွာ ဖြင့် အလွယ်တကူရောက်ရှိစေရေး ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး

ဒေသခံများတောင်သူများအနေဖြင့်လည်း Green Way - အစိမ်းရောင်လမ်း အက်ပလီကေးရှင်းအသုံးပြုခြင်းမှတစ်ဆင့် စိုက်ပျိုးနည်းလမ်းဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်မည့်အပြင် မရှင်းလင်းသည်များနှင့် စိုက်ပျိုးစဉ်ကြုံတွေရမည့် အခက်အခဲများ၏ ဖြေရှင်းချက်များကိုပါ မြားနီနည်းပညာပေးအဖွဲ့မှ တိုက်ရိုက်ရယူနိုင်တော့မည်လည်း ဖြစ်ပါသည်။

ထို့ကြောင့် ယခုကဲ့သို့ မြားနီနည်းပညာပေးရေးအဖွဲ့ (East-West Seed Knowledge Transfer) နှင့် အစိမ်းရောင်လမ်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာပေးအဖွဲ့ (Greenovator) တို့ပူးပေါင်း ဆောင်ရွက်မှုသည် လူမှုအသိုက်အဝန်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေနိုင်မည်ဟု ယုံကြည်မိကြောင်းပြောကြားရင်း ဂုဏ်ယူစွာ အသိပေးကြေညာလိုက်ရပါသည်။

You

ဆက်စပ်ဆောင်းပါးများ

မြားနီနည်းပညာပေးရေးအဖွဲ့

အကြောင်းအရာ ပံ့ပိုးသူ

မြားနီနည်းပညာပေးရေးအဖွဲ့

မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....