၂၀၂၁ ခုနှစ်အတွက် ပထမဆုံးအကြိမ် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း (၁/၂၀၂၁) ကို (၁၀)မိုင်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း၊ ပဲခူးမြို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလလောက်ကစပြီး သင်တန်းတွေ ရပ်နားခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ဌာနက သင်တန်းတွေ တောက်လျှောက်ဖွင့်လှစ်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်ကတည်းက မှိုမျိုးစုံစိုက်ပျိုးနည်းသင်တန်းတွေ စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော် ဖွင့်လှစ်ပို့ချခဲ့ပြီးပါပြီ။ ကိုဗစ်-၁၉ ကာလအတွင်းမှာတော့ ဒီသင်တန်းက ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သင်တန်း စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၁၆) ရက်အထိဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ သင်တန်းကြေး အခမဲ့အပြင် သင်တန်းကာလအတွင်း သင်တန်းသားကို ဌာနသင်တန်းဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ သိရသည်။
သင်တန်းကျောင်းကလည်း ဝင်ဆံ့တဲ့အတွက် ကိုဗစ်မဖြစ်ခင်အခြေအနေတုန်းကတော့ သင်တန်းသား ၄၀ ဦးအထိ လက်ခံသင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ သင်တန်းသား ၄၀ ဦးဆံ့တဲ့ ခန်းမလည်းရှိတယ်၊ နေစရာအိပ်ဆောင်လည်း ရှိပါတယ်။ အခုတော့ ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီရဲ့လမ်းညွှန်ချက်နဲ့ညီညွတ်အောင် သင်တန်းသားဦးရေကို ထက်ဝက်လျှော့ချပြီး သင်တန်းသား ၂၀ ဦးကိုသာ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း သင်တန်းသားအားလုံး ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး စိတ်ချလက်ချရှိစေဖို့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေကို ဦးစားပေးလက်ခံပေးသွားမှာ ဖြစ်ပါတယ်။
ဟု ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။
သင်တန်းကြေးပေးအပ်ရန် မလိုဘဲ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းသား၏ စားစရိတ်၊ သင်တန်းမှတ်စုများ၊ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုနှင့် ပြင်ပမှိုခြံ လေ့လာရေးခရီးစဥ်များအတွက်မူ သင်တန်းသားဘက်မှ ကိုယ့်စားရိတ်ကိုယ် ကျခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သင်တန်းတက်ရောက်လိုသည့်သင်တန်းသားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၇/၈) ရက်နေ့ နောက်ဆုံးထား၍ ဖုန်းနံပါတ် ၀၉-၄၂၀၁၇၇၁၁၅၊ ၀၉-၉၇၀၁၇၈၄၈၉ ထံသို့ စာရင်းပေးသွင်းနိုင်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ သိရသည်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....