အစိမ်းရောင်လမ်း
ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း

ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း

စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲလက်အောက်ရှိ ထုံးဘို၊ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ ရိတ်သိမ်းချိန်လွန် ဇီဝကမ္မဗေဒ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းပညာ၊ ရွေးချယ်ခြင်းနှင့် အတန်းအစားခွဲခြားခြင်းနည်းပညာ၊ ထုပ်ပိုးခြင်းနည်းပညာ၊ သိုလှောင်ခြင်းနည်းပညာ၊ အော်ဂဲနစ်နည်းပညာ၊ အစားအစာများ ပြုပြင်မွမ်းမံခြင်းနည်းပညာ၊ စျေးကွက်စီးပွားရေး နည်းပညာရပ်များအား ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါ၍ တောင်သူများ ပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များ သယ်ယူပို့ဆောင်သူများ  ရောင်းချသူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို ကြိုတင် စာရင်းပေးသွင်း တက်ရောက်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ (သင်တန်းကြေး အခမဲ့ ဖြစ်ပါသည်။)

အောက်ဖော်ပြပါ သင်တန်းနေ့ရက်များအတွက် ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။

သင်တန်းဖွင့်လှစ်မည့်ရက်စွဲ -

၂၉-၁၀-၂၀၁၈  ရက်မှ    ၃၀-၁၀-၂၀၁၈   ရက်ထိ
၂၈-၁၁-၂၀၁၈  ရက်မှ    ၃၀-၁၁-၂၀၁၈    ရက်ထိ
၂၆-၁၂-၂၀၁၈  ရက်မှ    ၂၈-၁၂-၂၀၁၈     ရက်ထိ
၂၂-၁-၂၀၁၉    ရက်မှ    ၂၄-၁-၂၀၁၉       ရက်ထိ
၂၆-၂-၂၀၁၉    ရက်မှ    ၂၈-၂-၂၀၁၉       ရက်ထိ
၂၇-၃-၂၀၁၉    ရက်မှ    ၂၉-၃-၂၀၁၉       ရက်ထိ
၃-၄-၂၀၁၉      ရက်မှ    ၅-၄-၂၀၁၉         ရက်ထိ
၂၈-၅-၂၀၁၉    ရက်မှ     ၃၀-၅-၂၀၁၉      ရက်ထိ
၂၅-၆-၂၀၁၉    ရက်မှ     ၂၇-၆-၂၀၁၉      ရက်ထိ
၂၄-၇-၂၀၁၉    ရက်မှ    ၂၆-၇-၂၀၁၉       ရက်ထိ
၂၇-၈-၂၀၁၉    ရက်မှ     ၂၉-၈-၂၀၁၉      ရက်ထိ
၂၄-၉-၂၀၁၉    ရက်မှ    ၂၆-၉-၂၀၁၉       ရက်ထိ

ဆက်သွယ်ရန် ဖုန်း - ၀၉-၅၃၂၂၅၄၅၊ ၀၉-၄၃၀၆၀၆၉၂၊ ၀၉-၄၄၃၀၆၀၆၉၂၊ ၀၉၃၃၈၅၀၅၉၄၊ ၀၉-၉၆၅၂၄၅၀၉၆၊ ၀၉-၄၂၂၂၉၈၀၆၁



You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....