မြန်မာနိုင်ငံအတွက် ချိုမြတဲ့ မင်းဂွတ်သီးတွေ အများကြီးသီးပွင့်စေဖို့ အတွေးတစ်စ
မင်းဂွတ်သီးလေးတို့ရဲ့ မြန်မာနိုင်ငံရဲ့ အဓိက အသက်မွေးဝမ်းကြောင်းက စိုက်ပျိုးရေး ဖြစ်တယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ဒါပေမဲ့လဲ စိုက်ပျိုးရေး လုပ်ငန်းဆိုတာ စိုက်နည်းစနစ်သိရုံနဲ့ အဆင်မပြေဘူးလေ။ သဘာဝက ပေးထားတဲ့ သဘာဝ ရင်ခွင်ထဲမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုတာ မိုးလေဝသ ရာသီဥတု အခြေအနေကို မူတည်ပြီး ချိန်ဆ စိုက်ပျိုးရပါတယ်။ ဒါမှပဲ အလေအလွင့် ဆုံးရှုံးမှု နည်းပြီး ဖြစ်ထွန်းအောင်မြင်မှာပေါ့လေ။
မိုးလေဝသအခြေအနေ ကြိုတင်သိရမယ်ဆိုရင် စိုက်ပျိုးရေး လုပ်ငန်းတစ်ခုထဲ မဟုတ်ပဲ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တာကို သိရှိကာကွယ်နိုင်မယ်၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းတွေ၊ ဆားလုပ်ငန်းသမားတွေ၊ ဆောက်လုပ်ရေးလုပ်ဆောင်နေတဲ့ အင်ဂျင်နီယာတွေ၊ ဆည်မြောင်းတာတမံလုပ်ငန်းများအတွက် အကျိုးပြုနိုင်မှာပဲဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ရာသီဥတုအခြေအနေခန့်မှန်းချက်ထုတ်တာ (weather forecast) ကမ္ဘာနှင့်ယှဥ်ကြည့်မယ်ဆိုရင် များစွာနောက်ကျနေပါသေးတာကြောင့် မဆုံးရှုံးသင့်တာတွေ၊ မလေလွင့်သင့်တာတွေ အများကြီး ဖြစ်နေတာကို စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရပါတယ်။
ဒါ့ကြောင့် နိုင်ငံရဲ့လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ပြည့်စေနိုင်ရေး၊ မိုးလေဝသခန့်မှန်းခြင်းအတတ်ပညာ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ SU SU SAN METEOROLOGICAL TECHNICIANS TRAINING COURSE. ကို အနာဂတ်မြန်မာနိုင်ငံတော် အနာဂတ်မျိုးဆက်သစ်တွေအတွက် ဖွင့်လှစ်တည်ထောင်မယ်လို စိတ်ကူးထားပါတယ်။ အခက်အခဲတော့အများကြီးရှိမှာပါ။ တိုင်းပြည်ချစ်စိတ် နိုင်ငံချစ်စိတ်ရှိသူတွေရဲ့ ဘက်စုံပံ့ပိုးကူညီမှု အများကြီးလိုအပ်ပါတယ်။ တိုင်းပြည်ကြီးအေးချမ်းသာယာပြီး အခွင့်ရယ်သာခဲ့ရင် စွမ်းစွမ်းတမံ ကြိုးစားကြည့်ချင်ပါသေးတယ်။ မင်းဂွတ်သီးလေး ချစ်သူတို့ရော ဘယ်လိုထင်လဲ။ အောက်မှာ ထင်မြင်ချက်လေး ရေးပါခဲ့ဦး။
Aung Myo Thu
လွန်ခဲ့သော ၂ နှစ် ကပါဝင်မယ်စုရေ
U tun htay
လွန်ခဲ့သော ၄ နှစ် ကစိတ်ကူးလေးအလွန်ကောင်းပါတယ်အကောင်အထယ်ဖော်နိုင်ရင်ပြည်သူပြည်သားတွေများစွာအကြိူးရှိပါတယ်ကျေးဇူးတင်လျက်
chit Kမြmyint aung
လွန်ခဲ့သော ၄ နှစ် ကပြောင်းလည်းနေတဲ့ရာသီးဥတုအတွက် အများကြီးကောင်းတဲ့ အမရည်ရွယ်ချက်ပါ
ဦးကျော်သောင်း
လွန်ခဲ့သော ၄ နှစ် ကမြန်မာပြည်သူတွေရဲ့ အထောက်အပံ့တွေလိုအပ်ပါတယ်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကYouTube နဲ့ Google တို့မှာ မင်းဂွတ်သီးလေးရဲ့ ကြေငြာချက်ဖော်ပြပေးလိုက်ရင် ပိုကောင်း
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
05/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021