အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(၅၁) စိုက်ပျိုးရေးဆိုင်ရာ စာကြည့်တိုက်များ - ၃
Basic Agricultural Science – 51 Agricultural Libraries (Part – 3)
၂၀၀၁ ခုနှစ် အောက်တိုဘာလ ဂျာမနီနိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်စဉ်က ဂျာမန်ဘာသာရပ်နှင့်စကားပြော (German Language) ကို တလုံးတပါဒမျှနားမလည်သေးပါ၊ သို့သော် ကျွန်တော့်ကို ဂီးဆန့်တက္ကသိုလ် (Giessen University) တွင် ပါရဂူဘွဲ့သင်တန်းတက်နေသော ဒေါက်တာခင်မာချို (ယခုတော့ အမေရိကန်နိုင်ငံ ကော်နဲလ်တက္ကသိုလ် - Cornell University, US မှာ အလုပ်လုပ်နေပါပြီ) က ဖရန့်ဖွတ်အပြည်ပြည်ဆိုင်ရာလေဆိပ် (Frankfurt International Airport) အထိ လာကြိုပေးပြီး ကျွန်တော်ကျောင်းတက်မည့် ကက်ဆယ်တက္ကသိုလ်၊ ဗစ်ဆင်ဟောက်စင်နယ်မြေ (Kassel University, Witzenhausen Campus) အထိ လိုက်ပို့ခဲ့ပါသည်။
မီးရထားဘူတာကို ကျွန်တော့်ဆရာကိုယ်တိုင် (ကျွန်တော့်ထက် အသက် နှစ်နှစ်ငယ်ပါသည်) စက်ဘီးနဲ့လာကြိုပြီး ကျွန်တော့်ခရီးသွားအိတ်(Luggage) ကို သူ့စက်ဘီးနောက်ကတင်ကာ နေထိုင်မည့်အဆောင်အထိ လမ်းလျှောက်လာခဲ့ရတာကို အမှတ်တရ ရှိနေပါသည်။ ကျွန်တော်တို့နယ်မြေ (Campus) ရှိသော ဝပ်ဆင်ဟောင်ဆင်မြို့ (Witzenhausen) ကလေးက အလွန်ငြိမ်သက်ပြီး ချစ်စရာကောင်းသော မြို့ငယ်ကလေးပါ။
ဈေးကအစ မဝယ်တတ်တော့ သူတို့ဆီကနာမည်ကြီး အာဒီ (ALDI Shopping Centre) ဈေးဝယ်သည့် နေရာမှာ ဒေါက်တာခင်မာချိုကိုပဲ နှိပ်စက်အကူအညီတောင်းပြီး ဈေးဝယ်ပြီးမှ ဂီးဆင့် (Giessen) ကိုပြန်ဟူ၍ ပြောခဲ့ရပါသည်။
ဒီတခါ ပါရဂူဘွဲ့ စာကြည့်တိုက်က အသုံးပြုပုံကတော့ ပုံစံ တစ်မျိုး ဖြစ်သွားပါပြီ။ ကက်တလောက်ကို အင်တာနက်အွန်လိုင်းမှ မှာယူကြည့်၍ ကျွန်တော်နေထိုင်ရာဌာန သီးနှံသိပ္ပံဌာန (Institute of Crop Science - ယခုတော့ အပူပိုင်းနှင့်အပူလျော့ပိုင်း ဒေသဩဂဲနစ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် သီးနှံပတ်ဝန်းကျင်စနစ်ဆိုင်ရာသုတေသနဌာန - Organic Plant Production and Agroecosystems Research in the Tropics and Sub-Tropics) သို့ အရောက်ပေးပို့သည့်စနစ် ဖြစ်ပါသည်။ စာကြည့် တိုက်သို့ လူကိုယ်တိုင်သွားစရာ မလိုတော့ပါ။

ပုံ(၁) - ဂျာမနီနိုင်ငံ ကက်ဆယ်တက္ကသိုလ်စာကြည့်တိုက်
နောက်တစ်ခုက ကတ်ဆယ်တက္ကသိုလ်တွင် စာကြည့်တိုက် အဆောက်အဦခွဲ (Branches of Kassel University Library) ပေါင်း ၇ ခု ရှိပါသည်၊ ဂျာမနီနိုင်ငံ တနိုင်ငံလုံး ပို့ဆောင်ရေးစနစ်က အလွန်ကောင်းမွန်သဖြင့် ကက်ဆယ်နှင့် ဂိုတင်ဂန်တက္ကသိုလ် (Gottingen University) ရှိ စာကြည့်တိုက်များသို့ သွားရောက်ရာတွင် ကျွန်တော်တို့အား နှစ်ဝက်လက်မှတ် (Semester Tickets for Students) ပေးထားသဖြင့် ကြိုက်သည့်ဒေသရထား (Regional Trains)၊ မြိုပတ်ရထား (Tram – ဂျာမန်အခေါ် - Strassenbahn ) တက်စီးစီး ပိုက်ဆံထပ်ပေးစရာ မလိုတော့ပါ (ဂိုတင်ဂန်တက္ကသိုလ် ရှိရာပြည်နယ်တွင်တော့ မရပါ)။

ပုံ (၂) ဂျာမနီနိုင်ငံ ကက်ဆယ်တက္ကသိုလ်သို့ သွားရောက်နိုင်သည့် ဓာတ်ရထား
ဂိုတင်ဂန်တက္ကသိုလ်စာကြည့်တိုက်ကလည်း အကြီးကြီးဖြစ်ပြီး အဆောင်ငါးဆောင်၊ အထပ် ၇ ထပ်ရှိပါသည်။ မြေအောက်ထပ်တွင် စာအုပ်အသစ်များ ထားပါသည်။ ကျွန်တော်တို့မြို့ကလေးနှင့်နီး၊ ရထားခလည်း ပေးစရာမလိုတော့သဖြင့် စနေတင်္ဂနွေ အားလပ်ရက်တိုင်း ရောက်ဖြစ်ပါသည်။

ပုံ (၃)ဂျာမနီနိုင်ငံ ဂိုတင်ဂန်တက္ကသိုလ်စာကြည့်တိုက်
ဂိုတင်ဂန်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် အခြားတက္ကသိုလ်မှ မြန်မာ ကျောင်းသား, ကျောင်းသူ များစွာရှိ၍လည်း မကြာခဏ ရောက်ရှိညအိပ်ကာ အပန်းဖြေဖြစ်ပါသည်။ စနေနေ့ သူတို့တက္ကသိုလ်၏ စားသောက်ခန်းမ (Student Cafeteria ဂျာမန် အခေါ် Mensa) မှာ နေ့လည်စာစားရာ တစ်ယူရိုကျော်ကျော်နှင့် စားသောက်ဖွယ်ရာ (One-set for Lunch) တစ်ပွဲမှာ ကြိုက်နှစ်သက်ရာ အသားငါးတစ်ပွဲ၊ အာလူး၊ အသီး၊ ဒိန်ချဉ် (Yoghurt) စသည်ဖြင့် စနစ်တကျ အာဟာရဓာတ်ကို တွက်ချက်စီမံထားသဖြင့် တစ်နပ်စာ ပြီးပြည့်စုံပါသည်။

ပုံ(၄) - ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာစားရန်နေရာ
စနေနေ့တိုင်းလောက်နီးနီး ထိုတက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းလောက်မှစတင်၍ ဂျာနယ်မှသုတေသနစာစောင်များ၊ အကြံပြုစာတမ်းများ (Research and Review Articles from the Journals ) ကို တက္ကသိုလ်တိုင်း ကျောင်းသားအဖြစ်မှတ်ပုံတင်ပြီးလျှင် (Student Registration) ထိုတက္ကသိုလ်မှ အွန်လိုင်းဂျာနယ်များကို ပုံမှန်လစဉ်ကြေး၊ နှစ်စဉ် ကြေး (Journal Annual and Monthly Subscription)ပေးသွင်းပြီးပါက မိမိအခန်းရှိ ကွန်ပျူတာမှနေ၍ တက္ကသိုလ်ကိုယ်ပိုင်အီးမေးလ်နှင့် ကျောင်းသားမှတ်ပုံတင်အမှတ်(University email and student ID) သုံးပြီး လွှဲပြောင်းကူးယူ၍ မိမိအခန်းမှာတင် ပုံနှိပ် (Print) ထုတ်ယူဖတ်ရှုနိုင်ပါသည်။ မြန်မာပြည်သို့ပြန်ရောက်သည့်အခါ ထိုအခွင့်အရေးမျိုး မရရှိတော့ပါ။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်တော့ စာကြည့်တိုက်မှူး ဒေါ်ဝင်းလဲ့လဲ့သန်း ကြီးကြပ်မှုအောက်တွင် ကိုရီးယားအစိုးရ အထောက်အပံ့ (Korean International Development Agency - KOICA) ဖြင့် စာကြည့်တိုက်ရှိစာအုပ်များကို ဒစ်ဂျစ်တယ်ကက်တလောက် (Digital Catalogue) ထဲတွင်သွင်းပြီး အင်တာနက်မှ လိုချင်သောစာအုပ်ရှိမရှိ ရှာဖွေနိုင်ပါသည်။ စာအုပ်ငှားရင်တော့ စာကြည့် တိုက်သို့ ကိုယ်တိုင်သွားရောက်ရပါမည်။
နောက်ပိုင်း ၂၀၁၈ ခုနှစ်က ကျွန်တော် ဩစတေလျနိုင်ငံ၊ ကွင်းစလန်တက္ကသိုလ် ပြန်ရောက်သွားရာ ဇီဝသိပ္ပံစာကြည့်တိုက် (UQ Biological Science Library) မှာ ပုံနှိပ်စာအုပ် (Printed Books) တစ်အုပ်မှ မရှိတော့ပါ။ အဆောက်အဦတစ်ခုလုံး ဒီဂျစ်တယ်စာကြည့်တိုက် (Digital Library) ဖြစ်သွားပါပြီ။ အကုန်လုံး အွန်လိုင်းမှငှားရမ်း၊ မိမိကွန်ပျူတာထဲသို့ထည့်သွင်း၊ သို့မဟုတ် တီဗွီလောက်ကြီးကြီး ကွန်ပြူတာ ဖန်သားပြင်မှာဖတ် ကြိုက်သလိုလုပ်၍ရပါသည်။ ကျောင်းသားတိုင်း ဘက်ထရီသုံး လက်ဆွဲကွန်ပျူတာ (Laptop Computer) တစ်လုံးစီတော့ ဝယ်ကြရပါသည်။ အောက်တွင် စားသောက်ဆိုင်ရှိပြီး ဆာလျှင် ကော်ဖီသောက်၊ အဆာပြေမုန့် (Snack) စား၊ စာဆက်တိုက်ဖတ်၍ ပင်ပန်းသွားပါက ဆိုဖာသဖွယ်နေရာမှာ သီချင်းသံလေးနှင့် အနားယူနိုင်ပါသည်။
ကျွန်တော်တို့နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စာကြည့်တိုက်များမှာ အွန်လိုင်းဂျာနယ်မရသေးပါ။ ၂၀၁၅ ခုနှစ်လောက်က ကော်နယ်တက္ကသိုလ်မှ တီထွင်ထုတ်လုပ်သော စိုက်ပျိုးရေးဆိုင်ရာ အီလက်ထရွန်နစ်စာကြည့်တိုက် (TEEAL – The Essential Electronic Agricultural Library) သည်အင်တာနက်မလိုဘဲ စိုက်ပျိုးရေးဆိုင်ရာ ဂျာနယ်များ အရေအတွက် ၂၀၀ ခန့်ကို ကူးယူနိုင်သော စီမံကိန်းတစ်ခု ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိခဲ့ပါသည် ။ ဤစနစ်က ယခု ၂၀၂၂ ခုနှစ်ဆိုလျှင် ၂၀၂၀ ခုနှစ်ကလောက်အထိ ကူးပေးထားပါသည်။ နှစ်နှစ်လောက်တော့နောက်ကျပါသည်။ အလွန်အဖိုးတန်သော စာတမ်း၊ သုတေသနတွေ့ရှိချက်များပါ။ ယခုတော့ စီမံကိန်းရပ်သွားပြီဟု ကြားသိရပါသည်။
နယ်သာလန်နိုင်ငံ ဝက်ဂံနီဂန်တက္ကသိုလ်နှင့် သုတေသနဌာန (Wageningen University and Research - WUR) ကဲ့သို့ ပုံစံမျိုး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေးသုတေသနဌာန (Department of Agricultural Research) တို့ ပြုလုပ်လျှင်လည်း ရပါသည်။ တက္ကသိုလ်ဘက်က ဂျာနယ်တစ်ချို့မှာယူ၊ သုတေသနဘက်က ဂျာနယ်တစ်ချို့ မှာယူပြီးလျှင် စာကြည့်တိုက်ပေါင်းစည်းရေးစနစ်ပုံစံ (Inter-Library Loan) နှင့် ကျောင်းဆရာ၊ ဆရာမ၊ သုတေသနပညာရှင်၊ ကျောင်းသား၊ ကျောင်းသူဟူ၍ မခွဲခြားတော့ဘဲ ရှိသောအရင်းအမြစ်များ (Resources) ကို အတူ တကွ မျှဝေအသုံးပြုခြင်းပါ။
ကျွန်တော် အမျိုးသားပညာရေးမူဝါဒကော်မရှင် (National Education Policy Commission - NEPC) ကို ရောက်ရှိသွားတော့ ရန်ကုန်မြို့ တက္ကသိုလ်အသီးသီးရှိ စာကြည့်တိုက်များသို့ လေ့လာရေး သွားခဲ့ပါသည်။ စာကြည့်တိုက်ဆိုတာ သုံးစွဲသူ (Users) များနေမှ သူ့ရဲ့ တန်ဖိုးကတက်တာပါ။ ကျွန်တော် သဘောအကျဆုံး စာကြည့်တိုက်ကတော့ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ပါ။ ကျွန်တော်တို့သွားလေ့လာသည့်အချိန် ညနေပိုင်း ၄-၅ နာရီ လောက်အထိ စာကြည့်သူ၊ စာဖတ်သူ၊ စာဆွေးနွေးနေသူ (စာဆွေးနွေးခန်းလေး - Discussion Room တွေလည်း မှန်အကြည်အကာနဲ့ ပြုလုပ်ပေးထားသဖြင့်) ကျောင်းသား၊ ကျောင်းသူများ ဆွေးနွေးနေသည်ကို လှမ်းမြင်နေရပါသည်။ သို့သော် စာကြည့်တိုက်အခန်းနှင့် အဆောက်အဦကတော့ နိုင်ငံတကာတက္ကသိုလ်များနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပါသေးသည်။
ကျွန်တော်တို့ အများကြီး ခြေလှမ်းလှမ်းရပါဦးမည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
phyoe oo san
လွန်ခဲ့သော ၃ လ ကမဂ်လာပါရှင့်
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကမေးမြန်းလိုသည်များကို အစိမ်းရောင်လမ်းမှတဆင့် ကျွန်တော်ဆီမေးမြန်းပေးပါ စိုက်ပျိုးရေးအခြေခံ online သင်တန်းလေးတွေလည်းဖွင့်နေပါတယ်
ဦးပြည့်စုံထက်
လွန်ခဲ့သော ၃ နှစ် ကပြည်ပပညာသင်ကျောင်းတွေက အတွေးအခေါ်တွေ စိုက်ပျိုးရေးအသိပညာတွေနှင့် လက်ရှိမြန်မာနိုင်ငံစိုက်ပျိုးရေး ကျောင်းဆင်းများမှာ များစွာ ဗဟုသုတ ပညာ အရမ်းနည်းပါးခဲ့သည်မှာ ကိုယ်တွေ့ပါ။ ပြည်ပကျောင်းသားများ လုပ်ဆောင်ချက်ကို အားကျသလို လုပ်ချင်ခဲ့တယ် သို့သော် ကျွန်ုပ်နေတာ မြန်မာပြည် Fish Aminoလောက်လုက်ပြီး ပျော်နေရတဲ့ ဝါးလုံးခေါင်းထဲ လသာတဲ့ အဖြစ်မျိုးတွေနဲ့ပဲ ပျော်နေရတယ် စိုက်ပျိုးရေးကျောင်းဆင်း M.Scကေျာင်းဆင်းတစ်ယောက်မှပဲ အပင်အဟာရ ပိုးမွှား အပင်ကိုဖြစ်ထွန်းအောင် မပြုစုနိုင်လောက်တဲ့အခြေအနေဗဟုသုတမျိုးတွေနဲ့ ကြုံနေရပါတယ် ဘယ်အရာကို အပြစ်တင်ရပါ့
Ya Wai Hlaing
လွန်ခဲ့သော ၃ နှစ် ကThanks for your sharing
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026