အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (အပိုင်း-၁၆)
အခန်း(၉) စားကျက်သီးနှံ သိပ္ပံပညာ(၂)
စားကျက်စိုက်ပျိုးရေးပညာကို အချို့က မြက်ခင်းပြင်စိုက်ပျိုးရေး (Grassland Agriculture) ဟူ၍ လည်းခေါ်ဆိုကြပါသည်။ ဤစနစ်တွင် မြက် (Grass) နှင့် ပဲမျိုးနွယ်ပင် (Legumes) ကို မွေးမြူထားသော တိရိစ္ဆာန်များအတွက် ကျွဲစာ၊ နွားစာ (Forage (or) Fodder) ရရှိစေရန် စိုက်ပျိုးပြုစုပေးခြင်း ဖြစ်ပါသည်။
အထူးသဖြင့် စာမြုံ့ပြန်တိရစ္ဆာန် (Ruminant) များ ဖြစ်သည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်အတွက် အစာအာဟာရဓာတ် (Nutrition)၊ ပရိုတိန်း အစာကြမ်း (Crude Protein) များ ရရှိနိုင်ရန် မြက်၊ ကောက်ရိုးခြောက်ချည်း ကျွေးမနေပဲ မြက်အစို၊ ပြောင်းဖူးရိုး၊ နှံစားပြောင်းရိုးများအပြင် ပဲရိုး၊ ပဲမှော် (မြေပဲ၊ ပဲဒီစိမ်း၊ မတ်ပဲတို့ ဆွတ်ပြီးပါက) များ ရောနှောကျွေးခြင်း၊ လွှတ်ကျောင်းမြေ (Grazing Land) များတွင် အာဟာရဓါတ်တန်ဖိုး (Nutritive Value) မြင့်မားသော ပဲမျိုးနွယ်ပင်များ ရောနှောစိုက်ပျိုးပေးခြင်း (Mixed Cropping) ပြုလုပ်ပေးခြင်းဖြင့် တိရိစ္ဆာန်များမှရရှိသော အသား(Meat)၊ နွားနို့ (Milk) စသည်တို့တွင် စားသုံးသူကလေး၊ လူကြီးများအတွက် လိုအပ်သော အမျှင်ဓါတ် (Fibre)၊ ပရိုတင်းဓာတ် (Protein) စသည်တို့တွင်၊ သတ္တုဓါတ် (Minerals)၊ ဗီတာမင်ဓါတ် (Vitamins) စသည်တို့ ကြွယ်ဝစွာ ရရှိနိုင်ပါသည်။
စားကျက်စိုက်ပျိုးပေးခြင်းဖြင့် အာဟာရပြည့်ဝသော တိရစ္ဆာန်စာအတွက်သာမဟုတ်ဘဲ ဥပမာ- တောင်စောင်းများ (Sloping Land)၊ အပူပိုင်းဒေသ မိုးခေါင်ရေရှားရပ်ဝန်းဒေသများတွင် လေပြင်းတိုက်ခတ်မှုကြောင့် မြေဆီလွှာတိုက်စားခြင်း (Wind Erosion) ကို ကာကွယ်ရန် မြက်ပင်များစိုက်ပျိုးခြင်း ပြုလုပ်ပေးနိုင်ပါသည်။ မြက်ပင်များ ရှိနေခြင်းဖြင့် မြက်ခင်းများ၏အမြစ်များ (Grass Roots) က မြေဆီလွှာအတွင်း ကုတ်တွယ်ထားခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါသည်။ ဥပမာ-မကွေးတိုင်း၊ မန္တလေးတိုင်းတို့၌ လေကာပင် (Wind Grass)၊ ပဲစဉ်းငုံ၊ ဂျပန်ချယ်ရီ ပဲပင်များ စိုက်ပျိုးပေးခြင်း ပြုလုပ်ပေးနိုင်ပါသည်။
မြက်ခင်းများအတွင်း ပဲမျိုးနွယ်အပင်များ တွဲဖက်ရှိနေခြင်းဖြင့် မြေဆီလွှာ အာဟာရဓါတ်တန်ဖိုး (Soil Fertility Improvement) တက်လာပါက အကယ်၍ သီးနှံများ ပြောင်းလဲစိုက်ပျိုးမည်၊ နှစ်အလိုက် အလှည့်ကျ စိုက်ပျိုးခြင်း (Crop Rotation) ပြုလုပ်မည်ဆိုလျှင် မြေဆီလွှာ အာဟာရဓါတ် ခြောက်ခမ်းမှု နည်းပါးစေနိုင်ပါသည်။ သိပ္ပံနည်းကျဆိုလျှင် ပဲမျိုးနွယ်ဝင် အပင်များ မျိုးရင်း (Family Leguminosae) သည် သူ၏အမြစ်တွင်ရှိသော နိုဒြူးမြစ်ဖု (Nodule)၊ အကျိုးပြုဘက်တီးရီးယား (Rhizobium Bacteria) မှ လေထဲတွင်ရှိသော နိုင်ထရိုဂျင်ဓါတ်ကို ဖမ်းယူပေးသဖြင့် အပင်အတွက်လိုအပ်သော နိုင်ထရိုဂျင်ဓာတ်ကိုလည်း အလိုလျောက် တိုးတက်ရရှိနိုင်ပါသည်။
မြက်နှင့်ပဲကို စနစ်တကျ တွဲဖက်စိုက်ပျိုးခြင်းဖြင့် မလိုလားအပ်သော ပေါင်းပင် (Weeds) များ ပေါက်ရောက်မှုလည်း နည်းပါးသွားနိုင်ပါသည်။ ဥပမာ-မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ရာဘာ၊ ဆီအုန်း စိုက်ခင်းများသည် တစ်ပင်နှင့်တစ်ပင်အကြား (၁၀) ပေ၊ (၁၅) ပေ၊ (၂၀) ပေ စသဖြင့် အကွားအဝေးထား စိုက်ပျိုးရမည်ဖြစ်ရာ အပင်ငယ်စဉ် (သို့မဟုတ်) အပင်ကြီးမှ ကြားသီးနှံ (Inter Crops)အဖြစ် စားကျက် မြက်၊ ပဲများရောနှော စိုက်ပျိုးကာ တိရိစ္ဆာန်မွေးမြူရေးနှင့် တွဲဖက်လုပ်ဆောင်နိုင်ပါသည်။ ပေါင်းပင်ပေါက် ရောက်မှုလည်း နည်းပါးသွားနိုင်ပါသည်။
ဂိုက်ဇိုဘီယမ် ဘက်တီးရီးယားမှာ စိုက်ပျိုးပဲပင်များ (ဥပမာ-ပဲလွန်း၊ ပဲစဉ်းငုံ၊ မတ်ပဲ)တွင် ရှင်သန်နိုင်သောမျိုးနှင့် စားကျက်ပဲပင်များတွင် ရှင်သန်နိုင်သောမျိုး (ဥပမာ-အယ်ဖာဖာ၊ စတိုင်လို)ဟူ၍လည်း ကွဲပြားသလို အယ်ကာလီအခြေပြု ဖြည်းညင်းစွာ ဖွံ့ဖြိုးသော ဘက်တီးရီးယားနှင့် အက်စစ်အခြေပြု လျင်မြန်စွာ ဖွံ့ဖြိုးသော ဘက်တီးရီးယား (Acid-Producing Fast growing Bacteria) ဟူ၍လည်း ရှိနိုင်ပါသည်။ ဥပမာ- အများဆုံးတွေ့ရသော ဘက်တီးရီးယား (၆) မျိုးမှာ-
၁။R. leguminosae
၂။R. phaseoli
၃။R. trifolii
၄။R. lupine
၅။R. medicaginis
၆။R. japonicum တို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် သင့်တော်သော အပူပိုင်းမြက် (Tropical Grasses) မျိုး ဥပမာများအနေဖြင့်..
မြက်မျိုး
Chloris gauane - ကလိုရစ်မြက်မျိုး
Cynodon dactylon- ဆင်နိုဒွန်မြက်မျိုး
Digitaria ciliaris-ဒီဂျစ်တေးရီးယားမြက်မျိုး
Panicum maximum- (Monbasa) မွန်ဘာစာ မြက်မျိုး
ပဲမျိုး
Macroptilium atropurpureum – (Siratro) ဆီရာထရို ပဲမျိုး
Centrosema molle – (Centro) ဆင်ထရို ပဲမျိုး
Stylosanthes humilis - (Stylo) စတိုင်လို ပဲမျိုး
သမပိုင်းမြက်နှင့် သမပိုင်းပဲမျိုး ဥပမာ- (အယ်ဖာဖာ (ခေါ်) လူဆန် (Alfalfa or Lucerne) မှာ အအေးပိုင်း ကချင်၊ ရှမ်း၊ ချင်းပြည်နယ် စသည်တို့တွင် စမ်းသပ်စိုက်ပျိုးရန် သင့်တော်ပါသည်။
စားကျက်နှင့်ပတ်သက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံဌာနတွင် မဟာသိပ္ပံ သုတသနများ အောက်ပါအတိုင်း ပြုလုပ်ခဲ့ကြပါသည်။

စားကျက်သီးနှံ စိုက်ပျိုးရေးဘာသာသည် အလှမ်းကျယ်ပြီး အလယ်လပ်နေပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် သုတေသနပြု၊ သင်ကြားရေးများ ပြုလုပ်ပေးနေသော်လည်း အသုံးချသည့်ဌာန၊ စိုက်ပျိုးရေးဌာန၊ စိုက်ပျိုးရေးသုတေသနတို့တွင် စားကျက်ဌာနစိတ် သီးသန့်မရှိပါ။ သို့ဖြစ်ပါ၍ ပြည်တွင်းတွင် မဟာသိပ္ပံသင်ကြားပြီးသော်လည်း အခြားစိုက်ပျိုးရေးဌာနများတွင် အလုပ်လုပ်နေသည်ကို တွေ့ရှိရပါသည်။ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်နှင့် မွေးမြူရေးနှင့်ကုသရေးဌာနတွင်တော့ ဤဌာနစိတ်ရှိမည်ဟူ၍ ယူဆရပါသည်။
သို့သော် စိုက်ပျိုးရေးမှ စားကျက်ပဲနှင့် မြက်များ၏ ပန်းပွင့်မှု (Flowering)၊ မျိုးစေ့ထုတ်လုပ်မှု (Seed Production)၊ စိုက်ချိန် (Time of Sowing)၊ ရေပေးသွင်းမှု (Irrigation)၊ မြေဆီဩဇာထည့်သွင်းမှု (Fertilizer Application) အမျိုးမျိုးကို ပြုလုပ်ပြီး မွေးမြူရေးဌာနမှ တိရိစ္ဆာန်များအား ကျွေးမွေးမှု (Animal Feeding)၊ အာဟာရဓါတ်တန်ဖိုး (Nutritive Value)၊ ပရိုတင်းရရှိမှု (Crude Protein)၊ တိရိစ္ဆာန်များနို့ထွက်ကောင်းမှု (High Milk Production)၊ အရည်အသွေးကောင်းအသားတိုးမှု (Quality Meat production) သုတေသနများကို စိုက်ပျိုးရေးနှင့် မွေးမြူရေး ပူးတွဲလုပ်ဆောင်ပါက ဤကဏ္ဍမှ အသား၊ နွားနို့၊ နို့ထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်မည်မှာ မလွဲဧကန် ဖြစ်ပါသည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
myo htet
လွန်ခဲ့သော ၃ နှစ် ကကျနော်တို့ကျေးလက်တောင်သူတွေဟာနည်းစနစ်ကျန တဲ့မွေးမြူရေးလုပ်ငန်းတွေနဲ့အလှမ်းဝေးနေဆဲပါဆရာ😌😌😌
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....