သစ်တော + စိုက်ပျိုးရေး တွဲလိုက်ရင် ဘာအကျိုးရှိမလဲ?
အခန်း(၈) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း
Chapter (8) Agroforestry
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းဆိုသည်မှာ မြေဆီလွှာတစ်နေရာတည်းပင် သစ်တောပင်၊ စားသုံး သီးပင် (တနည်းအားဖြင့် နှစ်ရှည်အပင်)များနှင့် တစ်နှစ်အောက်သက်တမ်းရှိသော လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ များ (သို့မဟုတ်) နှစ်ရှည်တိရစ္ဆာန်စားကျက် (Pasture)၊ ပဲပင်နှင့်မြက်ပင်များ (Legumes and Grasses) အတူ တကွရောနှောစိုက်ပျိုးခြင်း (Mixed Cropping) ဖြင့် မြေကြီးကို အကျိုးရှိရှိ အသုံးချခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ စိုက်ပျိုးရေး (Agriculture) နှင့် သစ်တော (Forestry) ကို တွဲဖက်လုပ်ဆောင်ခြင်းဖြင့် ဇီဝ မျိုးစုံမျိုးကွဲ (Biodiversity) များစွာ တိုးတက်လာနိုင်ပြီး မြေဆီလွှာနှင့် ရေတိုက်စားမှု (Soil and Water Erosion) လျော့နည်းစေနိုင်ပါသည်။ ဤနည်းလမ်းသည် အာဖရိကနှင့် အမေရိကန်နိုင်ငံတို့တွင် အောင်မြင်စွာ ကျင့်သုံးနေ သော နည်းစနစ်ဖြစ်ပါသည်။
အရှေ့တောင်အာရှနှင့် အာရှတိုက်နိုင်ငံများတွင်လည်း တိုးတက်ကျင့်သုံးလာရာ ကျွန်တော်တို့ နိုင်ငံဒေသအလိုက် လည်း စနစ်တကျကျင့်သုံးမည်ဆိုပါက အကျိုးရှိနိုင်သော နည်းလမ်းများဖြစ်ပါသည်။ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာသိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ စန်းဝင်းနှင့်ကျွန်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် အလုပ်လုပ်စဉ်က တက္ကသိုလ်နှစ်ခုပူးပေါင်း၍ ဤဘာသာ ရပ်ကို ပူးတွဲပို့ချ၍ ဘွဲ့သင်တန်းပေးရန် ဆွေးနွေးခဲ့ဖူးပါသည်။
ကျွန်တော်တို့နိုင်ငံ၏ ကျင့်သုံးနေသော အဆင့်မြင့်ပညာသင် တက္ကသိုလ်များ၏မူဝါဒအရ ဝန်ကြီးဌာနမတူပါသဖြင့် ပေါင်းစည်းသင်ကြားရေးအဆိုမှာ မအောင်မြင်ခဲ့ပါ။ အခြားနိုင်ငံများ၌ တက္ကသိုလ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြီး ဘာသာရပ်အစုံ သင်ကြားပေးသည့်စနစ် (Comprehensive University System) ဖြစ်ရာ ဘာသာရပ်အသစ်တစ်ခု၊ သင်ရိုးညွှန်းတမ်းအသစ်တစ်ခု စတင်သင်ကြားရန်မှာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ အဆင့်နှင့်ပင် အတည်ပြုနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အထောက် အကူပြုနိုင်သော ဘာသာရပ်အသစ်များ၊ သင်ရိုးညွှန်းတမ်းအသစ်များ ပြောင်းလဲသင်ကြားရေးမှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် (Great Challenge) ဖြစ်ပါသည်။
ဤစနစ်က မြေယာအသုံးချမှုကို တစ်ချက်ခုတ်လျှင် သုံးလေးချက်ပြတ်သော နည်းစနစ်ဖြစ်ပါသည်။ ဥပမာ မြန်မာ နိုင်ငံတွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးနေသော ဆီအုန်း၊ ရာဘာ၊ သရက်ပင်၊ လိမ္မော်၊ ထန်းပင်၊ အုန်းပင် စသည် တို့ကြားတွင် ငွေရလွယ်သောသီးနှံ (Cash Crops) များဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် များ သီးညှပ်စိုက်ပျိုးခြင်း (Mixed or Intercropping) တို့ ပြုလုပ်ပါက (၆)လအတွင်း ဝင်ငွေပိုမိုရနိုင်ပါသည်။ မြေကိုလှပ်မထားသည့်အတွက် မြေဆီလွှာတိုက်စားမှု (Soil Erosion) မဖြစ်နိုင်သလို မလိုလားအပ်သော ပေါင်းပင် (Weeds) များပေါက်ရောက်မှုမှလည်း ဟန့်တားနိုင်ပါသည်။
အပင်များသည် အပင်ဇီဝကမ္မဖြစ်စဉ်အရ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓါတ်ငွေ့ကို စုပ်ယူပြီး အောက်စီဂျင် (O2) ပြန်စွန့်ထုတ်ပေးသဖြင့် လူသားအပါအဝင် သက်ရှိသတ္တဝါများအားလုံးအတွက် အသက်ရှူရန်လိုအပ်သော အောက်ဆီဂျင်ကို အပင်မှ ပြန်လည်ဖြည့်စွမ်းပေးပါသည်။ အစိမ်းရောင်ရှိသော စိုက်ပျိုးမြေများအပါအဝင် သစ်တောသစ်ပင်များက ရာသီဥတုပြောင်းလဲမှု (Climate Change) အတွက်လည်း များစွာအထောက်အကူ ဖြစ်စေ ပါသည်။
မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက ကျင့်သုံးခဲ့သော တောင်ယာစနစ် (အင်္ဂလိပ်လို Taungya System ဟုခေါ်ပါသည်) က တောင်ကုန်းတောင်စောင်းများရှိ သစ်ပင်သစ်တောများကြားတွင် ယာစပါး (Upland Rice)၊ ပြောင်းဖူးများ စိုက်ပျိုးပေးခြင်းဖြင့် မြေဆီလွှာတိုက်စားမှုလည်း လျော့နည်းစေပါသည်။ အချို့နိုင်ငံ သစ်တောများ၊ တောင်စောင်းများ၌ နှစ်ရှည်ပင်၊ နွားစားမြက် (Pasture Grass) နှင့် နွားစားပဲ (Pasture Legumes) တွဲဖက်စိုက်ပျိုးကာ ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ မွေးမြူခြင်းဖြင့် မြက်များပဲများ၏ အမြစ်ကုတ်တွယ်အားကြောင့် မြေဆီလွှာတိုက်စားမှုလည်း လျော့နည်း၊ မွေးမြူရေးမှလည်း ဝင်ငွေရ အလွန်အကျိုးရှိသော လုပ်ငန်းဖြစ်ပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization FAO) ၏ အဓိပ္ပါယ်ဖော်ပြချက်အရ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းပုံစံ (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ-
(က) Agrisilvicultural System
သီးစားနှစ်ရှည်သစ်ပင်နှင့် တစ်နှစ်အောက်သက်တမ်းရှိ စားသုံးသီးနှံများ တွဲဖက်စိုက်ပျိုးခြင်း
ဥပမာ - ရှမ်းပြည်တွင် လိမ္မော်ပင်နှင့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာများတွဲဖက်ခြင်း၊ သင်္ဘောပင်နှင့် ဟင်းသီးဟင်းရွက်များ တွဲဖက်စိုက်ပျိုးခြင်း (Alley Cropping or Home Gardening) မိမိအိမ် တွင် သီးနှံမျိုးစုံစွာ ဥယျာဉ်ခြံပြုလုပ်ထားခြင်း) စသည်တို့ဖြစ်ပါသည်။
(ခ) Silvopastoral System
သစ်တောနှင့် စားကျက်သီးနှံများတွဲဖက်စိုက်ပျိုးကာ (Grazing) လွှတ်ကျောင်းမွေးမြူရေး စနစ်ပြုလုပ်ခြင်း
ဥပမာ-ရာဘာခင်းထဲ နွားစားမြက်၊ ပဲစိုက်ပြီး လွှတ်ကျောင်းထားခြင်း
(ဂ) Agrosylvopastoral System
သစ်တော၊ သီးနှံ၊ မွေးမြူရေး (၃)ခုလုံး တွဲဖက်လုပ်ဆောင်ခြင်း
ဥပမာ-ကျွန်း၊ ပျဉ်းကတိုး စသည့် သစ်ပင်များအကြားတွင် စပါး၊ ပြောင်းဖူး၊ မြေပဲ စိုက်ပျိုးသည့်အပြင် နို့စားနွား၊ ကြက်၊ ဝက် စသည်တို့ကိုပါ တွဲဖက်မွေးမြူထားခြင်း
သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းသည် ပညာရှင်ပေါင်းစုံပါဝင်မှ ရပါမည်။ ဥပမာ - လယ်ယာ သီးနှံ စိုက်ပျိုးရေးပညာရှင် (Agronomist)၊ တိရိစ္ဆာန်မွေးမြူရေးပညာရှင် (Animal Husbandry Specialist)၊ မြေယာရှုခင်းကျွမ်းကျင်ပညာရှင် (Landscape Planner)၊ မြေအသုံးချရေးပညာရှင် (Land Utilization Specialist)၊ သစ်တောပညာရှင် (Forest Scientist)၊ စီးပွားရေးပညာရှင် (Economists)၊ မြေဆီလွှာသိပ္ပံပညာရှင် (Soil Scientist) တို့မှ ပူးပေါင်းဆောင်ရွက်ရင်း မိမိနိုင်ငံနှင့် အကောင်းဆုံးစနစ်ကို မူဝါဒရေးဆွဲချမှတ်ရပါမည်။
ကျွန်တော်တို့နိုင်ငံမှာ ပညာရှင်အများစုရှိသော်လည်း မြေယာရှုခင်းကျွမ်းကျင်ပညာရှင်နှင့် မြေအသုံးချရေး ပညာရှင်တို့ကို တက္ကသိုလ်များမှ အထူးပြုဘာသာရပ်ဖြင့် မွေးထုတ်ပေးရပါမည်။ ကျွန်တော် ကွင်းစလန်း တက္ကသိုလ်တွင် ၁၉၈၇ ခုနှစ်၌ မဟာစိုက်ပျိုးရေးသိပ္ပံသင်ကြားခဲ့စဉ်က မြေအသုံးချရေး (Land Utilization) ဘာသာရပ်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း (Crop Production) နှစ်ဘာသာမှ တစ်ဘာသာကို ရွေးချယ်ရန် အခွင့်အလမ်းရရှိခဲ့ပါသည်။ မြေယာအသုံးချရေးဘာသာရပ်ကို ကျွန်တော် မသိ၊ မသင်ကြားဘူး၍ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းဘာသာရပ်ကိုသာ ရွေးချယ်တက်ရောက်ခဲ့ပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင်လည်း မြေအသုံး ချရေးဘာသာရပ်ကို အထူးပြုအနေဖြင့် တက္ကသိုလ်များတွင် အသေးစိတ် ပို့ချနိုင်ခြင်း မရှိသေးပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းပညာဦးစီးဌာန ရှိသော် လည်း အများစုမှာ စိုက်ပျိုးရေးဘွဲ့ရ၊ သိပ္ပံဘွဲ့၊ သင်္ချာ၊ ရူပဗေဒ၊ ပထဝီဘွဲ့ရ စသည့်ဘွဲ့ရများဖြင့် ဝင်ရောက်ခဲ့ပြီး မြေတိုင်းနှင့် မြေစာရင်းပညာများကို လုပ်ငန်းခွင်ဝင်ပြီးမှသာ သင်ကြားကြသူများပါသည်။
ကျွန်တော်တို့နိုင်ငံတွင် မြေယာပြဿနာများ၊ သစ်တောမြေ၊ စိုက်ပျိုးမြေ စသည်ဖြင့် ငြင်းခုန်နေရသည့် ပြဿနာများ၊ ငါးကန်၊ စိုက်ပျိုးမြေ စသည်ဖြင့် အငြင်းပွားနေရမှုများ လွန်စွာမှရှိနေပါသည်။ ထို့ကြောင့် မြေယာစီမံခန့်ခွဲမှုနှင့် အသုံးချရေးကို တက္ကသိုလ်များမှ သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ဥပဒေ၊ လူမှုရေး စသည့်ဘာသာရပ်များ ထောင့်စေ့အောင်ပါဝင်လျက် အထူးပြုသင်ကြားပြီး ဘွဲ့လွန်သင်တန်းများမှတဆင့် နိုင်ငံ့အကျိုးရှိ အဆင့်မြင့်သုတေသန ဆောင်ရွက်ကာ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကဖုံးနံပါတ်နဲ့လိပ်စာလေးကို အစိမ်းရောင်လမ်းကိုပေးပို့ပေးပါခင်ဗျာ၊ စာအုပ်လက်ဆောင်ပေးချင်လို့ပါ၊ ရွေရောင်လွင်ပြင် golden plains livelihood development services Facebook page မှ အပတ်စဉ် စနေနေ့ည ၈-နာရီတိုင်း စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲတွေရှိပါတယ်။ မှတ်ပုံတင် registration ပြုလုပ်ပြီး zoom ဖြင့်ပါဝင်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
U Myint Soe Htunn
လွန်ခဲ့သော ၄ နှစ် ကAgro-Forest အတွက်CF တောင်သူများကို knowledge sharingပြုလုပ် ပေးဖို့ဆင့်ပွားသိရှိရ၍ကျေးဇူးတင်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၄ နှစ် ကသစ်တော၊ စိုက်ပျိုးရေးတွဲဖက် အသုံးပြုပါက မြေလွတ်၊ မြေလတ်များ အကျိုးရိစွာ အသုံးချနိုင်ခြင်း၊ အနီးရှိ တောင်သူလယ်သမားများ သီးနှံသစ်တောရောနှောစိုက်ပျိးခြင်း အကျိုးကျေးဇူးများသိရှိ နိုင်ခြင်း တို့ရရှိနိင်ပါသည်
ချစ်ကိုဦး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်ဗျ ...
ကိုဇော်ဇော်
လွန်ခဲ့သော ၄ နှစ် ကမှတ်သားသင့် ကျင့်သုံးသင့် ပါတယ်ဗျာ
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026