အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၁၁)
အပိုင်း(၆) အစားအသောက်သိပ္ပံနှင့် နည်းပညာ (အဆက်)
ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းပညာကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ဘွဲ့ကြို၊ သိပ္ပံဘွဲ့ (B.Sc.,Fisheries and Aqualture) ကို စတင်သင်ကြားလာခဲ့ရာ မြန်မာနိုင်ငံ၌ ပထမဆုံး ငါး မွေးမြူရေးနှင့် ရေလုပ်ငန်းပညာဘွဲ့ ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အခြားအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ကြည့်လျှင် အလွန်နောက်ကျနေပြီး ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံမှ ငါး၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများကို ဥရောပနိုင်ငံများအပါအဝင် နိုင်ငံခြား တိုင်းပြည်များသို့ နှစ်စဉ်တင်ပို့လျက် ရှိရာ သုတေသနနှင့် အဆင့်မြင့်ပညာက ပူးတွဲတစ်ပြိုင်နက် လိုက်ပါရမည် ဖြစ်ပါသည်။
ဘွဲ့ကြိုပြီး၊ ဘွဲ့လွန်သင်တန်းများရှိမှ မဟာသိပ္ပံ၊ ပါရဂူသုတေသနများမှတဆင့် ငါး၊ ပုစွန်တိုးတက် ထုတ်လုပ်ရေး၊ လိုအပ်ပါက ကန်တွင်း၊ ရေချိုရေငန်အလိုက် မွေးမြူနိုင်ရေး၊ ဧရာဝတီတိုင်းကဲ့သို့ မြစ်ချောင်းပေါများလှသော ဒေသ များတွင် ရေချိုငါး၊ ပုစွန်များ မွေးမြူထုတ်လုပ်ရေးနှင့် ရခိုင်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီတိုင်း စသည့်ဒေသများတွင် ပင်လယ်စာ(Seafood) နှင့် ရေငန် ငါး၊ ပုစွန်၊ ပုလဲမွေးမြူရေးမှစ၍ အဆင့်မြင့်ပညာ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းရပ်များ တွဲဖက်လုပ်ဆောင်ရန် အရေးတကြီး လိုအပ်လျက်ရှိပါပြီ။
ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ်ရေ ပတ်လည်ဝိုင်းရံလျက်ရှိသော ကျွန်းငယ်များစွာ စုစည်းထားသည့် နိုင်ငံဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံမှထွက်သော သဘာဝပုလဲနှင့် မွေးပုလဲသည် ကမ္ဘာကျော်ပြီး နိုင်ငံ့ဝင်ငွေများစွာ ရှာပေးလျက် ရှိနေပါသည်။ ရိုးရိုးသာမန် ပိန္နဲသီးကိုပင်လျှင် တစ်နိုင်ငံလုံးရှိ ကျေးရွာတိုင်းတွင် စိုက်ခိုင်းပြီး ပိန္နဲသီးခြောက်ပြုလုပ်ကာ တကမ္ဘာလုံးသို့ တင်ပို့နေပါသည်။ အုန်းသီး၊ သရက်သီးကိုလည်း တစ်နှစ်ပတ်လုံးသီးအောင် စိုက်ပျိုးနိုင်ပြီး အုန်းရည်၊ အုန်းနို့၊ အုန်းသီးမှ မုန့်မျိုးစုံ၊ သရက်သီးခြောက်၊ သရက်သီးဖျော်ရည် ပြုလုပ်ကာ ပြည်တွင်းတွင်သာမက၊ နိုင်ငံရပ်ခြားအထိ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ ရှာဖွေနေသည်မှာ အလွန်အားရစရာကောင်းလှပါသည်။
မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်လုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ကဏ္ဍသည် ပြည်တွင်းစားသုံးရေးနှင့် နိုင်ငံခြား ဈေးကွက်ဝင် စားနပ်ရိက္ခာထုတ်လုပ်ရေး ကဏ္ဍကြီးတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသည့်အလျောက် ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ အလွန်လိုအပ်လျက် ရှိနေပါသည်။ မြန်မာနိုင်ငံသည် ရေထွက်ကုန်လုပ်ငန်း၊ ရေချို၊ ရေငန် ထုတ်လုပ်မှုအပိုင်းတွင် တစ်ကမ္ဘာလုံး၌ အဆင့် (၁၃) ဖြင့် ရပ်တည်နေပါသည်။ (ဇယား-၁)
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က မြန်မာထက် ထုတ်လုပ်မှု ပိုပါသည်။ ထိုင်းနိုင်ငံထက်သာသော်လည်း ထိုင်းနိုင်ငံနှင့် ပင်လယ်ပြင်ထိတွေ့ဧရိယာမှာ မြန်မာနိုင်ငံလောက်မရှည်လျားပါ။ ထိုင်းနိုင်ငံ ပြည်နယ်အသီးသီးရှိ တက္ကသိုလ်တိုင်းနီးပါးလောက်တွင် ငါးမွေးမြူရေးမဟာဌာန (Faculty of Fishery) ရှိပါသည်။ ဘန်ကောက်မြို့ရှိ ကက်ဆက်ဆက်တက္ကသိုလ် ငါးမွေးမြူရေးမဟာဌာနမှာ ကြီးမားပါသည်။ မြန်မာနိုင်ငံ မှ ကျောင်းသားများလည်း တက်ရောက် သင်ယူလျက်ရှိကြပါသည်။
ငါးလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာပေးသည့် (၇) ခုမြောက် အရေးပါသည့်ကဏ္ဍဖြစ်ပါသည်။
ရေချို ငါး၊ ပုစွန် မွေးမြူရေးသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေချိုဒေသ မြစ်ချောင်း၊ အင်းအိုင် ဧရိယာအကျယ်အဝန်း ကီလိုမီတာ (၄) သိန်းကျော်ရှိပြီး၊ ကန်းရိုးတန်းဒေသမှာ ကီလိုမီတာ (၂) သောင်းကျော်၊ အင်းအိုင်၊ မြစ်ချောင်းများတွင် ကီလိုမီတာ ဧရိယာ (၃) သောင်း နီးပါးခန့်ရှိပါသည်။ ကမ္ဘာ့ထုတ်လုပ်မှုအဆင့် (၁၃) ရှိသော်လည်း အဆင့်မြင့်နည်းပညာဖြင့် လုပ်ကိုင် နေခြင်း မဟုတ်ဘဲ ဖမ်းဆီးရရှိမှု အနေနှင့်သာ ထုတ်လုပ်နေခြင်း ဖြစ်ပါသည်။
ပိုမိုအဆင့်မြင့်သည့် နည်းပညာကို အသုံးပြုပြီး ငါး၊ ပုစွန် အမျိုးအစား ခွဲခြားခြင်း၊ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင် မွေးမြူထုတ်လုပ်မှုမှာ တက္ကသိုလ်များတွင် အဆင့်မြင်ပညာ သင်ကြား၊ သင်ယူ၊ သုတေသနပြုလုပ်မှသာလျှင် ရေရှည်တည်တံ့ပါမည်။
ငါးမွေးမြူရေး ဘာသာကို ရန်ကုန်တက္ကသိုလ် သတ္တဗေဒဘာသာရပ်အောက်တွင် ဘာသာခွဲတစ်ခုအနေဖြင့် စတင်သင်ကြားရာမှ ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းပညာဌာန ပေါ်ပေါက်လာရပါသည်ဟူ၍ ဒေါက်တာ ကေလွင် ထွန်းက ပြောပါသည်။ ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံအစိုးရတို့၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနနှင့် GIZ တို့မှ ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသော မြန်မာရေသတ္တဝါ မွေးမြူရေးကဏ္ဌ ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းမှလည်း ငါးလုပ်ငန်းဆိုင်ရာ သိပ္ပံဘွဲ့အစီအစဉ်ကို ပံ့ပိုးပေးလျက်ရှိပါသည်။
သင်ကြားပေးသော ဘာသာရပ်များမှာ ငါး၊ ပုစွန် ဇီဝဗေဒ (Fishery Biology), အခြေခံငါးမွေးမြူရေးနှင့် ရေလုပ်ငန်း (Introduction to Fisheries and Aquaculture)၊ ကျောရိုးရှိ/ကျောရိုးမဲ့ ရေနေသတ္တဝါများ (Aquatic Invertebrate/Vertebrate)၊ ငါး၊ ပုစွန်ရောဂါများ (Fish/Shrimp Diseases)၊ မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲမှု (Aquaculture Mangement)၊ ငါးသားဖောက်နည်းပညာ (Hatchery Technology)၊ ငါးအာဟာရဗေဒနှင့် အစာကျွေးခြင်းနည်းပညာ (Fish Nutrition and Feeding Technology)၊ ဖမ်းဆီးပြီးနောက်ပိုင်း ပြုပြင်ထုတ်လုပ်မှု နည်းပညာ (Post-Harvest Technology)၊ ငါး၊ ပုစွန်ထုတ်ကုန်မျာ အရည်အသွေး ထိန်းချုပ်ရေး (Quality Assurance of Fishery Products)၊ ရေ အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း (Water Quality Analysis)၊ ရေလုပ်ငန်း၏ ဇီဝနည်းပညာ (Biotechnology in Aquaculture)၊ ရေပြင် ညစ်ညမ်းမှုနှင့် အဆိပ်ဖြစ်စေနိုင်ခြင်း လေ့လာသောပညာ (Aquatic Pollution and Toxicology)၊ ငါး၊ ပုစွန်ရောင်းဝယ်ဖောက်ကားခြင်းပညာ (Aquaculture Business)၊ ငါး၊ ပုစွန် ကန်များ၊ ထုတ်လုပ်မှု၊ ဖမ်းဆီးရမိမှုများ ကြီးကြပ်ကွပ်ကဲခြင်းပညာ (Farm Management) စသည်တို့အပါအဝင် ကျောင်းသား၊ ကျောင်းသူများသည် ငါး၊ ပုစွန် မွေးမြူရေးကန်များ၊ ဓါတ်ခွဲခန်းများ၊ ငါးအစာစက်ရုံများ၊ ငါးသားဖောက်စခန်းများ အပါအဝင် လုပ်ငန်းခွင် အတွေ့အကြုံရယူရင်း သင်ယူကြရမည်ဖြစ်ရာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ်အရေးပါလှသော အသုံးချသိပ္ပံ (Applied Science) ဘာသာရပ်တစ်ခု ပေါ်ထွန်းလာရင်း တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။
ဒေါက်တာမျိုးကြွယ်(ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....