အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၁၉)၊ အခန်း(၁၀) စိုက်ပျိုးရေးအင်ဂျင်နီယာပညာ (ဂ)
Chapter (10) Agricultural Engineering (c)
(င) ကြိတ်ခွဲခြင်းနည်းပညာ (Milling Technology)
ကြိတ်ခွဲမည့်သီးနှံပေါ်မူတည်၍ ဆန်စပါး ကြိတ်ခွဲခြင်းနည်းပညာ (Rice Milling Technology)၊ ဂျုံကြိတ်ခွဲခြင်းနည်းပညာ (Wheat Milling Technology)၊ မြေပဲကြိတ်ခွဲခြင်းနည်းပညာ (Peanut Milling Technology) စသည်ဖြင့် အသေးစိတ် လေ့လာနိုင်ပါသည်။
ကျွန်တော်တို့နိုင်ငံတွင် ဆန်စက်ပေါင်း (၁၁,၀၀၀) ကျော်ရှိရာ ၈၈ ရာခိုင်နှုန်းသည် ဆန်စက် အငယ်လေးများ (Small Mills) ဖြစ်ပြီး အရည်အသွေးညံ့ ခေတ်ဟောင်း ဆန်စက်များ ဖြစ်ပါသည်။ ဇယား (၁) နှင့် (၂)။


တောင်သူကြီးများအတွက် ဈေးကောင်းရရှိနိုင်ရန် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု (Rice Production) မှာ မစိုက်ခင် (Pre-planting) တွင်အထွက်ကောင်း (High Yield)၊ အရည်အသွေးကောင်း (High Quality) စိုက်ပျိုးရာတွင် မျိုးစေ့ သန့်စင်မှန်ကန်မှု (Purity)၊ အညှောက်ပေါက်ရာခိုင်နှုန်း ကောင်းမွန်မှု (Good Germination) တို့ကို စနစ်တကျ ရွေးချယ်ပြီး စနစ်တကျ စီမံကွပ်ကဲသင့်ပါသည်။ စိုက်ပျိုးနေစဉ်အတွင်း ပိုးမွှားရောဂါနှင့် ပေါင်းမြက်ကင်းစင်ရေး (Free from pests and weeds during Planting) စနစ်တကျ စီမံသင့်ပါသည်။ စိုက်ပျိုးရိတ်သိမ်းပြီးသည်နှင့် နောက်ပိုင်းလုပ်ငန်းတွင် (Post-Production) ရိတ်သိမ်း၊ အခြောက်ခံ၊ သိုလှောင်၊ ကြိတ်ခွဲ၊ ပြုပြင်မွမ်းမံမှုများ ပါဝင်ပါသည်။
ကျွန်တော်တို့ နိုင်ငံတွင် ရောင်းချရာ၌ အဖျင်း၊ အမှော်နည်းမှု၊ ပေါင်းစေ့ စသည့် အခြားပစ္စည်းများ (Inert Matters) များ ရောနှောပါဝင်မှုကို ယခုထက်ပို၍ ကြီးကြပ်ကွပ်ကဲနိုင်ပါက ကြိတ်ခွဲရာတွင် အကျိုး အကြေနည်းပါးပြီး အရည်အသွေးကောင်းဆန်များ ပိုထွက်လာနိုင်ပါသည်။ မျိုးစေ့အစိုဓါတ် (Grain Moisture) ကိုလည်း ၁၄ ရာခိုင်နှုန်းထက်မပိုအောင် ထိမ်းသိမ်းရာတွင် နေရောင်ခြည်နှင့် အစိုဓါတ် လျော့ရုံသာမကဘဲ အခြောက်ခံစက်များ (Grain Dryer) ဖြင့် စနစ်တကျ အစိုဓါတ်လျော့ချခြင်းကို ပြုလုပ်နိုင်ပါက ဆန်ထုတ်လုပ်မှု အရည်အသွေးကောင်းမွန်နိုင်ပါသည်။ ဤလုပ်ဆောင်မှု စနစ် အားလုံးသည် စိုက်ပျိုးရေး အင်ဂျင်နီယာ (Agricultural Engineering) ပညာရပ် အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ အစိုးရဌာနများ၊ တက္ကသိုလ်၊ ကောလိပ်သိပ္ပံများက ကျွမ်းကျင်သူ မွေးထုတ် လေ့ကျင့်ပေးရင်း သုတေသနများပါ တွဲဖက် လုပ်ဆောင်ရပါမည်။
ယခင်က ရိတ်သိမ်းပြီးပါက အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း မသိမ်းနိုင်ဘဲ တလင်းပေါ်တွင် ရက်များစွာ ထားရှိရသဖြင့် စပါးသီးနှံ အရည်အသွေး (Rice Grain Quality) ကျဆင်းခဲ့ရပါသည်။ ယနေ့ခေတ်တွင်မူ ကောက်ရိတ်ခြွေစက် (Combine Harvester) များသုံးနေကြ၍ တလင်းပေါ်တွင် မရှိသလောက်ဖြစ်နေကြပါပြီ။ အစိုဓါတ်များလွန်းသော စပါးများကို မကြိတ်ခွဲမီ နေလှန်းရာ၌ လည်းကောင်း၊ စပါးအခြောက်ခံရာတွင် လည်းကောင်း၊ သိုလှောင်ရာတွင် လည်းကောင်း စနစ်တကျ ဖြစ်စေရန် သင်တန်းပေး၊ သုတေသနပြုလုပ်ပေးရန် လိုပါဦးမည်။
ကြိတ်ခွဲခြင်း (Milling) ဆိုသည်မှာ ရိတ်သိမ်းပြီးနောက် အဓိကအကျဆုံးအပိုင်း ဖြစ်ပါသည်။ ဆန်စက်များ၏ အဓိက လုပ်ဆောင်ပေးမှုမှာ စပါး (Paddy) မှ ဆန်ဖြူ (White Rice Kernel) နှင့် စပါးခွံ (Husk)၊ ဖွဲ့ကြမ်း၊ ဖွဲနု (The Bran Layer) စနစ်တကျ ခွဲထုတ်ပေးနိုင်မှုသည် အရေးအပါဆုံးအပိုင်း ဖြစ်ပါသည်။
စပါးစေ့တွင် အကြမ်းအားဖြင့် ကာဘွန်ဟိုက်ဒရိတ်ပါသော ဆန်လုံးတီး (သို့မဟုတ်) ဆန်ဖြူ (Starchy Endosperm) ၆၉ ရာခိုင်နှုန်း၊ ဖွဲ - အကြမ်း၊အနု (Bran) ၁၁ ရာခိုင်နှုန်းနှင့် စပါးခွန် (Rice Hull or Husk) ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ စပါးနှင့်ဖွဲမှ အခွန်ကျွတ်ပြီးဆန်ကို ဆန်လုံးတီး သို့မဟုတ် ဆန်လုံးညို (Brown Rice) ဟုခေါ်ကာ အာဟာရဓါတ် ပြည့်စုံစွာ ပါဝင်သည်။ ဆန်နှင့်ကပ်နေသော အလွှာများကို စင်အောင်ဖွပ်ထားသော ဆန်ဖြူသည် ကြာရှည်အထားခံသည့်အပြင် မျက်နှာပန်း လည်းလှသည်။ သို့သော် လုံးတီးဆန်ကဲ့သို့ အာဟာရဓါတ် မပြည့်စုံဘဲ အထူးသဖြင့် ဗီတာမင်ဘီဓါတ် (Vitamin B) မရှိသလောက် ဖြစ်နေသဖြင့် ထိုဆန်မျိုး အမြဲစားသူများသည် ဗယ်ရီဗယ်ရီ (BeriBeri Disease) သို့မဟုတ် ကိုယ်ဖောနာ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အချို့နိုင်ငံများက စပါးစေ့အလိုက် အချိန်အနည်းငယ်ကြာပြုတ်ပြီးခါမှ (Partially-Precooked) အခွံချွတ်ပြီး ပြုတ်ဆန် အမည်တပ်ကာ ရောင်းချလေ့ရှိပါသည်။
ပြည်တွင်းဈေးကွက်တွင်မူ ပြုတ်ဆန်မှာ စားသုံးမှုအလေ့အထအရ နာမည်မကျော်ကြားဘဲ နိုင်ငံခြားဈေးကွက်သို့ တင်ပို့လေ့ရှိပါသည်။ ဈေးနှုန်းမှာ ပြုတ်ဆန် ၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၃၉၅-၄၀၀ နှင့် ပြုတ်ဆန် ၁၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၃၉၀-၃၉၅ စသဖြင့် ရနိုင်ပါသည်။

ပြုတ်ဆန်မှာ အကျိုးအကြေ ရာခိုင်နှုန်းနည်း၍ ဈေးကောင်းပိုရပါသည်။ ဧည့်မထ ၁၅-မှတ်၊ ၂၅-မှတ် စသည့် ဆန်အကျိုးအကြေရာခိုင်နှုန်းပေါ်မူတည်၍ ဈေးနှုန်းကွာပါသည်။ ဆန်စက်၏ အရည်အသွေး အရည်အသွေး၊ ကြိတ်ခွဲပုံပေါ်မူတည်၍ အကျိုးအကြေ ကွာပါသည်။ ဆန်စက်တွင် စပါးများကို ကြိတ်ခွဲ သည့် အချိန်မတိုင်မီ ရိတ်သိမ်းပြီး သယ်ယူလာသည့်အချိန်မှစ၍ (အစိုဓါတ် ၂၅-၃၀%) မှ အစိုဓါတ် (၁၄%) သာ ကျန်ရှိတော့သည်အထိ နေပူလှန်း (သို့မဟုတ်) အခြောက်ခံစက်ဖြင့် အခြောက်ခံရပါမည်။
စပါးစေ့များ အပူချိန်ရရှိမှု မညီညာခြင်းနှင့် (တစ်နည်းအားဖြင့် အောက်ခံမြေသား၊ တမံသလင်း ပေါ်တွင်မူတည်၍ မညီညာမှု ဖြစ်နိုင်ပါသည်။) မိုးမိခြင်းများ အစိုတစ်လှည့် အခြောက်တစ်လှည့် ဖြစ်မည်ဆိုပါက ဆန်ကြိတ်ခွဲမှု အရည်အသွေးကျဆင်းပြီး အကျိုးအကြေများနိုင်ပါသည်။ ဆန်မကြိတ်ခင် သိုလှောင်ရာတွင်လည်း စပါးပုံအလိုက် လေဝင်လေထွက်မကောင်း (Airation)၊ အခန်းတွင်းအပူချိန် (Room Temperature)၊ စိုထိုင်းဆ (RH) စသည်တို့ကို အကောင်းဆုံးဖြစ်အောင် မချိန်ဆနိုင်ပါက ကြိတ်ခွဲရာတွင်ရရှိနိုင်သည့် အရည်အသွေးကွာသွားနိုင်ပါသည်။ ထိုလုပ်ငန်းများအားလုံးသည် စိုက်ပျိုးရေး အင်ဂျင်နီယာ (Agricultural Engineering) ဘာသာရပ်ကြီး ဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် သင်ကြားသုတေသနပြု၍၊ နိုင်ငံတော်ဝင်ငွေတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် သင့်ပါသည်။
ကြိတ်ခွဲမှုနည်းပညာ (Milling Technology) လုပ်ဆောင်ရန်နည်းလမ်းကောင်းများမှာ-
(၁) အခွံချွတ်ရန် ရာဘာလိမ့်တုံး နည်းပညာသုံးသင့်ပါသည်။ (အကျိုးအကြေ နည်းစေရန် ဖြစ်ပါသည်။ (Use Rubber Roll Technology)
(၂) စပါးအဆင့် ကတည်းက ကောင်း၊ သင့်၊ ညံ့ ခွဲခြားနိုင်သည့် စက်များကို အလျင်သုံးသင့် ပါသည်။ (Use a paddy separator)
(၃) ဆန်ဖြူဖွတ်ရာတွင် (၂) ဆင့် စနစ်သုံးသင့်ပါသည်။ (Consider two-stage whitening)
(၄) ဆန်ဖြူကြိတ်ပြီးပါက ဆန်အဆင့်အတန်း ထပ်မံခွဲသင့်ပါသည်။ (Grade the milled Rice)
(၅) ဆန်စက်ကို မကြာခဏ စစ်ဆေးပြီး အပိုပစ္စည်းများကို လိုအပ်သလို လဲလှယ်သင့်ပါသည်။ (Monitor and Replace Spare Parts Regularly)
ဆန်စက်ကြိတ်ပြီးပါက ဘေးထွက်ပစ္စည်းများဖြစ်သော ဆန်ကွဲ၊ ဖွဲကြမ်း၊ ဖွဲနုများကို အစား အသောက် နည်းပညာ (Food Techonlogy) များဖြင့် တန်ဖိုးမြင့် ထုတ်ကုန် (Value – added Products) ဥပမာ- မုန့်ဟင်းခါး၊ ဆန်ကြာဇံ (အစို၊ အခြောက်) နိုင်ငံခြားသို့ တင်ပို့ ရောင်းချနိုင်သည့်အထိ စနစ်တကျ သုတေသနပြုပေးရပါမည်။ ထို့အတူ ထုတ်ပိုးနည်းပညာ (Packaging Technology) အရလည်း တန်ဖိုးမြင့်ပစ္စည်းများရနိုင်ပါသည်။ ၂၀၁၉ အောက်တိုဘာလ ကမ္ဘာ့သီးနှံဈေးကွက် သတင်းအရ ဝေမာကုမ္ပဏီ (Wilmar Co) မှလည်း သီလဝါ စီးပွားရေး အထူးဇုန်တွင် တစ်ရက် တန် (၁၂၀၀) ကျ ခေတ်မီဆန်စက် ဆောက်လုပ်မည်ဟုကြားသိရပါသည်။ ထိုအရည်အသွေးရှိဆန်များထွက်ရှိပါက သီလဝါဆိပ်ကမ်းမှ နိုင်ငံခြားသို့ တိုက်ရိုက်တင်ပို့ရင်း ဝင်ငွေများစွာ ရရှိနိုင်ပါတော့မည်။ စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာခွဲများဖြစ်သော ကြိတ်ခွဲမှုနည်းပညာ၊ ထုတ်ပိုးမှုနည်းပညာမှနေ၍ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ပညာရှင်များ မွေးထုတ်ပေးနိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကဖုံးနံပါတ်နဲ့လိပ်စာလေးပေးပါလား၊ စာအုပ်လက်ဆောင်ပေးပို့ခြင်လို့ပါ၊ စနေနေ့ည ၈-နာတိုင်း ရွေရောင်လွင်ပြင် Golden Plains livelihood development services Facebook page မှစိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲများပြုလုပ်လျှက်ရှိပါတယ်၊ မှတ်ပုံတင် registration ပြုလုပ်ပြီး zoom နဲ့ပါဝင်ဆွေးနွေးနိုင်ပါတယ်။
မိုးသီဟ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါသည်
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....