ပဲစဉ်းငုံရဲ့ ဇီဝကမ္မဗေဒရှုထောင့်
Basic Agricultural Science – (131) Food Legumes – Pigeon Pea (Part-4)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၁) ပဲမျိုးစုံ (အပိုင်း - ၄)
မိတ်ဆက် (Introduction)
ပဲမျိုးစုံ အကြောင်း (Food Legumes/Pulses) မိတ်ဆက်ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ အမှတ်စဉ် (၈၇) (၈၈) (၈၉) တွင် နိဒါန်းပျိုးရေးသားခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ပဲသီးနှံတစ်ခုခြင်းအကြောင်းကို သီးနှံဇီဝကမ္မဗေဒရှုထောင့်(Crop Physiology) မှနေ၍ ဆွေးနွေးပါမည်။
(က) ပဲစဉ်းငုံ (Pigeonpea – Cajanus cajan L.)
အပူပိုင်းဒေသပဲမျိုးစုံ (Tropical Pulses) သီးနှံများတွင် ကမ္ဘာပေါ်မှာ အိန္ဒိယနိုင်ငံသည် စိုက်ပျိုးမှု အများဆုံးဖြစ်ပါသည်။ အိန္ဒိယတွင် ပဲစဉ်းငုံသည် ကုလားပဲပြီးလျှင် ဒုတိယအရေးကြီးဆုံးသီးနှံ ဖြစ်ပါသည်။ ပဲစဉ်းငုံသည် အာဖရိကတိုက်အတွက်တော့ တိရစ္ဆာန်စာအဖြစ် အဓိက အသုံးပြုပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်တော့ ပဲစဉ်းငုံစိုက်ပျိုးမှုသည် နိုင်ငံခြားတင်ပို့ရန် (Export Purpose) အထူးသဖြင့် အိန္ဒိယနိုင်ငံ သို့တင်ပို့ရန် စိုက်ပျိုးလေ့ ရှိပါသည်။ ကျွန်တော်ကျောင်းဆင်းပြီးခါစက ရန်ကုန်မြို့ ကျွန်တော့်သူငယ်ချင်း ဟိန္ဒူလူမျိုး ဒေါက်တာ ဆန်ဂျေကူးမား (ကွယ်လွန်) အိမ်သို့ အလည်သွားတိုင်း သူ့အမေက ပဲစဉ်းငုံ ဟင်းရည် (Pigeonpea Soup) ချက်ကျွေးပါသည်။ အလွန်စားလို့ကောင်းပါသည်။ စားသောက်ကုန် နည်းပညာ (Food Technology) အရ မြန်မာလူမျိုးများ စားသုံးမှု လက်ခံနိုင်အောင် အစားအစာအမျိုးမျိုး တီထွင်ဖန်တီး သုတေသန ပြုလုပ်သင့်ပါသည်။
ပဲစဉ်းငုံပင်သည် နှစ်ရှည်ခြုံပုတ်ပင်မျိုး (Perennial Shrubs) ဖြစ်ပါသည်။ သို့သော် တစ်နှစ်ခံပင် (Annual Crop) အနေနှင့် တောင်သူအများစုသည် ပန်းပွင့်၊ အသီးသီး၊ ရင့်မှည့်ပြီးသည်နှင့် ဆွတ်ယူ၊ ခုတ်သိမ်းပြီး (Harvest)နောက်နှစ် ပြန်စိုက်လေ့ရှိပါသည်။
ကြီးထွားမှုပုံစံ (Growth habit) သည် ထောင်မတ်ပြီး (Erect) ၃၀-ဒီဂရီစောင်းလျက် ကိုင်းများစွာ (Angled Branches) ထွက်ပါသည်။
ပဲစဉ်းငုံအမြစ် (Pigeonpea Root)
ပဲစဉ်းငုံ၏အမြစ်ပုံစံမှာ ဗဟိုရေသောက်မြစ်စနစ် (Central Tap Root System) ဖြစ်ပြီး ဘေးမြစ်များ (Lateral and Secondary Roots) စွာလည်းထွက်ရှိပါသည်။ ၆-ပေ လောက် အထိ အမြစ်နက်နက်ထိုးဆင်းသည့် အပင်မျိုးဖြစ်၍ ရေငတ်ဒဏ်ခံနိုင်သော မျိုး (Drought-Resistant Legume) ဖြစ်ပါသည်။ ညောင်ဦး၊ မြင်းခြံစသည့် ဒေသများအတွက် အလွန်သင့်တော်သော ပဲသီးနှံဖြစ်ပါသည်။ ကျွန်တော်၏ ဇာတိဆင်ပေါင်ဝဲနယ်တွင်လည်း များစွာစိုက်ပျိုးလျက်ရှိပါသည်။ ပဲစဉ်းငုံအမြစ်၏ အားသာချက်မှာ ဘေးမြစ်မှ မြစ်မွေးများ (Root Hairs) များစွာရှိနေ၍ ရေအစိုဓာတ်ကို မြေကြီးအောက်သို့ ထိုးဖောက် ဝင်ရောက်နိုင်မှုကို အားပေး၍ (Helps to improve water-infiltration into the soil) သီးညှပ် ပြောင်းဖူး၊ နှံစားပြောင်းစသည်တို့နှင့် အတန်းလိုက် သီးညပ်/တွဲဖက်စိုက်ပျိုးခြင်း (Mix or Inter-Cropping) က ရေနှင့် အလင်းရောင်ကို ကောင်းကောင်း အသုံးချပေးပါသည် (Efficient Water and Light Utilization Crop)။

ပုံ - ၁ ပဲစဉ်းငုံ အမြစ်ထွက်ပုံစနစ်
မြန်မာ့တောင်သူများ အတွက် သီးညှပ်စိုက်ပျိုးရာတွင် အထွက်ကောင်းရုံသာမက ရေရှည်သူတို့စိုက်သော မြေဆီလွှာ ရေရှည်တည်တံ့ ခိုင်မြဲစေရန် (Sustainable Soil Fertility Improvement) ပညာပေး ဆွေးနွေးတိုက်တွန်းရန်လည်း လိုအပ်ပါသည်။ တစ်ခါတစ်လေ တောင်သူ့မျှော်လင့်ချက်နှင့် နည်းပညာပေးရရှိမှုတို့မှာ လွဲချော်နေတတ်ပါသည် (Mismatch between farmers’ objectives and technology outputs)။ တောင်သူအများစုသည် စားနပ်ရိက္ခာလုံခြုံမှုနှင့် ဝင်ငွေကောင်းစွာရရှိရန်သေချာမှုကို အဓိကစိတ်ဝင်စားပါသည် (Farmers are interested in technologies that ensure for security and cash income)။


ပုံ - ၁ ပဲစဉ်းငုံ နှံစားသီးနှံ အတန်းလိုက်သီးညှပ်စိုက်စနစ်
ဤစနစ်သည် အမြစ်မြေကြီးထဲဆင်းပုံမတူညီသဖြင့် မြေဆီလွှာရှိ အဟာရဓာတ်၊ အစိုဓာတ်၊ မြေပေါ်အလင်းရောင်၊ နေရောင်ခြည်တို့ကို မျှဝေသုံးစွဲပါသည်။ သီးနှံမျိုးစုံစိုက်ထားသဖြင့် ပိုးမွှားရောဂါ၊ ပေါင်းပေါက်ရောက်မှုလည်း နည်းပါးသွားပါသည်။ ရာသီဥတုဖောက်ပြန်မှု ကြောင့် သီးနှံတစ်မျိုး ဆုံးရှုံးသွားရပါလည်း နောက်သီးနှံတစ်ခုမှ ဝင်ငွေရစေနိုင်ပါသည်။
အာဖရိကတိုက်တွင် ပဲစဉ်းငုံကို နောင်နှစ်လမိုင်းထားလေ့ (Ratoon System) ရှိပါသည်။ ပဲစဉ်းငုံနှင့် တွဲဖက်စိုက်ပျိုးသော သီးနှများမှာ နှံစားသီးနှံများ (Cereal Crops) ဖြစ်သော ပြောင်းဖူး၊ နှံစားပြောင်း၊ လူး၊ ဆပ်၊ ပဲမျိုးစုံဖြစ်သော မြေပဲ၊ ပဲပုပ်၊ ပဲလွန်း၊ အခြားသီးနှံများ နှမ်း၊ ဝါ၊ ခရမ်းချဉ်၊ ရုံပတီ စသည့် ဟင်းသီးဟင်းရွက်များ စသည်တို့ဖြစ်ပါသည်။
ဇယား - ၁ ပဲမျိုးစုံသီးနှံအချို့၏ အစာချက်လုပ်မှုနှုန်းများ
(Photosynthesis Rates of Some Food Legumes)

အစာချက်လုပ်မှုနှုန်းများကို အောက်ပါနည်းလမ်းများဖြင့် တိုင်းထွာ၊ နှိုင်းယှဉ်နိုင်ပါသည်။
(က) ယူနစ်ဧရိယာအတွင်း အပင်အခြောက်ထုတ်လုပ်မှု (Dry Matter Production per Unit Time)
(ခ) ဓာတ်ငွေ့လဲလှယ်မှု (Gas Exchange by CO2/O2 Analyzer)
(ဂ) ကာဗွန်ဒိုင်အောက်ဆိုက် ဖမ်းယူမှု (14CO2 Fixation)
(ဃ) အရွက်ဧရိယာကို အသုံးပြုမှု (ယခင်ကသုံးခဲ့) (Manometry) စသည်တို့ဖြစ်ပါသည်။
ဇယား - ၂ ပဲမျိုးစုံသီးနှံများ၏ အစာချက်လုပ်မှုဆိုင်ရာလက္ခဏာများ
(Photosynthesis Characteristics of Food Legumes)

ပဲပင်များ၏ အပင်အခြောက်အလေးချိန်စုစုပေါင်း၏ ၂/၃ သည် ပန်းပွင့်ချိန်နှင့် ပဲတောင့်များစတင် ဖြစ်ပေါ်ချိန်တွင်ရောက်ရှိသည်။ ကြီးထွားမှုရပ်တံ့သွားသော ပဲမျိုး (Determinate Legume Type) တို့မှာ ၈၀-ရာခိုင်နှုန်းအထိ အခြောက်အလေးချိန် ဖြစ်ကြပြီး နောက်ပိုင်းထွက်သော အခြောက်အလေးချိန်များမှာ ပန်းပွင့်၊ အသီးသီးခြင်းအတွက် ထူးခြားမှု မရှိတော့ပါ၊
ပဲစဉ်းငုံပင် အပင်ပိုင်းဆိုင်ရာကြီးထွားမှု (Vegetative Growth) နှင့် မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှု (Reproductive Growth) တို့မှာ ပဲစဉ်းငုံပင်၏ဗီဇ (Genotype)၊ နေ့တာတိုရှည်မှု (Photoperiod)၊ အပူချိန် (Temperature) နှင့် မြေတွင်းရှိအစိုဓာတ် (Soil Moisture) တို့ အပေါ် မူတည်နေပါသည်။ ပဲစဉ်းငုံကြီးထွားမှုနှုန်းမှာ စစိုက်ကာစရက်များတွင် တစ်ရက်တစ်မီတာပတ်လည် ၁.၄-၁.၆ ဂရမ်နှုန်းမှ စိုက်ပြီး ၆၃-ရက် နောက်ပိုင်းတွင် ၁၀.၁-၁၇.၁ ဂရမ် (g m-2 d-1) နှုန်း အထိရရှိနိုင်ပါသည်။

ပုံ - ၃ ပဲစဉ်းငုံ အပင်ပိုင်းနှင့် မျိုးပွားပိုင်းကြီးထွားမှု
ထိုအချိန်တွင် ပဲစဉ်းငုံပင်၏ အရွက်ဧရိယာညွန်းကိန်း (LAI – Leaf Area Index) မှာ ၄.၀ - ၅.၀ အထိရောက်ရှိနေပါပြီ။
ပဲစဉ်းငုံပင်သည် အထူးသဖြင့် သက်တမ်းရှည်သောဒေသမျိုး (Long Duration Traditional Varieties) များသည် ။နေ့တာတိုပင် (Short-Day Plant) များသည် နေ့တာတိုသော ဆောင်းတွင်းမှာသာ ပန်းပွင့်အသီးသီးပါသည်၊ သို့သော် အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ အပူပိုင်းနှင့် အပူလျော့ပိုင်းသီးနှံများ သုတေသနဌာန (ICRISAT – International Crop Research Institute for Semi-Arid Tropics) ၏ တီထွင် သုတေသနပြုမှုအရ နေ့တာတိုရှည်တုံ့ပြန်မှုမရှိသောပဲစဉ်းငုံမျိုးများ (Day-Neutral Cultivars)၊ သက်တမ်းတိုသောမျိုးများ (Short-duration Cultivars)၊ ပိုးမွားဖျက်ဆီးမှု ဒဏ်ခံနိုင်ရည်ရှိသော မျိုးများ (Insect-resistant or Pest-Tolerance Varieties) မွေးမြူထုတ်လုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသောမျိုးများမှာ အလင်းရောင်တုံ့ပြန်မှုရှိသော ဒေသမျိုးရွှေဒင်္ဂါး (သက်တန်း ၂၀၀-၂၅၀ ရက်)၊ ငါးဆံပဲ (၁၉၀-၂၄၀ ရက်)၊ မုံရွာရွေဒင်္ဂါး (၁၈၀-၂၀၀ ရက်)၊ အလင်းရောင်တုံ့ပြန်မှုမရှိသော ရေဆင်း-၁ (HPA-1) (၁၆၀-ရက်)၊ ရေဆင်း-၂ (၁၆၀-ရက်)၊ ရေဆင်း-၆ (ICPL-96061) (၂၃၀-၂၄၀ ရက်)၊ ရေဆင်း-၇ (ICPL-2043) (၁၈၀-၁၉၀ ရက်)၊ သူဌေးကန် (၁၉၅-၂၀၀ ရက်) တို့ ဖြစ်ကြပါသည်။
ICRISAT မှထုပ်ဝေသော ICPL-88039 ဆိုသောမျိုးမှာ သက်တန်း ၉၀-၁၂၀ ရက်သာ ရှိပါသည်။ ၃-၄ လအတွင်း ရင့်မှည့်ပြီး ဆွတ်ခူး၊ ရိတ်သိမ်းနိုင်ပါသည်။
မျိုးအပေါ်မှာမူတည်၍ ပဲစဉ်းငုံအပင်များသည် စိုက်ပြီး ရက် ၆၀ မှ ရက်-၂၀၀ တွင် ပန်းစတင်ပွင့်ပါသည်။
ပန်းပွင့်ပြီး အသီးတင်၊ ရင့်မှည့်၊ ခုတ်သိမ်းချိန်များနှင့် အထွက်ကောင်းမှုမှာ ပန်းပွင့်ချိန် ညီညာမှု (Synchrony of Flowering) နှင့် ရာသီဥတုအခြေအနေ (Climatic Condition) အပေါ်တွင်သက်ဆိုင်ပါသည်. ကျွန်တော် ၁၉၈၇-ခုနှစ် ကွင်းစလန်တက္ကသိုလ်တွင်ကျောင်းတက်နေစဉ်က အတန်းတက်ဖော် ဖီဂျီ၏သူငယ်ချင်းဗယ်ဒီယိုဆင်းက ပဲစဉ်းငုံပန်းပွင့်မှုဆိုင်ရာ ပါရဂူဘွဲ့သုတေသန (PhD Research on Pigeonpea Flowering Physiology) ကို ပြုလုပ်ခဲ့ပါသည်။
(ဆက်ပါဦးမည်)
(မှီငြမ်းစာအုပ်များ) References
Biddle, A.J. (2017) Peas and Beans. CABI. 179p.
Nene, Y.L.; Hall, S.D. and Sheila, V.K. (1990) The Pigeonpea. CAB International. 490p.
Sinha, S.K. (1977) Food Legumes: Distribution, Adaptability and Biology of Yield. FAO. 124p.
Smartt, J. (1976) Tropical Pulses. Longman. 348p.
Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.
စိုက်ပျိုးရေးဦးစီးဌာန (၂၀၂၁) ပဲစဉ်းငုံ စိုက်ပျိုးနည်းလက်စွဲစာစောင် Mekong_Lancang Cooperation Special Fund ၂၂-မျက်နှာ
မျိုးကြွယ်, ဦး နှင့် အယ်(လ်) ဘရန်အောင် (၁၉၉၈) စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးနည်းများ, အတွင်းရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ၆၁-မျက်နှာ
(ဦးစိုးဝင်းမောင်အကြံပေး အရာရှိ၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအား အသင်းချုပ် စာရင်းဇယားများအတွက်နှင့် ဒေါက်တာကြည်မိုးစိုက်ပျိုးရေးတက္ကသိုလ်အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026