ငရုတ်ပင်၏ သဘောသဘာဝနှင့် နိုင်ငံအသီးသီး၏ စိုက်ပျိုးမှုနှုန်းထားများ
ယခုဟင်းသီးဟင်းရွက်သီးနှံများတွင် ဒုတိယအနေနှင့်ငရုပ်သီးအကြောင်း ဆက်လက်ဆွေးနွေးပါမည်။ မြေဩဇာ/မျိုးစေ့ ကုမ္ပဏီများတွင် အလုပ်လုပ်သော တပည့်ဟောင်းလေးများက ဧရာဝတီတိုင်းဒေသအချို့တွင် နုန်းတင်မြေနုကျွန်းများ၌ ငရုတ်စိုက်ပျိုးပါက တစ်ဧက ၂၀ သိန်း မှ ၅၀ သိန်းအထက်အမြတ်ရနိုင်သည်ဟူ၍ပြောရာ စာရေးသူ၏အလုပ်သက်တန်းတစ်လျှောက်လုံး တောင်သူများ ဤမျှအမြတ်ရသည်ကို မယုံကြည်နိုင်အောင်ဖြစ်ရပါသည်။ ငရုတ်ဈေးကွက်က ပြည်တွင်းသာမက၊ ပြည်ပပါ ပို့နိုင်သည်ကို တွေ့ရှိရပါသည်။
စာရေးသူ၏ ဆောင်းပါးလေးများ ရေးသားဖြန့်ဝေရခြင်း၊ အပတ်စဉ် စနေနေ့ညတိုင်း ဗဟုသုတမျှဝေခြင်းဟောပြောပွဲများ (Online Webinar) ပြုလုပ်နေခြင်း ရည်ရွယ်ချက်များမှာ အကြောင်းအမျိုးမျိုး ကြောင့် စိုက်သိပ္ပံ၊ စိုက်တက္ကသိုလ်သို့ မတက်ရောက်နိုင်ကြသော လက်တွေ့စိုက်ပျိုး၊ မွေးမြူနေကြသော တောင်သူဦးကြီး၊ တောင်သူဒေါ်ကြီး၊ ကျေးလက်နေ လူငယ်အားလုံးအတွက် သိပ္ပံနည်းကြ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဖတ်ရှု၊ နားထောင်၊ ဆွေးနွေးရင်း၊ ဗဟုသုတ ရစေလိုသော စိတ်စေတနာဖြင့်ရေးသား၊ ဆောင်ရွက်နေခြင်း ဖြစ်ပါ သည်။
ငရုတ်ပင်၊ ငရုတ်သီး များအကြောင်း အခြေခံသိပ္ပံက စတင်လေ့လာရအောင်ပါ။ စာရေးသူတို့ ကျောင်းသားဘဝက ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့မှာ ဟင်းခတ်အမွေးအကြိုင်အပင်များ (Spices and Condiments) စသည်ဖြင့် လယ်ယာသီးနှံဘာသာ၊ ဆရာမကြီး ဒေါ်ကျော့တင် သင်ကြားပေးခဲ့သည်ကို မှတ်မိနေပါသည်။ အခုတော့ ဟင်းသီး ဟင်းရွက်သီးနှံ များ (Vegetable Crops) အနေနှင့် ဥယျာဉ်ခြံသီးနှံဌာနမှ သင်ကြားနေသည်ဟု ထင်ပါသည်။
ပထမဦးစွာ စိုက်ပျိုးရေးဆိုင်ရာဗဟုသုတအနေနှင့် ကမ္ဘာ့စိုက်ပျိုးဧရိယာအများဆုံးနိုင်ငံများ နှင့် မြန်မာစိုက်ပျိုးမြေဧရိယာ နှိုင်းယှဉ်ဇယားလေးကြည့်ရအောင်ပါ၊
ဇယား - ၁ ကမ္ဘာ့စိုက်ပျိုးမြေအများဆုံးနိုင်ငံများနှင့် စုစုပေါင်းဧရိယာ၏ရာခိုင်နှုန်း (၂၀၂၄)

အတွေးရိပ်
ဤဇယားကိုကြည့်ခြင်းအားဖြင့် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ကျေးလက်လမ်းများ၊ လုံခြုံရေးယခုထက် ပိုမိုကောင်းမွန်လာပါက အခြားနိုင်ငံများကဲ့သို့ တိုးချဲ့စိုက်ပျိုး နိုင်ရန် စိုက်ပျိုး၊ မွေးမြူ ရေးဧရိယာများပြားစွာ ကျန်ရှိနေပါသေးသည်။
ကမ္ဘာ့ငရုတ်စိုက်ပျိုးမှု အခြေအနေကို ကြည့်ရအောင်ပါ၊
Faisal, H. နှင့် Abid, M. တို့၏သုတေသနစာတန်း (၂၀၁၁) အရ ကမ္ဘာ့ ငရုတ်သီးထုတ်လုပ်မှု အများဆုံး ၁၀-နိုင်ငံတွင် စာရေးသူတို့မြန်မာနိုင်ငံပါဝင်နေသည်ကို တွေ့ရှိရပါသည်၊
ဇယား - ၁ ကမ္ဘာ့ငရုတ်သီးထုတ်လုပ်မှုအများဆုံး ၁၀-နိုင်ငံ (၂၀၁၁)

ဇယား - ၂ ကမ္ဘာ့ငရုတ်စိုက်ဧရိယာ၊ ထုတ်လုပ်မှု၊ အထွက်နှုန်း နှိုင်းယှဉ်ချက် (၂၀၂၂-၂၃)

မြန်မာနိုင်ငံ၏ ငရုတ်သီးထုတ်လုပ်မှုမှာ ကမ္ဘာ့ထုတ်လုပ်မှု အများဆုံးနိုင်ငံအုပ်စုထဲသို့ ရောက်ရှိနေသဖြင့် ငရုတ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ကို သုတေသန ပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍမှ မူဝါဒချမှတ်သူ၊ လုပ်ငန်းရှင်ကုန်သည်ကြီးများ၊ စုပေါင်းဆောင်ရွက်မည်ဆိုပါလျှင် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေရှာဖွေပေးလာသော သီးနှံတစ်ခုဖြစ်မည်မှာ မလွဲ ဧကန်ဖြစ်ပါသည်။
ငရုတ်ပင်၏ရုက္ခဗေဒ (Botany of Chilli/Pepper)
(က) Capsicum မျိုးနွယ်စု မိတ်ဆက်
Genus - Capsicum မျိုးစုသည် ခရမ်းချဉ်၊ အာလူး စသည့်အပင်မျိုးရင်းဝင်ဖြစ်သော Family - Solanaceae မျိုးရင်းကြီးထဲမှ ပန်းပွင့်သည့်အပင်များအနက် စိတ်ဝင်စားဖွယ် ကောင်းပြီး စီးပွားရေးအရ အရေးပါသည့် အပင်မျိုးနွယ်ဖြစ်သည်။ ၎င်းအပင်မျိုးရင်း တွင် အခြားသော အဓိကသီးနှံအများအပြားလည်း ပါဝင်နေခြင်းက မျိုးရင်းတူ ရုက္ခဗေဒဆိုင်ရာ စရိုက်လက္ခဏာများနှင့် စိုက်ပျိုးရေးဆိုင်ရာ အသွင်အပြင်များ ရှိနေသည်ဟု ဖော်ပြနေပါ သည်။ ၎င်းတို့၏ စားသုံးနိုင်သော အသီးများကြောင့် ကမ္ဘာ တစ်ဝန်း နိုင်ငံများအားလုံး နီးနီး တွင် စိုက်ပျိုးကြပြီး "ငရုတ်သီး" သို့မဟုတ် "ငရုတ်" ဟု လူသိများသည်။ ကမ္ဘာပေါ် တွင် ငရုပ်သီး မျိုး (Varieties) ပေါင်း ၄၀၀-ကျော်ရှိပါသည်၊ ဥပမာ - ငရုတ်အစပ် (Hot Pepper)၊ ငရုတ်ချို (Sweet Pepper)၊ ငရုတ်ပွ/ဟင်းသီးဟင်းရွက်သုံးငရုတ် (Bell Pepper) စသည်ဖြင့် ကွဲပြားသွားပါသည်။
"ငရုတ်" ဟူသော စကားလုံးကို Genus - Capsicum မျိုးနွယ်စု၏အသီးနှင့် Genus - Piper မျိုးနွယ်စုမှ ရရှိသော ဟင်းခတ်အမွှေးအကြိုင် (ဥပမာ- ငရုတ်ကောင်း) နှစ်မျိုး လုံးအတွက် သုံးလေ့ရှိခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအရာနှစ်ခု စလုံးသည် စပ်သည့်အရသာကြောင့် လူသိများသော်လည်း ရုက္ခဗေဒအရမူ ၎င်းတို့၏ မူရင်းအစသည် လုံးဝကွဲပြားပြီး စပ်သည့်အရသာကို ဖြစ်စေသော ဓာတုဒြပ်ပေါင်းများ လည်း ကွဲပြားသည်။ ငရုတ် တွင် စပ်သည့်အရသာကို ကက်ဆိုင်စီနှိုက် (Capsaicinoids) ဟုခေါ်သော အယ်လ်ကာလွိုက်များက ဖြစ်ပေါ်စေပြီး ငရုတ်ကောင်း၏ စပ်သည့် အရသာ ကိုမူ ပိုက်ပါရင်း (Piperine) ဟုခေါ်သော ဒြပ်ပေါင်းကြောင့် ဖြစ်ပေါ်စေသည်။ အပူအစပ်အတိုင်းအတာကို တိုင်းတာသည့် စကိုဗီးလ် အတိုင်းအတာ (Scoville scale) သည် Piperine အတွက်မဟုတ်ဘဲ Capsaicinoids ပါဝင်မှုအတွက်သာ တိုင်းတာသော သီးသန့်စနစ်တစ်ခု ဖြစ်သည်။ ဤခွဲခြားမှုသည် အကြောင်းအရာကို နားလည်ရန် အခြေခံ ကျသည့်အချက် ဖြစ်ပြီး ငရုတ်သီး၏ စပ်သည့်အရသာသည် ၎င်းတို့၏ သီးခြားဆင့်ကဲ ဖြစ်စဉ် မျိုးရိုးနှင့် ဆက်နွှယ်နေသော ထူးခြားသည့် ဇီဝကမ္မဗေဒဆိုင်ရာ အပင်စရိုက်တစ်ခု ဖြစ်ကြောင်း ရှင်းပြထားပါသည်။
ငရုတ်မျိုးရင်းအမည်: Family - Solanaceae
ရုက္ခဗေဒအမည်: Botanical Name - Capsicum spp (အဓိကအားဖြင့် Capsicum annuum နှင့် Capsicum frutescens)
မူရင်းဒေသ Origin: တောင်အမေရိကတိုက်၊ အမေရိကအလယ်ပိုင်းနှင့် အပူပိုင်းဒေသများ
(က-၁) ငရုတ်အမြစ် (Root System)
ငရုတ်ပင်သည် စေ့ရွက်စုံပင် (Dicotyledon) ဖြစ်သဖြင့် ရေသောက်အမြစ်စနစ် (taproot system) ရှိပြီး၊ မြေအောက်သို့နက် ရှိုင်းစွာ ဆင်းသွားကာ ရေနှင့် အာဟာရများ စုပ်ယူရန် အတွက် ကူညီပေးသည်။ ဘေးမြစ်နှင့်အမြစ်ဖွာများ (Lateral and Fibrous Roots) သည် မြေဆီလွှာ၏ အထက်ပိုင်း ၁၂-၁၈ လက်မ အတွင်း၌ အဓိက ပျံ့နှံ့နေ တတ်ပြီး၊ အစိုဓာတ် နှင့် မြေဆီဩဇာ ကောင်းမွန်ပါက ပို၍ ကျယ်ပြန့်စွာ ကြီးထွားနိုင်သည်။ ရေဝပ်ဒဏ်ကို မခံ နိုင်သောကြောင့် ရေထုတ်မြောင်းစနစ် (Drainage System) ကောင်းမွန်ရန် လိုအပ်ပါ သည်။

ပုံ - ၁ ငရုတ်ပင်အမြစ်များ
(က-၂) ငရုတ်ပင်စည် (Stem)
ငရုတ်ပင်၏ ပင်စည်သည် ပင်မ တစ်ခုတည်းမှ ကိုင်းဖြာထွက်လာသော ဖွဲ့စည်းပုံ ရှိပြီး၊ အရွက်များ၊ ပန်းပွင့်များနှင့် အသီးများ ထုတ်လုပ်ရန် ရေနှင့်အပင်အဟာရဓာတ်များ သယ်ယူပို့ဆောင်မှု/ဆက်သွယ်မှုကို ပြုလုပ် ပေးသည်။
ပုံစံ (Stem Type): ပင်စည်သည် အစိမ်းရောင်ရှိပြီး သက်တန်းကြာလာသည်နှင့်အမျှ မာကျောလာ သည်။
အမြင့် (Plant height): မျိုးကွဲ အမျိုးမျိုးအပေါ်မူတည်၍ အပင်အမြင့် ၂ ပေမှ ၄ ပေ အထိ ကြီးထွား နိုင်သည်။
ကြီးထွားမှုပုံစံ (Growth System): Capsicum frutescens မျိုးစိတ်များသည် Capsicum annuum ထက် ပိုမိုအပင်မာပြီး ချုံပုတ်သဏ္ဌာန် (Bush Type) ရှိကာ၊ အပူပိုင်းဒေသများ တွင် နှစ်ရှည်ခံအပင် (Perennial Plant) အဖြစ် ရပ်တည်နိုင်သည်။ ကိုင်းဖြာမှုက ပန်းပွင့် (Branches end with Flowers) နှင့် အဆုံးသတ်ပြီး ဘေးအဖူးမှ ထပ်မံကိုင်းဖြာ (Further growth continues from a side bud) ထွက်ပါသည်၊
(က-၃) ငရုတ်အရွက် (Leaves)
ငရုတ်ပင်၏ အရွက်များသည် ရွက်လွှဲထွက်သည့် စနစ် (Alternate arrangement system) ဖြင့် ပင်စည်တစ်လျှောက် တည်ရှိပြီး၊ ဘဲဥပုံသဏ္ဌာန် (Ovate to lanceolate) ရှိသည်။
- အရွက်၏ ထူးခြားချက်: အရွက်များသည် အစိမ်းရောင်ရှိပြီး ချောမွတ်သော မျက်နှာပြင် ရှိသည်။ အရွက်၏ အရင်းပိုင်းသည် ကျယ်ပြီး အဖျားပိုင်းသို့ ချွန်သွားသည်။
- အရွက်တွန့်ခြင်း နှင့် ရွက်ဖျားခြောက်ခြင်း: အရွက်များ တွန့်ခြင်း သို့မဟုတ် ရွက်ဖျား ခြောက်ခြင်းသည် ပိုးမွှားကျရောက်မှု (ဥပမာ: ပိုးကောင်များက အညွန့်နုများကို ဖျက်ဆီး ခြင်း) သို့မဟုတ် အပင်ရောဂါကူးစက်မှု (ဥပမာ: ငရုတ်ဘက်တီးရီးယား ပင်ညှိုးရောဂါ) တို့၏ လက္ခဏာဖြစ်နိုင်သည်။
(က-၄) ငရုတ်ပန်းပွင့် (Chilli Flowers)
ငရုတ်ပွင့်များသည် သေးငယ်ပြီး အဖြူရောင် သို့မဟုတ် အစိမ်းရောင်၊ ပန်းရောင် ရှိသည်။
- ဖွဲ့စည်းပုံ: ပန်းပွင့်များသည် အဖို၊ အမ အစုံပါသည့် ပန်းပွင့်များ (perfect flowers) ဖြစ်ပြီး၊ ပွင့်ဖတ် ၅ ခု၊ ၆ ခု နှင့် ဝတ်မှုန် ၅ ခု ပါရှိသည်။
- ပန်းပွင့်နေရာ: ပန်းပွင့်များသည် အရွက်နှင့် ပင်စည်ဆက်နေရာမှ ထွက်လာပြီး၊ တစ်ပွင့်တည်း သို့မဟုတ် အုပ်စုလိုက် ပွင့်လေ့ရှိသည်။
- အသီးသီးခြင်း: ပထမဆုံးပွင့်သော ပန်းပွင့်ကို ဖြတ်တောက်ခြွေချပေးခြင်းဖြင့် အပင်အား ပိုမိုကောင်းမွန်စွာ ကြီးထွားစေကာ အသီးအထွက်တိုးစေနိုင်သည်။
(က-၅) ငရုတ်အသီး (Fruits)
ငရုတ်သီးသည် အတွင်းအား မျိုးစေ့များဖြင့် ပြည့်နေသော အတွင်းသီးအခန်းရှိသည့် အသီး (berry) အမျိုးအစားဖြစ်သည်။
- ပုံစံနှင့် အရွယ်အစား: အသီး၏ ပုံစံနှင့် အရွယ်အစားသည် မျိုးစိတ်ကွဲပြားမှုအရ အလွန် ကွဲပြားပြီး၊ အရှည် ၁ လက်မမှ ၆ လက်မထိ၊ အဝန်းပိုင်း သို့မဟုတ် ရှည်မျောမျောပုံစံ ရှိနိုင်သည် ။
- အရောင်ပြောင်းလဲခြင်း: အသီးများသည် အစိမ်းရောင်မှ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်သို့ ရင့်မှည့်သည်နှင့်အမျှ အရောင်ပြောင်းလဲသွားသည်။
- စပ်ခြင်း (Pungency): ငရုတ်သီး၏ စပ်မှုကို Capsaicin ဟုခေါ်သော ဒြပ်ပေါင်းက ဖြစ်စေသည်။ Capsicum frutescens မျိုးစိတ်များသည် Capsicum annuum ထက် ပိုမိုစပ်ပြီး ဗီတာမင်-စီ ပိုမိုပါဝင်သည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
DeWitt, D. and Lamson, J. (1999) Peppers. Timber Press, Oregon, US 307p.
Decoteau, D.R. (2000) Vegetable Crops. Prentice-Hall, Inc. 463p.
Faisal, H. and Abid, M. (2011) Pests and Diseases of Chilli Crop in Pakistan: A Review. Inter. J. Biology and Biotechnology. https://www.researchgate.net/publication/236296244
ကျော်တင့်ဆွေ (၂၀၀၉) တိုင်းရင်းဆေးဘက်ဝင် ဟင်းသီးဟင်းရွက်များ၊ ရန်အောင်စာပေ ၃၉၃-မျက်နှာ
စိုက်ပျိုးရေးဦးစီးဌာန (၂၀၁၁) ကျေးလက်မိသားစုများအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရေး ပညာပေးစာစောင်၊ (Vegetable Production Guide for Villagers by JICA)
(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာဌာန၊ ပါမောက္ခဌာနမှူး (ငြိမ်း) ဒေါက်တာခင်သီတာမြင့်၊ ပါ မောက္ခ (ဌာနမှူး) ဒေါက်တာစောထိုလွီထူး၊ ပါမောက္ခ၊ ဒေါက်တာမင်းဇာနီအောင်၊ လှည်း ကူး ကျောင်းခွဲကျောင်းအုပ်ကြီး (ပါမောက္ခ) ဒေါက်တာကြည်တိုး၊ အပင်မျိုး မွေးမြူရေး၊ ဇီဝကမ္မဗေဒ၊ ဂေဟဗေဒဌာန၊ ကထိက၊ ဒေါ်တင်လဲ့လဲ့ထွေး တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။)
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026