မြက်မျိုးရင်းဝင်များ
စာရေးသူ၏ ဆောင်းပါးလေးများ ရေးသားဖြန့်ဝေရခြင်း၊ အပတ်စဉ် စနေနေ့ညတိုင်း ဗဟုသုတမျှဝေခြင်းဟောပြောပွဲများ (Online Webinar) ပြုလုပ်နေခြင်း ရည်ရွယ်ချက်များမှာ အကြောင်းအမျိုးမျိုးကြောင့် စိုက်သိပ္ပံ၊ စိုက်တက္ကသိုလ်သို့ မတက်ရောက်နိုင်ကြသော လက်တွေ့စိုက်ပျိုး၊ မွေးမြူနေကြသော တောင်သူဦးကြီး၊ တောင်သူဒေါ်ကြီး၊ ကျေးလက်နေ လူငယ်အားလုံးအတွက် သိပ္ပံနည်းကြ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဖတ်ရှု၊ နားထောင်၊ ဆွေးနွေးရင်း၊ ဗဟုသုတ ရစေလိုသော စိတ်စေတနာဖြင့်ရေးသား ဆောင်ရွက်နေခြင်း ဖြစ်ပါ သည်။
တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂) နှင့်တိရစ္ဆာန်စာ ပဲမျိုးရင်းဝင်အပင်ကြီးများ (Tree Legumes) အကြောင်း ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင် ရေးသားဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ဤစားကျက်သီးနှံများ စိုက်ပျိုးပြုစုခြင်း အကြောင်းကို ဆက်လက် ဆွေးနွေး ပါမည်၊
စားကျက်မြက်များ (Pasture/Forage Grasses) အကြောင်း အသေးစိတ်မဆွေးနွေးမီ မြက်မျိုးရင်းဝင်အကြောင်း စတင်လေ့လာကြည့်ရအောင်ပါ။
မြက်မျိုးရင်း (Grass Family - Poaceae) ၏ အခြေခံဇီဝဗေဒ၊ အမျိုးအစားခွဲခြားမှုနှင့် ဂေဟစနစ်ဆိုင်ရာ လွှမ်းမိုးမှု
မြက်မျိုးရင်းဝင် (Family - Poaceae) ကို (Gramineae) ဟုလည်း သိကြပြီး တစ်ပင်တည်း အမြစ်ဖွာများရှိသော ပန်းပွင့်သောအပင်များ၏ မျိုးရင်းကြီးဖြစ်ကာ မြက်အစစ်များ (True Grasses) ဟု သိရှိကြပါသည်။ မျိုးစု (Genus) ၇၈၀ ခန့်နှင့် (Species) မျိုး စိတ် ၁၂,၀၀၀ ခန့်ရှိသော ဤမျိုးရင်းသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံး အပင်မျိုးရင်း (ပထမ - Asteraceae၊ ဒုတိယ - Orchidaceae၊ တတိယ - Fabaceae နှင့် စတုတ္ထ - Rubiaceae တို့နောက်တွင်) ဖြစ်သော်လည်း၊ မြက်မျိုးရင်းသည် စီးပွားရေးအရ အရေးအကြီးဆုံး အပင်မျိုးရင်း ဖြစ် သည်မှာ ငြင်းပယ်၍ မရနိုင်ပါ။ ဤမျိုးရင်း၏ အဓိက အရေးပါမှုသည် ကမ္ဘာလုံးဆိုင်ရာ အစားအစာထုတ်လုပ်မှုတွင် လွှမ်းမိုးထားခြင်း၊ မရှိမဖြစ် လိုအပ်သော တိရစ္ဆာန်အစာများ ပံ့ပိုးပေးခြင်းနှင့်၎င်း၏ ကျယ်ပြန့်သော ဂေဟစနစ်ဆိုင်ရာ များကြောင့်ဖြစ်သည်။ မြက်များ လွှမ်းမိုးထားသော ဂေဟစနစ်များ (Grass-dominated Ecosystems) ဥပမာ - ပရေရီလွင်ပြင် (Prairie Plain)၊ ဆာဗားနား (Savannah) နှင့် စတက်ပီ မြက်ခင်းလွင်ပြင် များ (Steppe Grasslands) သည်အန္တာတိက (Antarctica) နှင့် ဂရင်းလန်း (Greenland) မှလွဲ ၍ ကမ္ဘာမြေဧရိယာ စုစုပေါင်း၏ ၄၀.၅% ကို ဖုံးလွှမ်းထားသည်ဟု ခန့်မှန်းရပြီး၊ ကုန်းနေဇီဝနယ်ပယ် (Terrestrial Biosphere) များတွင် ၎င်းတို့၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြနေပါသည်။
အပင်များအပါအဝင် သက်ရှိများ (Living organisms) ကို စနစ်တကျလေ့လာရန် သိပ္ပံ နည်းကျ အမျိုးအစားခွဲ၊ အမည်ပေးစနစ် (Scientific Classification of naming system) ကိုသိရှိရပါမည်၊ ဤလုပ်ငန်းစဉ်ကို အပင်ဆိုလျှင် အပင်မျိုးခွဲပညာ (Plant Taxonomy) ဟူ၍ခေါ်ပါသည်။
(က) လောက (Kingdom)
(ခ) ရုက္ခလောကတွင်မျိုးခွဲ (Division)၊ သတ္တလောကတွင် မျိုးပေါင်းစု (Phylum)
(ဂ) မျိုးပေါင်း (Class)
(ဃ) မျိုးစဉ် (Order)
(င) မျိုးရင်း (Family)
(စ) မျိုးစု (Genus)
(ဆ) မျိုးစိတ် (Species)
(ဇ) မျိုးဖြား (Variety) စသည်တို့ကို သိရှိရပါမည်၊
မြက်မျိုးအပင်၏ ဖွဲ့စည်းပုံ (The Structure of the Grass Plant)
(က) အထွေထွေဖော်ပြချက်
မြက်မျိုးအပင်များ (Poaceae မျိုးရင်း) သည် စေ့ရွက်ထီးပင် (Monocotyledonous) အပင်များဖြစ်ပြီး အဆစ်ပါသော ပင်စည်၊ ရွက်စင်းပုံစံရွက်များ နှင့် အမြစ်အမျိုးအစား ကတော့ မြစ်ဖွာများ ဖြစ်ပါတယ်။ မြက်မျိုးရင်းဝင်အပင်အများစု၏ ပင်စည်အခြေတွင် အညွန့်သစ်/ပင်ပွား (New Shoots/Tillers) နှင့်မြစ်ဖွာအသစ်များ မူလထွက်ပေါ်ရာ အစုအဖွဲ့/ကရောင်း (Crown) ရှိပါသည်။
(ခ) အမြစ်အမျိုးအစားများ
(ခ-၁) မူလအမြစ် (Primary roots) – မျိုးစေ့မှ ထွက်လာသောအမြစ်
(ခ-၂) မူခြားမြစ် (Adventitious roots) – တံတောင်၏ အောက်အဆစ်များမှ ထပ်ထွက်လာသောအမြစ်
(ခ-၃) မြေအောက် ရိုက်ဇုံး (Rhizomes) – မြေအောက်တွင် ဖြန့်သွားသော ထူးကဲပင်စည်
(ခ-၄) မြေပေါ်ဖြန့် စတိုလုံး (Stolons) – မြေပေါ်တွင် ဖြန့်သွားသော ထူးကဲပင်စည်

ပုံ - ၁ မြက်မျိုးရင်းဝင်အပင်များ၏အမြစ်ပုံစံအမျိုးမျိုး
(ဂ) ပင်စည် (Stem/Culm)
ဖွဲ့စည်းပုံ: မြက်မျိုးရင်းဝင်များ၏ ပင်စည်ပုံစံသည် အခေါင်းပေါက် သို့မဟုတ် ထူသော ဆလင်ဒါပုံစံ ဖြစ်ပြီး အဆစ် (Nodes) နှင့် အဆစ်ကြား (Internodes) ပါဝင်သည်။
အဆစ် (Node): အရွက်ပင်စည်ချိတ်ဆက်နေရာဖြစ်သည်၊
အဆစ်ကြား (Internode): အဆစ်နှစ်ခုကြားနေရာ (ပင်စည်ရှည်လျား/ကြီးထွားမှု ဖြစ်ပေါ်ရာတွင် ရှိသည်)
လုပ်ငန်း: အရွက်နှင့် ပန်းခိုင်ကို ထောက်ပံ့ပေးသည်။ ရေနှင့် အဟာရဓာတ်များ သယ်ယူမှု ဆောင်ရွက်သည်။

ပုံ - ၂ မြက်မျိုးရင်းဝင်အပင်များ၏ ပင်စည်ပုံစံအမျိုးမျိုး
(ဃ) အရွက် (Leaf)
မြက်မျိုးရင်းဝင်အရွက်များသည် အဆစ်တိုင်းတွင် အလှည့်ကျ ပေါက်လေ့ရှိပါသည်။
အရွက်တစ်ရွက်တွင် ပါဝင်သည့်အပိုင်းများ –
(ဃ-၁) ရွက်ဖုံး (Leaf Sheath) – ပင်စည်ကို ပတ်လည်ဖုံးထားသည်။
(ဃ-၂) ရွက်ပြား (Leaf Blade/Lamina) - ရွက်ဖုံးမှအပြားလိုက်ထွက်သည်၊ အစာချက်ရန် အဓိက အစိတ်အပိုင်း ဖြစ်သည်။
(ဃ-၃) ရွက်စွယ် (Ligule) – ရွက်ပြားနှင့် ရွက်ဖုံးအကြားရှိ အစွယ် သို့မဟုတ် အမွှေးသဏ္ဌာန်ရှိသည်။
(ဃ-၄) အော်ရစ်ကယ် (Auricle) – ရွက်စွယ် အနားရှိ လက်ခုပ်သဏ္ဌာန်အပိုင်းများ (အချို့မျိုးစိတ်တွင် မရှိနိုင်ပါ)
အရွက်၏လုပ်ငန်းများ
အလင်းရောင်ဖြင့်အစာချက်လုပ်မှု (Photosynthesis) ပြုလုပ်သည်။ ပင်ရေငွေ့ပျံခြင်း (Transpiration) ပြုလုပ်သည်။ ရွက်ဖုံးသည် ပင်စည်ကို ကာကွယ်ပေးသည်။ Ligule/ Auricle ၏ ပုံသဏ္ဌာန်သည် အမျိုးအစားခွဲရာတွင် အရေးကြီးသည်။

ပုံ - ၃ မြက်မျိုးရင်းဝင်အပင်များ၏ အရွက်ပုံစံနှင့် မြက်၊ မြက်မုံညင်းအုပ်စုကွဲပြားပုံ
မြက် (Grass) - ပင်စည်သည် များသောအားဖြင့် အခေါင်းပေါက် (Hollow)၊ အဝိုင်း (Round) နှင့်အရွက်ဖုံးပွင့် (Open Leaf Sheath) ဖြစ်သည်။ ဥပမာ - စပါး
မြက်မုံညင်းအုပ်စု (Sedge) - ပင်စည်သည်များသောအားဖြင့် အပိတ် (Solid)၊ သုံးဒေါင့်ပုံ (Triangular) နှင့်အရွက်ဖုံးပိတ် (Closed Leaf Sheath) ဖြစ်သည်။ ဥပမာ - မြက်မုံညင်း
ဆက်ပါဦးမည်..
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Skerman, P.J. and Riveros, F. (1990) Tropical Grasses. FAO. 832p.
(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှ ဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ လယ်ယာသီးနှံပညာဌာန၊ ပါမောက္ခ၊ ဒေါက်တာအေးအေးခိုင်၊ တွဲဖက် ပါမောက္ခ ဒေါက်တာကြည်မိုး၊ ဒေါက်တာကြည်တိုး ပါမောက္ခ/ကျောင်းအုပ်ကြီး (လှည်းကူးနယ်မြေ) တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။)
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Kywe
လွန်ခဲ့သော ၉ လ ကဒေါက်တာနေနိုင်ထူး ဖုံး ၀၉-၂၅၀၂၉၀၂၆၁ ကိုဆက်သွယ်ဝယ်ယူပါ
812984
လွန်ခဲ့သော ၉ လ ကမျိူးဝယ်ဘို့လိပ်စာပေးပါ။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....