စားကျက်ပဲမျိုးများ (အပိုင်း - ၁၅)
တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉၊ ၂၀၀၊ ၂၀၁) နှင့်တိရစ္ဆာန်စာပဲမျိုး ရင်းဝင် အပင်ကြီး များ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ စားကျက်ပဲသီးနှံများ၊ ပဲနွယ်ပင်များ စိုက်ပျိုးပြုစုခြင်းအကြောင်း ကို ဆက်လက် ဆွေးနွေးပါမည်။
စားကျက်ပဲမျိုးများကို ရုက္ခဗေဒအမည် အက္ခရာစဉ်အလိုက် ရေးသားတင်ပြပါမည်။
သမပိုင်းစားကျက်ပဲမျိုးများ (Temperate Pasture Legumes)
(ဏ) မက်ဒီကာဂိုအုပ်စု (Medicago L. Group)
တစ်နှစ်ခံ (သို့) နှစ်ရှည်ခံပဲမျိုး ၃ ရွက်မွှာ ရွက်ပေါင်းမျိုး ဖြစ်သည်။ ပန်းပွင့်အရောင်က အဝါ (သို့) အပြာရောင်ဖြစ်သည်။ ထိုအထဲမှ နာမည်ကြီးသောမျိုးမှာ -
(၂၄) လူဆန်/အယ်ဖာဖာ (Lucerne/Alfalfa – Medicago sativa L.) အရေးကြီးသော နှစ်ရှည်ခံ သမပိုင်းဒေသစားကျက်ပဲမျိုး ဖြစ်ပါသည်။ တကမ္ဘာလုံး စိုက်ဧရိယာ ဟက်တာ ၅-သန်းကျော် စိုက်ပျိုးပြီး မြန်မာနိုင်ငံ တောင်ပေါ်ဒေသများ အတွက်စိုက်ပျိုးရန် သင့်တော်သောမျိုးဖြစ်ပါသည်။ နာမည်ကြီးမျိုးများမှာ အမွေးပါပီရူးမျိုး (Hairy Peruvian Cultivar)၊ ဟန်တားမြစ်မျိုး (Hunter River Cultivar)၊ ချောမွေ့ပီရူးမျိုး (Smooth Peruvian Cultivar)၊ ဆလာဒီနာ (Saladina Cultivar) စသည်တို့ဖြစ်ပါသည်။
ပဲအထွက်က တစ်ဟက်တာ ၁၂-၂၅ တန်အထိထွက်နိုင်ပြီး ပရိုတိန်းကြမ်း ၁၄-၂၅ ရာခိုင် နှုန်းအထိ ရရှိနိုင်ပါသည်။

ပုံ - ၁ လူဆန်/အယ်လဖါဖါ အပင်၊ အရွက်၊ အပွင့်များ
(န) တြိုင်ဖိုလီယမ်/ကလိုဗာအုပ်စု (Trifolium L. Clover group) တစ်နှစ် (သို့) နှစ်ရှည်ခံ သမပိုင်းစားကျက်ပဲမျိုးဖြစ်သည်၊ အတောင့်ကတိုပြီး ၁-၁၀ စေ့အထိပါသည်၊ ဤမျိုးစုက မျိုးစိတ် ၃၀၀-ခန့်ရှိသည်။
(၂၅) အီဂျစ်ကလိုဘာ (Egyptian Clover – Trifolium alexandrinum L.) တနှစ်ခံပင် ၁-၃ ပေခန့်အထိရှိသည်။ အီဂျစ်နိုင်ငံ မူရင်းဒေသ ဖြစ်ပြီး အပူလျှော့ပိုင်းဒေသများစွာ စိုက်ပျိုး နိုင်သည်၊ ဘာဆင်းမျိုး (Berseem Cultivar) သည်နာမည်ကြီးသည်။ ဤပဲကို ကြဲပက် (Broadcast)၊ အတန်းလိုက်မျိုးစေ့ချ (Drill) ဆောင်ရွက်လေ့ရှိသည်၊ သီးသန့်ရိုက်ဇို ဘီယမ် (Rhizobium trifolii) ကို အသုံးပြုရမည်။
အစိုထွက် (Fresh Fodder Yield) တဟက်တာ ၃၀-၄၅ တန်အထိထွက်သည်၊ ပရိုတိန်း ကြမ်း ၁၇-၂၃ ရာခိုင်နှုန်းပါဝင်သည်။

ပုံ - ၂ အီဂျစ်ကလိုဘာ အပင်၊ အရွက်၊ အပွင့်များ
(၂၆) ကလိုဗာအနီ (Red Clover – Trifolium pretense L.) သက်တန်းတို ထောင်မတ် သော နှစ်ရှည်ပဲပင်ဖြစ်သည်၊ အပူပိုင်းဒေသတွင် ပေ ၆၀၀၀-အထက်တွင်စိုက်လေ့ရှိသည်။
သမပိုင်းမြက်များနှင့်ပူးတွဲစိုက်ပျိုးနိုင်ပါသည်။

ပုံ - ၃ ကလိုဘာအနီ အပင်၊ အရွက်၊ အပွင့်များ
(၂၇) ကလိုဗာအဖြူ (White Clover – Trifolium repens L.) တွားသွားနှစ်ရှည်ပဲမျိုး (Creeping perennials) ဖြစ်ပြီး သမပိုင်းနိုင်ငံများမှာ တွင်ကျယ်စွာ စိုက်ပျိုးနေပါသည်။

ပုံ - ၄ ကလိုဘာအဖြူ အပင်၊ အရွက်၊ အပွင့်များ
(၂၈) ကင်ညာကလိုဗာအဖြူ (Kenya White Clover – Trifolium semipilosum Fresen.) ကြီးထွားမှုနှေးနှစ်ရှည်ပဲမျိုး (Low-growing perennials) ဖြစ်ပြီး တစ်ပေခန့်ဘဲ အပင်အမြင့်ရှိသည်။ ကဘက်တီ-၄ (Cultivar – Kabete-4) မျိုးသည်နာမည်ကြီးပြီး နောက်ပေါ် ဆာဖာရီ (Cultivar - Safari) မျိုးက ဩစတေလျနိုင်ငံတွင် စိုက်ပျိုးနေပါသည်။ ပင်ခြားဝတ်မှုံကူး (Cross-pollinated Plant) တတ်၍ ပျားမျိုးများ အခင်းဘေးတွင်ရှိရန် လိုအပ်ပါသည်။

ပုံ - ၅ ကင်ညာကလိုဘာအဖြူ အပင်၊ အရွက်၊ အပွင့်များ
(၂၉) ဆပ်တိရန်နီယမ်ကလိုဗာ (Subterranren or SubClover – Trifolium subterraneum L.) ပြန့်နှံ့သွားတတ်သောတနှစ်ခံပင် (Spreading annual plant) ဖြစ်ပြီး တပင်လျှင် ၃-၆ ပွင့် မျိုးအောင်အစေ့ရရှိသောမျိုးဖြစ်ပါသည်။

ပုံ - ၆ ဆပ်တိရန်နီယမ်ကလိုဘာအဖြူ အပင်၊ အရွက်၊ အပွင့်များ
(ပ) ဗီစီယာ-ဗက်ချ်အုပ်စု (Vicia L. Vetch Group) တနှစ်ခံ (သို့) နှစ်ရှည်ခံ သမပိုင်းဒေသစိုက် စားကျက်ပဲမျိုး ဖြစ်သည်၊ ဤမျိုးစုတွင် မျိုးစိတ်ပေါင်း ၁၂၀-ခန့်ပါဝင်ပါသည်။
(၃၀) ပုံမှန်ဗက်ချ် (Common Vetch – Vicia sativa L.) နှာတံ (Tendrils) သော တစ်နှစ်ခံနွယ်တက်ပင် (annual Climbing Plants) ဖြစ်သည်။

ပုံ - ၇ ပုံမှန်ဗက်ချ်အပင်၊ အရွက်၊ အပွင့်များ
(၃၁) ခရမ်းရောင်ဗက်ချ် (Purple Vetch – Vicia benghalensis L.) တနှစ်ခံ၊ ၂-နှစ်ခံ (သို့) သက်တန်းတိုနှစ်ရှည်မျိုးဖြစ်နိုင်သည်၊ ပန်းပွင့်အရောင် ခရမ်းရောင် (Purple) ဖြစ်သည်၊

ပုံ - ၈ ခရမ်းရောင်ဗက်ချ်အပင်၊ အရွက်၊ အပွင့်များ
(အခြားသီးနှံများအကြောင်းဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Longman, London. 475p.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.
Skerman, P.J.; Cameron, D.G. and Riveros (1988) Tropical Forage Legumes.
FAO. 692p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....