ပြန်လည်သန်စွမ်းတိုးပွားလာစေသောစိုက်ပျိုးရေးနည်းလမ်း (RA _ Regenerative Agriculture)
ပြန်လည်သန်စွမ်းတိုးပွားလာစေခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သော စိုက်ပျိုးမွေးမြူရေး
(က) ပြန်လည်သန်စွမ်းတိုးပွားလာစေသောစိုက်ပျိုးရေး (RA _ Regenerative Agriculture) ဆိုသည်မှာ မြေဆီလွှာအာဟာရဓာတ် ပြန်လည်ကောင်းမွန်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင် မြှင့်တင်ခြင်းကို အဓိကထားသော စိုက်ပျိုးရေးနှင့် မြေယာစီမံခန့်ခွဲမှု နည်း လမ်း တစ်ရပ်ဖြစ်ပါသည်။
ဤနည်းလမ်း၏ အဓိကရည်ရွယ်ချက်များမှာ
- မြေဓာတ်အရည်အသွေးကို ပြန်လည်တိုးတက်စေခြင်း (Restore and improve soil health)
- ဇီဝမျိုးစုံလင်မှု ကို ပြန်လည်တိုးပွားမြှင့်တင်ခြင်း (Enhance Biodiversity)
- ရေစီးဆင်းမှုနှင့် ရေသိုလှောင်နိုင်စွမ်းကို ကောင်းမွန်စေခြင်း (Improve water cycles)
- လယ်ယာစနစ်ကို မိုးလေဝသပြောင်းလဲမှုများနှင့် ခံနိုင်ရည်ရှိစေခြင်း (Increase farm resilience and productivity)
- ကမ္ဘာပူနွေးမှုကို လျော့ချပေးခြင်း သို့မဟုတ် ပြန်လည်လျော့နည်းစေခြင်း (Reduce and reverse climate change impacts) တို့ဖြစ်ပါသည်။

ပုံ - ၁ ပြန်လည်သန်စွမ်းတိုးပွားလာစေသောစိုက်ပျိုးရေးစနစ်
ဤစနစ် Regenerative Agriculture ၏ အခြေခံမူဝါဒများ
(၁) အကျိုးရှိသော မြေဆီလွှာ၊ မြေဆီအဟာရဓာတ်ကို တည်ဆောက်ခြင်း (Build Living Soil) မြေတွင်ရှိသော အကျိုးပြု ပိုးမွှားများ၊ ဘက်တီးရီးယားများ၊ မှိုများ (Beneficial Microorganisms) ကို သန်စွမ်းလာအောင် ထောက်ပံ့ပေးခြင်း၊ မြေအဟာရဓာတ်များ ကြွယ်ဝလာလျှင် အပင်ကြီးထွားမှုကောင်းမွန်လာသည်
(၂) မြေဆီလွှာထက်သန်မှုကို အနှောင့်အယှက်မဖြစ်အောင်၊ ပျက်စီးမှုနဲပါးအောင်လုပ်ခြင်း (Minimize Soil Disturbance) ထွန်ယက်ခြင်းကို လျှော့ချ သို့မဟုတ် ရပ်ဆိုင်းခြင်း (Zero or Minimum Tillage)၊ မြေဖွဲ့ စည်းပုံကို (Protect soil structure) ထိန်းသိမ်းခြင်း၊
(၃) မြေကို အမြဲဖုံးအုပ်ထားခြင်း (Keep the Soil Covered)
မြေဖုံးသီးနှံ (Cover Crops) များစိုက်ပျိုးခြင်း၊ သီးနှံအကြွင်းအကျန်များ အသုံးပြုခြင်းတို့က မြေဆီလွှာတိုက်စားခြင်း (Soil Erosion)၊ ပေါင်းတိုးပွားလာမှုဖိနှိမ်ထားခြင်း (Weed Suppression)၊ မြေဆီလွှာအပူချိန်ကို ထိန်းသိမ်းထားခြင်း (Moderate Soil Temperature) တို့ကို ရရှိစေနိုင်ပါသည်။
(၄) အပင်မျိုးစုံ ရှင်သန်နိုင်မှု တိုးပွားလာခြင်း (Increase Plant Diversity)
အလှည့်ကျစိုက်ပျိုးခြင်း (Crop Rotation)၊ သီးညှပ်စိုက်ပျိုးခြင်း (Intercropping)၊ သီးနှံ မျိုးစုံမြေဖုံးစိုက်ပျိုးရှင်သန်နိုင်ခြင်း (Multi-species Cover Crops) တို့ကြောင့် အပင်မျိုးစုံ ရှင်သန် ပိုးမွှားမျိုးစုံ၊ အနုဇီဝမျိုးစုံ ပွားများလာကာ မြေဆီလွှာပိုမိုကောင်းမွန်လာခြင်း အကျိုးကျေးဇူးများရရှိပါသည်။
(၅) အပင်နှင့်တိရစ္ဆာန်များကို ပေါင်းစည်းဆောင်ရွက်ခြင်း (Integrate Livestock)
ထိန်းချုပ်ထားသော မွေးမြူရေးစနစ်အစား မွေးမြူထားသော တိရစ္ဆာန်များကို ကွင်းအတွင်း လွှတ်ကျောင်းစနစ်ဆောင်ရွက်ခြင်း (Grazing Systems) ဖြင့် မြေဆီလွှာ အဟာရဓာတ်များ ကွင်းအတွင်းရောက်ကာ အပင်အတွက်ပြန်လည် ဖြန့်ဝေပေးနိုင်သည်။
(ခ) သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်သောစိုက်ပျိုးမွေးမြူရေး (Conservation Agriculture _ CA)
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သော စိုက်ပျိုးရေးဆိုသည်မှာ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံသည့် စိုက်ပျိုးနည်းစနစ်တစ်ခု ဖြစ်ပါသည်။ မိရိုးဖလာ ထယ်ထိုးထွန်ယက်ခြင်းကို လျှော့ ချကာ မြေဆီလွှာကို အမြဲတမ်း ဖုံးအုပ်ထားပြီး သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းဖြင့် မြေဆီ လွှာ အဟာရဓာတ်ပြန်လည် သန်စွမ်းလာစေရေးကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဤ စနစ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် မြေဆီလွှာပျက်စီးဆုံးရှုံးမှု၊ ရေရှား ပါးမှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အရေးပါသော နည်းလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

ပုံ - ၂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သောစိုက်ပျိုးရေး
ဤစနစ်တွင် အဓိကျသော ကျင့်သုံးရမည့် လုပ်ငန်းစဉ် (၃) ရပ် ရှိပါသည်။
(ခ-၁) မြေဆီလွှာ ထွန်ယက်မှု အနည်းဆုံးပြုလုပ်ခြင်း (Minimum Soil Disturbance): မြေကြီးကို ထွန်ယက်မှု အနည်းဆုံးဖြစ်အောင် ပြုလုပ်ခြင်း သို့မဟုတ် လုံးဝမထွန်ယက်ဘဲ (No-Till Farming) တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ မပျက်စီးဘဲ မြေတွင်းရှိ အဏုဇီဝပိုးမွှားများ ရှင်သန်နိုင်ကာ ရေတိုက် စားမှုနှင့် လေတိုက်စားမှုတို့ ကြောင့် မြေဆီအဟာရ ဆုံးရှုံးမှုတို့မှလည်း ကာကွယ်ပေးနိုင် ပါသည်။
(ခ-၂) မြေဆီလွှာကို အမြဲမပြတ် ဖုံးအုပ်ထားခြင်း (Permanent Soil Cover): ယခင်ရိတ်သိမ်းပြီးသော သီးနှံအကြွင်းအကျန်များ (ဥပမာ - ကောက်ရိုး၊ နှမ်းရိုး) သို့မ ဟုတ် မြေဖုံးသီးနှံများ (Cover Crops) စိုက်ပျိုးခြင်းဖြင့် မြေမျက်နှာပြင်ကို ဖုံးအုပ်ထား ရပါသည်။ ဤနည်းဖြင့် မြေဆီလွှာအစိုဓာတ် အငွေ့ပျံခြင်းကို လျှော့ချနိုင်ပြီး ပေါင်းမြက် ပေါက်ရောက်မှုကိုလည်း ကာကွယ်ပြီးသားဖြစ်ပါသည်။
(ခ-၃) သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း (Crop Rotation):
တစ်မျိုးတည်းသော သီးနှံကို ဆက်တိုက်မစိုက်ပျိုးဘဲ သီးနှံမျိုးစုံကို အလှည့်ကျ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရ ထိန်းညှိပေးပြီး သီးနှံတစ်မျိုးအတွက် သက် ရောက်တတ်သော ရောဂါနှင့် ပိုးမွှားကျရောက်မှုကို လျော့ကျစေပါသည်။
ကောင်းကျိုးများ (Advantages)
မြန်မာနိုင်ငံ၏ အလယ်ပိုင်း၊ ပူပြင်းခြောက်သွေ့ဒေသများတွင် ပြုလုပ်ခဲ့သော လေ့လာမှု များအရ ထိန်းသိမ်းရေး စိုက်ပျိုးရေးသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိကြောင်း တွေ့ရှိရသည် ။
စီးပွားရေးအရ ကောင်းကျိုးများ-
* ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း- ထယ်ထိုးထွန်ယက်ရန် လိုအပ်သော လောင်စာဆီနှင့် လုပ်အားစရိတ်များ သက်သာလာနိုင်ပါသည်။
* ရေရှည်သီးနှံအထွက်နှုန်း တည်ငြိမ်ခြင်း- မြေဆီလွှာ ကျန်းမာလာခြင်းနှင့် ရေထိန်း သိမ်းနိုင်စွမ်း ကောင်းလာခြင်းတို့ကြောင့် မိုးခေါင်ရှားပါးသည့် ကာလမျိုးတွင်ပင် သီးနှံ အထွက်နှုန်း မကျဆင်းဘဲ တည်ငြိမ်မှုရှိလာနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင်အရ ကောင်းကျိုးများ
* မြေဆီလွှာတိုက်စားမှု လျော့ကျခြင်း - မြေဆီလွှာ မြေဖုံးလွှာရှိခြင်းက လေနှင့်ရေတိုက် စားမှုမှ ကာကွယ်ပေးသည်။
* မြေဆီဩဇာတိုးပွားခြင်း - မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းဓာတ်များ (Soil Organic Matter) တိုးပွားလာပြီး မြေဆီဩဇာ ပိုမိုကောင်းမွန်လာသည် ။
* ရေထိန်းသိမ်းနိုင်စွမ်း မြင့်မားလာခြင်း - မြေဆီလွှာတွင် ရေစုပ်ယူထိန်းသိမ်းနိုင်စွမ်း ကောင်း လာသောကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှုကို အထောက်အကူပြုပြီး ရေရှားပါးမှုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။
* ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝလာခြင်း - မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ၊ တီကောင် များနှင့် အခြားသတ္တဝါငယ်များ ပေါက်ဖွားရှင်သန်ရန် သင့်တော်သော ပတ်ဝန်းကျင် ဖန် တီး ပေးပါသည်။
ဆိုးကျိုးများ / စိန်ခေါ်မှုများ (Disadvantages / Challenges)
သို့သော်လည်း ဤစနစ်တွင် လက်တွေ့ကျင့်သုံးရာတွင် ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများနှင့် လူမှုရေးအရ ဆိုးကျိုးအချို့လည်း ရှိပါသည်။
* လူမှုရေးအရ ထိခိုက်မှုများ- အချို့ဒေသများတွင် ဤစနစ်သို့ ကူးပြောင်းခြင်းသည် ဒေသခံ ကျေးလက်နေ၊ လူမှုအသိုင်းအဝိုင်း၏ လူမှုရေးကဏ္ဍအပေါ် အနှုတ်လက္ခဏာ သက်ရောက်မှု ရှိနိုင်သည်ဟု လေ့လာတွေ့ရှိချက်များ ရှိပါသည်။ ဥပမာအားဖြင့် အလေ့ အကျင့်ပြောင်းလဲရန် ခက်ခဲခြင်း၊ ရိုးရာ ပြုလုပ်မှု ဆိုင်ရာ တောင်သူလယ်သမား၊ အလုပ် သမားများ အလုပ်အကိုင် ဆုံးရှုံးနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည် ။
* အစပိုင်းတွင် အသိပညာနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ခြင်း- မိရိုးဖလာစနစ်မှ ပြောင်းလဲ ကျင့်သုံးရန် တောင်သူများအတွက် အသိပညာဗဟုသုတ အသစ်များ သင်ယူရန်နှင့် မြေဖုံး သီးနှံမျိုးစေ့၊ မျိုးစေ့ချစက်အသစ်များ ဝယ်ယူရန် ကနဦးရင်းနှီးမြှုပ်နှံမှု လိုအပ်ပါသည်။
* မြေဖုံးလွှာစီမံခန့်ခွဲမှု ခက်ခဲခြင်း- သီးနှံအကြွင်းအကျန်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပြီး မဟုတ်ပါက ရောဂါကျရောက်မှုကို အားပေးသည့် အခြေအနေမျိုး ဖန်တီးမိ နိုင်ပါသည်။
* ပေါင်းမြက်ကာကွယ်ရေး စိန်ခေါ်မှု- ထယ်ရေးမဲ့စနစ်တွင် ထယ်ထွန်မသုံးသည့် အ တွက် ပေါင်းမြက်များကို ကာကွယ် နှိမ်နှင်း ထိန်းချုပ်ရန် ပိုမိုခက်ခဲလာပြီး ဓာတုပေါင်း သတ်ဆေး ပိုမိုအားကိုးရသည့် အခြေ အနေမျိုး ကြုံတွေ့ရနိုင်ပါသည်။
စာရေးသူ၏ထင်မြင်ချက်
ဤစနစ်သည် မြေဆီလွှာနှင့် ရေကို ထိန်းသိမ်းကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (Sustainable Agriculture) အတွက် အလားအလာကောင်းများ ပေးစွမ်းနိုင်သော်လည်း အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် ဒေသခံတောင်သူများ၏လူမှုစီးပွား အ ခြေအနေ၊ အသိပညာဗဟုသုတနှင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ထည့် သွင်းစဉ်းစားကာ သင့်လျော်သော နည်းပညာအကူအညီနှင့် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှုများ လိုအပ်ကြောင်း တွေ့ရှိရပါသည်။
ဤစနစ်ကို စိုက်ပျိုးရန် နေရာ၊ ဒေသအားလုံး ဆောင်ရွက်သည်ထက် အဆင်ပြေ ချောမွေ့ သော နေရာများတွင်သာ စမ်းသပ်ကျင့်သုံးသင့်ပါကြောင်း ထင်မြင်ယူဆမိပါသည်။
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Dent, D. and Boincean, B. (2021) Regenerative Agriculture. Springer. 351p.
Kassam, A.; Jat, R. and Sahrawat, K. (2014) Conservation Agriculture: Global Prospects and Challenges. CABI.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....