ဇီဝမြေဩဇာများ (အပိုင်း -၁)
ဇီဝမြေဩဇာအပါအဝင် မြေဩဇာများ အကြောင်း မိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံ ပညာ အမှတ်စဉ် (၁၀၀၊ ၁၀၁) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်၊
ယခု ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှု နည်းပညာတစ်ခုအနေနှင့် ဇီဝမြေဩဇာများ အသုံး ပြုခြင်း အကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။
အဏုဇီဝမြေသြဇာများ အကြောင်း
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ ယခု ဓာတ်မြေဩဇာ များဈေးနှုန်းကြီးမြင့်မှုကြောင့် အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရန် အခြားနည်းလမ်းများကို ပြောင်းလည်းအသုံးပြုရပါမည်။
ဇီဝမြေသြဇာ (Biofertilizers) ဆိုသည်မှာ အကျိုးပြုအဏုဇီဝပိုးများ (Effective Microorganisms) ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝ ဖြစ်စဉ် များကို ပြန်လည်ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည့် အဓိက ဖြေရှင်းချက်တစ်ခု ဖြစ်လာပါသည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင် ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များ ကို ပျော်ဝင် စေခြင်းနှင့် အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပါသည်။
ပုံ - ၁ အဏုဇီဝမြေဩဇာများ အလုပ်လုပ်ပုံ
ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များ
ဇီဝမြေသြဇာများကို ၎င်းတို့ လုပ်ဆောင်ပေးသော အဓိက အာဟာရဓာတ်အလိုက် ခွဲခြား နိုင်ပါသည်။ အဓိကအားဖြင့် ဘက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင် ဆီးတီးစ် (Actinomycetes) များ ပါဝင်တတ်ကြပါသည်။
ဇယား - ၁ ဇီဝမြေဩဇာအမျိုးမျိုး
အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင်မြေလွှာ (Rhizosphere) အတွင်းတွင် အဓိက လှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။
ရိုင်ဇိုဘီယမ် (Rhizobium) နှင့် ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံ
ရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle) တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင် တန်ချိန် သန်း ၂၀၀ ခန့်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲဒီစိမ်း စသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာလျှင် နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။
အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်
အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဘက်တီးရီးယားကြားတွင် ရှုပ်ထွေးသော မော်လီ ကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က Flavonoids ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ်ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဘက်တီးရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nod factors) ဟုခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည်ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။
နိုက်ထရိုဂျင်နေးစ် (Nitrogenase) အင်ဇိုင်းနှင့် စွမ်းအင်လိုအပ်ချက်
လေထုထဲမှ နိုက်ထရိုဂျင် (N2) ကို အပင်သုံးစွဲနိုင်သော အမ်မိုးနီးယား (NH3) အဖြစ် ပြောင်းလဲရန် နိုက်တြိုဂျီနေ့စ် (Nitrogenase) အင်ဇိုင်းအစုကို အသုံးပြုပါသည်။ ဤဖြစ်စဉ်သည် စွမ်းအင် အလွန်လိုအပ်ပြီး နိုက်ထရိုဂျင် တစ်မော်လီကျူးကို ဖြိုခွဲရန် အနည်းဆုံး အက်ဒီနိုဆင်း တြိုင်ဖေါ့စဖိတ် (Adenosine Triphosphate_ATP) ၁၆ လုံး လိုအပ်ပါသည်။ ညီမျှခြင်းမှာ အောက်ပါအတိုင်းဖြစ်သည်-
နိုက်ထရိုဂျင်နေးစ်အင်ဇိုင်းသည် အောက်ဆီဂျင်နှင့် ထိတွေ့လျှင် ပျက်စီးလွယ်သဖြင့် အပင်က လက်ဟေမိုဂလိုဘင် (Leghemoglobin) ဟုခေါ်သော အနီရောင်ရှိသော ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ကာ အောက်ဆီဂျင်ပမာဏကို ထိန်းညှိပေးရပါသည်။
ပုံ - ၂ ရိုက်ဇိုဘီယမ်ဘက်တီးရီးယားအမျိုးမျိုး
ဇယား - ၂ ရိုက်ဇိုဘီယမ်အုပ်စုနှစ်စုကွာခြားချက်များ
ရိုက်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)
ရိုက်ဇိုဘီယမ် မျိုးစိတ်များသည် စိုက်ပျိုးရေးတွင် အရေးကြီးသော ပဲမျိုးတစ်မျိုးခြင်းနှင့် သီးသန့် သဟဇာတ ဆက်နွယ်မှု (specific symbiotic relationship) ကို လေ့လာ နိုင်ပါ သည်။
ဇယား - ၃ ရိုက်ဇိုဘီယမ်မျိုးစိတ်တစ်ခုခြင်းအလိုက် သီးသန့်ပဲမျိုးများ
စာရေးသူ၏အတွေး
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်၊ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီများက ဇီဝမြေဩဇာများကို အီးအမ် မြေဩဇာ (EM-Effective Microorganisms Fertilizer) မှအပ ရောင်းချနေသည်ဆိုတာတော့ စာရေးသူ သတိမထားမိပါ၊ ဇီဝမြေဩဇာများ သည် ဓာတ်မြေဩဇာစသည့် အခြားမြေဩဇာများနှင့် ကွာခြားချက်မှာ -
(က) အနုဇီဝပိုးများဖြင့်ပြုလုပ်ထား သည်ဖြစ်၍ မျက်စိဖြင့်မမြင်နိုင်ပါ၊ သို့ဖြစ်ပါ၍ မြေဩဇာဝယ်ယူပြီးပါက သတ်မှတ်ထားသော အသက်ရှိ အနုဇီဝပိုး အရေအတွက် ပါခြင်း၊ မပါခြင်းကို စစ်ဆေးရခက်ပါသည်၊
(ခ) အထက်ပါအတိုင်း ဇီဝမြေဩဇာမှာ သက်ရှိများဖြစ်၍ လမ်းခရီးတွင် လေလုံ၍၎င်း၊ နေပူဒါဏ်မိ၍၎င်း၊ စိုက်ခင်းအတွင်းမရောက်မှီ လျှော့နဲ၊ သေဆုံးသွားနိုင်ပါသည်။
စာရေးသူ ဩစတေလျတွင် လေ့လာရေးခရီးထွက်စဉ်က တောင်သူဦးကြီးတိုင်း မိမိလယ် ယာမြေအိမ် (Farm House) ထဲတွင် ရေခဲသေတ္တာ အပိုရှိပြီး ရိုက်ဇိုဘီယမ်အပါအဝင် ဇီဝ မြေဩဇာများကို ရေခဲသေတ္တာ ထဲတွင် ထည့်သိမ်းထားပြီး၊ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်း စိုက်ပျိုး သည့်ဓလေ့ကို သတိပြုမိခဲ့ပါသည်၊ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုး များ သီးနှံမျိုးစေ့ များနှင့်သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Rai, M.K. (2006) Handbook of Microbial Biofertilizers. Food Products Press. 610p.
Somasegaran, P. and Hoben, H.A. (1994) Handbook for Rhizobia. Springa Verlag. 456p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
15/07/2026