သမိုင်းတခုရဲ့ လူသတ်ကောင်နှင့် တရားခံများ ၂ သို့မဟုတ် မြေသြဇာ တခုမှာ အဆိပ်ရှိ ဓာတ်ပေါင်း ရောခြင်း ခွင့်ပြုမှု ရှိ မရှိ
ဒီဆောင်းပါးတွေရေးရတာ ကျွန်တော့အတွက် အတော်သတိထားရပါတယ်။ စိုက်ပျိုးရေးဆင်းတွေ ကုမ္ပဏီတွေ ဌာနတွေကို ထိခိုက်လိုစိတ် အလျှင်းမရှိပါဘူး ပထမ ဝန်ခံပါတယ်။ ဒီစာတွေမှာ မိုက်ရိုင်းစော်ကားလိုတဲ့စကားများပါခဲ့ရင် ယူဆခဲ့ရင် တောင်းပန်ပါတယ်။ အခုလို စာတွေ ကျွန်တော် မရေးချင်ပါဘူး။ စိုက်ပျိုးရေး လောကတခုလုံး အမြီးမောက် တည့်စေ့ချင်လို့ ကျွန်တော် မြင်တဲ့ရှုထောင့်ကနေ ရေးနေခြင်းဖြစ်ပါတယ်။ တတတ်တအား အားဖြည့် ကူညီထောက်ပြတဲ့သဘောပါ။ ကျွန်တော်ဟာ သာမန် စိုက်ပျိုးရေးကျောင်းဆင်း တယောက်ပါ။ သိသလောက် ဝင်ကူတဲ့သဘောပါခင်ဗျာ။ ကျွန်တော် မြင်တာ အံချော်နေသလိုဖြစ်နေလို့ နောက်ထပ် အမှားမဖြစ်အောင် ထောက်ပြခြင်းသက်သက်ပါ။ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေတွေကို ခေါင်းဆောင်တွေဖြစ်တဲ့ စိုက်ပျိုးရေးဌာနက ပုဂ္ဂိုလ်တွေ စိုက်ပျိုးရေးကုမ္ပဏီကြီးတွေတောင်မှ မလိုက်နာရင် ဒီဥပဒေတွေ ဘယ်လိုများ အသက်ဝင်ပါ့မလဲ။ ဘယ်လိုများ အခြေခံလူတန်းစားတွေကို အကာကွယ်ပေးနိုင်မလဲ။ ဘယ်သူက ဥပဒေအပေါ် တလေးတစားရှိပါတော့မလဲ ။ရှေးကလူတွေလုပ်လို့မှားတာလည်း အပြစ်တင်ချင်စရာ နောက်လူတွေ ကိုင်တွယ်တဲ့လူတွေလို ရှေးလူတွေမှားခဲ့တာ ပြုပြင်တားဆီးရန်လိုသလို နောက်ထပ်မဖြစ်အောင်လည်း ကာကွယ်ထိန်းသိမ်း ဖို့လိုနေပါတယ်။ Pesticide law ,seed law ,fertilizer law (ပိုးသတ်ဆေးဥပဒေ၊ မျိုးစေ့ဥပဒေ၊ မြေသြဇာဥပဒေ) စတာတွေမှာ အားနည်းချက်ရှိတယ်ဆိုပြီး ထိုင်ငြီးနေမယ့်အစား လက်ရှိဥပဒေအောက်မှာ အရင်သွားနိုင်ဖို့ လိုအပ်နေတာ အဓိကဖြစ်နေပြီ ထင်တယ်ဗျ။

ကျွန်တော် ၂၀၀၂ မြေသြဇာ ဥပဒေစာအုပ်ကို ဖတ်မိချိန်မှာ အရမ်းကို အံ့သြမိပြီဗျာ။မြေသြဇာ ဥပဒေစာအုပ် စာမျက်နှာ ၁၅ အခန်း ၁၀ တားမြစ်ချက်များ နံပါတ် ၃၄ စာကြောင်းလေးဖတ်မိတော့ အမလေး တမိပြီဗျ။
ရေးထားတာက '၃၄။ မည်သူမျှ အဆိပ်ရှိပစ္စည်းများ ရောနှောပါဝင်သော မြေသြဇာကို ထုတ်လုပ်ခြင်း သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း မပြုရ။’ '34- No one shall produce,store or distribute and sell of fertilizer mixed with toxic substance’ ဆိုပါလားဗျာ။ကျွန်တော် အံ့သြသွားပြီ။ လုပ်ကြံရေးတယ် မဖြစ်ရအောင် photo တွေ တင်ပေးထားပါတယ်။ ဒီစာအုပ် လိုအပ်မယ်ဆို ကျွန်တော် မိတ္တူကူးပြီး အလကားပေးမယ်။

ဒီတော့ဗျာ ပေါင်းသတ်ဆေးမှာ ဓာတ်ကြွင်းအဆိပ်မရှိလို့ ထုတ်လုပ် ဖြန့်ဖြူးခွင့်လိုင်စင်ချပေးတာလား ဥပဒေကို မေ့ပြီး ခွင့်ပြုချက်ပေးခဲ့တာလား ဘယ်သူတွေ အပြစ်ရှိပြီး ဘယ်သူတွေ တာဝန်ယူမဖြေရှင်းတာလဲ စတဲ့ မေးခွန်းတွေ ခေါင်းထဲ အစီအရီဝင်လာပြီခင်ဗျ ။လောလောဆယ် ပေါင်းသတ်ဆေး အကြောင်းလေးက စရအောင်။ အဆိပ်သင့်မှုရှိ မရှိ အဆိပ်ပါဝင်မှု ရှိမရှိပေါ့ဗျာ။ ကျနော်ရေးတဲ့စာဟာ မြေသြဇာကို ဘာနဲ့ရောစပ်စပ် ဥပမာ ပေါင်းသတ်ဆေး မှိုသတ်ဆေး ပိုးသတ်ဆေး ဟော်မုန်း ကြိုက်တာ ရောစပ် ဖြန့်ဖြူးမှုဟာ Fertilizer law နဲ့ကိုက်ညီမှုကို သက်သေပြရန် လက်ရှိ စျေးကွက်ထဲက register ရထားတဲ့ ပေါင်းသတ်ဆေးမြေသြဇာကို ပမာပြုထောက်ပြ ဖော်ပြခြင်းပါ။
ဒါတွေမရေးခင်မှာ အဆိပ်ကို ဘယ်လို အဓိပါ္ပယ်ဖွင့်ဆိုသလဲ အရင်ကြည့်ရအောင်။ အဆိပ်ဆိုတာ သက်ရှိတွေကိုဖျက်စီးမှု ပမာဏကို အဆိပ်လို့ခေါ်ပါသတဲ့။ အပင်တွေ ဘက်တီးရီးယား အင်းဆက် တိရိစ္ဆာန် ရေနေ သတ္တဝါ အပြင် လူသားတို့ကို အဆိပ်သင့်စေတဲ့အရာမှန်သမျှဟာ အဆိပ်ပေါ့ဗျာ။ ဒီတော့ မြေသြဇာဥပဒေမှာ ပါဝင်တဲ့ အခြား အဆိပ်ပစ္စည်းဆိုတာ ရောစပ်ဖြန့်ဖြူးခွင့်မပေးတာ အန္တရာယ် ရှိလို့ပေါ့နော်။
ပေါင်းသတ်ဆေးဆိုတာ အပင်တွေသေဖို့ရည်ရွယ်ပြီး ဆားဂုဏ်သတ္တိ ဆပ်ပြာဂုဏ်သတ္တိကနေ အခြေခံထုတ်ပါတယ်။ အပင်တွေကို အဆိပ်သင့်ပြီး သေအောင် စီစဉ်ထားတဲ့ဆေးပါတဲ့ ။ပေါင်းသတ်ဆေး အလွန်အကျွံသုံးရင် ပတ်ဝန်းကျင်နဲ့ နို့တိုက်သတ္တဝါတွေ အပြင် လူတို့ူကို ဆိုးကျိုးတွေရှိပါသတဲ့ ။ပေါင်းသတ်ဆေး တမျိုးတည်းကို ရေရှည်အသုံးမပြုသင့်ဘူးဆိုတာကို EPA US.Enviromental Protection Agency က ဆိုပါတယ်။ အဆိပ်သင့်မှုကို LD50 ( Lethal dose 50%) အပေါ် အခြေခံတယ်။ LD50နဲ့ တိုင်းတာပါတယ်။ ၁ကီလို အလေးချိန်ရှိတဲ့ကြွက် ကို ဓာတုအဆိပ် --mg မီလီဂရမ် မှာ အဆိပ်သင့်သလဲ ဆိုတာနဲ့ တိုင်းတာပါတယ်။
အခြေပြုအမှတ်က ၅၀၀mg/၁ကီလိုပေါ့ဗျာ။ ၁၀mg မှာ အဆိပ်သင့်တဲ့ကြွက်နဲ့ ၁၀၀mg မှာ အဆိပ်သင့်တဲ့ကြွက်မှာ ၁၀mg မှာ အဆိပ်သင့်တဲ့ကြွက်က ပိုပြီး အဆိပ်ပါဝင်မှု ရှိတယ်ပေါ့။ ဇယား ၁ကိုကြည့်ကြည့်ကြပါ။ 2-4D က LD 666 ဂလိုင်ဖိုဆိတ် LD 4900 ပါရာကွတ်က LD100 Nicotine က LD 9 ဆိုတော့ အဆိပ်ဖြစ်တတ်တဲ့ အခြေနေက ကျွန်တော် ထပ်ပြောဖို့ မလိုလောက်တော့ပါဘူးနော်။ Pyrazosulfuron ethyl ကိုတော့ အခုဇယားမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဇယား ၁မှာ မြန်မာမှာကော တခြားနိုင်ငံမှာပါ အသုံးပြုနေတဲ့ ပေါင်းသတ်ဆေး LD50 တန်ဖိုးတွေပါပါတယ်။ မြန်မာပြည်တွင်း ပေါင်းသတ်ဆေး မြေသြဇာ မှာသုံးထားတဲ့ ပေါင်းသတ်ဆေးများက 2-4D ,Pyrazosulfuron ethyl ဖြစ်ပြီး တခြား ပေါင်းသတ်ဆေးအုပ်စုတွေလဲ ရောတာ ရှိချင်ရှိပါလိမ့်မယ်။အခုတော့ 2-4D,Pyrazosulfuron ethyl ကို အခြေခံကိုယ်စားပြု ရေးချင်ပါတယ်။

Fertilizer ဥပဒေကလည်း အဆိပ်ရှိတဲ့ အရာတွေ ရောစပ်ရောင်းချခွင့် မရှိဘူးဆိုတာကို ဘယ်လိုများ ကျွန်တော်တို့ကို approveလုပ်ပေးမလဲဗျာ။ အခုလို မြေသြဇာတွေက ဥပဒေကို ကျော်နေသလိုဖြစ်နေသလားလို့။
ကုမ္ပဏီတခုကနေ နောက်ထပ်ထပ်ထွက်လာမယ့် မြေသြဇာက ပေါင်းသတ်ဆေးမြေသြဇာတော့မဟုတ်ပါဘူး။ အဲဒီထက် အခြေနေဆိုးနေပါတယ်။ ဘာမြေသြဇာဆိုတာ မပြောလိုပါဘူး။ စမ်းသပ်ဆဲဆိုလျှင်လည်း ၂၀၀၂ဥပဒေအရ ကြည့်လျှင် ငြိစွန်းနေသလားလို့။ ကျွန်တော် law တွေနားမလည်ပါဘူး။ ကနေ့မှ ဒီဥပဒေ စာအုပ်လေးဖတ်ရင်းကနေ တွေ့မိလို့ တင်ပြတာပါ။ Law အရဆိုလျှင် ပေါင်းသတ်ဆေးမြေသြဇာတောင် ထုတ်လုပ်ခွင့် ဖြန့်ဖြူးခွင့် မရှိသလို Registerလည်း ပေးခွင့်မရှိပါဘူး။
အကယ်လို့များ အခုထက် အဆိပ်ပြင်းတဲ့ ပိုးသတ်ဆေးလိုမျိုး မှိုသတ်ဆေးလိုမျိုး အရာတွေ ထည့်သွင်းထားတဲ့ မြေသြဇာများ အတတ်ဆန်းပြီး ထွက်လာခဲ့ရင် ရောင်းချ ဖြန့်ဖြူးထုတ်လုပ် ရောင်းချ ခွင့် ပေးမှာလားလို့ ဘာမှ မသိနားမလည်တဲ့ တောင်သူတွေကိုယ်စား လယ်ဆည်က director board အဖွဲ့နှင့်တကွ Fertilizer register ထုတ်ပေးတဲ့ ဌာနကို ကျွန်တော် မေးလိုပါတယ်။ တရားမဝင် ဖြန့်ဖြူးရောင်းချမှုရှိခဲ့ရင်ကော ဘယ်လို အရေးယူမလဲဆိုတာ Third party လို စစ်ဆေးမှုတွေ ရှိသင့်နေပါပြီ။ တဘက်နိုင်ငံ တရုတ် ထိုင်းက တရားမဝင် နယ်စပ်ကဝင်လာတဲ့ဆေးတွေကို မှောင်ခို တရားမဝင်ဆေးအဖြစ် စောင့်ကြည့်အရေးယူတာလဲတပိုင်း ကုမ္ပဏီနေကနေ ပေါင်းသတ်ဆေးမြေသြဇာလို register မရတဲ့ကြား ပိတ်ပင်ထားတဲ့ကြားက ရောင်းချနေမှုကိုလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်။
၇၀ ရာခိုင်နှုန်းသော တောင်သူမိသားစုတွေ အကာအကွယ်ပေးနိင်ဖို့ ဥပဒေတွေထုတ်ပြန်ထားတာလို့ ယူဆပါတယ်။ ကျေးဇူးရှင်ဦးကြီးများလို့သတ်မှတ်ထားတဲ့ တောင်သူတွေ အဆိပ်မသင့်စေဖို့ သက်ဆိုင်ရာလူကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ကျွန်တော်တို့လို တောင်သူတွေကို ပညာပေးနေကြတဲ့ စိုက်ပျိုးရေးကျောင်းဆင်း ပညာရှင်များကပါ ဝိုင်ဝန်းကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့တတွေ သမိုင်းမှာ ရာဇဝင်လူသတ်သမားမဖြစ်အောင် ဒီဆောင်းပါးနဲ့ အသိပေးပန်ကြားလိုပါတယ်။
Khant Zaw Htet
ACOM
Ref; Herbicide:How toxic are they?
Fred Fishel,Jason Ferrell,Greg Macdonal and Brent Seller
Toxucity of pesticides,The Pennsylvania State University 2006
မြေသြဇာဥပဒေ Fertilizer Law 2002
wikipedia
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from Khant Zaw Htet
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....