အစိမ်းရောင်လမ်း
ကတ်ထူကုတင်အကြောင်း လေ့လာကြမယ်

ကတ်ထူကုတင်အကြောင်း လေ့လာကြမယ်

    Covid 19 အတွက် ထိုင်းနဲ့ အိန္ဒိယက Quarantine Centers တွေမှာ အမြန်ဆုံးတပ်ဆင်ရလွယ်ကူတဲ့ ကတ်ထူကုတင်တွေကို အသုံးပြုကြတာတွေ့ရပါတယ်။ ကတ်ထူကုတင်တွေက တပ်ဆင်ရတာ မြန်ဆန်ပြီး ကုန်ကျစားရိတ်လည်း နည်းပါးတာကြောင့် မိမိတို့အိမ်မှာဖြစ်စေ ခရီးသွားတဲ့အခါမှာဖြစ်စေ လိုသလိုအသုံးပြုနိုင်ရန် ပြုလုပ်နည်းနဲ့ အသုံးဝင်ပုံကိုဖော်ပြပေးလိုက်ရပါတယ်။ ကတ်ထူချပ်တွေကို ကုတင်အပြင် ဗီရို၊ မှန်တင်ခုံ၊ စားပွဲ၊ ထိုင်ခုံနဲ့ တခြားအသုံးအဆောင်တွေပါပြုလုပ်လို့ရပါတယ်။ ကတ်ထူကုတင်ဟုကြားလိုက်ပါက ခိုင်ခံ့နိုင်ပါ့မလားဟု ထင်ကောင်းထင်မည်မှာမလွဲ​ဖြစ်ပါသည်။

    ကတ်ထူကုတင်ပြုလုပ်နည်းတွေထဲမှာ တချို့က ကတ်ထူပုံးတွေကို ပုံးလိုက်ကော်ကပ်ပြီးအောက်ခြေကုတင်တိုင်အ​ဖြစ်လုပ်ကာ အ​ပေါ်မှ ကတ်ထူပြားပြန်ဖုံး၍ သုံးကြသကဲ့သို့ တချို့က အရွက်လိုက်ဖြတ်ပြီး လိုသလိုခေါက်ကာ ကုတင်ပြုလုပ်ကြပါတယ်။ ခေါက်ပြီးအသုံးပြုမည်ဆိုပါက ကော်မလိုပါ။

    ကတ်ထူကုတင်သည် ပေါ့ပါးခြင်း၊ ကုန်ကျစားရိတ်သက်သာခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေခြင်းကြောင့် Environmentally safe ဖြစ်ခြင်း၊ ပိုလျံနေသောကတ်ထူပုံးများ ကတ်ထူချပ်များအား ပြန်လည်သုံးနိုင်ခြင်း၊ သယ်ယူရွေ့ပြောင်းလိုသောအခါ ဖြုတ်၍သယ်နိုင်ခြင်း၊ ကတ်ထူချပ်များ၏ တာရှည်ခံမှုရှိခြင်းတို့​ကြောင့်    ငွေကြေးသက်သာစေသည့်အပြင် ခရီးသွားသည့်အခါများတွင်လည်း ကတ်ထူများသယ်သွားကာ လိုသောနေရာရောက် မှ တပ်ဆင်ခြင်းကိုလုပ်နိုင်ပါသည်။ သို့ရာတွင် ခိုင်ခံ့သော ကတ်ထူပြားများဖြစ်သည့် ကွန်ပျူတာပုံး၊ လေအေးပေးစက်ပုံးကဲ့သို့သော ကတ်ထူသားများကိုလည်းကောင်း၊ အလယ်တွင် တွန့်ခေါက်ထားသည့်(လှိုင်းတွန့်ပုံပါသည့်ကတ်ထူ) များကိုသာ သုံးလျှင်ပိုမိုတာရှည်ခံပါသည်။ 

    ကောင်းမွန်သော ကတ်ထူသားဖြင့်လုပ်ထားသော ကတ်ထူကုတင်တစ်လုံးသည် အလေးချိန် 220 kg (440lb) ကို တင်ဆောင်နိုင်ပါသည်။ ထို့ကြောင့်လွယ်ကူမြန်ဆန်ပြီး ကုန်ကျစားရိတ်နည်းကာ လူတိုင်းပြုလုပ်နိုင်သော ကတ်ထူကုတင်လုပ်နည်း video ကို ဖော်ပြပေးလိုက်ပါတော့သည်။

2
သိမ့်ဇာ

သိမ့်ဇာ

လွန်ခဲ့သော ၅ နှစ် က

ဟိုလို ဂျပ်ဖာပုံး တွေကတော့ တစ်ပိသာမှ 400ဝယ်ရတယ်

kogyi

kogyi

လွန်ခဲ့သော ၅ နှစ် က

ကုန်ကျစရ်တ်မ​သေး​လောက်ဘူး​နော်

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....