ကြက်သွန်နီဥတွေမှာ အမည်းရောင်မှိုလေးတွေရှိနေပြီလား
ကြက်သွန်နီဥတွေပေါ်မှာ အမည်းရောင်မှိုတွေ တွယ်ကပ်နေတာကိုတော့ အတော်များများတွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ အများအားဖြင့် သိုလှောင်မှုပုံစံမမှန်ကန်တာကြောင့် အဖြစ်များပြီး ရိတ်သိမ်းချိန်မှာလည်း ကြက်သွန်ဥကို ဒဏ်ရာအပွန်းအပဲ့ရတာတွေကနေ ဒီလိုမှိုအမည်းတွေကို ဖြစ်စေတာပါ။
အမည်းရောင်ပမာဏ အနည်းအများ အဝိုင်း အရှည်ပေါ်မူတည်ပြီး ဒီလိုအမည်းတွေဖြစ်စေတဲ့မှိုက ဆင်တူ (၆) မျိုးလောက်ထိရှိပါတယ်တဲ့။ ဒီထဲကမှ ခုပြောပြချင်တာကတော့ Aspergillus niger ကြောင့်ဖြစ်တဲ့ အမည်းရောင်မှိုမျှင်အစုအဝေးအကြောင်းပါ။ ဒီမှိုက မြေကြီးထဲ၊ လေထဲ၊ ပင်ကြွင်းပင်ကျန်တွေ၊ အစေ့တွေ၊ အမှိုက်သရိုက်အဆွေးတွေနဲ့ နေရာအတော်များများမှာ ရှိနေတတ်ပြီး ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ မှိုအစက်အပြောက်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီမှိုရောဂါက ကြက်သွန်နီဥမှာရှိတဲ့ အပွန်းပဲ့ဒဏ်ရာတွေကနေ ဝင်ရောက်လာတတ်သလို စိုထိုင်းဆများခြင်းကလည်း အဓိကရောဂါဖြစ်စေတဲ့ကြောင်းရာတစ်ခု ဖြစ်ပါတယ်။
ကြက်သွန်ဥတွေမှာ မှိုအမည်းတွေရှိနေရင် စားသင့်လား.....မစားသင့်ဘူးလား?
တချို့က ဘာမှမဖြစ်ဘူး အမည်းရောင်မှိုအစုအဝေးတွေက အပေါ်ယံအလွှာတင်ရှိတာရေဆေးပြီး စားလို့ရတယ်လို့ ပြောကြသလို တချို့ကလည်း မစားနဲ့တော့ ရောဂါရတတ်တယ်လို့လည်းပြောကြပါတယ်။ နှစ်မျိုးလုံးမှန်တယ်လို့ပဲ ပြောရမှာပါ။ အမည်းရောင်မှိုမျှင်အစက်အပြောက် လေးတွေက အပေါ်ယံ အပြင်ပိုင်းအလွှာတွေလောက်မှာပဲ ရှိနေတာဆိုရင်တော့ အမည်းရောင်တွေရှိနေတဲ့အလွှာကိုခွာပြီး ရေနဲ့ သန့်စင်အောင်ဆေးကြောကာ စားသုံးနိုင်ပါသေးတယ်။ တချို့ဓာတ်မတည့်တဲ့သူတွေကတော့ အလက်ဂျစ်ဖြစ်တတ်တာမို့ မစားသင့်ပါဘူး။ ဒါ့အပြင် မှိုမျှင်အစက်အပြောက်တွေက ကြက်သွန်ဥအတွင်းသားထဲအထိ များများစားစားတွေ့ရရင်တော့ မစားသင့်တော့ပါဘူး။ ဒီ Aspergillus niger မှိုကြောင့် ခန္ဓာကိုယ်ခုခံစွမ်းအားနည်းစေပြီး ပန်းနာရင်ကြပ် ရောဂါတွေဖြစ်စေတတ်ပါတယ်။ မှိုတက်တဲ့ အစားအစာအများစုက ရောဂါဖြစ်စေတတ်တာမို့ ဖြစ်နိုင်မယ်ဆိုရင်တော့ မစားတာအကောင်းဆုံးပါပဲ။
ကြက်သွန်ဥတွေမှာ မှိုမျှင်အမည်းရောင်အစုအဝေးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
- ကြက်သွန်စိုက်ပျိုးတဲ့သူတွေက ရေထုတ်စနစ်ကောင်းမွန်တဲ့မြေမှာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်
- စိုစွတ်တဲ့ရာသီဥတုအခြေနေအောက်မှာ မရိတ်သိမ်းပါနဲ့။
- ရိတ်သိမ်းတဲ့အခါမှာလည်း ကြက်သွန်ဥတွေကို အထိခိုက်အပွန်းပဲ့မဖြစ်အောင် ဂရုစိုက်ပါ။
- ရိတ်သိမ်းပြီးတာနဲ့ ချက်ချင်းသိုလှောင်ပေးသင့်ပါတယ်။
- အပူချိန်နည်းပြီး စိုထိုင်းဆနည်းတဲ့နေရာမှာ သိုလှောင်ထားပါ။
- နေထုတ်လှန်းပြီး လေပူပေးတာမျိုးမလုပ်ပါနဲ့။
- ဝယ်လာသောကြက်သွန်များထဲမှ အပွန်းပဲ့ အနာဆာပါသော ကြက်သွန်များကို အရင်စားသုံးပေးပါ။
- လှီထားပြီးသားကြက်သွန်ဥကို သိမ်းချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာလည်း စနစ်တကျသိုလှောင်နိုင်ပါတယ်။
Ref : https://www.gardeningknowhow.com/edible/vegetables/onion/managing-black-mold-on-onions.htm
https://pnwhandbooks.org/plantdisease/host-disease/onion-allium-cepa-black-mold
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းရာဇာ
အားလုံး
အလွယ်ကူဆုံး ပေါင်မုန့်ဖုတ်နည်း
24/08/2021
မိုးလယ်နဲ့ မိုးနှောင်းကာလမှာစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်များ
22/08/2021
အဖိုးနည်းပေမယ့် အကျိုးများတဲ့ ငုံးဥ
13/08/2021
ကိုက်လန်မှာဒီပိုးတွေကျခဲ့ရင် ဘယ်လိုနှိမ်နင်းကြမလဲ
30/07/2021
ရောဂါခုခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ဇင့်(Zinc)ပါဝင်သော အစားအစာများ
28/07/2021