ကမ္ဘာ့ဈေးအကြီးဆုံး အင်ဒေါပလန့် (၁၀) မျိုး
အိမ်တွင်းစိုက်အပင်လေးတွေ ခေတ်စားလာတာနဲ့အမျှ ဒီအပင်လေးတွေအပေါ် ခရေဇီဖြစ်တဲ့ လူတန်းစား တစ်ရပ်ဆိုတာလည်း ပေါ်လာခဲ့ပါတယ်။
ဘယ်လောက်ထိတောင် ဒီအပင်လေးတွေအပေါ် ရူးသွပ်လဲဆိုရင် တစ်ပင်တစ်ပင်ကို သိန်းရာချီပေးပြီး ဝယ်ယူကြတဲ့ အထိပါ။
ဘာကြောင့် ဒီလောက်ထိတောင် ဈေးကြီးတာဖြစ်မယ်ထင်ပါသလဲ..။
အပင်လေးတွေရဲ့ ရှားပါးမှုနဲ့ လူတွေရဲ့ တန်ဖိုးထားမှုကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်မကတော့ ထင်ပါတယ်။
ကဲ.. ဒါဆို ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအိမ်တွင်းစိုက် အပင်လေးတွေကို ပုံလေးတွေနဲ့ တွဲပြီးကြည့်ကြရအောင်ပါ။
(၁) Variegated monstera varieties (ဗယ်ရီကိတ်တက်မွန်စတီရာမျိုး)
ဒီအပင်လေးကတော့ အင်ဒေါပလန့် ချစ်သူလေးတွေတိုင်းသိကြတဲ့ အသဲစွဲအပင်ဆိုရင်လည်းမမှားပါဘူး။ ဗယ်ရီဂိတ်တက်ဖြစ်တယ်ဆိုတာကတော့ အပင်မှာ အစိမ်းရောင်နည်းသွားကာ အဖြူနဲ့အဝါလေးတွေ ဖောက်ပြီး မျိုးထွန်းလာတဲ့အပင်မျိုးကို ပြောတာပါ။
ဈေးနှုန်းကိုလည်း ကြည့်ကြပါဦး။ အမေရိကန် ဒေါ်လာ ၃၈၀၀၀ တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၈၀၀ နီးပါးပေါ့။ ဒါဟာဈေးအကြီးဆုံး Adansonii variegate (အဒန်စိုနီ ဗယ်ရီဂိတ်) အမျိုးအစားပဲဖြစ်ပါလိမ့်မယ်။ ဒီဈေးဟာ အမေရိကန်နိုင်ငံ သာမာန်ဝန်ထမ်းတစ်ဦးရဲ့ ပျှမ်းမျှ တစ်နှစ်လစာထက်ကို ဒေါ်လာ ၃၀၀၀ လောက် ပိုပါသေးတယ်။

(၂) Variegated mini monstera (ဗယ်ရီဂိတ်တက် မီနီ မွန်စတီရာ)
နယူးဇီလန်နိုင်ငံမှာ အရွက်ကိုးရွက်ပါတဲ့ အဖြူရောင် Rhaphidophora Tetrasperma ဗယ်ရီဂိတ်တက်မျိုးကို ၂၀၂၁ ခုနှစ် ဇွန်လထဲမှာ ဒေါ်လာ ၂၇၀၀၀ နဲ့ရောင်းချခဲ့ပါတယ်။ ဒီ့အရင်က နယူးဇီလန်နိုင်ငံသားတစ်ယောက်ကပဲ အရွက်လေးရွက်ပါတဲ့ ဒီလိုမျိုးအဝါရောင်ဗယ်ရီဂိတ်တက်တစ်မျိုးကို ဒေါ်လာ ၈၀၀၀ နဲ့ ဝယ်ယူဖူးပြီး ဒီအပင်ကတော့ သူ့ စံချိန်ကို ချိုးလိုက်တာပေါ့။
ဗယ်ရီဂိတ်တက်မဖြစ်ဘဲ ပုံမှန်အစိမ်းရောင်ပြည့်နေတဲ့ မီနီမွန်စတီရာမျိုးဆိုရင်တော့ တည်နေရာနဲ့ ဝယ်လိုအားပေါ်လိုက်ပြီး ၁၅ ဒေါ်လာကနေ ၃၅ ဒေါ်လာလောက်ပဲ ပေါက်ဈေးရှိပါတယ်။

(၃) နှစ် ၈၀၀ ရှေးဟောင်းဘွန်ဇိုင်းပင်
ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘွန်ဇိုင်းပြပွဲမှာ ဒီအဖြူရောင် ဘွန်ဆိုင်းထင်းရှူးပင်လေးကို ဒေါ်လာ ၁.၃ သန်းနဲ့ရောင်းချနိုင်ခဲ့ပါတယ်။
ဘွန်ဇိုင်းရဲ့ တန်ဖိုးကိုတော့ သူရဲ့ နှစ်ပေါင်းကြာချိန်၊ သမိုင်းကြောင်း၊ ပုံစံတွေ အရွယ်အစားတွေကို လိုက်ပြီး ဈေးနှုန်းကိုဆုံးဖြတ်ကြတာဆိုတော့ဘွန်ဇိုင်းချစ်သူလေးတွေကတော့ ဒါကို ဈေးများတယ် ထင်မယ်လို့တော့ မထင်ပါဘူးရှင်။

(၄) လူဖန်တီးထားတဲ့ သစ်ခွ
Shenzhen Nogke (ရှန်ဇန် နော့ကဲ) လို့ခေါ်တဲ့ သစ်ခွကို ၂၀၀၅ ခုနှစ်မှာ လေလံတင်ပြီး ရောင်းချလိုက်တာ ဒေါ်လာ ၂၂၄၀၀၀ ရရှိခဲ့ပြီးတော့ ကမ္ဘာ့ဈေးအကြီးဆုံးပန်းဆိုပြီး စာရင်းဝင်သွားခဲ့ပါတယ်။ ဒီပန်းကို တက္ကသိုလ်ဓာတ်ခွဲခန်းတစ်ခုက ပညာရှင်တွေ ၈ နှစ်ကြာအောင်ဖန်တီးခဲ့ရပြီး သစ်ခွပန်းလေးက ၅ နှစ်ကိုမှတစ်ခါ ပွင့်ပါတယ်တဲ့ရှင်။

(၅) Large Monstera Obliqua (ကြီးမားတဲ့ မွန်စတီးရား အော်ပလီကွာ)
ဒီအပင်လေးကတော့ အရွက်တွေထက် အပေါက်တွေက ပိုများပြီး သူ့ရဲ့နူးညံ့တဲ့ အရွက်သားလေးတွေကြောင့် ပြုစုထိန်းသိမ်းရခက်တဲ့ ရှားပါးပင်မျိုးဖြစ်လို့ လေလံသမားတစ်ဦးက ဒေါ်လာ ၂၃၀၀၀ ထိပေးပြီး လေလံဆွဲဝယ်ယူခံရတဲ့ အပင်လေးပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပုံကိုလည်းကြည့်ကြပါဦး အပေါက်တွေကြီးပဲဆိုတော့ ပြုစုမှုခက် လိုက်မယ့် ဖြစ်ခြင်း။
ဒီလိုပေါက်ဈေးရှိသွားပြီးနောက်ပိုင်းမှာတော့ ဒီလိုမျိုးပုံစံတူပြီး သင့်တင့်တဲ့ဈေးနဲ့ ဝယ်လို့ရနိုင်တဲ့ အပင်မျိုးတွေ အွန်လိုင်းဈေးကွက်တွေမှာ ပေါ်လာပါသေးတယ်။ ဒါပေမဲ့ ဒါတွေက သာမန် မွန်စတီရာအဒမ်ဆိုနီမျိုးတွေကို ရှားပါးမွန်စတီရာအော်ပလီကွာလိုမျိုး ပုံမှားရိုက်ရောင်းချတာမျိုးတွေပဲ ဖြစ်နေပါတယ်တဲ့။

(၆) Alocasia Azlanii (အလိုကေးရှား အဇ်လနီ)
ဒီအပင်လေးက ရှေးတလောကမှ လူကြိုက်နှုန်းမြင့်လာတဲ့အပင်လေးဖြစ်ပြီး အရွယ်အစားပေါ်မူတည်ကာ ဒေါ်လာ ၁၀၀ ကနေ ၇၀၀ ရှိပါတယ်။ အရွက်ရောင်ကတော့ အစိမ်းရင့်ရောင်လိုလို အနက်ရောင်လိုလိုနဲ့ အနီရောင်၊ ခရမ်းရောင်၊ ပန်းရင့်ရောင်လိုလို ရွက်ကြောလှလှတွေနဲ့လှပစွာရှိနေပါတယ်။ ဒီအပင်လေးကို red membo (ရက်မန်ဘို) လို့လည်းခေါ်ကြပြီး မူရင်းဒေသကတော့ အာရှရဲ့အကြီးဆုံးဖြစ်တဲ့ ဘော်နီယိုကျွန်းက ဖြစ်ပါတယ်။ ဒီအပင်လေးဈေးကြီးရတဲ့ အကြောင်းက အကန့်အသတ်နဲ့ ရောင်းတာမို့ပါ။ အင်ဒေါပလန့် ခရေဇီတွေ အသဲစွဲ အပင်တစ်မျိုးပါပဲ။

(၇) Anthurium Crystallinum ( အန်သူရီယမ် ခရစ်စတာလီနမ်)
နက်မှောင်တဲ့ ကတ္တီပါအရွက်တွေနဲ့ တောက်ပတဲ့ အဖြူရောင်ရွက်ကြောတွေက ဒီအပင်လေးကို အပင်ချစ်သူတွေစိတ်ဝင်စားစေတဲ့ အကြောင်းဖြစ်မယ်ထင်ပါတယ်။ ဒီအပင်လေးတွေရဲ့ထူးခြားချက်က အရွက်သစ်လေးတွေက လိမ္မော်ရောင်ကနေ တဖြည်းဖြည်းစိမ်းလာတဲ့အတွက် တခြားအပင်တွေ လိုမဟုတ်ပဲ မတူညီတဲ့ အလှကိုပေးလို့ပါ။ သူတို့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၀၀ ကနေ ၂၀၀ အတွင်းရှိပါတယ်တဲ့။ ဒီအပင်လေးက အင်ဒေါပလန့်ချစ်သူလေးတွေရဲ့ ဘက်ဂျက်ဆေ့ဖြစ်တဲ့ အပင်လေးလို့လည်း ဆိုကြပါတယ်။

(၈) Philodendron Pink Princess (ဖီလိုဒန်ဒွန် ပင့်ခ် ပရင့်ဆက်)
ဒီအပင်လေးကတော့ အစိမ်းရင့်ရောင်ကနေ အနက်ရောင်ထိဖြစ်နေတဲ့ အရွက်လေးတွေနဲ့ ပန်းရောင်ဘက်ကို ဗယ်ရီဂိတ်တက်ဖြစ်နေတဲ့ အပင်လေးပဲဖြစ်ပါတယ်။ အပင်စုဆောင်းသူတွေကြားမှာ နာမည်ကြီးတဲ့ အပင်ဖြစ်ပြီးတော့ ၂ ရွက်ကနေ ၅ ရွက်ထိပါတဲ့ အပင်တစ်ပင်ကို ဒေါ်လာ ၁၀၀ ကနေ ၃၀၀ ကြား တန်ကြေးရှိပါတယ်။ အပင်က ဒီထက်ပိုကြီးမယ်၊ ပိုပြီး ဗယ်ရီဂိတ်တက်ဖြစ်နေမယ် ဆိုရင်တော့ ဒေါ်လာ ၁၀၀၀ ထက်တောင် ပိုနိုင်ပါတယ်တဲ့။

(၉) Philodendron Tortum ( ဖီလိုဒန်ဒွန် တော်တမ်)
၆ လက်မအရွယ်အစားရှိ အိုးလေးနဲ့ထည့်ထားတဲ့ အလတ်စားဆိုဒ် ဒီအပင်တစ်ပင်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိပါတယ်။ ဒီအပင်ဘာလို့ဈေးကြီးလည်းဆိုရင်တော့ တခြားအပင်တွေနဲ့ မတူကွဲပြားတဲ့အပြင် ပြုစုစောင့်ရှောက်မှု အတော်လိုအပ်တာကြောင့်လို့လည်းဆိုပါတယ်။ ဥပမာပြောရရင် ဒီတော်တမ်ပင်လေးက စိုထိုင်းဆ မြင့်မားတဲ့ နေရာမှာဆို ကောင်းကောင်းရှင်သန်ကြီးထွားနိုင်တာဖြစ်လို့ အရွက်တွေဖြန့်ကျက်ဖို့ နေရာလည်းအတော်လိုပါတယ်တဲ့။

(၁၀) Monstera Esqueleto (မွန်စတီရာ အက်စ်ကွီလီတို)
အသေးစား မွန်စတီရာ အက်စ်ကွီလီတိုအပင်လေးတွေဟာဆိုရင် ရှားပါးအပင်ဆိုင်တွေမှာပဲ တွေ့ရလေ့ရှိပြီး ဒေါ်လာ ၅၀၀ ခန့်အထိ ပေါက်ပါတယ်။ ဒီအပင်လေးဟာဆိုရင် အကြီးစား သာမန် monstera Adansonii မျိုးတွေနဲ့ သွားဆင်တူပြီး အဝယ်လိုက်တဲ့ အပင်လေးပါတဲ့ရှင်။ ဒီ အက်စ်ကွီလီတို အပင်လေးသာ အပြည့်အဝ ကြီးထွားမယ်ဆိုရင် အရွက်လေးတွေက ၃ ပေလောက်ထိကိုရှည်ပါတယ်။

ကဲ ၁၀ မျိုးလည်းပြည့်သွားပြီဆိုတော့ အစိမ်းရောင်လမ်းစာဖတ်သူတို့ကရော ဘယ်ပင်လေးတွေ မြင်ဖူးထားပါလိမ့်။
အော် မေ့တော့မလို့ အခုချိန် ၁ ဒေါ်လာကို ၂၁၀၀ ကျော် ဝန်းကျင်ရှိတာမို့ မြန်မာငွေနဲ့တန်ဖိုးကိုသိချင်ရင် မြှောက်ကြည့်ဖို့ မမေ့နဲ့ဦးနော်....
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဆုမြတ်နိုး
အားလုံး