အစိမ်းရောင်လမ်း
စပါးအထွက်နှုန်း ၃၀ % အထိ တိုးစေမယ့် လျှို့ဝှက်ချက်

စပါးအထွက်နှုန်း ၃၀ % အထိ တိုးစေမယ့် လျှို့ဝှက်ချက်

Thein Soe Min
Thein Soe Min 22/05/2026

ယူရီးယားနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေလို့ သွင်းအားစုစရိတ်ကြောင့် စိတ်ညစ်နေရပါသလား? ဓာတ်မြေသြဇာဖိုး လုံးဝမကုန်ဘဲ စပါးအထွက်နှုန်းကို ၂၅% မှ ၃၀% အထိ တိုးတက်လာစေမယ့် "မြေပြန့်ချယ်ရီ" (Gliricidia) သစ်စိမ်းမြေသြဇာ အသုံးပြုနည်းကို ဒီဗီဒီယိုမှာ အသေးစိတ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

မြေပြန့်ချယ်ရီဟာ နိုက်ထရိုဂျင်နှင့် သစ်ဆွေးဓာတ် ကြွယ်ဝပြီး လယ်ကန်သင်းရိုးပေါ်မှာတင် အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပဲမျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ -

  • မြေပြန့်ချယ်ရီရဲ့ အပင်အာဟာရဓာတ် ပါဝင်မှုများ
  • လယ်တစ်ဧကအတွက် အပင်အရေအတွက် တွက်ချက်နည်း
  • ကိုင်းဖြတ်စိုက်ပျိုးနည်းနှင့် ခုတ်သိမ်းရမည့်အချိန်
  • လယ်မြေထဲတွင် လက်တွေ့ ထယ်ထိုးမြေမြှုပ် အသုံးပြုနည်း အဆင့်ဆင့်ကို ဂဃနဏ ရှင်းပြထားပါတယ်။

စရိတ်သက်သာပြီး မိမိတို့ရဲ့ လယ်ယာမြေဆီလွှာကို ရေရှည်ထက်သန်လာစေဖို့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပြီး လက်တွေ့အသုံးချကြည့်လိုက်ပါဦးခင်ဗျာ။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
ဦးလှမြိုင် မြန်မာ

ဦးလှမြိုင် မြန်မာ

လွန်ခဲ့သော ၂ လ က

အင်တိုင်းကုန်းသဲဆန်တဲ့ယာမြေမှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(အငြိမ်းစားတဲ့ဘက်ပါမောက္ခ)ဦးသိန်းဆု သင်ကြားပို့ချပေးခဲ့သောဗီဒီယိုဖိုင်ကိုလေ့လာပြီးဒီနှစ်မိုးဦးကျတွင် *မထွန်ယက်စိုက်ပျိုးရေး* *မြေကြီးကိုလုံအောင်ဖုံး*စိုက်ပျိုးရေးနည်းစနစ်ဖြင့်စမ်းသပ်စိုက်ပျိုးသွားမည့်အပြင် ဓါတုလွတ် ဩဂဲနစ်စနစ်ကိုအကောင်အထည်ပေါ်အောင်ဆောင်ရွက်မည်ဖြစ်ပါ၍ လိုအပ်သည်များကိုအ‌တွေ့အကြုံရှိပြီးသောမိတ်ဆွေများကကူညီအကြံပေးကြပါရန်မေတ္တာရပ်ခံပါတယ်ခင်ဗျား

ခင်ချိုမြင့်

ခင်ချိုမြင့်

လွန်ခဲ့သော ၂ လ က

မြေပြန့်ခြယ်ရီဟာဘယ်လိုအပင်လည်းသိပါရစေဗျာ

ဦးကျော်ဦး

ဦးကျော်ဦး

လွန်ခဲ့သော ၂ လ က

အင်တိုင်းကုန်းသဲဆန်တဲ့မြေမှာ မြေပြန့်ချယ်ရီစိုက်ရင်အဆင်ပြေပါ့မလား?

U Saw

U Saw

လွန်ခဲ့သော ၂ လ က

မြေပြန့်ချယ်ရီ ပျိုးပင် ထောင်ဂဏန်း ဝယ်လို့ ရနိုင်မယ့် နေရာ သိကြသူရှိရင် မျှဝေပေးကြပါခင်ဗျာ 🙏

You

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....