အစိမ်းရောင်လမ်း
ဆိတ်များတွင် အဖြစ်များသော ဝဲစွဲခြင်းရောဂါ အကြောင်း

ဆိတ်များတွင် အဖြစ်များသော ဝဲစွဲခြင်းရောဂါ အကြောင်း

ဆိတ်မွေးမြူသူများအနေနှင့် ဆိတ်များတွင် အဖြစ်များသော ဝဲစွဲခြင်းရောဂါအကြောင်းကို သိထားသင့်ပေသည်၊

ရောဂါဖြစ်ရသည့် အကြောင်းရင်းများ

     - ဝဲမှာ မွှားအငယ်လေးများကြောင့် ဖြစ်ရပါသည်။ စားမြုံပြန်သောတိရစ္ဆာန်အားလုံးတွင် ဖြစ်တတ်သော်လည်း ဆိတ်များတွင် အဖြစ်များပါသည်။

     - တိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်များဆီသို့ လွယ်ကူစွာပျံ့နံ့သည်။ လူကိုလည်း ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ

     - ဝဲရောဂါဖြစ်ပါက ဆိတ်၏ ဦးခေါင်းနှင့် လည်ပင်းတွင် ဝဲစွဲခြင်းကြောင့် ယားယံသဖြင့် ပွတ်တိုက်ထားသော ဒဏ်ရာများ ရှိနေသည်။

      - ဆိတ်က ဝဲယားသဖြင့် မိမိကိုယ်ကို ပွတ်တိုက်သည်။ ကုတ်ဖဲ့သည်။

     - ဆိတ်ခန္ဓာကိုယ်မှ အမွှေးများ ကျွတ်ကျ ပြုတ်ကျသည်။

      - ဆိတ်မှာ အားနည်းသည့် လက္ခဏာ ပေါ်နေသည်။

ကာကွယ်ခြင်း

     - ဆိတ်၏ နေထိုင်ရာနေရာအနှံ့ကို သန့်ရှင်းအောင် ထားပါ။ ခြောက်သွေ့အောင် ထားပါ။

     - ဝဲစွဲသော ဆိတ်အား အခြားဆိတ်များနှင့် ခွဲထားပေးပါ။

     - ဝဲစွဲနေသော ဆိတ်ကို မျိုးပွားခြင်းအတွက် အသုံးမပြုပါနဲ့။

     - ဝဲမှာ လူတို့အား လွယ်ကူစွာ ကူးစက်တတ်သောကြောင့် ရောဂါဖြစ်နေသော ဆိတ်ကို ကုသပေးစဥ်ကာလ၌ပင် သတိပြုရန် လိုသည်။

ကုသခြင်း

     ဝဲစွဲနေသော ဆိတ်ကိုကုသစဥ် လက်ကို ပလတ်စတစ် စွပ်ထားခြင်း သာမက ဘရပ်(ရှ်)ဖြင့် ဆေးကို သုတ်လိမ်းပေးပါ။ ဆိတ်တစ်ကောင်အတွက် အသုံးပြုထားသောဆေးကို အခြားတစ်ကောင်သို့ ဆက်မသုံးသင့်ပါ။ ဆေးများကို အသုံးမပြုမီ လိုသလောက်သာ သီးသန့်ခွဲထားရန် လိုအပ်ပါသည်။

     ၁။ အုန်းမုတ်ခွက်ကို ပြာချပြီး အုန်းသီးဖြင့် ရောမွှေပါ။ ထို့နောက် ဝဲစွဲနေသာနေရာကို နေ့စဥ်တစ်ကြိမ် သုတ်လိမ်းပေးပါ။ ဝဲပျောက်သည်အထိ ပြုလုပ်ပေးပါ။

     ၂။ ကန့်မှုန့်ကို စားဆီတစ်မျိုးမျိုးဖြင့် လူးပြီး တိရစ္ဆာန်၏ ဝဲစွဲနေသော နေရာကို ပွတ်ပေးပါ။ ရောဂါပျောက်သည်အထိနေ့စဥ် တစ်ကြိမ်ပွတ်ပေးပါ။

     ၃။ ကန့်မှုန့် (၃၀)ဂရမ်ကို အင်ဂျင်ဝိုင် (၁၀၀)စီစီနှင့် ရောပြီး ဝဲစွဲသည့်နေရာကို နေ့စဥ်()ကြိမ် လူးပေးပါ။ ဝဲပျောက်သည်အထိ ပြုလုပ်ပေးပါ။

     ၄။ တမာရွက်နု (သိုမဟုတ်) ရွက်ရင့် လက်တစ်ဆုပ်ကို လေသလပ်အခြောက်ခံပြီး ထောင်းပါ။ ရေအနည်ငယ်ရောပြီး ဝဲစွဲသည့်နေရာများကို ပွတ်တိုက်ပေးပါ။ ဝဲပျောက်သည်အထိ နေ့စဥ်ပွတ်ပေးပါ။

     ၅။ သင်္ဘောမဲဇလီ(ပွေးကိုင်းကြီး)ရွက် လက်တစ်ဆုပ်ကို ထောင်းပြီး ရေသင့်ရုံဖျော်ပါ။ ဝဲစွဲသည့်နေရာကို နေ့စဥ်တစ်ကြိမ် ကျ လူးပေးပါ။ ဝဲလုံးဝပျောက်သည်အထိ ပြုလပ်ပေးပါ။

သတိပြုရန်

     ဆိတ်၏ ကိုယ်တွင် စွဲသည့်နေရာများလွန်းပါက ဆေးလိမ်းရာတွင် နံနက်၌ တစ်ဝက်ကိုလိမ်းပေးပြီး ကျန်တစ်ဝက်ကို ညနေတွင် လိမ်းပေးပါ။

ဦးဇော် (dof)

မှီငြမ်း - တိရစ္ဆာန်ရိုးရာကုသထုံးစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
မောင်​ ​ဇွဲညီ

မောင်​ ​ဇွဲညီ

လွန်ခဲ့သော ၃ နှစ် က

မွားငယ်တွေကို ဘယ်လိုပယ်ရှားရမှာလဲ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ

ဇော်ရဲသက် • ဖြေကြားချက် 0 ခု

အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး

sansansoe • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....