နည်းစနစ်မှန် စိုက်ပျိုးရေး စပ်မျိုးစပါးတွင် အလေးပေးနှင့် အခြားဆောင်းပါးများ

Download ( 323,38 KB ) ဤစာအုပ် ရယူသွားသူ ( 131 ) ယောက်

ဤစာအုပ်ပါ ဆောင်းပါးများသည် စပ်မျိုးစပါးကို စိုက်ပျိုးလျက်ရှိသူများ စိုက်ပျိုးရန် ရှိသူများအတွက် ရည်ရွယ်၍ ရေးသားထားသော ဆောင်းပါးများ ဖြစ်ပါသည်။ စပ်မျိုးစပါးသည် လက်ရှိစိုက်ပျိုးလျက်ရှိသော ဒေသစပါးမျိုးနှင့် အထွက်ကောင်းစပါးမျိုးတို့နှင့် မျိုးဖြစ်ပေါ်လာပုံနှင့် အပင်သဘာဝ လုံးဝကွဲပြားခြားနားပါသည်။ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် စိုက်ပျိုးသူများသည် စပ်မျိုးစပါးကို မစိုက်ပျိုးမီကပင် စပ်မျိုး၏အကြောင်းခြင်းရာနှင့် စပ်မျိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုနည်းပညာကို လေ့လာထားသင့်ပါသည်။

ဤစာအုပ်ကို စာရေးဆရာ ဆင်းသီဟ မှ ရေးသားပြုစုထားသော စာအုပ်ဖြစ်ပြီး အစိမ်းရောင်လမ်း အင်တာနက် စာမျက်နှာနှင့် ဖုန်းဆော့ဝဲလ်မှ တောင်သူများထံ အခမဲ့ ဖြန့်ဝေခွင့် ပြုထားပါသည်။ သုံးစွဲခွင့်ပေးပါသော စာရေးဆရာ ဆင်းသီဟအား အစိမ်းရောင်လမ်းမှ ကျေးဇူးအထူးတင်ရှိပါတယ်။

မှတ်ချက်။    ။ စာအုပ်အရွယ်အစားမှာ၃၂၃.၃၈ ကီလိုဘိုက်သာ ရှိပါသည်။  
နည်းစနစ်မှန် စိုက်ပျိုးရေး စပ်မျိုးစပါးတွင် အလေးပေးနှင့် အခြားဆောင်းပါးများ