မိမိသက်ဆိုင်ရာဒေသအလိုက် မိုးလေဝသအခြေအနေများကို အတိအကျသိရှိလိုသူများအတွက် မိုးလေဝသပညာရှင်နှင့် တိုက်ရိုက်မေးမြန်းဖြေကြားမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပါသည်။

တိုင်းနှင့်ပြည်နယ်တစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ခြုံငုံပြောကြားမည်ဆိုပါက သက်ဆိုင်ရာနေရာအသေးစိတ်များအတွက် မှန်ကန်နိုင်မည်မဟုတ်ပါ။

မိုးလေဝသကျွမ်းကျင်သူဆရာဦးဝင်းနိုင်က နိုင်ငံတကာမိုးလေဝသအချက်အလက်များကို ကိုးကားပြီး မေးမြန်းလာသည့်ဒေသအားလုံးအတွက် ‌Green Way နှင့်ပူးပေါင်းပြီး ယခုအဖွဲ့မှတဆင့် ပြန်လည်ဖြေကြားပေးမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။

တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အနီးကပ်မိုးလေဝသအခြေအများကိုသိရှိပြီး ကြိုတင်ပြင်ဆင်သင့်သည်များကို ပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယခုဝန်ဆောင်မှုအတွက် အခကြေး‌ငွေလုံးဝ ပေးချေသွားရန်လိုမည်မဟုတ်ပါ။