ရှမ်းပြည်နယ်အတွင်းရှိ စိုက်/မွေးတောင်သူအမျိုးသမီးများ တစ်စုတစ်စည်းတည်း တွေ့ဆုံစေနိုင်ပြီး စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ပညာရပ်များ၊ နည်းပညာများ သတင်းများကို မျှဝေပေးနိုင်ရန် ရည်ရွယ်ပါတယ်။

 

ဒီဂရုဟာ ဒေသတူ၊ ဝါသနာတူ၊ အသက်မွေးလုပ်ငန်း တူသူများသာ စုထားတဲ့ အဖွဲ့ဖြစ်တာကြောင့် အချင်းချင်း ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

 

ဂရုထဲမှာတော့...

- စိုက်/မွေးနည်းပညာများ

- ဒေသအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် သတင်းများ

- ကျန်းမာရေးဗဟုသုတများ

- စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ရရှိနိုင်သောနေရာများ

- မိမိစိုက်ခင်းပြဿနာများကို ဖြေရှင်းခဲ့ပုံများ စတာတွေကို ဆွေးနွေးနိုင်ပါတယ်။