အစိမ်းရောင်လမ်း
GMO

GMO

    စူပါမားကတ်တွေမှာ တင်ထားတဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ပေါ်မှာ GMO free  သို့မဟုတ် Non-GMO ရေးထားတာ မြင်ဖူးကြမှာပါ။ GMO က ၁၉၉၀ ခုနှစ်တွင် အမေရိကန်နိုင်ငံက စတင်ပေါ်ပေါက်ခဲ့ပြီး GMOထုတ်ကုန်များကို အသုံးပြုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ သို့သော်လည်း GMOနည်းနဲ့စိုက်ထားသော သီးနှံများကို ဆွစ်ဇလန်၊ ဩစတျေးလျ၊ အီတလီ၊ တရုတ်၊ အိန္ဒိယ စသော နိုင်ငံပေါင်း ၃၈ နိုင်ငံက ပိတ်ပင်ထားတဲ့အပြင် တင်သွင်းခွင့်တောင် မပြုပါဘူး။ အဲ့ဒီ GMO ဆိုတာကတော့ Genetically Modified Organism မျိုးရိုးဗီဇပြုပြင်ထားတဲ့အပင်တွေကို ခေါ်ဝေါ်ခြင်းပဲဖြစ်ပါတယ်။

    အပင် အပင်ချင်းဖြစ်စေ၊ တိရစ္ဆာန်၊ ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်တွေမှာရှိသော ကြိုက်နှစ်သက်သည့် မျိုးရိုးဗီဇ DNA ထုတ်ယူပြီး hybridization  မျိုးစပ်ပြီးတော့ ရလာတဲ့အပင်ပဲဖြစ်ပါတယ်။ ယခုအခါမှာ ခရမ်းချဉ်ကို အမှောင်ထဲမှာ စိုက်ပျိုးလို့ရအောင် ပင့်ကူရဲ့ဗီဇကိုထည့်သွင်းခြင်း၊ အေးတဲ့ဒေသမှာ စိုက်လို့ရအောင် ဆဲလ်မွန်ငါးဗီဇ ထည့်ကာ စိုက်ပျိုးလာကြသည်။ ဥပမာအားဖြင့် ဝါတွင် သီးလုံးဖောက်ပိုး တအားကိုကျရောက်ပါတယ်။ Bacillus thuringienesis က ဘတ်တီးရီးယားတစ်မျိုးပါ။ Cyt protein ဆိုတဲ့အဆိပ်ကို ထုတ်ပါတယ်။ အဆိပ်က သီးလုံးဖောက်ပိုးကို နိုင်တဲ့အတွက် ဝါမှာ BT ဗီဇကိုထည့်သွင်းလိုက်သောအခါ GMO နည်းနဲ့ စိုက်ပျိုးထားသော မျိုးစေ့တွေဝင်ရောက်လာပါတယ်။

    GMO နည်းနဲ့စိုက်ပျိုးထားသောမျိုးစေ့တွေသည် ပိုးမွှား၊ မှိုရောဂါနှင့် ဗိုင်းရပ်စ်တွေကို ခံနိုင်စွမ်းရှိပြီး တခြားသဘာဝနည်းအရဖြစ်လာသော သီးနှံတွေထက် အရသာရှိကာ ပိုပြီးကြီးပါတယ်။ GMO မျိုးစေ့များသည် ပိုးသတ်ဆေးမသုံးရတော့ဘူးဆိုပေမဲ့ ပေါင်းသတ်ဆေးတော့ တအားကိုအသုံးပြုရပါတယ်။ ပေါင်းသတ်ဆေးကို နှစ်စဉ်နှစ်တိုင်း အသုံးပြုနေတဲ့အတွက် ကလိုက်ဖိုစိတ် ဓာတ်ကြွင်းများက သီးနှံတွေထဲမှာ ပါဝင်နေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်များက သုံးသပ်ထားပါတယ်။ ကလိုက်ဖိုစိတ်ဓာတ်က ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ အမေရိကန်နိုင်ငံကတော့ သီးနှံတွေကိုစားသုံးလာတာ နှစ်ပေါင်း၂၀ နီးပါးရှိပြီး ကျန်းမာရေးထိခိုက်မှုမရှိဘူးလို့လည်း ဆိုလာပါတယ်။ သီးနှံများသည် ယားနာ၊ အလက်ဂျစ်ကိုတော့ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်နဲ့မတည့်တဲ့ အသီးတစ်ခုခုရှိမယ်ဆိုရင် ထိုအသီးရဲ့ ဗီဇကိုယူပြီးစပ်ထားသော သီးနှံကိုစားမိတဲ့အခါ အလက်ဂျစ်ကို ဖြစ်စေနိုင်ပါတယ်။

    သီးနှံများရဲ့ ဓါတ်မတည့်မှုသည် လူနှင့်တိရစ္ဆာန်တို့၏ ခုခံအားစနစ်အပြင် နှလုံး၊ အသဲနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ဟု ဆိုထားကြပေမဲ့ တိကျတဲ့ဒေတာရယ်လို့တော့ မရှိ သေးပါဘူး။ စိုက်ပျိုးတဲ့တောင်သူတွေအနေဖြင့်လည်း မျိုးစေ့ကို ဈေးကြီးပေးဝယ်ရပါတယ်။ မြေဩဇာဖိုး၊ ပေါင်းသတ်ဆေးဖိုးတွေ ကုန်ကျပြီး သီးနှံထွက်လာသောအခါ ဝယ်ယူသူရှားပါတယ်။ အခင်းကို ပိုးမွှားကျရောက်လာခဲ့လျှင်လည်း တော်ရုံပိုးသတ်ဆေးနဲ့ မရတော့ပါဘူး။ ကမ္ဘာပေါ်တွင် စိုက်ပျိုးထားသမျှ၏ ပဲပုပ် ၇၈ ရာခိုင်နှုန်း၊ ပြောင်းဖူး ၃၃ ရာခိုင်နှုန်း၊ ဝါဂွမ်း ၆၄ ရာခိုင်နှုန်းသည် GMO အပင်တွေပဲဖြစ်ပါတယ်။ GMOကို အသင့်စားအစားအစာတွေမှာလည်း အများဆုံးအသုံးပြုပါတယ်လို့ တင်ပြရရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Reference:

ဆရာမကြီးဒေါက်တာသန်းသန်းစိန်၏ GMO အကြောင်း zoom meeting ပို့ချချက်

My food Myanmar

ဆုမြတ်နိုး(BPE)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
ကိုတင်ထွန်းအောင်

ကိုတင်ထွန်းအောင်

လွန်ခဲ့သော ၅ နှစ် က

​ကျေးဇူးပါ

Nway Nway Win Hlaing

Nway Nway Win Hlaing

လွန်ခဲ့သော ၅ နှစ် က

thanks 🥰

ကိုမြင့်ဇော်

ကိုမြင့်ဇော်

လွန်ခဲ့သော ၅ နှစ် က

thanks

You

ဆက်စပ်မေးခွန်းများ

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

TunThein • ဖြေကြားချက် 2 ခု

ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား

ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု

ကြက်မောက်အသီးရဲ့အသားပြည့်တင်းစေရန် ဆေးဝါးနှင့်အစာကျွေးစနစ်လေးပြောပြကြပါဗျ

ko htet • ဖြေကြားချက် 2 ခု

ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်

Myat lin Oo • ဖြေကြားချက် 1 ခု

အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ

UU Kyaw Gyi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....