ပြည်တွင်း အသားငါးဈေးနှုန်းများ (၁၇.၆.၂၀၂၆)
ပြည်တွင်းအသားငါးဈေးကွက်တွင် ကြက်သား၊ ငါးဝက်မနှင့် ပုဇွန်အမျိုးအစားအားလုံး ဈေးနှုန်းမြင့်တက်လာပြီး အမဲသား၊ ဝက်သားနှင့် ငါးကြင်းဈေးနှုန်းများ ငြိမ်သက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခုရက်ပိုင်းတွင် ကြက်အရှင်ဖမ်းဈေးများ ပြန်လည်ကျဆင်းသွားသော်လည်း အသားဈေးကွက်တွင်မူ ကြက်သားအပေါ်ပိုင်း (ရင်ညွန့်အသားနှင့် အရိုးအတွဲ) မှာ တစ်ပိဿာလျှင် ကျပ် ၂၇,၀၀၀ ဈေးရှိနေကြောင်း သိရသည်။
ငါးဝက်မသည်လည်း ယခင်က တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၀,၀၀၀ ဈေးရှိလာပြီး ပုဇွန်သည်လည်း အမျိုးအစားအလိုက် အနိမ့်ဆုံး တစ်ပိဿာလျှင် ကျပ် ၅၅,၀၀၀ မှ အမြင့်ဆုံး ကျပ် ၁ သိန်းနီးပါးအထိ ရှိလာကြောင်း သိရသည်။
"ကြက်သားက ကျပ် ၁,၀၀၀ တက်တယ်။ ပုဇွန်ထုပ်ဆိုရင် အကောင်အကြီးအသေး အရောအနှောကို ကျပ် ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိရှိတယ်။ တိုက်ဂါးခေါင်းဖြုတ်ဆိုရင်လည်း ကျပ် ၈၀,၀၀၀ ဈေးရှိတယ်။ ပုဇွန်ခွံနီ ခေါင်းပြုတ်တောင် ကျပ် ၆၀,၀၀၀ ဈေးဖြစ်နေပြီ။ အရင်ကဆို ကျပ် ၃၀,၀၀၀ လောက်ပဲရှိတာ" ဟု အသားငါး လက်လီလက်ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အမဲသားမှာမူ ဈေးနှုန်းအတက်အကျ အပြောင်းအလဲ သိသာစွာမရှိဘဲ တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၃၃,၀၀၀ ဝန်းကျင်တွင်သာ ရှိနေပြီး ဝက်သားသည်လည်း ကျပ် ၃၂,၀၀၀ ဈေးတန်းတွင် ရှိနေကြောင်း သိရသည်။
အလားတူ ငါးကြင်းသည်လည်း အသားနှင့် ဗိုက်သားအရော တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ ဈေးဖြင့် ငြိမ်နေပြီး စားသုံးမှု အသင့်အတင့်ရှိကြောင်း သိရသည်။

"ဈေးတွေက တက်တော့ အရင်းအနှီးကများပြီး အမြတ်ကတော့ အရင်က ပုံမှန် ကျပ် ၁၀,၀၀၀ မြတ်ရင် အခုလည်း ဒါပါပဲ။ အရင်းကျတော့ အရင်က ကျပ် ၂ သိန်းဆိုရင် အခု ကျပ် ၃ သိန်းလောက်မှ ရောင်းလို့ရတယ်" ဟု ကျေးရွာများသို့ ကုန်စိမ်းနှင့် အသားငါး လှည့်လည်ရောင်းချသူ မဝင်းပြုံးက ပြောသည်။
လက်ရှိ ပြည်တွင်းအသားငါးဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း အရောင်းအဝယ်အခြေအနေမှာမူ ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။
ပြည်တွင်းအသားငါး စားသုံးမှုအနေဖြင့် ငါးကြင်းနှင့် စီပီ (CP) ကြက်သားကို လူမျိုးဘာသာမရွေး စားသုံးမှုရှိသော်လည်း အမဲသားနှင့် ဝက်သားမှာမူ လူတစ်ဦးချင်းစီ၏ ကိုးကွယ်ယုံကြည်မှုနှင့် စားသောက်မှုပုံစံအပေါ် မူတည်၍ ကွဲပြားမှုများ ရှိနေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ကိုထွန်းမင်းလွင်
လွန်ခဲ့သော ၂ လ ကဟုတ်ကဲ့
ဆက်စပ်မေးခွန်းများ
ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
Ko A Soe • ဖြေကြားချက် 1 ခု
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
Mg Mg • ဖြေကြားချက် 1 ခု
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
kyaw zin • ဖြေကြားချက် 2 ခု
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
ye kyaw • ဖြေကြားချက် 2 ခု
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....