ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ဘာသာရေးအရ ငှက်ပျောသီးနှင့် အုန်းသီးသည် အသုံးများဆုံး အသီးများဖြစ်ကြပါသည်။ ထိုသို့အသုံးပြုရာတွင်လည်း အဖီးလှသော ငှက်ပျောသီးများကိုသာ အသုံးပြုကြပါသည်။ ထို့ကြောင့် ငှက်ပျောအထွက်နှုန်းတိုးနိုင်ရန်နှင့် ငှက်ပျောသီးအရည်အသွေးကောင်းမွန်စေရန် ငှက်ပျောပင်၏ သက်တမ်းတစ်လျှောက် အာဟာရလိုအပ်မှုများကို သိရှိရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သော အာဟာရဓာတ်များကို ဆက်လက်လေ့လာကြရအောင်။
ငှက်ပျောပင်သည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် ငှက်ပျောပင်ကောင်းစွာကြီးထွား ဖွံ့ဖြိုးစေရန် ငှက်ပျောစိုက်သော မြေသည် မြေသြဇာကောင်းမွန်ပြီး အစိုဓာတ်ကောင်းသော မြေဖြစ်ရန် အရေးကြီးပါသည်။ ငှက်ပျောပင်အတွက် သက်တမ်းတစ်လျှောက် ပထမဦးဆုံး သုံးလေးလသည် အဓိကအရေးကြီးသော ကာလဖြစ်ပါသည်။ ထိုကာလတွင် အာဟာရဓာတ် များ၊ အစိုဓာတ်များကောင်းစွာရရှိရန် လိုအပ်ပါသည်။ ဤကာလသည် ထွက်ရှိလာမည့် ငှက်ပျောခိုင်အလေးချိန်၊ ငှက်ပျောတစ်ခိုင်တွင် ပါရှိမည့် ငှက်ပျော အဖီးအရေအတွက်၊ ငှက်ပျောတစ်ဖီးတွင် ပါရှိမည့် ငှက်ပျောသီးအရေအတွက်ကို ဆုံးဖြတ်ပေးသော ကာလဖြစ်ပါ သည်။ ထို့ကြောင့် ငှက်ပျောပင်၏ ပထမသုံးလေးလတွင် အာဟာရဓာတ်များနှင့် အစိုဓာတ်ကောင်းမွန်စွာရရှိမှသာ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်ဝသော ငှက်ပျောသီးများ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ငှက်ပျောစိုက်ပျိုးသော မြေသည်လည်း မြေချဥ်ငန်ဓာတ် pH - ၅နှင့်အထက်ရှိနေရန်လည်း အရေးကြီးပါသည်။
ငှက်ပျောပင်ကို မြေသြဇာကျွေးရာတွင်လည်း ကျွေးမည့် အကြိမ်အရေအတွက်သည် မြေကြီးထဲတွင် မည့်သည့်အာဟာရဓာတ်များ ရှိနေမှုအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အနည်းဆုံးတစ်နှစ်တစ်ကြိမ် မြေကြီးကို ဓာတ်ခွဲသင့်ပါသည်။ ဖော့စဖောရပ်စ်သည် မြေကြီးထဲတွင် အချိန်ကြာမြင့်စွာ နေနိုင်သောကြောင့် တစ်နှစ်တွင် တစ်ကြိမ် နှစ်ကြိမ်သာ ကျွေးသင့်ပါသည်။ နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ်သည် အပင်မှများစွာလိုအပ်ပြီး မြေကြီးထဲတွင် အချိန်ကြာမြင့်စွာ မနေနိုင်သောကြောင့် မကြာခဏကျွေးပေးသင့်ပါသည်။
ငှက်ပျောပင်တွင်လိုအပ်သော အာဟာရဓာတ်များတွင်လည်း အများလိုအာဟာရဓာတ်များနှင့် အနည်းလိုအာဟာရဓာတ်များဟူ၍ ရှိပါသည်။ အများလိုအာဟာရဓာတ်များ တွင် အများဆုံးလိုအပ်သောအာဟာရဓာတ်မှာ ပိုတက်ဆီယမ်(K)ဖြစ်ပါသည်။ ထို့နောက် နိုက်ထရိုဂျင်(N)၊ ကယ်ဆီယမ်(Ca)၊ မက်ဂနီဆီယမ်(Mg)၊ ဖော့စဖောရပ်စ်(P) စသည်တို့ ဖြစ်ကြပါသည်။ အနည်းလိုအာဟာရဓာတ်များတွင်လည်း အများဆုံးလိုအပ်သော အာဟာရ ဓာတ်မှာ မင်းဂနိ(Mn)ဖြစ်ပါသည်။ ထို့နောက် အိုင်းရွန်း(Fe)၊ ဘိုရွန်(B)၊ ဇင့်(Zn)၊ ကော့ပါး (Cu) စသည့်တို့ဖြစ်ပါသည်။
ပိုတက်ဆီယမ်သည် ငှက်ပျောပင်သက်တမ်းတစ်လျှောက်လုံးတွင် လိုအပ်ဆုံးသော အာဟာရဓာတ်ဖြစ်ပါသည်။ အပင်သက်တမ်းတစ်လျှောက်လုံးလိုအပ်သော ပိုတက်ဆီယမ်၏ ၈၀ ရာခိုင်နှုန်းကို ငှက်ပျောဖူးမထွက်မှီ ကျွေးပေးသင့်ပါသည်။ အစောပိုင်းကာလများတွင် ပိုတက်ဆီယမ်အနည်းငယ်သာ လိုအပ်ပြီး ငှက်ပျောဖူးမထွက်မှီနှင့် ထွက်ပြီးအချိန်များတွင် အများဆုံးလိုအပ်သည်။ ပိုဆက်ဆီယမ်သည် ငှက်ပျောပင် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေပြီး အပင်ယိုင်လဲမှု အန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။
နိုက်ထရိုဂျင်သည် အပင်သက်တမ်းတစ်လျှောက်လုံးတွင် လိုအပ်သောကြောင့် သက်တမ်းတစ်လျှောက် အချိုးညီမျှစွာ ကျွေးပေးသင့်ပါသည်။ ကယ်ဆီယမ်သည် ငှက်ပျောပင် တွင် အရွက်အသစ်များထွက်ရန်အတွက် ကူညီပေးပါသည်။ ထို့ကြောင့် အပင်ငယ်စဥ်တွင်သာ ကယ်ဆီယမ်ကို ကျွေးပေးပြီး နောက်ပိုင်းတွင် အနည်းငယ်ကိုသာ ကျွေးပေးသင့်ပါသည်။ မက်ဂနီဆီယမ်သည် အပင်သက်တမ်းတစ်လျှောက်လုံးအနည်းငယ်သာ လိုအပ်သောကြောင့် သက်တမ်းတစ်လျှောက် အချိုးညီမျှစွာ ကျွေးပေးရပါမည်။ ဖော့စဖောရပ်စ်ကို တစ်နှစ် နှစ်ကြိမ် လောက်သာ ကျွေးသင့်ပါသည်။ ထို့အပြင် ငှက်ပျောသားတက်များ ကျန်းမာသန်စွမ်းစေရန် ဆာလဖာပါသော မြေသြဇာများကို သားတက်ထွက်ချိန်တွင် ကျွေးပေးရပါမည်။ အနည်းလို အာဟာရဓာတ်များကိုတော့ ပမာဏအနည်းငယ်သာ လိုအပ်သောကြောင့် သက်တမ်းတစ် လျှောက် အချိုးညီမျှစွာကျွေးပေးသင့်ပါသည်။
Source-https://www.haifa-group.com/banana-0/crop-guide-banana cultivation
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရဲမောင်
လွန်ခဲ့သော ၁ နှစ် ကပင်ကြီးထွားနူန်းနည်းနေလိုပါအကိုဘာလုပ်ပေးရမလဲ
khun kyaw sein
လွန်ခဲ့သော ၃ နှစ် ကပါဝင်သည်
Nyi pu
လွန်ခဲ့သော ၃ နှစ် ကအပင်စိုက်ကျင်းမြေခံမှာ မြေတွင်းပိုးသတ်ဆေး ဘာအမျိူးစားကိုသုံးရင်ကောင်းပါသလဲဗျာ့
Hein. Htet Bamar
လွန်ခဲ့သော ၅ နှစ် ကဘာဆေးတွေကျွေးလဲ
ID Thit
လွန်ခဲ့သော ၅ နှစ် ကသေချင်လို့ပါ
ဆက်စပ်မေးခွန်းများ
ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
Ko A Soe • ဖြေကြားချက် 1 ခု
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
kyaw zin • ဖြေကြားချက် 2 ခု
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
ye kyaw • ဖြေကြားချက် 2 ခု
စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်အကောင်းဆုံးဖြစ်နိုင်လဲ
ကိုနေလင်းရောင် • ဖြေကြားချက် 2 ခု
Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ
Khing Hein • ဖြေကြားချက် 6 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း
13/11/2020