ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
လွန်ခဲသော(၁) လ ခန့်က စာရေးသူကျနော် ဧရာဝတီ၊ ဓနုဖြူဘက်က ငရုတ်ခင်းတွေကို ကွင်းဆင်းဖြစ်ခဲ့ပါသည်။ ထိုအခါ အသီးများ ကယ်စီယမ်ဓာတ် ချို့တဲ့နေသည့်လက္ခဏာကို ကောင်းစွာတွေ့ရှိခဲ့ရသည်။ တစ်ချို့သော ဆေးဆိုင်များ မှ မှိုဆေးများကို ညွှန်း၍ ဖျန်းနေကြသည့် အလွဲများကိုပါ တွေ့ရှိခဲ့ရပါသည်။ ထို့အတွက် ငရုတ်စိုက်တောင်သူများအနေဖြင့် အနာနှင့် ဆေးတစ်ခြားမဖြစ်ရန် ယခု ဆောင်းပါးလေးကို တင်ပြပေးလိုက်ပါသည်။
ငရုတ်ကယ်စီယမ်ဓာတ် ချို့တဲ့နေမှုလက္ခဏာ
အသီးများတွင် ပိုမို ထင်ရှားစွာတွေ့ရှိရသည်။ အရွက်များတွင်ဖြစ်လျှင် အရွက်များသည် အရောင်ဖျော့၍ အနည်းငယ် တွန့်နိုင်သည်။ သို့သော် မွှားနှင့် စုပ်စားပိုးများကျခြင်းကဲ့သို့ အလွန်အမင်းမတွန့်ကုန်ပါ။ အသီးများတွင်ပြသော လက္ခဏာမှာ နေလောင်ကွက်ကဲ့သို့ အကွက်များတွေ့ရမည်။ အသီးတောင့်များတွင် ထိပ်ဖျားပိုင်းများခြောက်၍ ပုပ်လိုက်လာတတ်သည်။ အထူးသဖြင့် သီးတောင့်ကြီးပြီး ရှည်သော စပ်မျိုးများတွင် တွေ့ရများသည်။

လတ်တစ်လော ဖြေရှင်းရန် နည်းလမ်း
ကယ်စီယမ် (Ca) ဓာတ်ပါသော ရွက်ဖျန်းမြေဩဇာများကို ဖျန်းနိုင်ပါသည်။ ဈေးကွက်အတွင်းတွင် တံဆိပ်အမျိုးမျိုးပါဝင်မှု ရာခိုင်နှုန်းအမျိုးမျိုး ရှိပါသဖြင့် နှုန်းထားပြောရန် အဆင်မပြေပါ။ အပင်များ အစာချက်အားဖြစ်မှုအများဆုံး နံနက် အစော ၆ နာရီ မှ ၁၀ နာရီ အတွင်းတွင် ဖျန်းပေးနိုင်ပါသည်။
ကယ်စီယမ်ဓာတ်သည် အပင်အတွင်း ရေရရှိမှု နှင့် သက်ဆိုင်သဖြင့် ရေကိုလည်း ကောင်းစွာထောက်ပံ့ပေးရပါမည်။
ရေသွင်းရာတွင် အပူချိန်မြင့်မားမှုကြောင့် ဆုံးရှုံးမှုနည်းစေရန်အတွက် အပင်ခြေများတွင် ကောက်ရိုး သို့မဟုတ် သစ်ရွက်ခြောက်များကိုခံထားသင့်ပါသည်။
အပွင့်ကြွေခြင်းများနှင့် အသီးပုပ်မှိုရောဂါများ နောက်ဆက်တွဲမဖြစ်ပေါ်စေရန် ကယ်စီယမ်ဓာတ်ပါသော ရွက်ဖျန်းမြေဩဇာများနှင့် အတူ ပိုတက်စီယမ်ဓာတ်ပါသော မြေဩဇာများကိုပါ တွဲသုံးပေးသင့်သည်။
မစိုက်ခင် ကာကွယ်ရန် နည်းလမ်း
မစိုက်ခင် မြေပြင်ချိန်တွင် ကယ်စီယမ်ဓာတ် ထောက့်ပံ့ပေးနိုင်ရန် ထုံး၊ ကျောက်မှုန့်၊ ဒိုလိုမိုက်စသည့်တစ်ခုခုကို ထည့်ပါ။ ဖော်ပြပါ မြေပြင်ပစ္စည်းများကို သုံးမည်ဆိုပါက အပင်မှရရှိရန် အချိန် ၁ လ ကျော် ခန့်ကြာနိုင်ပါသည်။ အကယ်၍ လက္ခဏာစတွေ့ရှိမှ သုံးမည်ဆိုပါက အပင်မှ ချက်ခြင်းမရရှိနိုင်ပါ။
ငရုတ်စိုက်တောင်များအားလုံး ကိုယ်စိတ်ကျန်းမာ ချမ်းသာပါစေ ခင်ဗျ..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငရုတ်ပင်အာဟာရချို့တဲ့ခြင်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ပြည့်ဖြိုးဝေ
လွန်ခဲ့သော ၂ နှစ် ကမစိုက်ခင် ထုံတို့ကျောက်မှုန့်တို့က ဘယ်လိုထည့်ရတာလဲရှင်းပြပေးပါအုံးဗျ။
ဒေါ်ရင်နု
လွန်ခဲ့သော ၂ နှစ် ကမကွေတိုင်းမင်းဘူးမြို့နယ်ဘက်မှာလဲငရုပ်သီးပုတ်တွေများနေပါတယ်အမှည့်စွပ်ထားတဲ့ခင်းတိုင်အပုတ်ကများပြီးအမှည့်ကောင်းကနဲ့နဲ့ပဲရပါတယ်ဆရာ
ခိုင်မြတ်ဆု
လွန်ခဲ့သော ၂ နှစ် ကကြက်ဥခွံကိုသုံလျင် လုံလောက်ပါသလား?
ဆက်စပ်မေးခွန်းများ
ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
Ko A Soe • ဖြေကြားချက် 1 ခု
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
kyaw zin • ဖြေကြားချက် 2 ခု
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
ye kyaw • ဖြေကြားချက် 2 ခု
စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်အကောင်းဆုံးဖြစ်နိုင်လဲ
ကိုနေလင်းရောင် • ဖြေကြားချက် 2 ခု
Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ
Khing Hein • ဖြေကြားချက် 6 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ပြောင်းလဲလာတဲ့ ပိုးသတ်ဆေးများရဲ့ သမိုင်းကြောင်း
15/11/2023