soemoehtwe
666လွန်ခဲ့သော ၉ လ က
Thiazolecarboxamide က ကွမ်း အမြစ်ဆွေး အတွက် သုံးလို့ရလားဗျ
ကွမ်း
Ko Ye Min Htut
226လွန်ခဲ့သော ၁ နှစ် က
ရောဂါကတော့ တော်တော်ကြမ်းတယ်ခင်ဗျ ဆေးဖြန်းလို့ရပါ့အုံးမလား အကြံဥာဏ်လေးပေးပါအုံးခင်ဗျ
ကွမ်း
Ko Ye Min Htut
226လွန်ခဲ့သော ၁ နှစ် က
ကွမ်းပင်ခြေပုပ်နဲ့ ရွက်ပုပ်ကျလို့ ဆိုင်မှာဆေးသွားဝယ်တာ (Azoxystrobin 15%+Dimethomorph 50%) ၂၀ဂရမ် တစ်ပုံးစာ နဲ့ (Folpet 25% +Fosetyl aluminum 50%) ၅၀ ဂရမ် တစ်ပုံးစာ ပေးလိုက်တယ် ဆေးဖျန်းပုံး တစ်ပုံးထဲမှာ AI ၄မျိုးစလုံးရောဖြန်းခိုင်းတာပေါ့ (၂၀ဂရမ် ၁ထုပ် + ၅၀ဂရမ် ၁ထုပ်) ဖြန်းလိုက်တာ ရောဂါ ဆက်မဖြစ်တော့ပါဘူး ရပ်သွားပါတယ် ဒါပေမယ့် ကွမ်းပင်ရဲ့ အရွက်တေပ အဝါရောင်နဲ့ အစိမ်းရောင် စပ်ကြားတေဖြစ်သွားတယ်ဆရာ အရွက်ကလေးတွေလည်း ပုံစံပျက်သွားပါတယ်ဆရာ (စုပ်စားပိုးတော့ ရှာကြည့်တယ် စုပ်စားပိုးတော့မတွေ့ပါ) ဘာကြောင့်အဲ့လိုဖြစ်သွားတာလည်းဆရာ ဖြန်းလိုက်တဲ့ဆေးကြောင့်လား? အဲ့ဒါဆိုရင် ဘယ်လိုဆေးမျိုးကိုပြန်ဖြန်းရမလဲဆရာ ပုံပါရိုက်ထားပါတယ်
ကွမ်း
Mg Gaw
2,701လွန်ခဲ့သော ၁ နှစ် က
အပင်တွေဒီလိုဖြစ်ပြီး သေနေပါတယ်ခင်ဗျ နေတိုင်းဖြစ်နေပါတယ် ဘယ်လိုပြုပြင်ရမလဲ ဆရာတို့(ပြန်မစိုက်ခင် အရင်အခင်းတုန်းကလည်း ရေလွမ်းပြီး ရေပြန်ကျတော့ ဒီလိုအလားတူဖြစ်ဖူးပါတယ်ဗျ)
ကွမ်း
kyawgyi
17လွန်ခဲ့သော ၁ နှစ် က
ကွမ်းပင်လေးတေအချေနာကနေမဲပြီးညိုးသွားလို့ဘာဖစ်တာလည်းဆရာတိုရေလည်သုံးရက်လောက်မြုပ်သွာတယ်မြုပ်ချိန်က1ရက်ကို၃နာရီလောက်ကြာတယ်ကျောက်မှုန့်နဲ့လောင်လည်းဖြူထားတယ် ဘာဆေးထက်ပြီးသုံးသင်သေးလည်းဆရာတို့
ကွမ်း
ကျော်ဇောဟိန်း
4လွန်ခဲ့သော ၁ နှစ် က
Propiconazole 25%+Azoxystrobin 25% တွဲစပ်အသုံးပြုလို့ ရပါသလား ခင်ဗျာ။ Copper နှင့် Kasugamycin ဆေးနှစ်မျိုးကို တွဲစပ်၍ အသုံးပြုနိုင်ပါသလား ခင်ဗျာ။ တွဲစပ်အသုံးပြု၍ ရပါက အထက်ဖော်ပြပါ ဆေးအတွဲ ၂မျိုးအား ရက်မည်မျှခြား၍ ဖြန်းနိုင်ပါသလဲ ခင်ဗျာ။ ကွမ်းပင် စိုက်ပျိုးထားတာ ၄လ နှင့် ၁၅ရက်သား ရှိပါပြီ လက်ရှိခူးဆွတ်နေပါတယ် ခင်ဗျာ။ အမြစ်ပုပ် ပင်ခြေပုပ် ဆီစွန်း ရိုးမဲ ဖြစ်နေပါတယ် ခင်ဗျာ။ လွန်ခဲ့သော ၁လ ဝန်းကျင်က ရေဝပ်ခဲ့ဖူးပါတယ် ခင်ဗျာ။ လက်ရှိမှာတော့ ရေဝပ်ခြင်းမရှိတော့ပါ။ အဆင်ပြေနိုင်မည့် အသုံးပြုရမည့် ဆေးအညွှန်း သိလိုပါတယ် ခင်ဗျာ။
ကွမ်း
ဇွဲဝေ
4လွန်ခဲ့သော ၂ နှစ် က
ကွမ်းပင်ကအဲလိုကြီးဖြစ်ပီးသေသေသွားတာ အမြစ်ပုတ်တာလား ဘာဖြစ်လဲမသိပါဘူး ရိုးမဲရောဝင်တာပါ တစ်ချို့အပင်ကျတစ်ပင်လုံးမသေပါဘူး အဲဒါဘာဆေးသုံးရမလဲဖြေပေးစေချင်ပါတယ်
ကွမ်း
Zaw Naing Soe
135လွန်ခဲ့သော ၂ နှစ် က
ကွမ်းပင်ခြေပုပ်နေတာဘာဆေးဘာဆေးဖြန်းရင်ကောင်းမလဲဗျ
ကွမ်း
ko zaw
5လွန်ခဲ့သော ၂ နှစ် က
ကွမ်းပင်အမြစ်တွေဆွေးပီးသေနေလို့ ဘယ်လိုလုပ်ရမလဲ ကူညီဖြေကြားပေးပါဦးဆရာ
ကွမ်း
Net Soe
1,349လွန်ခဲ့သော ၄ နှစ် က
ကျနော်ကွမ်းပင်တွေမှာ ပင်ခြေပုပ်ဖြစ်နေလို့ပါဗျာ ဘာဆေးသုံးရမှာလဲဗျ
ကွမ်း
ဆက်နွယ်သည့် အကြောင်းအရာများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....