ကမ္ဘာကြီးကို ကယ်တင်စေနိုင်တဲ့ အလွယ်လမ်းများ - အဆင့်(၂) အိမ်နေရင်းလုပ်ဆောင်နိုင်သည့် အရာများ

Photo - save-the-world

ဒီတစ်ခေါက်မှာတော့ အဆင့်(၁) ဆိုဖာပေါ်မှာ သက်တောင့်သက်သာနေရင်းနဲ့မှ လုပ်နိုင်သော အရာများ ထက် တစ်ဆင့်မြှင့်ပြီး အိမ်မှာနေရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် နည်းလမ်းလေးတ​ွကေို ဖော်ပြပေးချင်ပါတယ်။ ဆိုတော့ ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်တွေ၊ မုန့်တိုင်းတွေ၊ ရေလွမ်းမိုးတွေ၊ မိုးခေါင်မှုတွေ နည်းပါးလာအောင်၊ ပပျောက်သွားအောင် လုပ်ဖို့က အစိုးရတွေရဲ့အလုပ်၊ ပညာရှင်ကြီးတွေရဲ့ အလုပ်တွေပဲ မဟုတ်တော့ပါဘူး။ ကိုယ်အနေနဲ့ အိမ်မှာနေရင်း ဘာတွေလုပ်နိုင်မလဲ။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လေ့လာရင်း ကြိုးစားဆောင်ရွက်ကြရအောင်။ 
 
 
အဆင့်(၂) အိမ်နေရင်းလုပ်ဆောင်နိုင်သည့် အရာများ
  • လေနဲ့သာ အခြောက်ခံပါ။ ခင်ဗျားရဲ့ဆံပင်တွေနဲ့ အဝတ်အစားတွေကို စက်နဲ့အခြောက်ခံမယ့်အစား သဘာဝအတိုင်းပဲ အခြောက်ခံတာ ပိုကောင်းပါတယ်။ ခင်ဗျားရဲ့အဝတ်အစားတွေကို အဝတ်လျှော်စက်နဲ့လျှော်တယ်ဆိုရင် စက်ထဲမှာ အဝတ်အစားအပြည့်ထည့်ပြီးတော့မှ လျှော်ပါ။
  • ရေချိုးရင် အချိန်တိုတိုနဲ့ ပြီးနိုင်တဲ့ ရေပန်းနဲ့သာချိုးပါ။ ရေချိုးဇလုံနဲ့ရေချိုးခြင်းဟာ ၅မိနစ် ၁၀မိနစ်နဲ့ပြီးသွားတဲ့ ရေပန်းနဲ့ချိုးတာထက် ရေဂါလံပေါင်းများစွာ ပိုကုန်ပါတယ်။
  • အသားနဲ့ငါးကို လျှော့စားပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အရင်းအမြစ်အများစုကို အပင်ထက် သားငါးရဖို့အတွက် အသုံးပြုနေကြရပါတယ်။ 
  • စားစရာတွေကို ပုတ်သိုးမသွားခင် စားလိုက်ဖို့အချိန်မရှိဘူးဆိုရင် အအေးခံထားပါ။ ဒါမှမဟုတ် ပူပူနွေးနွေးအစားအစာတွေနဲ့ လွယ်လွယ်ကူကူသယ်သွားလို့ရတဲ့ အစားအစာတွေကိုပဲ ဝယ်ယူစားသုံးပါ။ ဒီလိုဆိုရင် ခင်ဗျားဟာ အစားအစာတွေနဲ့ ငွေကို ချွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။
  • မြေဆွေးမြေသြဇာပြုလုပ်ပါ။ အစားအသောက်အကြွင်းအကျန်တွေကို မြေဆွေးမြေသြဇာပြုလုပ်တာဟာ အရင်းအမြစ်တွေကို ထိန်းသိမ်းရာရောက်သလို တစ်ချိန်တည်းမှာပဲ အာဟာရတွေကို ပြန်လည်အသုံးချခြင်းနည်းလမ်းကို အသုံးပြုပြီးဖြစ်နေပါလိမ့်မယ်။
  • မြေဆီလွှာကို ပျက်စီးစေတဲ့ ပစ္စည်းတွေဖြစ်တဲ့ စက္ကူ၊ ပလပ်စတစ်၊ ဖန်နဲ့ အလူမီနီယံသုံးပစ္စည်းများကို ပြန်လည်အသုံးပြုပါ။
  • ထုပ်ပိုးပစ္စည်းအနည်းငယ်သာပါတဲ့ ပစ္စည်းများကိုသာ ဝယ်ယူသုံးဆောင်ပါ။
  • မီးဖိုကို ကြိုတင်အပူပေးခြင်း ရှောင်ပါ။ ကိုယ်ချက်ပြုတ်မဲ့ အစားအစာ မီးဖိုပေါ်ကိုရောက်ရှိပြီး အပူပေးချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်မှ မီးဖိုဖွင့်ပါ။ 
  • ကိုယ်နေတဲ့အဆောက်အအုံရဲ့ ပြတင်းပေါက်နဲ့ တံခါးပေါက်တွေကို လေဝင်လေထွက်ကောင်းအောင် ဖန်တီးပေးထားခြင်းအားဖြင့် စွမ်းအင်သုံးစွဲမှု ချွေတာနိုင်ပါတယ် (ပန်ကာဖွင့်ထားခြင်း၊ အဲကွန်းအသုံးပြုခြင်း စတဲ့ အရာတွေက စွမ်းအင်သုံးစွဲမှု မြင့်တက်စေနိုင်သောကြောင့် ဖြစ်ပါတယ်။)
  • အဲကွန်းတွေကို အရမ်းပူပြင်းတဲ့ အခြေအနေ၊ ရာသီဥတုမဟုတ်ခဲ့ရင် မလိုအပ်ဘဲ မသုံးစွဲပါနဲ့။ (အပူပိုင်းဒေသအတွက်) အပူပေးကိရိယာတွေကို အရမ်းအေးတဲ့ ရာသီဥတုမရောက်သေးပဲ မသုံးစွဲပါနဲ့။ (အအေးပိုင်းဒေသအတွက်)
  • မိမိသုံးစွဲနေမိတဲ့ လျှပ်စစ်အသုံးအဆောင် ပစ္စည်းကိရိယာဟောင်းတွေအစား စွမ်းအင်ချွေတာမှုရှိတဲ့ အမျိုးအစားတွေကို ပြောင်းသုံးပါ။ 
  • ဖြစ်နိုင်မယ်ဆိုရင်  မိမိအိမ်မှာနေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို တပ်ဆင်အသုံးပြုပါ။ ဒီလိုသာသုံးစွဲနိုင်မယ်ဆို ခင်ဗျားရဲ့ လျှပ်စစ်သုံးစမွုကုန်ကျစရိတ် အတော်သက်သာသွားပါလိမ့်မည်။ 
  • အေးတဲ့ရာသီမှာ မိမိအိမ်၌ ကြမ်းခင်းကောဇောခင်းပါ။ ကောဇောများက ပတ်ဝန်းကျင်ကို နွေထွေးသွားအောင် ဖန်တီးပေးနိုင်ပါပြီး အပူပေးစက်သုံးစွဲခြင်း လျှော့နည်းသွားနိုင်ပါတယ်။
  • မီးဖိုခေ်ာင်သုံးပစ္စည်းတြေကို ဆေးကြောတဲ့အခါ ရေကို ပရမ်းပတာ သုံးစွဲခြင်း မပြုပါနဲ့။ ရေပိုက်ကို မေ့ပြီး ဖွင့်ထားမိတာမျိုး မဖြစ်ရအောင် အမြဲသတိထားပါ။
  • အကယ်၍ မိသားစုတွင် ကလေးရှိပါက ကလေးခါးတောင်းကျိုက်ပိတ်စ(ဒိုင်ပါ)ကို ရွေးချယ်သုံးစွဲပါ။ အကောင်းဆုံးမှာ ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော အဝတ်စများကို သုံးစွဲခြင်းဖြစ်သည်။ ဒိုင်ပါဝယ်ယူသုံးစွဲမည်ဆိုပါက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိတဲ့ ကုမ္ပဏီတံဆိပ်ကိုသာ ဝယ်ယူသုံးစွဲပါ။
  • မိမိအိမ်တွင် အမှိုက်သရိုက်တွေကို ရှင်းလင်းတဲ့အခါ အတတ်နိုင်ဆုံး သာမာန်တံမျက်စည်းကိုသာ သုံးပါ။ ပတ်ဝန်းကျင်ကို ဆူညံပွက်လောရိုက်စေတဲ့ အသံထွက်သည့် ဖုန်စုတ်စက်မသုံးပါနဲ့။ တံမျက်စည်းသာ သုံးစွဲခြင်းက ခန္ဓကိုယ်အတွက် စနစ်ကျတဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ရာရောက်သလို လျှပ်စစ်စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာပြီး ဖြစ်နေပါလိမ့်မယ်။
  • ကဒ်ထူပြားနဲ့ခြစ်ရသော မီးခြစ်မျိုးကိုသာ သုံးစွဲပါ။ သူတို့တွေက တခြားသော ဂက်စ်ဖြည့်ထားရတဲ့ ပလပ်စတစ်မီးခြစ်တွေလို ဓာတ်ဆီဖြည့်ထားစရာ မလိုတဲ့အတွက် စွမ်းအင်အရင်းအမြစ် သက်သာစေမှာ ဖြစ်ပါတယ်။

 

မုဒြာ (အစိမ်းရောင်လမ်း)

 

မှတ်ချက် ။     ။ UN ၏ The Lazy Person's Guide to Saving the World ကို မြန်မာနိုင်ငံနှင့် ကိုက်ညီဆီလျော်မှုရှိစေရန် ဘာသာပြန်ဆိုထားပါသည်။ 
 


ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျော ကဆုန် ၊ ဝါး နယုန်"