အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
254
လွန်ခဲ့သော ၁ နှစ် က · မြောင်

ဆောင်းသီးနှံ မက်ပဲစိုက်ပြီးပါပြီ ပေါင်းတွေများနေလို့ ရွေးချယ်ပေါင်းသက်ဆေး ဘာဆေးဖျန်းရမလဲ ပြောပြပေးပါအုန်း

စိုက်ပျိုးနည်း မတ်ပဲ ရွေးချယ်ပေါင်းသတ်ဆေးများ
116 လွန်ခဲ့သော ၁ နှစ် က

လူနဲ့နှုတ်လိုက်ပါ🤣

331,685 လွန်ခဲ့သော ၁ နှစ် က

မတ်ပဲကြဲပက်ပြီးအပင်ပေါက်ခါစ ပေါင်းမြက်များမထွက်ပေါ်ခင်ကတည်းက Pendimethalin ပါသောပေါင်းအုပ်ဆေးဖျန်းပက်ခဲ့မယ်ဆိုရင်ပိုထိရောက်ပါမယ်။အခုတော့ ပေါင်းမြက်များထွက်ပေါ်ပြီးပြီဆိုမှတော့ ပေါင်းပင်ငယ်သေးတယ်ဆိုရင်တော့ Oxyfluorfen ပါသော ပေါင်းသတ် ဆေးဖျန်းပေးလို့ရပါတယ်။သို့မဟုတ် နောက်၆လအတွင်းနှမ်းမစိုက်ဘူးဆိုရင်တော့ Imazethapyr, Fomesafen တမျိုးမျိုးဖျန်းပေးလို့လည်းရပါတယ်ဗျ။

You
173
လွန်ခဲ့သော ၁ နှစ် က

ဆန်/စပါးစျေးနှုန်းတွေကို ဆန်ကုန်သည်ကြီးများ ထုတ်ပြန်တဲ့စျေးရယ် တိုင်း/ဒေသကြီးအလိုက်ကစျေးနှုန်းရယ်/မြို့ကြီးတွေအလိုက်ပွဲရုံကြီးတွေရဲပျမ်းမျှစျေးတွေသိချင်ပါတယ်

စိုက်ပျိုးစီးပွား စပါး ပြည်တွင်းသီးနှံဈေးကွက်
173 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူး ပါ ခင်ဗျာ...

391 လွန်ခဲ့သော ၁ နှစ် က

စပါးစျေးရောတိုင်းနဲ့ပြည်နယ်အလိုက်တင်ပေးပါခမျာ

You
1,110
လွန်ခဲ့သော ၁ နှစ် က · တံတားဦး

ပဲတောင့်ရှည် လှေးပိုးကျနေတယ် ဆေးလဲဖြန်းတယ် လှေးမနိုင်ဘူးဖြစ်နေတယ်လှေး ဆေးကောင်းကောင်းလေး များရှိရင်ပြောပြပါအုံးခဗျ

အပင်အာဟာရ ပဲတောင့်ရှည် ပဲတောင့်ရှည် လှေးပိုး
1,404 လွန်ခဲ့သော ၁ နှစ် က

တမာဆီဖြန်း​ပေးရင်အဆင်​ပြေပါတယ်

331,685 လွန်ခဲ့သော ၁ နှစ် က

Fipronil, Thiamethoxam တမျိုးမျိုး ၇ရက်ခြားအလှည့်ကျဖျန်းပေးပါ

You
ဖြေလည်သော အဖြေရရှိပြီး
1,110
လွန်ခဲ့သော ၁ နှစ် က · တံတားဦး

ပဲတောင့်ရှည်မှာ အပွင့်တွေလှိုင်လှိုင်ပွင့်နေ တဲ့အချိန်ကျ သီးပွင့်အားဆေး ပိုးသတ်ဆေးတို့ကို ဘယ်အချိန်မှာဆေးဖြန်းသင့်လဲ ခဗျ

အပင်အာဟာရ ပဲတောင့်ရှည် ပဲတောင့်ရှည်ဆေးဖျန်းချိန်
331,685 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပိုးဆေးညနေခင်းမှာဖျန်းပေးသင့်ပါတယ်၊ အားဆေးသီးသန့်ဆိုရင်တော့ မနက်ဖြစ်ဖြစ်ညနေဖြစ်ဖြစ်ဖျန်းပေးဖို့သင့်တော်ပါတယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
ဖြေလည်သော အဖြေရရှိပြီး
60
လွန်ခဲ့သော ၁ နှစ် က · ဂန့်ဂေါ

ခရမ်းချဉ် ပင်ကိုအစာဘလိုကြွေးကြရလဲဗျ

မြေဆီလွှာ ခရမ်းချဉ် ခရမ်းချဉ်မြေသြဇာကျွေးနည်း
အတည်ပြုပြီး 1,113,009 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ် အစာကျွေးရင်၊မြေဩဇာနဲ့ အပင်မထိအောင်ကျွေးပါ။ရေသွင်းမြောင်းထဲ ပါးပါးပက်ပြီး ၊ရေသွင်းပေးတာပါပဲ။ အချို့ကတော့ အပင်ခြေ နဲ့ ၆လက်မခွာပြီး ကျင်းဖောက်ကျွေးကြပါတယ်။

331,685 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးပြီး၃လသားတွင် ပုလဲကျွေးပြီး မြေတောင်မြှောက်ပေးသင့်ပါတယ်။ ကွန်ပေါင်းမြေဩဇာတမျိုးမျိုး၊ဂျစ်ဆမ်သို့မဟုတ် ပုလဲကို အပင်လှန်ချိန်၊ပန်းစတင်ပွင့်ချိန်၊ပထမပန်းခိုင်အသီးတင်ချိန်၊ပထမအကြိမ်အသီးခူးချိန်၊ဒုတိယအကြိမ်အသီးခူးချိန်တို့မှာထည့်သွင်းပေးသင့်ပါသည်။ မြေသြဇာကို နှုန်းထားနည်းနည်းဖြင့် အကြိမ်ကြိမ်ခွဲကျွေးပါ

You
858
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

ဆောင်းသီးနှံပဲတီစိမ်းသက်တမ်းတစ်လျောက်အသုံးပြုမယ့် အပင်အားဆေး မှိုဆေး နဲ့ပိုးဆေးစတာတွေကို အပင်သက်တမ်းတစ်လျောက်လုံးအသုံးပြုနည်းလေးသိချင်လို့ဆေးအမည်တွေနဲ့ ဆေးစျေးတွေကကြီးတော့အကုန်အကျသက်သာထိရောက်တဲ့နည်းလမ်းတွေကိုလည်းအကြံပေးပါအုံး

အပင်အာဟာရ ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း
331,685 လွန်ခဲ့သော ၁ နှစ် က

၁၅ရက်မှစ၍ ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွတ်ဖျန်းမြေဩဇာများတွင် (N)အချိုးများသည့် သင့်တော်သည့် ရွက်ဖျန်းအား ဆေးတစ်မျိုး(၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ (၄၅)ရက်စ၍ ပန်းပွင့်လာပါလိမ့်မယ်။ ပွင့်အားကောင်း၍ အသီးတောင့်များရန် (NPK)အချိုး ရွက်ဖျန်းအားဆေးများ(P)နှင့် (K)ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းအားဆေး (၁၅)ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့)ယူရီးယား(၄)ဇွန်းနှင့် လက်ချား(၁)ဇွန်း ရေတစ်ဂါလံနှင့်ရောပြီး တစ်ဧက(၂၀)ဂါလံ ပက်ဖျန်းပါ။ ပိုးကာကွယ်ရန် ပင်လုံးပြန့်အာနိသင်ရှိFipronilပိုးသတ်ဆေးတမျိုးမျိုးဖျန်းပေးနိုင်ပါတယ်။ရောဂါကာကွယ်ရန် Mancozeb မှိုဆေးဖျန်းပက်ကာကွယ်နိုင်ပါတယ်။ ပိုး၊ရောဂါ ကျရောက်မှုရှိမှသာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးပိုးဆေး၊မှိုဆေးဖျန်းပက်အသုံးပြုသင့်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
828
လွန်ခဲ့သော ၁ နှစ် က · မင်းဘူး

တစ်ခုလောက်မေးချင်လို့ပါ ဆရာ ကြက်သွန်နီမပျိုးခင် မျိုးစိလူးနယ်ဆေးသုံးချင်လို့ပါ thiram30%+thiophanate -methyl50%+thiamethoxam25%သုံးမ‌ျိုးရောလူးရင်အဆင်ပြေနိုင်လားဆရာ ပျိုးခင်းမှာ မြေပြင်ဖြန်းHymexazol70%+fipronil 3GRသုံးချင်လို့ပါ ကြက်သွန်နီပေါက်နှုန်းနှင့် မှိုပိုးကာကွယ်ဖို့ အဆင်ပြေနိုင်လား သိချင်ပါတယ် ‌‌ေကျးဇူးပြု၍‌ေဖြပေးပါဆရာ

ပိုးမွှားရောဂါ ကြက်သွန်နီ ကြက်သွန်နီမျိုးစေ့လူးနယ်ခြင်း
331,685 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ရောဂါကာကွယ်ရန် Thiramတမျိုးတည်းလူးနယ်ပေးရင်အဆင်ပြေပါတယ်။မြေဆောင်မှိုရောဂါ သက်သာချင်လို့ Hymexazol ကို မစိုက်ခင်ကတည်းကကြိုဖျန်းပေးလို့လည်းရပါတယ်၊ မြေ‌တွင်းအောင်းပိုးကျရောက်မှုရှိမှသာလျှင် Fipronil 3GRကိုသုံးစေချင်ပါတယ်။ အနှစ်ချုပ်ပြောရရင် မြေဆောင်ရောဂါကာကွယ်ရန် ပျိုးခင်းမြေပြင်ဖျန်းပေးနိုင်ပါတယ်၊ပြီးမှ Thiramဖြင့်မျိုးစေ့လူးနယ်စိုက်ပျိုးနိုင်ပါတယ်။ Fipronil 3GRကတော့ မြေအောင်းပိုးမကျဘဲမသုံးစေချင်ပါ၊ပိုးကျလို့သုံးမယ်ဆိုလျှင်လည်း ပျိုးဘောင်မြေပြင်ကတည်းကထည့်ပေးရပါမယ်

You
လွန်ခဲ့သော ၁ နှစ် က · ဘားအံ

အပင်းစိုက်ပီး5ရက်အောက်အရွက်ဖြူတာဘာဖစ်တာလဲ

331,685 လွန်ခဲ့သော ၁ နှစ် က

ပုံပါမှ ဖြေကြားပေးလို့ရပါမယ်ခင်ဗျာ

You
3
လွန်ခဲ့သော ၁ နှစ် က · မင်းဘူး

မုန်ညှင်းသက်နည်းသိကျလားဆရာသမားတို့

စိုက်ပျိုး ဗဟုသုတ ကော်ဖီ ပေါင်းမြက် အမျိုးအစား
331,685 လွန်ခဲ့သော ၁ နှစ် က

ဘယ်သီးနှံမှာမြက်မုန်ညင်း ပေါင်းပင်ကိုသတ်ချင်တာလဲ၊ကော်ဖီသီးနှံမှာလားဗျ

You
9
လွန်ခဲ့သော ၁ နှစ် က · သုံးခွ

ကြက်များကျန်မာသန်စွမ်းအောင်ဘယ်လိုပြုစုကမလဲ

331,685 လွန်ခဲ့သော ၁ နှစ် က
You
111
လွန်ခဲ့သော ၁ နှစ် က · လွိုင်လင်

လက်ဖက်ခြောက်လုပ်နည်းလေးမေးချင်လို့ပါ

စိုက်ပျိုး ဗဟုသုတ လက်ဖက် လက်ဖက်​တန်ဖိုးမြှင့်ထုတ်ကုန်
331,685 လွန်ခဲ့သော ၁ နှစ် က
You
554
လွန်ခဲ့သော ၁ နှစ် က · ဟင်္သာတ

ပဲပင်လေးတွေ သေနေလို့ပါ ပင်စည်ထိုးယင်ကြောင့် လား ခါးရီမြစ်ချောက်လားခဗျ ပင်စည်ကွဲတာဖုတာမျိုးတော့မတွေ့ရဘူး

ပိုးမွှားရောဂါ မတ်ပဲ ခါးရိရောဂါ
Post image
Post image
Post image
Post image
Post image
+၄
331,685 လွန်ခဲ့သော ၁ နှစ် က

ခါးရိမြစ်ခြောက်ဆွေးရောဂါ (Dry root rot)ကျနေတာပါ။အပင်ခြေကို Hymexazol, Foestyl -Al တမျိုးမျိုးရွှဲအောင်ဖျန်းပေးသင့်ပြီး Azoxystrobinကို အပင်အပေါ်ပိုင်း ဖျန်းပေးမှ အသေအပျောက်နည်းပါမယ်။ နောက်ရာသီမှာ Carbendazim လိုမျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်ပြီးမှစိုက်ပျိုးပါ။

You
ဖြေလည်သော အဖြေရရှိပြီး
649
လွန်ခဲ့သော ၁ နှစ် က · ပြည်

နွားသေးမှာ ပုလဲလိုဓာတ်တွေပါတယ်လို့သိပြီးနောက် နွားသေးကို မီးနဲ့ကြိုလိုက်လို့ရလားဗျ လောက်တက်မှာဆိုးလို့

မြေဆီလွှာ စပါး နွားသေး အကြောင်း
အတည်ပြုပြီး 1,113,009 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

လောက်တက်မှာစိုးရင် လုံအောင်ပိတ်ထားပါ။အီးအမ်နဲ့ အနံ့ထိန်းပါ။

649 လွန်ခဲ့သော ၁ နှစ် က

ဆရာ သော်ဇင်ကျေးဇူးပါဗျ

You
612
လွန်ခဲ့သော ၁ နှစ် က · အင်္ဂပူ

ငရုပ်ပျိုးပင်တွေအဲ့လိုတွေဖြစ်နေလို့ပါဆရာကြီး ဘာရောဂါကျနေလဲသိပါရစေ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်ပင်အာဟာရ
Post image
331,685 လွန်ခဲ့သော ၁ နှစ် က

မွှားပင့်ကူနီစုပ်စားပိုးကျနေတာပါ။ Abamectin, Spiromesifen,ပိုးသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးပါဗျ။ ပိုးဆေးဖျန်းပြီးတဲ့နောက် ၅ရက်လောက်ခြားပြီး အနည်းလိုအဟာရပါသော Ca,B,Zn,Mnပါသော အားဆေးတစ်ကြိမ်ဖျန်းပေးပါဗျ။

You
858
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

အချို့ဒေသတွေမှာပဲတီစိမ်းစိုက်ကြတာ စပါးရိတ်ပြီးမြေအစိုဓာတ်ရှိနေချိန် ပဲကိုကြဲပက်လိုက်တယ် ပြီးမှရိုးပြတ်ကိုမခုတ်ဘဲ ရိုးပြတ်တွေပြားသွားအောင် စက်နဲကြမ်းရိုက်တယ် အဲနည်းကရောအဆင်ပြေနိုင်ပါ့မလား

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း
အတည်ပြုပြီး 1,113,009 လွန်ခဲ့သော ၁ နှစ် က

မြေအမျိုးအစားပေါ်မူတည်ပါတယ်။လယ်မြေတွေမှာ အစိုဓာတ်များနေချိန်(ရေစပ်စပ်လည်းရ) ပဲကြဲပြီး ရိုးပြတ်ကို မြက်ရမ်းစက်နဲ့ဖုံးလိုက်တာပါပဲ။ သို့မဟုတ် အစိုဓာတ်အနေတော်ချိန် ပဲပက်ပြီး၊ရိုးပြတ်တွေကို စက်နဲ့ခုတ်ဖြတ်ပြီး အုပ်ရင်လည်းရပါတယ်။အပင်ပေါက်နိုင်ရမယ်၊အစိုဓာတ်ထိန်းနိုင်ရမယ်။အဲဒါကိုချိန်ပါ။(အညာဒေသတွေမှာ အစိုမထိန်းနိုင်လို့ အဆင်မပြေနိုင်ပါဘူး)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။