ကြက်အဟာရရှိသောအစာများ
ကြက်အားဆေးများ
ကြက်နာရောဂါကာကွယ်ဆေး
ကြက်နာတွေကို ဆေးကုပေးမယ်ဆိုရင် (၂) စာတန်းလေးကို နှိပ်ပြီးလေ့လာလို့ ရပါတယ်။
ကြက်နာတွေကို ဆေးကုပေးမယ်ဆိုရင် (၁) စာတန်းလေးကို နှိပ်ပြီးလေ့လာလို့ရပါတယ်။
ဂန္ဓာမာပန်းပင် 2လသားအရွယ်ပါ။ အခုပုံအတိုင်းဖြစ်နေလို့ ဘာဖြစ်တာလဲဗျ။ ဘာဆေးဖျန်းရင် ရနိုင်မလဲဗျ
မွှားပင့်ကူနီ (Red Spider Mite)ကျတာဖြစ်နိုင်ပါတယ်၊ Abamectin,Spiromesifen, Profenofos တမျိုးမျိုးဖျန်းပေးပါ
အုန်းချိူမွှေးပင်က FAA. EM. ရောဖျန်းချင်ပါတယ်ခင်ဗျ ဘယ်လို ရောစက်ပြီး ဖျန်းရမလဲခင်ဗျ ဘယ်နဲ့ရက်ခြား ဖျန်းရနလဲ ခင်ဗျ
၃မျိုးစလုံးရောဖျန်းလို့ရပါတယ်။ ၂၀လီတာဝင်ဆေးဖျန်းပုံးအတွက် ရွက်ဖျန်းအဖြစ်အသုံးပြုမယ်ဆိုရင် အီးအမ်- ၁၀၀စီစီ အမိုင်နိုအက်စစ်- ၆၀စီစီ ၇-၁၀ရက်ခြားဖျန်းပေးနိုင်ပါတယ်
ဇီးဝမီးစုံးမြေသြဇာ လုပ်နည်း သိပါ့စေခင်ဗျ သူက ဘာအတွက်ကောင်းတာပါလဲ ခင်ဗျ သစ်ပင်တွေမှာဘယ်လိုချိန်တွေမှာ ဖျန်းရတာလဲ ခင်ဗျ
အထက်ပါ FB linkမှာ ဝင်လေ့လာပါ
ကောက်ရိုးဖြင့်ငွေနှင်းမှိုစိုက်ပျိုးနည်းအစအဆုံးသိချင်ပါတယ်
စပါကို ငါးအမိုင်နိုအရေနဲ့ EM သီစုံအချင်ဖောက်အရည်တို့ရောဖျန်းလို့ရလားပီးတော့နွားသေးတို့ရောထည့်ဖျန်းလို့ရလားဘယ်လိုအကျိုးသက်ရောက်မှု့ရှိလည်းသုံးစွဲပုံအဆင့်ဆင့်လေးဖြေကြားပေးပါအုန်းဆရာတို့
နေပူချိန်မဖျန်းမိစေရန်သတိပြုပါ
၃မျိုးစလုံးရောဖျန်းလို့ရပါတယ်။ ၂၀လီတာဝင်ဆေးဖျန်းပုံးအတွက် ရွက်ဖျန်းအဖြစ်အသုံးပြုမယ်ဆိုရင် အီးအမ်- ၁၀၀စီစီ အမိုင်နိုအက်စစ်- ၆၀စီစီ နွားသေး-၁၀၀စီစီ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ဆရာဒီလက္ခဏာက ပိုးလား မှိုလားဆရာ ပရိုက်မက်တင်ဖျန်းထားတာ ၅ ရက်တော့ရှိပီဆရာ
မှိုရောဂါ မဟုတ်ပါဘူးခင်ဗျာ ရွက်ထွင်းယင်ကစားသောက်သွားလို့ အစိမ်းရောင်ပျက်ပြယ်ပြီးအခုလိုဖြစ်သွားတာပါ၊ ရွက်ထွင်းပိုးကျရောက်မှုရှိသောအရွက်များကိုကြုံရင်ကြုံသလို စိုက်ခင်းအဝေးသို့ဖယ်ရှားပေးနိုင်ရင်ကောင်းမယ်ထင်ပါတယ်။ ပရိုမက်တင်ဖျန်းပြီးရွက်ထွင်းပိုးကျရောက်မှုနည်းသွားပြီလား၊ရှင်းသွားပြီလားဗျ အမြဲစစ်ဆေးနေပါ။ပိုးရှင်းရင်တော့ အားဆေးများကို အလှည့်ကျဖျန်းပေးပါ
awba ပရိုပါ နှင့် မာလာမြိုင် m cocide ရောဖျန်းလို့ရပါလားဗျ။
အမ်ကိုဆိုဒ်မှာပါဝင်တဲ့ Copper hydroxide ကို သီးသန့်ဖျန်းပေးရပါမယ်ဗျ၊ Awba ပရိုပါနှင့်ရောဖျန်းလို့မရပါခင်ဗျ၊ ဆေးအာနိသင်ပျက်ပြယ်ခြင်း၊ အပင်ဆေးလောင်နိုင်ခြင်းဖြစ်နိုင်ပါတယ်။
ဒီးသတင်း အကြောင်သိတဲ ဆရားများခင်ဗျား တကယ်အသုံးဝင်ပုံတွေပြောပြပေးပါ🙏🙏🙏
အထက်ပါ YouTube Link ကို နှိပ်ပြီးလေ့လာနိုင်ပါတယ်
ခုတ်ဖုံးစနစ်နဲ့စိုက်ရင် လယ်မြေကသဲနည်းနည်းဆန်လို့ ကြဲခါနီးအပေါ်ယံမြေလွှာခြောက်သွားရင်ရေတင်ပြီးစိုက်လို့ရလား
ရပါတယ်ဗျ၊ ရေမဝပ်စေရန်အထူးဂရုစိုက်ပါဗျ။မြေလွှာမခြောက်ခင်ကတည်းကအပင်မနာအောင်ရေပေးစေချင်ပါတယ်ဗျ
ကြက်သွန်နီ မျိုးခင်းမှာ shand net ကုန်းပုံစံ နဲ့အမိုးလုပ်ပီး ပျိုးရင် အဆင်ပြေနိုင်ပါ့မလား မိုးများရင် ခါးရိမှာ စိုးလို့ပါ ဆရာ မိုးများမှာကိုကာကွယ်ချင်လို့ပါ အမြင့် ဘယ်နှစ်ပေလောက်ထားရင် အဆင်ပြေ ဆုံးလဲ ဆရာ
ကြက်သွန်နီခါးရိခြင်းကို ကာကွယ်ရန် ရွှေ့ပြောင်းမစိုက်ခင် မျိုးခင်းမှာ အမိုးကာပုံစုံပြုလုပ်ပေးနိုင်ပါသည်။ဘောင်အမြင့် ၆လက်မ မှ ၁၂လက်မအထိ၊ ပင်ကြားတန်းကြား အကွာအဝေး(၃×၄)လက်မထားပေးနိုင်ပါတယ်။
ဒီဆေး ကို ကြက်သွန်နီ မှာသုံးချင်လို့ပါ ဘယ်လိုအကျိုးရှိမလဲ ဆရာဒို့ဦးလေး ဖြေပေးစေချင်ပါတယ် စာညွှန်းမှာ ကြက်သွန်နီတော့ပါပါတယ် ကေဟူးမစ် နဲ့ လိုရာ ဘယ်လို ကွာလဲဆိုတာ ရှင်းပြပေးစေလိုပါတယ် ဆရာ၊
အကြမ်းဖျဉ်း ပြောရရင် ကေဟူးမစ်က K သီးသန့်ပါပါတယ်။လိုရာမှာ organic matter သီးသန့်ပါ။ဆေး၁ပုံး 3cc-6ccဆိုတဲ့အတွက် အပင်ဟိုမုန်းပုံစံဖြစ်နိုင်ပါတယ်။ ကေဟူးမစ်ကတော့၊မြေကြီးကိုတိုက်ရိုက်ပြင်ပြီး အပင်ကို အာဟာရ တိုက်ရိုက်ပေးပါတယ်။
ကေဟူးမစ်နှင့်ကွာခြားချက်ကတော့ ပိုတက်ဆီယမ် ၁၀%အတိအကျပါဝင်သည့်အတွက် အပင်ပိုး/ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ခြင်း။ ၁။မြေကြီးပီအိပ်ချ် နိမ့်သည်ဖြစ်စေ၊မြင့်သည်ဖြစ်စေ ၊အမြစ်က အစာစားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ၂။မြေကြီးထဲမှာရှိတဲ့ မကောင်းတဲ့ ဓါတ်ကြွင်းတွေကို ချေဖျက်ပေးနိုင်ပါတယ်။ ၃။အမြစ်မွှေးလေးတွေ ရှင်သန်ပွားများစေပါတယ်။ ၄။မြေကြီးအတွင်းက ပိုး၊ရောဂါတွေကို အထိုက်အလျောက်ကာကွယ်စေပါတယ်။
ဆရာဆိုင်လာကဘယ်ချိန်သုံးရမလဲဆရာ ကယ်မက်ဟက်ကို တောနစ်တို့ ထပ်ဆင့်ပွားတို့နဲ့ ထူးကောင်း တို့နဲ့ရောဖျန်းဖို့လိုလားဆရာ အားဆေးက ပွင့်သီရှယ်တစ်ကြိမ် ထပ်ဆင့်ပွားတစ်ကြိမ်ပဲဖျန်းရပါသေးတယ်ဆရာ
ဆိုင်လာပိုးသတ်ဆေးကိုလည်း အလှည့်ကျဖျန်းပေးလို့ရပါတယ်ဗျ၊ ကယ်မက်ဟက်ကို အနည်းလိုပါအဟာရဖြင့်တွဲဖျန်းပေးပါဗျ။ရွက်စားယင်မနိုင်သေးရင် အဆီဖိတ်ပိုးသတ်ဆေးဖြင့်တွဲဖျန်းနိုင်ပါတယ်ခင်ဗျာ
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။