စတော်ဘယ်ရီသီးစစိုက်ပါပြီ မနှစ်ကအပင်အာဟာရဆေးကိုဆိုင်ကဝယ်ယူသုံးစွဲခဲ့ပါသည် ယခုနှစ်ဆေးကိုကိုယ်တိုင်လုပ်ပြီးသုံးခြင်ပါသည် ငါးအမိုင်နိုအစရှိသည့်ပြုလုပ်နည်းများအွန်လိုင်းပေါ်အများပြားတွေ့ရပေမဲ့စတော်ဘယ်ရီသီနှင့်သင့်တော်မည့်အားဆေးပြုလုပ်နည်းကိုသာပြုလုပ်ခြင်သဖြင့်ပြုလုပ်နည်းကစလမ်းညွန်စေလိုပါသည်
ဆရာကြီးခင်ဗျ ရုံးပတီရွက်တွေအောက်မှာ အခုလို ဖြုတ်စိမ်းလေးတွေ စတင်ပြီးတွယ်ကပ်လာပါပြီ မနှစ်ကလိုတော့ အရမ်းကြီးမဆိုးသေးဘူး အပင်တိုင်းလဲ မရှိသေးဘူးဆရာ အစီဖိတ်လောက်နဲ့ရမလားဆရာ မရရင်လဲ အခြားဆေးနည်းလေးပေးပါအူးဆရာ
ဖုတ်စိမ်းက အဆီဖိတ်လောက်နဲ့မရတော့ဘူး။ကာတက်ဟိုက်ဒြိုကလိုဂိုဒ်ဖျန်းပါ။
Emamectin Benzoate+ Lambda-cyhalothrin အရော ဖျန်းပါ
ဘာရောဂါလဲမသိဘူးအလင်းပြကြပါအုံး
ပုလဲပက်ကျွေးထားသေးလား၊ ဘာမှမဖျန်းသေးဘဲ ဖြစ်တာဆိုရင်တော့ ဘက်တီးရီးယားဖြစ်ဖို့များပါတယ် ။
ကွမ်းပင်ခြေပုပ်နဲ့ ရွက်ပုပ်ကျလို့ ဆိုင်မှာဆေးသွားဝယ်တာ (Azoxystrobin 15%+Dimethomorph 50%) ၂၀ဂရမ် တစ်ပုံးစာ နဲ့ (Folpet 25% +Fosetyl aluminum 50%) ၅၀ ဂရမ် တစ်ပုံးစာ ပေးလိုက်တယ် ဆေးဖျန်းပုံး တစ်ပုံးထဲမှာ AI ၄မျိုးစလုံးရောဖြန်းခိုင်းတာပေါ့ (၂၀ဂရမ် ၁ထုပ် + ၅၀ဂရမ် ၁ထုပ်) ဖြန်းလိုက်တာ ရောဂါ ဆက်မဖြစ်တော့ပါဘူး ရပ်သွားပါတယ် ဒါပေမယ့် ကွမ်းပင်ရဲ့ အရွက်တေပ အဝါရောင်နဲ့ အစိမ်းရောင် စပ်ကြားတေဖြစ်သွားတယ်ဆရာ အရွက်ကလေးတွေလည်း ပုံစံပျက်သွားပါတယ်ဆရာ (စုပ်စားပိုးတော့ ရှာကြည့်တယ် စုပ်စားပိုးတော့မတွေ့ပါ) ဘာကြောင့်အဲ့လိုဖြစ်သွားတာလည်းဆရာ ဖြန်းလိုက်တဲ့ဆေးကြောင့်လား? အဲ့ဒါဆိုရင် ဘယ်လိုဆေးမျိုးကိုပြန်ဖြန်းရမလဲဆရာ ပုံပါရိုက်ထားပါတယ်
ဆေးလောင်ခြင်းဖြစ်နိုင်ပါတယ်၊ နိုက်ထရိုဂျင်ပါသောအဟာရကျွေးခြင်း ရပ်နားထားပေးပါအမိုင်နိုအက်စစ်ပါ သောအားဆေးဖျန်း ပေးပါ။ ပိုတက်စီယမ်နှင့်ကယ်လ်စီယမ်အား ဆေးဖျန်းပေးပါ။အပင်ခြေဟူးမစ်မြေဩဇာထည့်ပေးပါ။
ဆေးများသွားတာပါ တကယ်ဆိုရင် ရက်ခြားပီးဖျန်းသင့်ပါတယ် အတတ်နိုင်ဆုံး ဆေးကို လိုတာထက်ပိုပြီး မသုံးသင့်ပါဘူး ဘာကြောင့်လည်း ဆိုတော့ ဆေးအပြင်းတေ အသုံးများတဲ့အခါ နောက်ထပ် ဆေးတွေ မတိုးတာတွေ မသိသာတာတာတွေ ရှိတတ်ပါတယ် ပြောချင်တာကတော့ ဆေးတွေကို အလွန်အကျွံ မသုံးဘဲ ထိန်းပြီးပဲ သုံးစေချင်ပါတယ် (N) ပါသော မြေဩဇာကျွေးတာကို ရပ်ထားပါ (K) များတဲ့ အားဆေးကို ပြန်ပြောင်းသုံးပါ
နွား ရောဂါ ဖစ်ေနတာမေးချင်လိုပါဗျ အခုပုံထဲကတိုင်း ထိပ်ယောင်နေပြီး ဆီးမသွားလို့ ပါ ဆေးနည်းလေး ကူညီမပါဗျ
အတွင်းပိုင်း (သိုချောင်း) ကပါ ဖြစ်တာဆိုရင်တော့ ဆေးထိုးကုသဖို့ လိုအပ်ပါလိမ့်မယ်။ အနီးစပ်ဆုံး တိရစ္ဆာန်ဆေးကုဆရာဝန်၊ ကျန်းမာရေးလုပ်ငန်းသားနဲ့ ဆက်သွယ်ပြီး ပဋိဇီဝဆေးထိုး ကုသဖို့ လိုအပ်ပါတယ်။
အပြင်ပိုင်း (Prepuce) ပဲ ဖြစ်တာလား၊ အတွင်းပိုင်း (glans penis) မှာပါ ဖြစ်တာလား သိဖို့ လိုပါတယ်။ အပြင်ပိုင်းကပဲ ဖြစ်တာဆိုရင် (၁) ဖြစ်နိုင်ရင် ရေကျက်အေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ (သန့်ရှင်းရေးမလုပ်ခင် လုပ်ပေးမယ့်သူရဲ့ လက်ကိုလည်း သန့်စင်အောင် ဆေးကြောထားသင့်ပါတယ်။) (၂) ပြီးရင် Oxytetracycline အစရှိတဲ့ ပဋိဇီဝဆေးတစ်မျိုးမျိုး ပါတဲ့ ဖြန်းဆေး ဝယ်လို့ရရင် ဝယ်ပြီး ဖြန်းပေးပါ။ ဆေးဝယ်လို့မရရင်တော့ ပဋိဇီဝသောက်ဆေးတစ်မျိုးမျိုးကို အုန်းဆီနဲ့ ရောပြီး လိမ်းပေးကြည့်ပါ။
ဆရာများ ခင်ဗျ သခွားပွင့်တွေ တိုင်ထောင်ပဲပွင့်တွေ ငှက်တွေလိုက်စိပ်တာ အကုန်ပြောင်တာဘဲခင်ဗျ ဘယ်လိုလုပ်ရမလဲ အကြံညဏ်ပေးပါအုံးဗျ
ခြောက်လှန့်ခြင်းတမျိုးမျိုးပြုလုပ်ပေးပါ၊ ငှက်မလာနိုင်ရန်စကာပိုက်ဗြန့်ဖြင့်ကာပါ။
Super embokashi ပြုလုပ်ပုံနှင့်အကျိုးကျေးဇူးကိုရှင်းပြပေးပါ။
ဖော့စ်ဖောရပ်သီးသန့်ရှိလား
စိုက်/ဆေးဆိုင်တွေမှာရှိနိုင်ပါတယ်၊မေးမြန်းကြည့်ပါ
ဆိတ်မရဲ့မတန်ဆာကသွေးရည်လို့အရည်ထွက်တာဘာဖြစ်လို့လဲဆရာ
ကိုယ်ဝန်ရှိမရှိတော့မသိဘူးဗျဆိတ်ရဲ့မတန်ဆာကတော့ထိခိုက်တာမရှိဘူးဆရာ
ဘယ်အရွယ်မှာ ဖြစ်တာလဲ၊ သွေးက ဘယ်လို ကျတာလဲ သိရဖို့ လိုအပ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ဝန်ဆောင် ဆိတ်မတွေမှာ သွေးကျတယ်ဆိုရင် သားေလျှောတာလား လေ့လာကြည့်ပါ။ အမတန်ဆာ မှာ ဒဏ်ရာရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က မျိုးပွားလမ်းကြောင်းမှာ ရောဂါပိုးဝင်ရောက်ပြီး ရောင်ရမ်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆရာတို့ ပုံလေးကြည့်ပြီး အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ခရမ်းချဉ်ပင် အပင်ကောင်းပြီး အသီးတင် အရမ်းနည်းနေလို့ပါ။ ဘာတွေ လိုအပ်ချက်ရှိလို့လဲ အကြံပေးပါဦး ဆရာတို့။ အသီးများများနဲ့ မြန်မြန် ဖြစ်ထွန်းချင်လို့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်🙏
ဆရာကို ကျေးဇူးတင်ပါတယ် ဆရာတို့အားလုံး ကျန်းမာ၊ ချမ်းသာပါစေ🙏🙏🙏
တလနှစ်ကြိမ်၊သုံးကြိမ်ထက်ပိုမသုံးပါနဲ့ဗျ၊ အုန်းရည်မှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်၊ဆိုက်တိုကိုင်နင်များပါတာကြောင့် အပင်အတွက်အဆင်တော့ပြေနိုင်ပါတယ်ဗျ၊ အုန်းရည်သုတေသနအကြောင်းကအနည်းငယ်ရှိသေးတာကြောင့် ဆိုးကျိုးများလည်းရှိနိုင်တာမို့ အလွန်အကျွံတော့အသုံးမပြုစေချင်ပါဗျ
pretilachlor 30%ecနဲ့fenclorim 10%ec ပါတဲ့ပေါင်းသတ်ဆေးကို စပါးခင်းမှာ သုံးချင်ပါတယ်။စပါးခင်းရဲ့ ဘယ်လိုအခြေအနေမှာ သုံးစွဲလို့ရနိုင်ပါသလဲ။ထိရောက်တဲ့ သုံးစွဲနည်းကို သိပါရစေခင်ဗျာ။
စပါးအစိုကြဲခင်းမှာ အသုံးများပါတယ်ဗျ၊ ပေါင်းပင်မပေါက်ခင်အသုံးပြုရတာပါ၊ ရေပြောင်အောင်ထုတ်ပြီး ဖျန်းပေးရပါတယ်။စပါးကြဲပက်ပြီး 1ရက်မှ၃ရက်အတွင်းသုံးစွဲပေးရပါတယ်။
အရေပေါ်ငွေချေးလိုရလာ
ပြောင်းဖူးစိုက်ပျိုးနည်း
ပြောင်းနဲ့ပတ်သက်၍ သိသမျှလေးဖြေပေးပါလားဗျ
ဒီထက်ပိုသိချင်ရင် Green way search box မှာ ပြောင်းလို့စာရိုက်ရှာဖွေပြီး ဆောင်းပါးများစွာလေ့လာလို့ရပါတယ်
မြေကောင်းမကောင်းဘယ်လိုကြည့်ရင်သိနိုင်လည်းရှင့်တစ်ချို့ကမြေမဲဆိုရင်မြေကောင်းတယ်လို့ပြောကြလို့ပါရှင့်
ပြောင်းစိုက်ပျိုးရန်အတွက် မည်းနက်သော အရောင် (အနက်နှင့် အညိုရင့်ရှိပါကကောင်းသောလက္ခဏာပါ။ မြေဆီလွှာတွင် သဘာဝအာဟာရ (အော်ဂဲနစ်ပစ္စည်း) ကြွယ်ဝပြီး၊ ရေနှင့် အာဟာရထိန်းနိုင်စွမ်းမြင့်မားသည်။ နုန်းမြေက (ချောမွေ့ပြီး ညီညာသောအဆင်း)ပြောင်းစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ ရေနှင့်အာဟာရချိန်ညှိမှုကောင်းမွန်သည်။ ပြောင်းစိုက်ပျိုးရန် အကောင်းဆုံးမြေသည် မြေချဉ်ငန်pH 6.0–7.0အတွင်းရှိပြီး ရေထုတ်ကောင်းသည့် နုန်းမြေ သို့မဟုတ် နုန်းသဲမြေဖြစ်သင့်သည်။
စပါး အပင် ငယ်စဉ်မှ ရိတ်သိမ်းချိန်ထိ မြေဩဇာ စနစ်တကျကြွေးနည်း လေးသိချင်ပါတယ်
ပုံထဲကအသက်ရက်အတိုင်းစံနမူနာထားပြီးကျွေးသင့်ပါတယ်
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။