ကွမ်းပင်မှာယင်ဖြူကျနေတာဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျ
Lambda cyhalotharin+ Thiamethoxam တကြိမ်၊ Imidacloprid,တကြိမ် 10ရက်ခြားဖျန်းပေးပါ
ကွမ်းပင်မှာယင်ဖြူကျနေတာဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျ
Lambda cyhalotharin+ Thiamethoxam တကြိမ်၊ Imidacloprid,တကြိမ် 10ရက်ခြားဖျန်းပေးပါ
စိုက်ပျိုးနည်း
စပါးခင်းထဲ ပိုးကောင်လေးတွေက လိပ်ခုံးကျိုင်း ဆိုတာလား အစိမ်းရောင်လမ်း ခင်ဗျ။
ကျေးဇူးပါဆရာ
ဟုတျပါတယျဗြ
ယင်ဖြူ ပြဿနာ ဘယ်လို ဖြေရှင်းရမလဲ
ယင်ဖြူကျနိုင်တဲ့ ရာသီဥတုအခြေအနေဖြစ်လာရင်၊ စိုက်ချိန်နောက်ကျသူများသတိထားဖို့က Spirotetramat 11 %+ Pyriproxyfen 10 % နဲ့ စဖျန်းပါ။ ကွင်းစစ်ဆေးတာ မရပ်ပါနဲ့။ လိုအပ်ရင် (Fipronil 40 % + Bifenthrin 10 %) (Thiamethoxam 25 % + Chlofenapyr 10 %) ဒီဆေးအတွဲတွေကို ဦးစားပေးရွေးချယ်ပါ။ ဖော်ပြထားတာ အစဉ်လိုက်ပါ။ mode of action အရ ဒါမရလို့ ဒါကိုသုံးလိုက်တယ်ဆိုပြီး ရှေ့နောက် မချိန်း (အဆင်ပြေသလိုသုံးတာ) မလုပ်ရပါဘူး။
သုခစပါး ရက်၈၀သါးပါ အခုပုံထဲ့ကလိုဖြစ်နေလို့ ပိုးလား မှိုလား ဘာဆေးသုံးရမလဲ ပြောပြကြပါအုံးနားလည်တဲ့သူများခင်ဗျ၊
ရောဂါပိုးအမည် ‒ စပါးဂုတ်ကျိုးရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Pyriculariaoryzae ကာကွယ်နှိမ်နှင်းနည်း ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ၊၊နွေစပါးစိုက်ခင်းတွင်ရေအမြဲရှိနေရန် ဆောင်ရွက်ပါ။ဂုတ်ကျိုးရောဂါဖြစ်ထွန်းမှုကို အားပေးသောအပူချိန်ရှိသည့် လကိုရှောင်စိုက်ပါ။ အပင်စိပ်စပ်စိုက်ခြင်းမပြုရန်နှင့် ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးကိုအသုံးပြုပါ။ Homai 80%(ဟိုမှိုင်း ၈၀%)ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ Azoxystrobin(အဇိုစီစတိုဘင်)၊ Isoprothiolane(အိုက်ဆိုပရိုသိုင်အိုလိန်း)၊ Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)၊ Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း)စသော ဆေးများအသုံးပြုနိုင်သည်။
နွားသေးဖြန်းတာနဲ့ပတ်သတ်ပြီးသိချင်လို့ပါ၊ လယ်ကတော့ ပထမတကြိမ် ဓာတုမြေသြဇာကျွေးပြီးသားပါ၊ 1..နွားသေးကို စပါးပင်၄၀ရက်သားပတ်ဝန်းကျင်လောက်မှာ ဖြန်းလို့ရပါသလား၊ 2..ဖြန်းမယ်နွားသေးဟာ လတ်ဆတ်နေမှဖြန်းလို့ရပါသလား၊ ၄ပတ်လောက်စုထားတဲ့နွားသေးဆိုရင်ရောရပါသလား 3..နေပူနေမှဖြန်းရတာလား သို့မဟုတ် မိုးဖွဲဖွဲလေးကြတုန်းဖြန်းရင်ရောရနိုင်လား 4..နွားသေးများကို ဘယ်လောက်ကြာကြာထိ သိမ်းဆည်းပြီးသုံးနိုင်လဲဗျ သိနားလည်သူများsharingလုပ်ပေးပါအုံးဗျ
နွားသေးကို တိုက်ရိုက်မဖျန်းသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အပင်ကို ထိခိုက်စေနိုင်တဲ့ အမိုးနီးယားဓာတ်ငွေ့တွေ ပါဝင်လို့ပါ။ ဒါကြောင့် အနည်းဆုံး ၇ ရက် ကနေ ၁၀ ရက်လောက်အထိ ရေနဲ့ရောစပ်ပြီး အချဉ်ဖောက်ထားဖို့ လိုအပ်ပါတယ်။ အချဉ်ဖောက်ထားခြင်းအားဖြင့် အပင်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ပိုမိုပြည့်စုံလာပြီး အမိုးနီးယားဓာတ်ကို လျှော့ချပေးပါတယ်။ စပါးပင်အသက်နဲ့ ဖျန်းနှုန်း စပါးပင်အသက်အလိုက် နွားသေးဖျန်းနှုန်းကွာခြားနိုင်ပါတယ်။ * ပျိုးပင်ဘဝ (ရက် ၂၀ မှ ၃၀ သား): ဒီအချိန်မှာ အပင်က နုနယ်သေးတဲ့အတွက် နွားသေးကို ရေနဲ့ ပိုမိုရောစပ်ပြီး အချိုးအစား ၁:၁၀ (နွားသေး ၁ ပုံ၊ ရေ ၁၀ ပုံ) လောက် ဖျန်းပေးနိုင်ပါတယ်။ အရွက်တွေပေါ်ကို တိုက်ရိုက်မကျအောင် ဂရုစိုက်ပြီး မြေကြီးထဲ စိမ့်ဝင်အောင် ဖျန်းတာ ပိုကောင်းပါတယ်။ * စပါးပင်ကြီးထွားချိန် (ရက် ၄၀ မှ ၆၀ သား): ဒီအချိန်မှာ အပင်က အာဟာရဓာတ် ပိုမိုလိုအပ်တဲ့အတွက် အချိုးအစား ၁:၅ (နွားသေး ၁ ပုံ၊ ရေ ၅ ပုံ) လောက် နဲ့ ဖျန်းနိုင်ပါတယ်။ * ပန်းပွင့်ခါနီးနဲ့ ပန်းပွင့်ချိန်: ဒီအချိန်မှာတော့ နွားသေးဖျန်းတာကို ရှောင်သင့်ပါတယ်။ အပင်က ထိလွယ်ရှလွယ်တဲ့အချိန်ဖြစ်လို့ ပန်းပွင့်ခြင်းနဲ့ အသီးတင်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။ မနက်ခင်းနဲ့ ညနေချိန်ဖျန်းပါ
Aster hybrid အကြောင်းလေးသိချင်လို့ပါရှင့် သိရင် sharing လုပ်ကြပါအုး
မှိုသင်တန်းတက်လို့ရလား
ဆရာတို့သဘာဝရွက်ဖျန်းအားဆေးကို500mlဘူးထဲကိုထည့်ပြီးခဲပိတ်စက်နဲ့ပိတ်ပြီးနှစ်လလောက်သိုလောင်ချင်တာဘယ်လိုအားဆေးလုပ်ရမလဲဆရာ
Fish Amino Acid (ငါးအမိုင်နိုအက်ဆစ်ရဲ့ အင်္ဂလိပ်လို အတိုကောက်ပါ)
ဆရာFAAကဘာကိုပြောတာလဲဆရာ
Gw11ပါခဗျ မိုးစပါးပါခဗျ မြေဩဇာ ဘယ်နှစ်ကြိမ် ကျွေးသင့်တဲ့အပင်သက်တမ်းလေးနဲ့ ကျွေးရမဲ့ အချိန် သိချင်လျု့ပါဗျ ဒီနှစ်မှ လယ်စလုပ်တာမျု့လို့ပါ ဆရာကြီး ဆရာမကြီးတို့ခင်ဗျာ လောလောဆယ် ရက်20သားလောက်မှာ ရွှေနဂါးပင်တက် တစ်ဧက တစ်အိတ်နှုန်း ပတ်ထားပါတယ်ဗျ ယခု အပင်သက်တမ်းက 35ရက်သားြဖစ်နေလို့ပါဗျ ဓါတ်ဆားဘယ်သက်တမ်းမှာ ထပ်ပတ်ရမလဲ သိချင်လို့ပါဗျ
ဟုက်ကျေးဇူးပါဆရာ
၄၅ရက်သား တကြိမ်ကျွေးပါ။၆၅ရက်သားတကြိမ်ေကျွးပါ
Gw 11 စပါးက ကျဲခင်းဆိုရင် ဘယ်နှစ်ရက်သားကနေ စပွားလဲဗျ ဘယ်နှစ်ရက်သားမှာ ဖုံးလဲ ဘယ်နှစ်ရက်သားမှာ လုံးလဲဗျ ဒီနှစ်မှ လယ်စလုပ်လို့ပါ
ဟုကျ
အသက်ရက်၁၆ရက်-၂၀ရက်နောက်ပိုင်းကစပွားတယ်၊ပျမ်းမျှမှို့ကပ်ချိန်က၅၅-၆၀ရက်ပါ၊၇၅-၈၀ရက်သားမှာဖုံးလုံးပါတယ်
Gw 11စပါးပါဗျ 40/45ရက်သားမှာတစ်ကြိမ် ဓါတ်ဆားပတ်ချင်တာပါဗျ ရွှေနဂါးကထုတ်တဲ့ သံမဏိ ကွန်ပေါင်းဓါတ်ဆားနဲ့ ကောင်းသုခကထုတ်တဲ့ M45 ဓါတ်ဆား အချိုးတူ ရောပတ်လို့ရနိုင်မလားဗျ
စပါးဆစ်ပိုးကျတဲ့ လက္ခဏာလည်းတွေ့ရပါတယ်၊ ပင်လုံးပြန့်ပိုးသတ်ဆေးတမျိုးမျိုးဖျန်းပေးပါ
Nyan Gyi စပါးစိုက်ရင် ကွနပေါင်းကိုမြေခံအနေနဲ့ထည့်ပပါထာန်တားကိုတော့အပင်ရရွှေ့စိုက်ပြီးအပင်ပြနလှန်ချိန်တွင်ဓာတ်ဆားကြွးပါ
ဆရာတို့ယမ်းစိမ်းမြေသြဇာကိုဘယ်မှာဝယ်လို့ရလဲဆရာ
ဟုတ်ကျေးဇူးပါဆရာ
လမ်းကြောင်းတွေပိတ်ထားတယ်။ကန့်သတ်ကုန် စာရင်းထဲပါပါတယ်
မှို မျိုးဘယ်လိုလုပ်သလဲး
ကောက်ရိုးမှိုမျိိုးဘယ်လိုလုပ်လေးသိချင်ပါတယ်ဗျ
ကျနော်ပြောင်းဖူးပင်စိုက်ချင်ပါတယ်၊ပြောင်းပင်နဲ့နံနံပင်ရောပီးစိုက်လို့ရပါသလား၊နံနံပင်ရဲ့အနံ့နဲ့ပိုးမလာနိုင်ဘူးလို့ယူဆမိပါတယ်ဟုတ်ပါသလားခင်ဗျ။
အကွာအဝေး** : ပြောင်းဖူးပင်များကြား နံနံပင်ကို ၁ ပေခွဲမှ ၂ ပေအကွာတွင် စိုက်ပါ။ - **မြေဩဇာ** : နိုက်ထရိုဂျင်ဓာတ်ပိုမိုထည့်ပေးပါ။ - **အချိန်ဇယား** : ပြောင်းဖူးစိုက်ပြီး ၂-၃ ပတ်အကြာတွင် နံနံပင်ကို စိုက်ပါ။ **အနှစ်ချုပ်** : တွဲစိုက်ခြင်းဖြင့် အကျိုးကျေးဇူးများရနိုင်သော်လည်း အာဟာရနှင့် အလင်းရောင်အတွက် ဂရုစိုက်ရန် လိုအပ်ပါသည်။ နံနံပင်အနံ့နဲ့ပိုးမလာနိုင်တာဟုတ်ပါတယ်
စပါးပင်ဖျက်ပိုးများအကြောင်းအပညြ့် အစုံလေးပြောပြနော်
Viber//09978631606ကိုဆက်သွယ်ကြည့်ထားပေးပါ
ဩဂုတ်လ ၁၀ ရက်ဝန်းကျင်မှာ သင်တန်းပေးဖို့ရှိပါတယ်ရှင့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။