အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၁ နှစ် က · ညောင်လေးပင်

တာလပတ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ငါးပြေမ ငါးခူမွေးပုံမွေးနည်းအဆင့်ဆင့်ကို သိချင်လို့ပါဗျ

မွေးမြူနည်း ငါးမွေးမြူနည်း
30,899 လွန်ခဲ့သော ၁ နှစ် က

ရေချိုငါးခူမွေးမြူနည်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်။

You
2,575
လွန်ခဲ့သော ၁ နှစ် က · မဟာအောင်မြေ

ကျရောက်တဲ့ရောဂါအမည်နဲ့ သုံးစွဲရမည့်ဆေးလေးညွှန်ပေးပါအုန်း ျရာဂါတော်တော်ဆိုးနေလို့ပါ

စိုက်ပျိုး ရေ ဂန္ဓမာ ဂန္ဓမာရွက်ပြောက်ရောဂါ
Post image
Post image
Post image
အတည်ပြုပြီး 1,114,887 လွန်ခဲ့သော ၁ နှစ် က

bacterial spotနဲ့တူနေပါတယ်။ကော့ပါးဟိုက်ဒြောက်ဆိုဒ်နဲ့ bismerthiazolဖျန်းပါ

335,316 လွန်ခဲ့သော ၁ နှစ် က

ဂန္ဓမာပင် အစက်အပြောက်ရောဂါပါ။ ၁။ မိုးရာသီအတွင်း အစက်အပြောက်ရောဂါကျရောက်လေ့ရှိသည်. ၂။ မိုးစက်များမှ တစ်ဆင့်ကူးဆက်သဖြင့် အောက်ဆုံးအရွက်မှစတင်၍ ဖြစ်ပေါ်တတ်သည်။ ၃။ ရောဂါပြင်းထန်ပါက အရွက်များညှိုးနွမ်းသွားပြီး အပင်တွင် ကြာရှည်တွဲလဲရှိနေတတ်သည်။ ၄။ ပန်းပွင့်များကိုပါ ကူးစက်၍ အပွင့်များပုပ်စေသည်။ ၅။ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။ ၆။ ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။ ၇။ ရောဂါပြင်းထန်ပါက မန်ကိုဇက်၊ ဒိုင်ဖီနိုကိုနာဇိုးလ်၊ ပရိုပီကိုနာဇိုးလ်၊ သိုင်အိုဖာနိတ်မီသိုင်း၊ ကလိုရိုသာလိုနေး ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။

You
248
လွန်ခဲ့သော ၁ နှစ် က · ဖျာပုံ

မဂ်လာပါ ကွမ်းရွက်မှာအဲလို ဖြစ်နေလို့ရောဂါလားဗျ

Post image
335,316 လွန်ခဲ့သော ၁ နှစ် က

အဝါရောင်မိုစိတ်ဗိုင်းရပ်စ်(Mosaic -Pipper yellow mottled virus ) ရောဂါပါခင်ဗျာ၊ စုပ်စားပိုးများကြောင့် ရောဂါကျရောက်ခြင်းဖြစ်ပါတယ်၊ ရောဂါကျအရွက်များကို စိုက်ခင်းအဝေးယူဆောင်သွားပြီးဖျက်စီးပေးပါ။နောက်အပင်များမကျရောက်အောင် ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပက်ခြင်းဖြင့် ကာကွယ်ပေးပါ။

You
248
လွန်ခဲ့သော ၁ နှစ် က · မတ္တရာ

ဝါ ၊ ဂွမ်း၊ဝါစေ့၊ဝါစေ့ဆီ၊ဝါစေ့ကြိတ်ဖက်စျေးနှုန်းလေးတွေသိရင်ဖြေပေးကြပါအုံး

စိုက်ပျိုးစီးပွား ဝါး ပြည်တွင်းသီးနှံဈေးကွက်
အတည်ပြုပြီး 1,114,887 လွန်ခဲ့သော ၁ နှစ် က

ဝါဈေး၄၇၀၀။ဂွမ်းဈေး၁၀၀၀/ဝါစေ့ဆီ/ကြိတ်ဖတ်တော့မသိသေးဘူး

You
246
လွန်ခဲ့သော ၁ နှစ် က · ပင်းတယ

အစကတပင်၊နှစ်ပင်နဲ့စလိုက်တာခုတော်တော်လေးညိုးကုန်ပီ။အရိုးကိုရေစိမ်ကြည်တော့ အဖြူနစ်ရောင်တွေထွက်နေတပါတယ်။အပင်နုတ်ကြည့်လိုက်တော့ခြေရင်းနားမှာဥဖြူသေးတွေရှိတယ်။တချို့အပင်တေွတော့မတွေ့မိဘူး ဘာဆေးများသုံးသင့်သလဲ အပင်ညိုးတွေကိုဘယ်လိုလုပ်သင့်သလဲ။တခြားအပင်တွေကိုကူးစက်မှာစိုးရိမ်တယ်။ကိုင်းရှင်းဖို့လဲလိုနေပါပီ။အလင်းပြပေးပါ။အစာကလည်းကြွေးဖို့လိုနေပီ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်ပင်ညှိုးရောဂါ
335,316 လွန်ခဲ့သော ၁ နှစ် က

တောင်သူ၏ပြောကြားချက်အရ ဘက်တီးရီးယားပင်ညှိုးနှင့် ဖျူစေရီယမ်ပင်ညှိုး၂မျိုးရောကျနေသလိုပါပဲခင်ဗျ။ စိုက်ဘောင်စိုက်ခင်းရေမဝပ်ပါစေနဲ့။ ဘက်တီးရီးယားပင်ညှိုးအတွက် Bismerthiazol ကိုဖျန်းပေးပါ။ ဖျူစေရီယမ်ပင်ညှိုးအတွက် အပင်ခြေကို Hymexazol, Foestyl -Al, Validamycin တစ်မျိုးမျိုးကိုအပင်ခြေရွှဲအောင်ဖျန်းပက်ပေးသင့်ပြီး Ipodione, Tebuconazole,Thiophanate methyl, Carbendazim, ဆေးတစ်မျိုးမျိုးကို အပင်အပေါ်ပိုင်းဖျန်းပေးပါ။ ရောဂါဆိုးရွားစွာကျရောက်နေသောအပင်‌များရှိရင်တော့ မီးရှို့ဖျက်စီးပါ၊ နောက်နှစ်စိုက်မည်ဆိုလျှင် မျိုးစေ့လူးနယ်ဆေးအသုံးပြုပါ။

You
ဖြေလည်သော အဖြေရရှိပြီး
3,702
လွန်ခဲ့သော ၁ နှစ် က · ညောင်လေးပင်

လယ်ထဲရေဘယ်နှစ်လက်မနဲ့အထက်ဆိုစပါးပင်ပွားနှုန်းကိုထိခိုက်နိုင်လဲဆရာ

စိုက်ပျိုးနည်း စပါး စိုက်ပျိုးဗဟုသုတ
အတည်ပြုပြီး 1,114,887 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေလယ်ဗယ်တညီထဲ ၄လက်မအထက်များနေရင် ပင်ပွားထိခိုက်နိုင်ပါတယ်

You
616
လွန်ခဲ့သော ၁ နှစ် က · မကွေး

ဘာဖြစ်နေတာလဲဗျ အဲ့တာ ရောဂါလား ဘာဆေးပက်ရမလဲခင်ဗျာ။

Post image
Post image
120 လွန်ခဲ့သော ၁ နှစ် က

အနည်းလိုအဟာရဓာတ်တေပါတဲ့အာဆေးဖြန်းပေးပါ

117 လွန်ခဲ့သော ၁ နှစ် က

Messi fanမို့l33မှမဖြေဘူး😂😂😂

You
4
လွန်ခဲ့သော ၁ နှစ် က · လှည်းကူး

တစ်ရှုးငှက်ပျောစိုက်ခင်းပါခင်ဗျာ9/10လသားရှိပါပြီ သားတက်ကိုခွဲစိုက်ထားတာပါ အသီးအခိုင်မလိုက်သေးလို့ပါ တစ်ရှုးမျိုးက သားတက်ခွဲစိုက်ရပါသလား

Post image
119 လွန်ခဲ့သော ၁ နှစ် က

ရပါတယ် ကိုယ်တိုင်စိုက်ဖူးလို့ပါဗျ

335,316 လွန်ခဲ့သော ၁ နှစ် က

ရပါတယ်ခင်ဗျာ၊ ၁၁လသို့မဟုတ် ၁၅လကြာမှအသီးတင်နိုင်ပါတယ်။ ရေ/အဟာရလုံလောက်အောင်ကျွေးပေးပါ။ ပိုး/ရောဂါကင်းအောင်စောင့်ရှောက်ပေးပါ

You
4
လွန်ခဲ့သော ၁ နှစ် က · လှည်းကူး

တစ်ရှုးငှက်ပျောခင်းပါခင်ဗျာ သားတက်ပြန်စိုက်ထားတာ 9/10လရှိပါပြီခင်ဗျာ အသီးမလိုက်သေးလို့ပါ အကြံညဏ်များလိုချင်ပါတယ်ခင်ဗျာ

Post image
အတည်ပြုပြီး 1,114,887 လွန်ခဲ့သော ၁ နှစ် က

တစ်သျှူးငှက်ပျောက၊မြေဩဇာကောင်းကောင်းနဲ့များများကြိုက်ပါတယ်။

အတည်ပြုပြီး 22,955 လွန်ခဲ့သော ၁ နှစ် က

ကျော်စိန်ထွန်းငှက်ပျောကပင်ကြား​ စိတ်တယ် မြေသြဇာညံ့ပုံပေါက်တယ်အပင်ကအရွက်ရေရှိသင့်သလောက်မရှိဘူး၁၆ ပတ်လည်တစ်ပင်ကိုနွာချေးနှင့်နို့ဆီတစ်ဘူးအပင်ချေမှ၃ပေ ခွာကြွေးပါ

You
လွန်ခဲ့သော ၁ နှစ် က · ညောင်ရွှေ

ရှမ်းပြည်မာကျောက်စိမ်းငရုပ်သီး၈လပိုင်းလောက်စိုက်ရင်အဆင်ပြေနိုင်မလား

စိုက်ပျိုး ရေ ငရုတ်သီး ငရုတ်စိုက်ချိန်
အတည်ပြုပြီး 22,955 လွန်ခဲ့သော ၁ နှစ် က

ရေရင်တနှစ်ပတ်လုံးစိုက်နိုင်ပါတယ်ငရုပ်ဇျေးအများးစုံးအချိန်မတိုင်မီ၂ လခန့်ကြိုစိုက်ပါ

335,316 လွန်ခဲ့သော ၁ နှစ် က

ပြေနိုင်ပါတယ်ခင်ဗျ

You
22
လွန်ခဲ့သော ၁ နှစ် က · သုံးခွ

ငရုတ်သီး အပွင့်စပွင့်ပွင့်ချင်းကနေ အသီးဖြစ်သည်အထိ အချိန်ဘယ်လောက်ကြာလဲ သိချင်ပါတယ် တစ်ချို့မျိုးစိတ်တွေက အပွင့်တွေဘဲပွင့်ပြီး အသီးအဖြစ်သို့ မရောက်လာသေးဘူးဖြစ်နေတယ် ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်

စိုက်ပျိုး ဗဟုသုတ ငရုတ်သီး ငရုတ်အပွင့်မတင်ရခြင်းပြဿနာ
Post image
အတည်ပြုပြီး 22,955 လွန်ခဲ့သော ၁ နှစ် က

ငရုပ်ပင်ပန်းပွင့်ပြီးသုံပတ်ဆိုရင့်ပါတယ်

335,316 လွန်ခဲ့သော ၁ နှစ် က

ပေါင်းမြက်မနှိမ်နှင်းနိုင်မှုကြောင့် အဟာရမလုံမလောက်ဖြစ်ပြီး အသီးမသီးနိုင်ဖြစ်နေတာပါခင်ဗျာ၊ ဟော်မုန်းအားဆေးတစ်ကြိမ်၊ N:P:Kအဟာရပါသောအားဆေးတစ်ကြိမ်၊Ca,B,Znအနည်းလိုအဟာရပါသော အားဆေးများတစ်ကြိမ် အလှည့်ကျဖျန်းပက်ပေးသင့်ပါတယ်ခင်ဗျ

You
ဖြေလည်သော အဖြေရရှိပြီး
471
လွန်ခဲ့သော ၁ နှစ် က · ကြံခင်း

ဘာဖြစ်တာလဲမသိလို့ပါဆရာကြီးတို့ ဘေးလက်လေးတေခြောက်နေတယ် တချို့ အပင်တေဆို သေနေတာတေလည်း တွေ့ရပါတယ်

Post image
Post image
Post image
335,316 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စပါးဘက်တီးရီးယားပင်ခြေပုပ်ရောဂါကျရောက်နေတာပါခင်ဗျာ။ ၁။ ပျိုးနှုတ်စဉ် အပင်ကို အနာတရမဖြစ်အောင် ဂရုစိုက်ပါ။ ၂။ ပျိုးခင်းစိုက်ခင်းကို မြေပြုပြင်စဉ်တွင် ပိုတက်ရှ် အပါအဝင် ဓာတ်မြေသြဇာကို အချိုးညီညီထည့်ပါ။ ၃။ ရောဂါကျဖူးသောမြေကို မြေပြင်စဉ်တွင် ကျောက်မှုန့်မြေသြဇာ ကို တစ်ဧကလျှင် (၆) ပိဿာနှုန်းထည့်ပေးပါ။ (သို့မဟုတ်) ထုံး (၁၅-၂ဝ) ပိဿာနှုန်းထည့်ပေးပါ။ ၄။ ရောဂါကျအခင်းကိုဖြတ်၍ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကို ရှောင်ပါ။ ၅။ ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါဆေးများ ပက်ဖျန်း အသုံးပြုပါ။ (က) Kasugamycin (ကာဆူကာမိုက် စင်) (ခ) Copper ကော့ပါးလ်ပါဝင်သော မှို သတ်ဆေးများ တစ်မျိုးမျိုးဖျန်းပက်ပေးပါ ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။ ဓာတ်မြေဩဇာကျွေးတဲ့အခါမှာလည်း ပိုတက်ရှ်အိတ်ဝက်၊ဂျစ်ဆမ်တသ်အိတ်ကျဲပက်ပေးသင့်ပါတယ်။

2,181 လွန်ခဲ့သော ၁ နှစ် က

မြစ်ဖုနီမတုတ် ဆိုရင် တာဘိုစတားမြေပြင်မြေသြဇာဇာကို ၁ဧကကို ၁အိတ်ထည့်ပေးပါဗျ ပျောက်ပါတယ်ဗျ

You
116
လွန်ခဲ့သော ၁ နှစ် က · သံဖြူဇရပ်

mycorrhizal fungi ၀ယ်ယူရရှိနိုင်သည့်နေရာသိချင်ပါသည်,ကိုယ်တိုင်ပြုလုပ်နိုင်သည့်နည်းလမ်းလည်းသိချင်ပါသည်

မြေဆီလွှာ ရော်ဘာ စျေးကွက် အချိတ်အဆက်
အတည်ပြုပြီး 1,114,887 လွန်ခဲ့သော ၁ နှစ် က

Ubuyဝက်ဘ်ဆိုက်မှာ ဝင်ရှာဝယ်ပါ https://www.ubuy.us/?utm_source=website&utm_medium=homepage&utm_campaign=country_navigation_popup

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
လွန်ခဲ့သော ၁ နှစ် က · ပုသိမ်

စပါးနဲ့ပတ်သက်တာမှန်သမျှ

ပိုးမွှားရောဂါ စပါး စပါးရွက်ဖြတ်ပိုး
335,316 လွန်ခဲ့သော ၁ နှစ် က

သိချင်တဲ့အကြောင်းအရာများ တိကျစွာမေးပေးပါဗျ

116 လွန်ခဲ့သော ၁ နှစ် က

ပွင့်ထွေးပိုး

You
118
လွန်ခဲ့သော ၁ နှစ် က · ပျဉ်းမနား

နွား ပုခုံးကျိမ်းနေတာ အမြန်ပျောက်အောင်ဘာလုပ်ရမလဲ😊ပြောပြပါအူးခမျ တရာတို့ အလုပ်ထဲသုံးနေတာမို့ပါခမျ

3,180 လွန်ခဲ့သော ၁ နှစ် က

ယာယီ အနားပေးထားရန် လိုအပ်ပါသည်။ ပွမါးရှမှု ရှိပါက Gentian Violet ဖြန်းဆေး ဖြန်းပေးထားသင့်ပါသည်။ နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားနှင့် ဆက်သွယ်၍ အနာအကျင်သက်သာစေသော Analgesic ဆေးဝါးများ၊ ပေါက်ပြဲရှနာမှု ရှိထားပါက ပဋိဇီဝဆေးဝါးများ ထိုးနှံနိုင်ပါသည်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။