·
85
လွန်ခဲ့သော ၁ နာရီ က
·
ထန်းတပင်
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
ပိုးမွှားရောဂါ
မတ်ပဲ
·
321,788
လွန်ခဲ့သော ၃ မိနစ် က
အရင်ဆုံးထွက်လာတဲ့ ၂ ရွက်က အရွက်စစ်မဟုတ်ပါဘူး။ အစေ့ရွက်လို့ခေါ်ပါတယ်။ အပင်ပေါက်တဲ့အချိန်မှာ အစေ့ထဲကနေ ပါလာတဲ့အရွက်ပါ။ ဒီအစေ့ရွက်ထဲမှာ အပင် အစောပိုင်းကာလ အမြစ်ကောင်းကောင်း မလုပ်နိုင်သေးခင် လိုအပ်တဲ့အဟာရတွေ ဒီထဲမှာ သိုလှောင်ထားတာပါ။ အမြစ်က အစာစုပ်ယူနိုင်ပြီး အရွက်စစ်ကလည်း အစာချက်လုပ်တဲ့ ကာလ (ခန့်မှန်း ၁၄ ရက်) ကျော်လာတာနဲ့ အစေ့ရွက် အလုပ်က ပြီးဆုံးသွားပြီး ကြွေကျပါတယ်ဗျ။
·
85
လွန်ခဲ့သော ၁ နာရီ က
·
ထန်းတပင်
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
အပင်အာဟာရ
စပါး
·
508
လွန်ခဲ့သော ၁ နာရီ က
·
ရပ်စောက်
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
မြေဆီလွှာ
ငရုတ်သီး
·
535
လွန်ခဲ့သော ၁ နာရီ က
·
မအူပင်
ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေးေကာင်တွေတွေ့လို့
ပိုးမွှားရောဂါ
စပါး
+၁
·
183
လွန်ခဲ့သော ၄ နာရီ က
·
ရေတာရှည်
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
ပိုးမွှားရောဂါ
စပါး
·
1,111,719
လွန်ခဲ့သော ၃ နာရီ က
ရွက်ဖျား၊ရွက်နုတွေ ဝါဖျော့တာက၊ ဆာလ်ဖာချို့တဲ့လို့ပါ။Nနဲ့Sနဲ့ အတွဲလိုက် လိုအပ်နေတယ်လို့ယူဆပါတယ်။
·
183
လွန်ခဲ့သော ၃ နာရီ က
·
14
လွန်ခဲ့သော ၆ နာရီ က
·
ဘိုကလေး
စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်တာပါ
ပိုးမွှားရောဂါ
စပါး
·
1,111,719
လွန်ခဲ့သော ၂ နာရီ က
အမြစ်ကိုနုတ်ကြည့်မှသိမှာပါ။
အမြစ်တွေ မဖြူပဲ၊နီသလား၊မဲသလား။
ရွက်ဖုံးတွေ ခြောက်နေလား ကြည့်ပါ။
အပေါ်ယံအမြင်နဲ့ မှန်းပြောလို့မရပါဘူးဗျ။
ပိုးကြောင့်ဆိုရင်တော့၊ဘာပိုးရှိလဲ ဆိုတာ
ပုံရိုက်ရင်းကြည့်ခဲ့ရမှာပါ။
·
56
လွန်ခဲ့သော ၃ နာရီ က
ပိုးသတ်ဆေးနဲ့မိုဆေးပြန်းသင့်တယ်
·
40
လွန်ခဲ့သော ၁၁ နာရီ က
·
အုတ်တွင်း
စပါးရွက်ဖျားတွေခြောက်လာတာ
အကွက်လိုက်သေကုန်တာကို ဘယ်လို
ကာကွယ်ကုသလို့ရမလည်းခင်ဗျာ
ပိုးမွှားရောဂါ
စပါး
·
312,329
လွန်ခဲ့သော ၁၀ နာရီ က
စပါးရွက်များ အကွက်လိုက် ခြောက်ပြီး သေကုန်ခြင်းသည် ဂုတ်ကျိုးမှိုရောဂါ၊ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ၊ ပိုတက်စီယမ် ဓာတ်ချို့တဲ့ခြင်း သို့မဟုတ် ဖြုတ်ပိုး (ဖြုတ်ညို) များ အပင်ခြေတွင် စုပ်စားခြင်း (Hopper burn) ကြောင့် ဖြစ်နိုင်ပါတယ်။ တိကျသော အကြောင်းရင်းနှင့် အထိရောက်ဆုံး ကုသနည်း (မှိုသတ်ဆေး သို့မဟုတ် ပိုးသတ်ဆေးညွှန်း) ကို သိရှိနိုင်ရန် စပါးခင်း၏ အဝေးမြင်ကွင်းပုံ၊ အရွက်နာနေသည့် အနီးကပ်ပုံနှင့် အပင်ခြေပုံတို့ကို သေချာစွာ ရိုက်ကူးပြီး ပို့စ်အသစ်တင်ကာ ထပ်မံမေးမြန်းပေးပါရန် အကြံပြုပါတယ်ခင်ဗျာ
·
8,883
လွန်ခဲ့သော ၁၃ နာရီ က
·
ချောက်
ဆရာခင်ဗျ
အီမာမက်တင် ဘက်ဇိုရိတ် ၁၀%
လန်ဒါဆိုဒ်ဟေသရင် ၁၅%
အဲ့ AI နှစ်မျိုးအပြင်
အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါအူး
ခရမ်းခေါင်းသီးလုံးဖောက်ပိုးနိုင်ချင်လို့ပါဆရာ
အခု AI နှစ်မျိုးက
ဆေးဖျန်းတာ ၃ ကြိမ်ရှိနေပီမို့ပါဆရာ
ပိုးမွှားရောဂါ
ခရမ်းသီး
·
312,329
လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်
တောင်သူဦးကြီး သုံးစွဲထားသော အီမာမက်တင်ဘန်ဇိုအိတ် ၁၀% နှင့် လန်ဒါဆိုင်ဟေလိုသရင် ၁၅% ဆေးနှစ်မျိုးလုံးသည် ပိုးမွှားများ၏ အာရုံကြောစနစ်ကို တိုက်ခိုက်သောဆေးများ ဖြစ်ကြပြီး ခရမ်းသီး အသီးဖောက်/အညွန့်ဖောက်ပိုးကို နှိမ်နင်းရာတွင် ဆေးယဉ်ပါးမှု ဖြစ်နေနိုင်ပါတယ်။ ထို့ကြောင့်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ၎င်းဆေးများနှင့် အာနိသင်အုပ်စုမတူသော ကလိုရန်ထရန်နီလီပရိုး (Chlorantraniliprole) သို့မဟုတ် ဖလူဘင်ဒီယာမိုက် (Flubendiamide)၊ စပီနိုဆတ် (Spinosad 45% SC) ဖီပရိုနေးလ် (Fipronil 5% SC) သို့မဟုတ် ကာဘိုဆာလ်ဖန် (Carbosulfan 20% EC)ကဲ့သို့ ကြွက်သားစနစ်ဖျက်ဆီးသည့် ပင်လုံးပျံ့ဆေးအသစ်များကို ပြောင်းလဲသုံးစွဲလေ့ရှိတယ်။ ပိုးလောက်ကောင်များသည် ခရမ်းသီး၏ အညွန့် သို့မဟုတ် အသီးအတွင်းထဲသို့ ဖောက်ဝင်ခိုအောင်းနေပါက မည်သည့် ပိုးသတ်ဆေးဖျန်းဖျန်း ဆေးမတိုးနိုင်ပါ။ ထို့ကြောင့် ဆေးမဖျန်းမီ ညှိုးနေသော ခရမ်းညွန့်များနှင့် ပိုးပေါက်ပါသော ခရမ်းသီးများကို အရင်ခူးဆွတ်ပြီး ခြံအပြင်ဘက်တွင် မီးရှို့ခြင်း သို့မဟုတ် မြေနက်နက်မြှုပ်ခြင်းကို မပျက်မကွက် ပြုလုပ်ရပါမယ်။
·
8,883
လွန်ခဲ့သော ၁၀ နာရီ က
·
295
လွန်ခဲ့သော ၂၁ နာရီ က
·
ကဝ
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
စိုက်ပျိုးစီးပွား
စပါး
·
295
လွန်ခဲ့သော ၈ နာရီ က
ကျေးဇူအများကြီးတင်ပါတယ်ဗျာ
·
312,329
လွန်ခဲ့သော ၁၄ နာရီ က
လက်တွေ့တွင် ပုလဲကျွေးပါက အပင်ကို ဆဲလ်ရှည်ထွက်စေပြီး အနှံကို အပြင်သို့ အတင်းတွန်းထုတ်ပေးသဖြင့် အနှံထွက်မြန်သည်ဟု ထင်ရသော်လည်း၊ ပိုတက်ရှ်သည် အပင်ကို မရှည်စေဘဲ ပင်စည်ကျစ်လစ်အောင်နှင့် အစာစုဆောင်းအောင် ပြုလုပ်ပေးသဖြင့် အမြင်အားဖြင့် ငြိမ်ပြီး အနှံထွက်နောက်ကျနေသလို ထင်ရတာပါ။ သို့သော် ပုလဲကြောင့် ထွက်လာသောအနှံသည် ပိုးမွှားဒဏ်မခံနိုင်ဘဲ အဖျင်းများတတ်ပြီး၊ ပိုတက်ရှ်ကြောင့် ထွက်လာသောအနှံသည် နှေးသော်လည်း အောင် စေ့စပါး ပိုမိုရရှိစေပါတယ်။ဆင်းသုခစပါး အနှံမြန်မြန်နှင့် ညီညီညာညာ ထွက်လာစေရန်အတွက် လယ်ကွင်းထဲတွင် ရေကို ၂ လက်မခွဲခန့် အမြဲရှိနေအောင် ဂရုစိုက်ပေးရမည်ဖြစ်ပြီး၊ အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းမြေသြဇာကို ပက်ဖျန်းပေးခြင်းက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။စပါးအနှံထွက်ချိန်သည် စပါးမျိုးစိတ်တူညီသော်လည်း စိုက်ပျိုးသည့်နည်းစနစ် (ကောက်စိုက်/အစေ့ချ)၊ ပျိုးသက်အနု/အရင့်၊ မြေဆီလွှာအမျိုးအစားနှင့် ကျွေးလိုက်သည့် မြေသြဇာ (ပုလဲဓာတ်လွန်ကဲမှု သို့မဟုတ် ချို့တဲ့မှု) တို့ပေါ်တွင် တိုက်ရိုက်မူတည်နေပါတယ်။ မိမိလယ်ကွက်က ၂ ရက်စောသော်လည်း အနှံမထွက်ဘဲ လယ်နီးနားချင်းလယ်က အရင်ထွက်သွားရခြင်းမှာ ၎င်းတို့လယ်ကွက်က ပျိုးသက် ပိုရင့်ခြင်း၊ အစေ့ချစနစ်ဖြစ်ခြင်း၊ သို့မဟုတ် မြေအမျိုးအစား ပိုမိုပူနွေးပြီး နိုက်ထရိုဂျင်ဓာတ် မျှတစွာရရှိခြင်းတို့ကြောင့် ဇီဝကမ္မဗေဒအရ ရက်သက်တမ်း ပိုမိုစောသွားရခြင်းဖြစ်ပါတတယ်။လက်ရှိစပါးခင်းရဲ့အသက်ရက်ပြောထားပေးပါဦး၊မိမိကများအနည်းငယ်လောနေတာလည်းဖြစ်နိုင်လို့ပါ။
·
71
လွန်ခဲ့သော ၂၂ နာရီ က
·
စလင်း
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ပိုးမွှားရောဂါ
ငရုတ်သီး
·
312,329
လွန်ခဲ့သော ၁၅ နာရီ က
ငရုတ်ခင်းမှာ ကျရောက်တတ်တဲ့ လှေးပိုး၊ ပျပိုးနဲ့ ယင်ဖြူလို စုပ်စားပိုးတွေဟာ ဗိုင်းရပ်စ်ရောဂါတွေကို သယ်ဆောင်လာတတ်လို့ အမြန်ဆုံး နှိမ်နင်းဖို့ လိုပါတယ်။ ပိုးမွှားတွေ ဆေးယဉ်ပါးမှု မဖြစ်စေဖို့အတွက် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့အပင်ထဲထိ စိမ့်ဝင်တဲ့ ပင်လုံးပြန့်ဆေးနဲ့ ထိသေဆေးကို တွဲဖက်ပြီး ဆေးအမျိုးအစား အလှည့်ကျ ပြောင်းလဲပက်ဖျန်းသုံးစွဲလေ့ရှိတယ်။ ဓာတုဆေးများအနေနဲ့ အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် ဖစ်ပရိုနေး (Fipronil) တို့ကို သုံးစွဲလေ့ရှိပြီး၊ သဘာဝနည်းလမ်းအနေနဲ့ တမာဆီကို ရေ၊ ဆပ်ပြာရည်တို့နဲ့ ရောစပ်ဖျန်းပေးလေ့ရှိတယ်။ စုပ်စားပိုးတွေဟာ ညဘက်မှာ ပိုမိုလှုပ်ရှားတာကြောင့် ဆေးကို ညနေခင်းအချိန်မှာ ဖျန်းပေးခြင်းကို အထိရောက်ဆုံး သုံးစွဲလေ့ရှိတယ်။
·
71
လွန်ခဲ့သော ၂၃ နာရီ က
·
စလင်း
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
စိုက်ပျိုး ဗဟုသုတ
ကြက်သွန်နီ
·
312,329
လွန်ခဲ့သော ၁၅ နာရီ က
၃ လက်မ ရေတွင်းမှာ ၃ လက်မပိုက်ကို တိုက်ရိုက်ထည့်ပြီး ရေစုပ်ယူဖို့ ကြိုးစားခြင်းက နည်းပညာအရ မသင့်တော်ပါဘူး။ တွင်းနံရံနဲ့ ပိုက်ကြားမှာ နေရာလွတ် မရှိသလောက် ကျဉ်းမြောင်းသွားတဲ့အတွက် ပွတ်တိုက်မှုအား လွန်ကဲပြီး ရေထွက်အား နည်းသွားနိုင်သလို၊ ပန့်ထဲ လေခိုပြီး စက်ဝန်ပိပျက်စီးလွယ်ပါတယ်။ ရေထွက်နှုန်း အကောင်းဆုံးဖြစ်စေဖို့ "၁ ဆိုဒ်လျှော့နည်းလမ်း" ကို သုံးသင့်ပြီး၊ ၃ လက်မတွင်းထဲကို ၂ လက်မခွဲ ဒါမှမဟုတ် ၂ လက်မ ရေစုပ်ပိုက်ကိုသာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။ ရေမော်တာအပေါ်ရောက်မှ စိုက်ခင်းထဲသွင်းဖို့ ၃ လက်မပိုက် ပြောင်းလဲအသုံးပြုတာက ပိုမိုအဆင်ပြေပါတယ်။
·
12
လွန်ခဲ့သော ၁ ရက် က
·
မုံရွာ
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
စိုက်ပျိုး ရေ
ကျောက်ဖရုံသီး
·
312,329
လွန်ခဲ့သော ၂၃ နာရီ က
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၏ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ လတ်တလော ဈေးကွက်ပေါက်ဈေးအရ ကျောက်ဖရုံသီး တစ်လုံးလျှင် ၅,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ဝန်းကျင် ရှိနေပါသည်။ မုံရွာမြို့ပေါ်ရှိ ဈေးကွက်အတွင်း သာမန်အလတ်စားအလုံးများမှာ ၅,၀၀၀ ကျပ်ခန့်ရှိပြီး၊ အရည်အသွေးကောင်းမွန်သော အလုံးကြီး/ရှယ်အမျိုးအစားများမှာ ၈,၀၀၀ ကျပ်အထိ အရောင်းအဝယ် ဖြစ်နေပါတယ်။ ရာသီဥတုနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေများကြောင့် ဒေသတွင်း လက်လီ/လက်ကားဈေး အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။
·
8,883
လွန်ခဲ့သော ၁ ရက် က
·
ချောက်
ပထမဦးစွာ
ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း..
ဖြစ်ပုံကဒီလိုပါဆရာတို့
မိုးရာသီစတော့မယ်
ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ
ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး
ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့်
မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့
မေးလိုက်တော့ ဆရာနှစ်ဦးလုံးက
909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ်
မနှစ်က ပံ 111 စိုက်ခဲ့တာကို
အထွက်လဲကောင်းခဲ့ပါတယ်
ဒါမဲ့ ဒီမှာမေးလိုက်တော့
909 ကိုစိုက်ဖို့အြကံပေးပါတယ်
ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့
ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ
ဘာလို့ 909 ကိုညွှန်ရလဲပေါ့
အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့
ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ
ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့
အကြံပေးပါတယ် ကဲ ထားတော့ပေါ့
မေးပီးမှတော့မထူးတော့ဘူးပေါ့😄
909 ပဲမှာပီးပျိုးလိုက်တယ်
အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ
ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး
ဒီနှစ်မျိုးပြောင်းထားတယ်လို့
သူတို့ကလဲ ပြောတာပေါ့
" မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး "
အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ
ဘာညာပြောတာပေါ့
ကျွန်တော်လဲ ဘာမှမပြောပဲ
ငြိမ်ခံရတာပေါ့
ဒါမဲ့အခုသိလိုက်ရပါပြီ
သီးလိုက်တာကလဲအဆုတ်လိုက်
အလုံးကလဲ ကြီးသေးတယ်ဗျာ
လှလိုက်တာသီးထားတာ
ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့
ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ
အိမ်ကအေဒါ်တွေအမေကလဲ
ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့
အသီးကလဲအတော်သီးတယ်
ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို.
အသီးက ကျမသွားပဲ သီးလိုက်တာဗျာ
ပိုး / မှိုမျကအောင်လဲ ဆက်လက်
စောင့်ကြည့်နေပါမယ်ခင်ဗျ
ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ
ဆရာတို့အပေါ်မှာ သံသယတွေ
ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့
ပြောကြားပါရစေခင်ဗျ.....
909 ခရမ်းချဥ်
စိုက်ပျိုးနည်း
ခရမ်းချဉ်
·
295
လွန်ခဲ့သော ၂၁ နာရီ က
·
312,329
လွန်ခဲ့သော ၂၃ နာရီ က
အထွက်နှုန်းများစွာရရှိပြီး အမြတ်များစွာ ရရှိပါစေဗျာ၊
·
742
လွန်ခဲ့သော ၁ ရက် က
·
တွံတေး
သခွါးပင် အရွက်တွေတွန့်ကုန်တယ်
အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ
ဘာကြောင့်လဲခင်ဗျကူညီပါဦး
ပိုးမွှားရောဂါ
သခွား
·
425
လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
စုပ်စားပိုးကြောင့်ပါ
နောက်ဆက်တွဲ ဗိုင်းရပ်ရောဂါပါဖြစ်သွားတာပါ
·
742
လွန်ခဲ့သော ၁ နာရီ က
·
32
လွန်ခဲ့သော ၁ ရက် က
ကွမ်းရွက်ကဘာလို့အဲ့လိုဖြင့်တာလဲဘယ်လိုပြန်လုပ်ကောင်းလာနိုင်မလဲအကြံပေးပါအုံး
ပိုးမွှားရောဂါ
ကွမ်း
·
312,329
လွန်ခဲ့သော ၂၃ နာရီ က
ပုံပါ ကွမ်းရွက်များတွင် အရွက်ကြောများ စိမ်းနေပြီး အကြောကြားများ ဝါဖျော့နေသည့် လက္ခဏာကို တွေ့ရပါတယ်။ ဤလက္ခဏာသည် ပိုးမွှားထက် မဂ္ဂနီဆီယမ် (Magnesium) ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် သံဓာတ်၊ နိုက်ထရိုဂျင်ဓာတ် မမျှတခြင်း ကြောင့် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် မြေကြီးထဲတွင် ရေဝပ်၍ အမြစ်များ အာဟာရမစုတ်ယူနိုင်ခြင်း သို့မဟုတ် ဗိုင်းရပ်စ်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြေရှင်းရန်အတွက်အနည်းလိုအာဟာရပါသော ရွက်ဖျန်းအားဆေး ဖျန်းခြင်းနှင့် စိုက်ခင်းအတွင်း ရေထုတ်မြောင်းများ ပြုပြင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါမယ်။
·
218,459
လွန်ခဲ့သော ၁ ရက် က
ကွမ်းရွက်အရင့်တွေမှဖြစ်နေတာကြောင့် manganese ချိုတဲလို့ဖြစ်တယ်အရွက်နုတွေမှာဖြစ်ရင်သံဓာတ် သို့မဟုတ်magnesium ကြောင့်ဖြစ်နိုင်တယ် မြေ အချဥ် အချင်အငံကိုစစ်ဆေးပါpH 6 ကျော် နေမယ်ထင်တယ်