ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
ရွှေဘိုပေါ်ဆန်းရက်60သသား ပါပိုတတ်ဘယ်လောက်နှုန်းလောက်စကြဲရမလဲ
4လပဲခင်းတွေအ့လိုဖြစ်နေလို့ပါဗျ
မိုးများပြီး၊သဲဆန်မြေတွေမှာ ဖြစ်တတ်ပါတယ်။အာဟာရချို့တဲ့လို့ပါ။ ဂျစ်ဆန်+ကေဟူမစ်ကို အပင်ခြေကျွေးပြီး၊အနည်းလိုအာဟာရ အားဆေးတွေ ဖျန်းပါ။
ကျွန်တော့မှာတော့ ဇီးချို ခင်း စိုက်ထားပါတယ် အပွင့် လှိုင်လှိုင် ပွင့်ပါတယ် အသီး မကပ်ဖြစ်နေပါသဖြင့် ဘာဆေးသုံးပေးရမလဲဗျ ခုလက်ရှိ စူပါသီးဖြန်းပေးထားတယ် ဘာဆေးဖြန်းပေးရန် လိုအပ်ပါသလဲ
ဟုတ်ကဲ့ မိုးတော့ မိနေတယ် ကယ်လ်စီယံ ၊ ဘိုရွန် ဆေးထုပ်ပုံပြပေးလို့ရလား မသိလို့ပါဗျ
ပန်းပွင့်ချိန်၊ မိုးမိ လို့ဖြစ်ပါလိမ့်မယ်။ ကယ်လ်စီယံ၊ဘိုရွန် အားဆေးဖျန်းပေးပါ။
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ
လှေးကြောင့် အပွင့်ကြွေ၊အသီးမတင်၊အညွန့်မထွက်နိုင်ဖြစ်တတ်ပါတယ်။ fipronil, chlofenapyr,spinosadတမျိုးမျိုးကို စွဲကပ်ဆေး ထည့်ဖျန်းပါ။
ဟုတ်ဆရာကျေးဇူးပါဆရာ
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
မိတ်ဆွေ၊သဘောပေါက်မှုလွဲနေလို့ပါ။ဆော်ဒါမှုန့်မှာ အပင်အာဟာရမပါပါဘူး။ ဖားဥမှိုကာကွယ်ဖို့အသုံးပြုကြတာပါ။ အညွန့်သန်ဖို့ဆိုရင် မြေဆီလွှာ အာဟာရ ကျွေးရပါမယ်။သဘာဝမြေဆွေးမှုန့်၊သဲနုန်းမှုန့်စသဖြင့်ကျွေးပါ။အီးအမ်၊အမိုင်နို ကို ဖျန်းလည်းဖျန်း၊အပင်ခြေလည်းပက်နိုင်ပါတယ်။
ကွမ်းအညွန့်ထွက်အောင်နိုထရိုဂျင် မဲနဲ့ပိုတက်များတဲ့ကွန်ပေါင်းရွက်ဖြန်းပေးပါသဘာဝမြေသြဇာနှစ်ပါတ်တစ်ကြိမ်top dressing လုပ်ပါ
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
@U Than Toe Aung အစိမ်းရောင်လမ်းမှာ ခွင့်ပြုချက်မရဘဲ စာအုပ်တွေကို မတင်ပါဘူးဗျ။ ဆရာကြီး ဦးသိန်းစုကို ဆက်သွယ်ပြီး ဝယ်ယူပါ သို့မဟုတ် ဈေးရောင်းတဲ့ ဏဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးဆိုင်မှာ အရောင်တင်ထားလား ကြည့်ပြီး မှာယူပေးပါဗျ။
မတွေ့ဖူးဆရာ
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
ညပိုင်း၂နာရီလောက်လက်နဲ့လိုက်ဖမ်းတာအဲလောက်ရတယ်ဗျဘာဆေးတွေနိင်လဲပြောခဲ့ကြပါအုံး
ရှေ့မှာ ဘယ်aiတွေဖျန်းပြီးပြီလဲဗျ။ emamectin benzoate 40%+chlofenapyr ဖျန်းပါ။ အကယ်၍ ဒီaiထပ်နေပါက chlorantraniliprol သို့မဟုတ် Btကိုဖျန်းပါ။
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
အရွက်လိပ်တာက၊အပူဒဏ်မခံနိုင်လို့ပါ။ မြေဆွပြီး၊ဂျစ်ဆန်မှုန့်ဖြူးေပးပါ။ အပင်ပေါ်ကို အမိုင်နို၊ေကဟူးမစ်၊ဖူးလ်ဗစ် အားဆေး+အဆီတာမီပရစ် ဖျန်းပေးပါ။
ဆစ်ပိုး ဘာဆေးဖြန်းရလဲ စပါး
ကလိုရမ်ထရာနိလီပရိုး သို့မဟုတ် ဖလူဘန်ဒိုင်ယာမိုက် ဖျန်းပါ။
ဆရာတစ်ချက်ကြည့်ပေးပါအူး ဒိုင်ဇီရလားဆရာ အတာလေးပေးလိုက်လိူ့
သီးလုံးဖောက်ပိုးဝင်ရာမှတဆင့်၊မိုးရေဝင်ပြီး အသီးပုပ်တယ်လို့ယူဆပါတယ်။ မှိုဆေးထက်၊သီးလုံးဖောက်ကို ကာကွယ်သင့်ပါတယ်။
ဟုတ်ဆရာကျေးဇူးပါဗျ
မဂ်လာပါပန်းအညွန့်တွေက ပုံစံပျက်နေတယ်အထဲမှာပိုးလာခဗျာ ဖြေကြားပေပါဉီး။
ဘိုဖွူ
ပုံပါ ဂန္ဓမာပန်းနုဖတ်များ တွန့်လိပ်ပြီး ပုံသဏ္ဌာန်ပျက်နေခြင်းမှာ ဗိုင်းရပ်စ်ရောဂါ (Virus disease) သို့မဟုတ် စုပ်စားပိုးများဖြစ်သည့် လှေးပိုး (Thrips)၊ ပျပိုး (Aphids) သို့မဟုတ် မွှားပင့်ကူ (Mites) တို့ စုပ်စားဖျက်ဆီးမှုကြောင့် ဖြစ်နိုင်ခြေ အလွန်များပါတယ်။အထူးသဖြင့် စုပ်စားပိုးများသည် ဂန္ဓမာပင်၏ အညွန့်နုနှင့် အရွက်နုများမှ အရည်ကို စုပ်ယူစားသောက်သောအခါ အရွက်များ ပုံပျက်တွန့်လိပ်ခြင်း၊ တိုးတက်မှုရပ်တန့်ခြင်းနှင့် နောက်ဆက်တွဲ ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်ကူးစက်စေခြင်း တို့ကို ဖြစ်ပေါ်စေတတ်တာပါ။အရွက်နုများ၏ အောက်ဘက်တွင် အလွန်သေးငယ်သော ပိုးကောင်အမည်းစက်/အဝါစက်လေးများ (လှေးပိုး သို့မဟုတ် ပျပိုး) ငြိမ်နေသည်ကို တွေ့ရတတ်ပါတယ်။ ဖြေရှင်းရန်အတွက် ပုံပျက်နေသော အညွန့်/အရွက်များကို ဆိတ်ဖျက်ကာ စိုက်ခင်းနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်အောင် အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် အာဗာမက်တင် (Abamectin) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းပါအတိုင်း စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိတယ်။
မူန်ညှင်းအပင်ပုတ်နေတာဘာဆေးသုံးရမလဲဗျ
ဘက်တီးရီးယား ပင်ခြေပုပ်ရောဂါဝင်ပုံရပါတယ်။ အပင်ခြေကပ်ပြီး မြေဆီမကျွေးပါနဲ့။ Bismerthiazol ၆၀ဂရမ်/ဆေးတပုံးဖျန်းပါ။
မုန်ညင်းပင်ငယ်စဉ် အပင်ပုပ်ရခြင်းမှာ မြေဆောင်မှိုများကြောင့် ဖြစ်ပွားသော ခါးရိရောဂါ၊ ပင်ခြေပုပ်ရောဂါများအပြင် Xanthomonas ဘက်တီးရီးယားကြောင့် ဖြစ်တတ်သည့် ဘက်တီးရီးယား အနက်ပုပ်ရောဂါ (Black Rot) တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားရောဂါ ဖြစ်ပါက အရွက်များတွင် "V" ပုံသဏ္ဌာန် အဝါကွက်များဖြစ်ပြီး အကြောများ မည်းကာ ပုပ်သွားတတ်ပါတယ်။ ရောဂါကာကွယ်နှိမ်နင်းရန်အတွက် မှိုရောဂါဖြစ်ပါက Metalaxyl (မီတာလပ်ဆီ), Carbendazim,Thiophanate methyl ကဲ့သို့ မှိုသတ်ဆေးများကို သုံးစွဲရမည်ဖြစ်ပြီး၊ ဘက်တီးရီးယားရောဂါဖြစ်ပါက Copper Oxychloride (ကော့ပါး) ကဲ့သို့ ကြေးနီဓာတ်ပါသော ဆေး ကဲ့သို့ ဘက်တီးရီးယားသတ်ဆေးများကို အပင်ခြေနှင့် မြေကြီးထဲ စိမ့်ဝင်အောင် ပက်ဖျန်းပေးရပါမယ်။ ရေရှည်အတွက် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ကောင်းမွန်စေခြင်း၊ ရောဂါရအပင်များကို နှုတ်ယူမီးရှို့ခြင်းနှင့် မြေပြင်စဉ်တွင် ထရိုင်ကိုဒါးမားမှို ထည့်သွင်းခြင်းတို့ကို ပူးတွဲလုပ်ဆောင်ရပါမယ်။ရောဂါကျအစိတ်အပိုင်းက ပုံမှာရှင်းလင်းစွာမမြင်ရလို့ မိမိကိုယ်တိုင်သေချာစစ်ဆေးကြည့်ပါဦးခင်ဗျာ
ဆရာ သီးလုံးဖောက်ပိုးအတွက် ဒီကောင်လေးပေးလိုက်လို့ဆျာ အဆင်ပြေပါ့မလားဆရာ ဝိစာရက ဘီတာစီပါဆရာ
ခရမ်းသီးလုံးဖောက်ပိုးနှင့် ခရမ်းခေါင်ညွှန့်ထိုးပိုး ကာကွယ်နှိမ်နင်းရန်အတွက် ဝိစာရကုမ္ပဏီထုတ် "ဘီတာစီ" (Beta-Cypermethrin 100 g/L) ဆေးကို အသုံးပြုနိုင်ပါတယ်။ ဤဆေးသည် ထိသေ/စားသေ အာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်ပြီး ဆေးဗူးပါအညွှန်းအတိုင်း ပိုးကျရောက်မှုအခြေအနေအလိုက် ဖျန်းရပါမယ်။ ပိုးကောင်ငယ်စဉ် ဥမှပေါက်စအချိန်တွင် ဖျန်းပါက အထိရောက်ဆုံးဖြစ်ပြီး၊ ပိုမိုထိရောက်စေရန် ပိုးထိုးထားသော အညွှန့်နှင့် အသီးများကို ဆွတ်ခူးဖျက်ဆီးပစ်ရန် လိုအပ်သည့်အပြင် ဆေးဖျန်းပြီးနောက် အနည်းဆုံး ၁၄ ရက်မှ ၂၁ ရက်ကြာမှသာ ဆွတ်ခူးစားသုံးသင့်ပါတယ်။
ဆစ်ပိုး ဘာဆေးဖြန်းရင်အကောင်းဆုံးလဲ စပါးအတွက်
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
သဲဆန်သောမြေတွင် သဘာဝမြေဩဇာ မထည့်နိုင်သည့် အခြေအနေမျိုး၌ မတ်ပဲစိုက်ပျိုးရန်အတွက် "ခုတ်ဖုံးစနစ်" က ထယ်ရေးစနစ်ထက် အစိုဓာတ်ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ ခုတ်ဖုံးစနစ်သည် မြေမျက်နှာပြင်ပေါ်တွင် ကောက်ရိုးနှင့် အပင်အကြွင်းအကျန်များဖြင့် သဘာဝအတိုင်း ဖုံးအုပ်ပေးထားသဖြင့် နေရောင်ခြည်ကြောင့် ရေငွေ့ပျံခြင်းကို ထိရောက်စွာ တားဆီးပေးပါတယ်။ ထယ်ရေးစနစ်မှာမူ အောက်ခြေအစိုဓာတ်ကို ပွင့်ထွက်စေပြီး သဲမြေ၏ ရေထိန်းအားကို ပိုမိုခန်းခြောက်လွယ်စေသည့်အပြင်၊ ခုတ်ဖုံးစနစ်သည် ဆွေးမြည့်လာသော ကောက်ရိုးများမှတစ်ဆင့် မြေဆီလွှာအာဟာရကိုပါ ဖြည့်ဆည်းပေးနိုင်သောကြောင့် ပိုမိုသင့်တော်သော စနစ်ဖြစ်ပါတယ်
သဘာဝမြေဆွေးမထည့်ပေးနိုင်မှတော့ ခုတ်ဖုံးစနစ်က ပိုကောငိးပါလိမ့်မယ်
မေးခွန်း
မာလာကာပင်ကြီးထွာအောင်ဘယ်လို့လုပ်ရမလဲ
အပင်ပြုစုနည်း မာလကာပင် စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။ အပင် အမြင့် ၄ပေခန့်အထိ မားမားမတ်မတ် တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များ နှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါမည်။ အပင် လေဝင်လေထွက် ကောင်းရန် အပင် အတွင်းသို့ ထိုးဝင်နေသော ကိုင်းများကို ဖြတ်တောက် ပေးရပါမည်။ သို့မှသာ မာလကာပင် အသီးကိုင်းများ ပို၍ များပြားကာ အသီးဝေဆာပြီး ပိုမို အသီးသီးနိုင်ပါသည်။ အသီး အရည်အသွေး မြင့်ရန် နှင့် အသီး အတွင်း သီးထိုးယင် ကျရောက်မှု မရှိစေရန် အသီးအား အိတ်စွပ်ပေးခြင်းလည်း ပြုလုပ်သင့် ပါသည်။ မြေဩဇာကျွေးနည်း မာလကာတစ်ပင်လျှင် မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စသဖြင့် (၂)ကြိမ်ခွဲ၍ မြေဩ ဇာကျွေးသင့်ပါသည်။ မြေဩဇာပမာဏ (NPK Compound) ဓာတ်မြေဩဇာ တစ်နှစ်လျှင် (၁.၅-၆ ပိဿာ)ကို ကျွေးသင့် ပါသည်။ ထိုသို့ ဓါတ်မြေဩဇာ ကျွေးတိုင်း နွားချေး မြေဆွေး သဘာဝ မြေဩဇာကို တစ်ပင်လျှင် (၂-၅)တောင်း ကျွေးသင့်ပါသည်။ #Credit
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။