အစိမ်းရောင်လမ်း
73
လွန်ခဲ့သော ၄ နာရီ က · မအူပင်

ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ

ပိုးမွှားရောဂါ စပါး
Post image
Post image
You
94
လွန်ခဲ့သော ၅ နာရီ က · ဆော

ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ

ပိုးမွှားရောဂါ စပါး
Post image
အတည်ပြုပြီး 1,104,889 လွန်ခဲ့သော ၄ နာရီ က

တမာရွက်မှာ ပိုးကာကွယ်နိုင်သော Azadirachtin 1%ပါဝင်ပါတယ်။ ဆေးခါးရွက်မှာ ခါးတဲ့အတွက် တမာရွက်လောက် ပိုးကာကွယ်နိုင်စွမ်းမရှိသော်လည်း၊အတိုင်းအတာတခု အထိတော့ အာနိသင်ပေးစွမ်းနိုင်ပါလိမ့်မယ်။

You
ဖြေလည်သော အဖြေရရှိပြီး
7,600
လွန်ခဲ့သော ၁၀ နာရီ က · ချောက်

ဆရာ Lora 909 ခရမ်းချဥ်မျိုးက အလုံးသေးတယ်လားဆရာ ကျွန်တော့်အခင်းအလုံးသေးနေလို့ဗျ 15 ပတ်လည်တစ်ခါကျွေးထားတယ်ဗျ. အခုမိုးရွာရင် ထပ်ကျွေးမှာပါဆရာ အလုံးကြီးအောင်ဘယ်လိုတွေလုပ်ရမလဲဆရာ

စိုက်ပျိုးစီးပွား ခရမ်းချဉ်
274,536 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

Lora 909 ခရမ်းချဉ်မျိုးသည် ပင်ကိုကတည်းက အသီးတင်နှုန်း ကောင်းမွန်ပြီး ဈေးကွက်ကြိုက် အသီးအရွယ်အစား ရရှိနိုင်သောမျိုး ဖြစ်သော်လည်း တစ်ပြိုင်နက် အသီးများစွာ ဝေဝေဆာဆာ သီးလေ့ရှိသဖြင့် အပင်အဟာရ မမျှတပါက အသီးသေးသွားတတ်ပါတယ်။ တောင်သူကြီးအနေဖြင့် ၁၅ ရက်တစ်ကြိမ် မြေဩဇာ ကျွေးနေသည်မှာ မှန်ကန်သော်လည်း အသီးကြီးထွားစေရန်အတွက် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ် မျှတစွာပါဝင်သော NPK ကွန်ပေါင်းမြေဩဇာ နှင့်အတူ အသီးအရွယ်အစားနှင့် အရည်အသွေးကို မြှင့်တင်ပေးသည့် ပိုတက်စီယမ် (Potassium/Muriate of Potash) သီးသန့် မြေဩဇာ ကိုပါ တိုးမြှင့်ကျွေးနိုင်ရင်ပိုကောင်းမယ်။ကုန်ကျစရိတ်များမှာစိုးရိမ်ပါက ၁၅ပတ်လည်တမျိုးတည်းကျွေးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ ထို့ပြင် မိုးရွာသွန်းပါက အဟာရဓာတ်များ မြေကြီးထဲ မျောပါသွားနိုင်သဖြင့် မိုးစဲချိန်တွင် ကွန်ပေါင်းမြေဩဇာကို အနည်းငယ်စီ ထပ်မံဖြည့်တင်းပေးသင့်ပြီး၊ အပွင့်အသီး အရည်အသွေး ကောင်းမွန်စေရန် ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) နှင့် အသီးကြီး အားဆေးများကို ရွက်ဖျန်းဆေးအဖြစ် အပတ်စဉ် ပက်ဖျန်းပေးခြင်းဖြင့် အသီးများကို သိသိသာသာ ကြီးထွားလာစေပါလိမ့်မယ်။

7,600 လွန်ခဲ့သော ၈ နာရီ က

ဟုတ်ဆရာကျေးဇူးပါခင်ဗျ

You
11
လွန်ခဲ့သော ၁၁ နာရီ က · ပြင်ဦးလွင်

ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်

စိုက်ပျိုးနည်း ဘိုစားပဲ
Post image
Post image
Post image
Post image
274,536 လွန်ခဲ့သော ၁၀ နာရီ က

ဘိုစားပဲပင် တိုင်မတက်မီ အပွင့်စောပွင့်ပြီး အပင်မကြီးထွားရခြင်းသည် အဓိကအားဖြင့် မျိုးစေ့အမျိုးအစား ကွဲပြားခြင်း (တိုင်ထောင်စရာမလိုသော ပင်ထောင်မျိုး ဖြစ်နေခြင်း) ကြောင့်သော်လည်းကောင်း၊ အပင်ငယ်စဉ် ရေပြတ်လတ်မှုနှင့် ရာသီဥတုပူပြင်းမှုကြောင့် အပင်ဖိစီးမှု (Stress) ဖြစ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ အပင်ပြန်လည်သန်မာပြီး အသီးတင်စေရန်အတွက် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ် မျှတစွာပါသော NPK ကွန်ပေါင်းမြေဩဇာ ကျွေးပေးရန် လိုအပ်ပြီး၊ အပွင့်ကြွေခြင်းမှ ကာကွယ်ရန် ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) ရွက်ဖျန်းဆေးကို ပက်ဖျန်းပေးရပါမယ်။ ထို့ပြင် အပွင့်ပွင့်ချိန်တွင် ရေမပြတ်စေရန်နှင့် ရေမဝပ်စေရန် ရေသွင်းရေနုတ်ကို စနစ်တကျ လုပ်ဆောင်ပေးသင့်ပါတယ်ခင်ဗျာ။

You
20
လွန်ခဲ့သော ၁၃ နာရီ က · ငါန်းဇွန်

ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ

ပိုးမွှားရောဂါ ဝါ
274,536 လွန်ခဲ့သော ၁၂ နာရီ က

ပုံတင်မေးပေးပါဦးခင်ဗျာ၊

You
ဖြေလည်သော အဖြေရရှိပြီး
1,552
လွန်ခဲ့သော ၁၃ နာရီ က · ပွင့်ဖြူ

ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
Post image
Post image
274,536 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

သက်တမ်း ၄၇ ရက်ရှိ ဧရာပဒေသာ စပါးခင်းတွင် ရွက်ဖျားများ ဝါခြောက်ရခြင်းမှာ တောင်သူဦးကြီး ဖော်ပြထားသည့် ဖြုတ်ကျောဖြူပိုး ဖျက်ဆီးမှုကြောင့်သော်လည်းကောင်း၊ နိုက်ထရိုဂျင် အာဟာရဓာတ် လိုအပ်ချက် သို့မဟုတ် လှေးပိုး ကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ၁၅ ပတ်လည် မြေဩဇာ ကျွေးထားသော်လည်း ရောဂါဖြစ်ပါက ယူရီးယား ထပ်ကျွေးခြင်းကို ခေတ္တဆိုင်းငံ့ထားပြီး အပင်ခံနိုင်ရည်ရှိစေရန် ပိုတက်စီယမ်သီးသန့် မြေဩဇာကို ဖြည့်တင်းပေးသင့်ပါတယ်။ ဖျက်ပိုးများဆိုးရွားလာပါက ထိန်းချုပ်နိုင်ရန်အတွက် အပင်ခြေအထိ ရောက်ရှိနိုင်သော ဖြုတ်ဆေး (ဥပမာ - ပိုင်မီထရိုဇင်း) ဖျန်းပေးရန် အကြံပြုချင်ပါတယ်။

274,536 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

အဟာရချို့တဲ့တာဖြစ်နိုင်ခြေများပါတယ်၊ မြေဩဇာကျွေးထားပြီးပြီဆိုတော့ အရွက်များပြန်စိမ်းလာခြင်းရှိမရှိ စောင့်ကြည့်ပါ၊ အရွက်လိပ်တွေထဲမှာ လှေးပိုးရှိမရှိစစ်ဆေးပေးပါဦး၊ပြီးတော့ ဖြုတ်ကျောဖြူရှိတယ်ဆိုရင်လည်း စိုက်ခင်းပျက်စီးသည်အထိဖျက်ဆီးနိုင်လောက်သည့်အကောင်အရေအတွက်များလား‌စစ်ဆေးပေးပါဦးခင်ဗျာ။

You
20
လွန်ခဲ့သော ၁၄ နာရီ က · ဘုတလင်

ဒီပေါင်းတွေ မိုးကျပြီး အရမ်းပေါလာလို့ ပေါင်းသတ်ဆေး ဘယ်လိုအမျိုးကထိထိရောက်ရောက် သေစေနိုင်လဲ ယခုဟာ နှ််းစိုက်ခါနီးနေပီမို့ပါ။

စိုက်ပျိုး ရေ နှမ်း
Post image
Post image
Post image
အတည်ပြုပြီး 1,104,889 လွန်ခဲ့သော ၇ နာရီ က

အကောင်းဆုံးကတော့၊ခုနစ်သွားထွန်ကို ၊ဝါးခြမ်းပြား ၄ချောင်းလောက်နဲ့ ကပ်ယက်ပြီး၊ သဲ့ယူလိုက်ပါ။တနေရာမှာ စုပုံထ ားပြီး မီးပုံရှို့ပါ။

274,536 လွန်ခဲ့သော ၁၂ နာရီ က

နှမ်းစိုက်ဖို့ ၁၅ရက်လောက်‌လိုသေးတယ်ဆိုရင် Glyphosate ပါဝင်သော တောရှင်းပေါင်းသတ်ဆေးဖျန်းပက်နှိမ်နင်းသင့်ပါတယ်

You
2,578
လွန်ခဲ့သော ၁၄ နာရီ က · ပြည်

နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ

အာဟာရဗေဒ နွား
Post image
Post image
274,536 လွန်ခဲ့သော ၁၂ နာရီ က

အစာကျွေးရာတွင် မြက်စိမ်းနှင့် ကောက်ရိုးအပြင် ပရိုတင်းဓာတ်ကြွယ်ဝသော ဖွဲနု၊ နှမ်းဖတ်၊ ပဲဖတ်တို့ကို စနစ်တကျ စပ်ကျွေးရပါမယ်

You
153
လွန်ခဲ့သော ၁၅ နာရီ က · ဇေယျာသီရိ

နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺

အပင်အာဟာရ သင်္ဘော
Post image
Post image
Post image
Post image
Post image
+၁
67 လွန်ခဲ့သော ၁၂ နာရီ က

ဘယျမွို့ကလဲ

67 လွန်ခဲ့သော ၁၂ နာရီ က

ဘာဆေးသုံံးတာလဲအကို

You
21
လွန်ခဲ့သော ၁၉ နာရီ က · မုံရွာ

ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ

စိုက်ပျိုး ဗဟုသုတ ကွမ်း
274,536 လွန်ခဲ့သော ၁၇ နာရီ က

မိုးရာသီက စိုထိုင်းဆများပြားသဖြင့် ကွမ်းခြံများတွင် မှိုရောဂါနှင့် ခါးရိရောဂါ အလွယ်တကူ ကျရောက်တတ်သော အချိန်ဖြစ်ပါတယ်။ ထို့ကြောင့် ကွမ်းခြံအတွင်း ရေဝပ်ခြင်း လုံးဝမရှိစေရန် ရေနုတ်မြောင်းစနစ်ကို အထူးဂရုပြု ပြုပြင်ထားရမည်ဖြစ်ပြီး၊ ရောဂါကြိုတင်ကာကွယ်ရန်အတွက် ကော့ပါး (Copper) သို့မဟုတ် မန်ကိုဇက် (Mancozeb) ကဲ့သို့သော မှိုသတ်ဆေးများကို စနစ်တကျ ကြိုတင်ဖျန်းပေးရပါမယ်။ တစ်ဖက်တွင်လည်း အပင်ကို ရောဂါဒဏ် ပိုမိုခံရလွယ်စေသည့် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ အလွန်အကျွံကျွေးခြင်း၊ ပေါင်းမြက်များ ထူထပ်စွာ ထားရှိခြင်းနှင့် ရောဂါရအရွက်ဟောင်းများကို ခြံအတွင်း ပစ်ထားခြင်းတို့ကို မဖြစ်မနေ ရှောင်ကြဉ်ရပါမယ်။

You
424
လွန်ခဲ့သော ၁ ရက် က · ညောင်ရွှေ

အပင်ဖြစ်နှေးနေလို့ပါ

အပင်အာဟာရ နှင်းဆီ
29 လွန်ခဲ့သော ၁ ရက် က

နှင်းဆီပင်ဟာနေရောင်ကြိုက်အပင်ဖြစ်ပါတယ်။နေရောင်ရဖို့လိုအပ်ပါတယ်။သဘာဝမြေဆွေးကျွေးပါ။

274,536 လွန်ခဲ့သော ၁ ရက် က

နှင်းဆီပင်သစ် စိုက်ပျိုးပြီးနောက် ကြီးထွားမှုနှေးကွေးရခြင်းဟာ အပင်သက်တမ်း ၂ ရက်သာ ရှိသေးတာကြောင့် မြေအသစ်မှာ အမြစ်နေရာမကျသေးတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို တိုက်ရိုက်နေရောင်ခြည် အနည်းဆုံး ၆ နာရီ မရရှိခြင်း၊ စိုက်ပျိုးမြေ ရေဝပ်ပြီး ရေစီးဆင်းမကောင်းခြင်း၊ မြေဆီလွှာ pH ပမာဏ မမျှတခြင်းနှင့် အာဟာရဓာတ် ချို့တဲ့ခြင်းတို့ကြောင့်လည်း အပင်ဖြစ်ထွန်းမှု တန့်နေတတ်ပါတယ်။ လက်ရှိအချိန်မှာ ဓာတ်မြေသြဇာပြင်းပြင်းများ လုံးဝမကျွေးဘဲ၊ ရေစီးဆင်းမှုကောင်းအောင် ပြုပြင်ပေးပြီး နေရောင်ရရှိတဲ့နေရာမှာ စိတ်ရှည်ရှည်ဖြင့် အမြစ်စွဲအောင် အရင်စောင့်ဆိုင်းပေးရပါမယ်။

You
70
လွန်ခဲ့သော ၁ ရက် က · ဖျာပုံ

ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ

ပိုးမွှားရောဂါ ငရုတ်သီး
70 လွန်ခဲ့သော ၁ ရက် က

ငရုပ်သီးကိုခွဲလိုက်ရင် လောက်ကောင်လေးတွေလိုပိုးမျိုးပါ

3,380 လွန်ခဲ့သော ၁ ရက် က

ကျွန်တော်လည်း တောင်သူပါ။ ဓာတ်ပုံလေးနဲ့ မေးစေချင်တယ်ဗျ။ ပိုးပဲ ပြောထားတော့ ဖျက်ပိုးလား အကောင်ရှည်လားတောင် မကွဲဘူးရယ်။

You
27
လွန်ခဲ့သော ၁ ရက် က · တိုက်ကြီး

စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ

စိုက်ပျိုးစီးပွား မတ်ပဲ
အတည်ပြုပြီး 318,578 လွန်ခဲ့သော ၁ ရက် က

နောက်တစ်ခု သတိပြုရမှာတော့ မျိုးကောင်းမျိုးသန့်သုံးစွဲဖို့ပါ။ မူလအခြေခံမျိုးစေ့မှာကတည်းက အထွက်တိုးနိုင်မယ့် မျိုးကောင်းမျိုးသန့်မသုံးခဲ့ရင် ကြိုးစားသလောက် အရာမထင်ဖြစ်တတ်ပါတယ်။

အတည်ပြုပြီး 495 လွန်ခဲ့သော ၁ ရက် က

နည်းလမ်းတွေကတော့ ကိုယ်စိုက်ပျိုးမဲ့ သီးနှံနဲ့ ကိုယ့်ဒေသက ရေမြေရာသီဥတုတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်ဗျ။ အခြေခံပဲဆိုရင် - မြေစစ်ဆေးမယ်။ ကိုယ်စိုက်မဲ့အပင်နဲ့ကိုက်ညီတဲ့ ချဉ်ငံကိန်းမျိုးရအောင်ပြုပြင်တာမျိုး၊ မြေဆီလွှာကိုကောင်းမွန်အောင် လုပ်ပြီးတော့ - ပင်ကြားတန်းကြားမှန်မှန် - ပြုစုစောင့်ရှောက်နည်းနဲ့ - ရိတ်သိမ်းချိန်လွန် ထိန်းသိမ်းနည်းပညာတွေကို ကိုယ်စိုက်မဲ့ သီးနှံ ပေါ်မူတည်ပြီး အစိမ်းရောင်လမ်းထဲမှာ ဆောင်းပါးတွေ ရှာဖတ်လို့ရပါတယ်ဗျ။

You
96
လွန်ခဲ့သော ၁ ရက် က · မန်စီ

လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့

မွေးမြူနည်း ဝက်
Post image
96 လွန်ခဲ့သော ၁ ရက် က

ကျေးဇူးပါ ဆရာ

30,859 လွန်ခဲ့သော ၁ ရက် က

ဝက်မွေးမြူနည်းစနစ်အမျိုးမျိုးအကြောင်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်

You
61
လွန်ခဲ့သော ၂ ရက် က · ပျော်ဘွယ်

ဝါပိုးရှိနေလို့

ပိုးမွှားရောဂါ ဝါ
Post image
အတည်ပြုပြီး 495 လွန်ခဲ့သော ၁ ရက် က

ပျ ကျရောက်နေတာဖြစ်ပါတယ်။ သဘာဝဆေးသုံးချင်ရင် အစိမ်းရောင်လမ်းထဲမှာ ဒီလိုဆောင်းပါးတွေ ရှာဖတ်လို့ရပါတယ်။ ဖျက်ပိုးတွေကို နှိမ်နင်းဖို့ ပင်စိမ်းကို ဘယ်လိုအသုံးပြုမလဲ? ဓာတုဆေး ဆိုရင်တော့ ဆေးအုပ်စုမတူတာကို လှည့်သုံးပေးတာကောင်းပါတယ်။ Imidacloprid / Acetamiprid / Thiamethoxam တို့ ပါတဲ့ ဆေး သုံးလို့ရပါတယ်။ ဓာတုဆေးတွေ သုံးတဲ့အခါမှာ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှုကို သတိပြုပြီး နောက်ဆုံးရွေးချယ်စရာအဖြစ်သာ သုံးပါခင်ဗျာ။

3,380 လွန်ခဲ့သော ၁ ရက် က

အဆီတာမီပရစ် ကောင်းတယ်

You

မေးခွန်း

295
လွန်ခဲ့သော ၃ နှစ် က · ပန်းတနော်

ပဲတီစိမ်းကိုန​ေတာ်လအထိ​ေနာက်ကျခံစိုက်လ္ို႔ရလားဗျ

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းစိုက်ချိန်
အတည်ပြုပြီး 167,470 လွန်ခဲ့သော ၃ နှစ် က

ဘာမျိုးလဲ ဝါးခယ်မ စိမ်းဆိုလျင် မစိုက်သင့်တော့ပါ။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။