အာလူးစိုက်နည်လေးသိချင်လို့ပါ
မတ်ပဲမှာကျတဲ့mosaic နဲ့wiltingအတွက်သုံးတဲ့fungicideပြောပြပေးပါ
ခရမ်းချဉ်မှာကျတဲ့leaf curl virus ကိုသုံးတဲ့fungicideကိုပြောပြာပေးပါ့လား အားလူးမှာကျတဲ့late blight of potatoကိုသုံးတဲ့fungicideကိုလည်းပြောပြပေးပါဗျ
မင်္ဂလာပါခင်ဗျ တာကျိုးလို့ မြစ်ရေမြှုပ်လယ်တွေကို မတ်ပဲ၊ ပဲတီစိမ်းတွေ စိုက်ပါက ဘာတွေ ဆောင်ရန်၊ရှောင်ရန် ကြံဆောင်ရမလဲ ရှင်းပြပေးပါ ဆရာတို့ရယ်
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
စတော်ဘယ်ရီပျိုးထောင်ရန်အတွက် အပေါ်ယံမြေ ၂ ပုံ၊ နွားချေးဆွေး ၁ ပုံနှင့် ဖွဲပြာ ၁ ပုံတို့ကို မှိုသတ်ဆေး (ထရိုင်ဂိုဒါးမား) တစ်မျိုးမျိုးနှင့် သမအောင်ရောမွှေပြီး တစ်ပတ်ခန့် နှပ်ထားရပါမယ်။ စိုက်ပျိုးမည့် မြေကွက်ကို ပြင်ဆင်ရာတွင် မြေကို ၁ ပေခန့်အနက်အထိ ညက်နေအောင်ဆွပြီး နွားချေးဆွေး သို့မဟုတ် ကွန်ပေါင်းမြေသြဇာများ ထည့်ရပါမယ်။ ထို့နောက် ရေမဝပ်စေရန် အမြင့် ၃၀ မှ ၄၀ စင်တီမီတာရှိသော ဘောင်မြှင့်စနစ်ကို ပြင်ဆင်ပြီး၊ ပေါင်းမြက်ကာကွယ်ရန် ဘောင်ပေါ်တွင် စိုက်ပျိုးရေးသုံး ပလတ်စတစ်အမည်း (သို့မဟုတ်) ကောက်ရိုးခြောက်များကို စနစ်တကျ အုပ်ပေးရပါမယ်။ စိုက်ပျိုးချိန်တွင် အပင်၏ ပင်စည်ခြေမျက်စိကိုမြေကြီးထဲ နက်နက်ကြီး မြှုပ်မသွားစေရန် အထူးသတိပြု စိုက်ပျိုးရပါမယ်။
တနင်္သာရီတိုင်းအတွင်း ငရုတ်မျိုး F 1 မိုးထောင်စိုက်ရင် အဆင်ပြေနိုင်လား
ကျေးဇူးပါ
တနင်္သာရီတိုင်းဒေသကြီးသည် မိုးများပြီး စိုထိုင်းဆမြင့်မားသော ဒေသဖြစ်သော်လည်း မြေဆီလွှာနှင့် ရေသွင်းရေထုတ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်လျှင် F1 မိုးထောင်ငရုတ်မျိုးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးရာတွင် မိုးအလွန်များသည့် ကာလကိုရှောင်၍ အောက်တိုဘာနှင့် နိုဝင်ဘာ မိုးနှောင်းပိုင်းတွင် စိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်ပြီး၊ ရေဝပ်ခြင်းကြောင့် အမြစ်ပုပ်ခြင်းနှင့် မှိုရောဂါများ ကျရောက်ခြင်းမှ ကာကွယ်ရန် စိုက်ဘောင်ကို (၈ လက်မမှ ၁ ပေ) အထိ မြှင့်တင်ပေးရပါမယ်။ မိုးရာသီတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို အမိုးအကာအောက်၌ ပျိုးထောင်ရန်လိုအပ်ပြီး အပင်သက်တမ်းတစ်လျှောက် မှိုသတ်ဆေးကို ကြိုတင်ကာကွယ်သောအားဖြင့် စနစ်တကျ ပက်ဖျန်းပေးရပါမယ်။
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
မိမိလိုအပ်သော ကွမ်းအမျိုးအစားနှင့် အရေအတွက်ကို အစိမ်းရောင်လမ်း ဈေးတန်းကြီးမှာ ပို့စ်တင်၍ အမြန်ဆုံး အဆက်အသွယ် ရှာဖွေနိုင်ပါတယ်။
ပေါ်ဆန်းသက်ရင်အထွက်တိုးစေရန်ဘာဆေးဝါးသုံးရမလဲဗျ။ဘယ်မြေသြဇာသုံးရင်အဆင်ပြေမလဲသိချင်ပါတယ်ခင်ဗျာ။
ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ကျေးဇူးအထူးတင်ပါတယ်ဗျ
စပါးဂုတ်ကျိုးရောဂါ(rice neck blast)သုံးသင့်သည့်fungicideပြောပြပါ့လားဗျ
စပါးဂုတ်ကျိုးရောဂါကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနိုင်ရန်အတွက် ထရိုင်စိုင်ကလာဇိုး (Tricyclazole) သို့မဟုတ် အိုင်ဆိုပရိုသီယိုလိန်း (Isoprothiolane) ပါဝင်သော ပင်လုံးပြန့်မှိုသတ်ဆေးများကို သုံးစွဲသင့်ပါတယ်။ ဆေးဆိုင်များတွင် "ဩဘာစပါးမှိုဆေး"၊ "နိုက်စ် (Nice 525 SE)" သို့မဟုတ် "အမစ်စတာတော့်ပ်" ကဲ့သို့သော ရောစပ်မှိုသတ်ဆေးများကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ရောဂါကို ထိရောက်စွာ တားဆီးနိုင်ရန် စပါးပင်မှို့ကပ်ချိန် (အနှံမထွက်မီ) တွင် တစ်ကြိမ်နှင့် စပါးနှံစထွက်ချိန် (၅ ရာခိုင်နှုန်းခန့် ထွက်ချိန်) တွင် တစ်ကြိမ် မဖြစ်မနေ ကြိုတင်ဖျန်းပေးရပါမယ်။ ထို့ပြင် ဆေးဖျန်းရုံတင်မကဘဲ ရောဂါကို ပိုမိုဆိုးရွားစေသည့် ယူရီးယား (နိုက်ထရိုဂျင်) မြေသြဇာ အလွန်အကျွံကျွေးခြင်းကို လျှော့ချပြီး၊ စပါးပင်ကို ရောဂါဒဏ်ခံနိုင်ရည်ရှိစေသော ပိုတက်ရှ်မြေသြဇာကို ဖြည့်စွက်ကျွေးရပါမယ်။ ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်။
ဝိစာရ နိုက် မှိုသတ်ဆေး သုံးပါခင်ဗျာ
ဂျင်းဉပုပ်ရောဂါအတွက်သုံးသင့်သည့်fungicideကိုပြောပြပေးပါ့လား
ချင်းဥပုပ်ရောဂါသည် အဓိကအားဖြင့် ပီသီယမ် (Pythium) နှင့် ဖျူဆေရီယမ် (Fusarium) မှိုနှစ်မျိုးကြောင့် အဖြစ်များပါတယ်။ထိရောက်စွာ အမြင့်ဆုံးကာကွယ်ရန် ချင်းမျိုးဥများကို မစိုက်ပျိုးမီ Carbendazim နှင့် Fosetyl-Al တို့ဖြင့် မိနစ် ၃၀ ခန့် စိမ်၍ စိုက်ပျိုးရမည်ဖြစ်ပြီး၊ ရောဂါကျရောက်ချိန်တွင် Hymexazol သို့မဟုတ် Fosetyl-Al ဆေးရည်ကို အပင်ခြေမြေကြီးထဲအထိ စိမ့်ဝင်အောင် ရွှဲရွှဲဖျန်းပေးခြင်းဖြင့် ရောဂါပြန့်ပွားမှုကို အောင်မြင်စွာ တားဆီးနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်။
စပါးရွက်ခြောက်ရောဂါ(BB)အတွက်သုံးသင့်သည့်fungicideလေးပေးပါ့လား
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ (BB) သည် ဘက်တီးရီးယားကြောင့် ဖြစ်ပွားခြင်းကြောင့် သာမန်မှိုသတ်ဆေး (Fungicide) ဖြင့် ကုသ၍မရဘဲ Kasugamycin၊ Copper oxychloride, Copper hydroxide, Oxolinic acid သို့မဟုတ် Bismerthiazole ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေး (Bactericide) ကိုသာ အသုံးပြုရပါမယ်။ ရောဂါကျရောက်ချိန်တွင် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာကျွေးခြင်းကို ချက်ချင်းရပ်တန့်ပြီး၊ အပင်ခံနိုင်ရည်တိုးစေရန် ပိုတက်စီယမ်မြေဩဇာကို ဖြည့်စွက်ကျွေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်။
စပါးရွက်ကို စားလားဗျာ စပါးတစ်ပင်မှာ အကောင်၁၀၀လောက်ရှိတယ် ဖြေပေးကြပါအုံး ဆရာများ
စပါးရွက် အပေါ်ယံတစ်သျှူးသားတွေကို၊ဒေါင်လိုက်/အရှည်လိုက် ခြစ်စားထားတာတွေ့ရမှာပါ။
စပါးခင်းမှာဆန်အသုံးပြုလို့မကောင်းတော့တဲ့ဇကွဲအနုတ်တွေပတ်တာမြင်လို့ကောင်းကျိုးနဲ့ဆိုးကျိုးလေးသိချင်လို့ပါခဗျ
စပါးခင်းထဲသို့ စားသုံး၍မရတော့သော ဆန်ကွဲများကို တိုက်ရိုက် ကြဲပက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုး ပိုမိုများပြားသဖြင့် မပြုလုပ်သင့်ပါဘူး။ ဆန်ကွဲတွင် ပါဝင်သော ကစီဓာတ်သည် မြေဆီလွှာရှိ အကျိုးပြု အဏုဇီဝပိုးများကို အာဟာရဖြစ်စေနိုင်သည့် ကောင်းကျိုး အနည်းငယ် ရှိသော်လည်း၊ လက်တွေ့တွင် ပုရွက်ဆိတ်၊ ကြွက်၊ ငှက်နှင့် ခရုကဲ့သို့သော ဖျက်ပိုးများကို စပါးခင်းထဲသို့ အလုံးအရင်း ဆွဲဆောင်သကဲ့သို့ ဖြစ်သွားတတ်ပါတယ်။ ထို့ပြင် စိုစွတ်သော လယ်ကွင်းအတွင်း ဆန်ကွဲများ ပုပ်သိုးလာပါက အပင်အမြစ်နာခြင်းနှင့် မှိုရောဂါများကို ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။ ထို့ကြောင့် ဆန်ကွဲများကို တိုက်ရိုက်မကြဲဘဲ မြေဆွေးပုံအဖြစ် စနစ်တကျ ဆွေးမြည့်အောင် ပြုလုပ်ပြီးမှသာ မြေဩဇာအဖြစ် ထည့်သွင်းအသုံးပြုသင့်ပါတယ်။
ကျေးဇူးပါခဗျ
စပါးပင်တွေဘာဖစ်တာလဲ ဘာဆေးဖြန်းရမလဲ
ပုံပါစပါးရွက်များတွင် အညိုရောင်အစက်အပြောက်များ တွေ့ရသဖြင့် "စပါးရွက်ညိုပြောက်ရောဂါ (Brown Spot)" ကျရောက်နေခြင်း ဖြစ်ပါတယ်။ ဤမှိုရောဂါသည် မြေဆီလွှာအာဟာရဓာတ် ချို့တဲ့ခြင်း (အထူးသဖြင့် ပိုတက်ဆီယမ်ဓာတ် နည်းပါးခြင်း) နှင့် နိုက်ထရိုဂျင်ဓာတ် လွန်ကဲခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။ ရောဂါကို ထိရောက်စွာ နှိမ်နင်းရန်အတွက် ပရိုပီကိုနာဇိုးလ်သို့မဟုတ် Azoxystrobin+Difenoconazole ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို (၇-၁၀) ရက်ခြား၍ ၂ ကြိမ် ပက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် အပင်ခံနိုင်ရည်ရှိစေရန် တစ်ဧကလျှင် ပိုတက်ရှ်မြေသြဇာ (MOP) ၁၅-၂၀ ပေါင်ခန့် ကျဲပက်ပေးပြီး၊ စိုက်ခင်းအတွင်းရှိ ရောဂါလက်ခံ ပေါင်းမြက်များကို ရှင်းလင်းကာ ရေသွင်းရေထုတ် စနစ်တကျ ပြုလုပ်ပေးရပါမယ်။
စပါးရွက်ညိုပြောက်ရောဂါ သို့မဟုတ် ဂုတ်ကျိုးရောဂါ တခုခုကျရောက် နေတယ်လို့ယူဆပါတယ်။ azoxystrobin+ difenoconazole ဖျန်းပါ။
စပါးပင် ဘာပိုးကျတာလဲ ဘာဆေးဖျန်းရမလဲခင်ဗျာ
လှေပိုးကြရောက်နေပါသည်
ပုံပါစပါးရွက်များတွင် အညိုရောင်အစက်အပြောက်များ တွေ့ရသဖြင့် "စပါးရွက်ညိုပြောက်ရောဂါ (Brown Spot)" ကျရောက်နေခြင်း ဖြစ်ပါတယ်။ ဤမှိုရောဂါသည် မြေဆီလွှာအာဟာရဓာတ် ချို့တဲ့ခြင်း (အထူးသဖြင့် ပိုတက်ဆီယမ်ဓာတ် နည်းပါးခြင်း) နှင့် နိုက်ထရိုဂျင်ဓာတ် လွန်ကဲခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။ ရောဂါကို ထိရောက်စွာ နှိမ်နင်းရန်အတွက် ပရိုပီကိုနာဇိုးလ်သို့မဟုတ် Azoxystrobin+Difenoconazole ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို (၇-၁၀) ရက်ခြား၍ ၂ ကြိမ် ပက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် အပင်ခံနိုင်ရည်ရှိစေရန် တစ်ဧကလျှင် ပိုတက်ရှ်မြေသြဇာ (MOP) ၁၅-၂၀ ပေါင်ခန့် ကျဲပက်ပေးပြီး၊ စိုက်ခင်းအတွင်းရှိ ရောဂါလက်ခံ ပေါင်းမြက်များကို ရှင်းလင်းကာ ရေသွင်းရေထုတ် စနစ်တကျ ပြုလုပ်ပေးရပါမယ်။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။