ထိပ်အရွက်တွေဝါလာလို့ ဖြေရှင်းပေးပါဦး ခင်ဗျ မည်သို့ပြုလုပ်ရမည်ကိုသိချင်ပါတယ်ခင်ဗျ
ထိပ်အရွက်တွေဝါလာလို့ ဖြေရှင်းပေးပါဦး ခင်ဗျ မည်သို့ပြုလုပ်ရမည်ကိုသိချင်ပါတယ်ခင်ဗျ
ဘိုစားပဲသံချေးလိုက်နေလို့ပါဘာဆေးသုံးရမလဲရှင့်
စပါးပင်စည်မှာရော အရွက်မှာပါ သံဂျေးရောင် အကွက်သေးသေးလေးတွေ ပေါ်တာ ဘာဆေးသုံးရမလဲဗျ
စပါးပင်စည်နှင့် အရွက်တွင် သံချေးရောင် အကွက်ငယ်များ ပေါ်လာခြင်းသည် "စပါးရွက်ညိုပြောက် မှိုရောဂါ" သို့မဟုတ် မြေဆီလွှာတွင် ရေဝပ်လွန်း၍ ဖြစ်တတ်သော "သံဆိပ်သင့်ခြင်း (နီတိုပြဿနာ)" ကြောင့် ဖြစ်နိုင်ပါတယ်။ မှိုရောဂါဖြစ်ပါက အာဟာရချို့တဲ့မှုကို ပြုပြင်ရန် ပိုတက်ရှ်မြေသြဇာ ကျွေးပေးရမည့်အပြင် ကာဘင်ဒါဇင် သို့မဟုတ် Propiconazole သို့မဟုတ် Tebuconazole + Trifloxystrobin မှိုသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းနှိမ်နင်းရပါမယ်။ အကယ်၍ ရေဝပ်ပြီး သံဆိပ်သင့်ခြင်း ဖြစ်ပါက လယ်ကွက်အတွင်းရှိ ရေဆိုးများကို အမြန်ဆုံး ဖောက်ထုတ်၍ နေလှန်းပေးရမည်ဖြစ်ပြီး၊ ပုလဲ (ယူရီးယား) မြေသြဇာ ကျွေးခြင်းကို လုံးဝရှောင်ကြဉ်ကာ ပိုတက်ရှ်နှင့် ဂျစ်ဆမ်၊ ဇင့်မြေသြဇာတို့ကို ပြောင်းလဲကျွေးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ရောဂါလက္ခဏာဟုတ်မဟုတ် ပုံတင်ပြီးထပ်မေးပေးပါခင်ဗျာ။
ဘာဖြစ်တာ လဲသိချင်လို့ပါ
ပုံပါစပါးခင်းတွင် ဖြစ်ပွားနေသော ရောဂါသည် ဘက်တီးရီးယားရွက်စင်းရောဂါ (Bacterial Leaf Streak) ဖြစ်ပြီး အရွက်ကြောတစ်လျှောက် ရေစိုနာကွက်ရာမှတစ်ဆင့် အဝါရောင် သို့မဟုတ် အညိုရောင် ထောင့်မှန်စင်းကြောင်းများ ဖြစ်ပေါ်စေပါတယ်။ ဤရောဂါသည် နိုက်ထရိုဂျင် မြေဩဇာလွန်ကဲခြင်း၊ စိုထိုင်းဆများပြီး မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။ ကာကွယ်ရန်အတွက် နိုက်ထရိုဂျင် (ယူရီးယား) ကျွေးခြင်းကို ချက်ချင်းလျှော့ချပြီး ပိုတက်ဆီယမ်မြေဩဇာကို တိုးမြှင့်ကျွေးရပါမယ်။ စိုက်ခင်းအတွင်းရှိ ရေကို အလှည့်ကျ အသွင်းအထုတ်လုပ်ပေးခြင်းနှင့်အတူ ကော့ပါး ဟိုက်ဒရော့ဆိုက် (Copper hydroxide) သို့မဟုတ် ကော့ပါးအောက်ဆီကလိုရိုက် (Copper oxychloride) သို့မဟုတ် ဘက်တီးရီးယားသတ်ဆေးများ (ဥပမာ - Bismerthiazol)သို့မဟုတ် Oxolinic acid ကို စနစ်တကျ ပက်ဖြန်းပေးခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ဆေးတခါဖျန်းပြီးတိုင်း ရောဂါကူးစက်ပျံ့နှံ့မှုရှိမရှိ အမြဲစစ်ဆေးပါ။
စပါးပင်ဘာဖြစ်တာလဲသိချင်လို့ပါ
ပုံပါ စပါးပင်တွင် ဖြစ်ပွားနေသော ရောဂါလက္ခဏာမှာ စပါးရွက်ဖုံးပုပ်ရောဂါ (Sheath Rot) ဖြစ်ပါတယ်။ စပါးဖုံးလုံးချိန် သို့မဟုတ် အနှံထွက်ခါနီး အပေါ်ဆုံးအဆင့် ရွက်ဖုံးတွင် အလယ်ဗဟို၌ မီးခိုးရောင်ရှိပြီး အနားသတ် အညိုရင့်ရောင် ပုံသဏ္ဍာန်မမှန်သော အနာကွက်များ ပုပ်ပွနေခြင်း ဖြစ်သည်။ ယင်းမှိုရောဂါကြောင့် ရွက်ဖုံးအတွင်းရှိ အနှံလောင်းကလေးများပါ အညိုရောင်ပြောင်းကာ ပုပ်သွားတတ်သဖြင့် အထွက်နှုန်းကို အလွန်ထိခိုက်စေပါတယ်။ ကာကွယ်ရန်အတွက် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် ဟက်ဆာကိုနားဇိုး (Hexaconazole) မှိုသတ်ဆေးတစ်မျိုးမျိုးကို စနစ်တကျ ပက်ဖျန်းပေးရမည်ဖြစ်ပြီး၊ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ကာ ပိုတက်ရှ်မြေဩဇာကို တိုးမြှင့်ကျွေးရပါမယ်။ စပါးပင်စည်မှာ ပိုးထိုးပေါက် သို့မဟုတ် ပိုးချေးတွေ တွေ့ရသလား၊ အလယ်ရွက်ညွန့်တွေ အဝါရောင်ပြောင်း ခြောက်း (အူပုပ်) နေတာမျိုး သို့မဟုတ် အနှံဖြူ (အဖျင်းနှံ) တွေ တွေ့ရတာမျိုးရှိမရှိလည်းစစ်ဆေးပေးပါဦး၊တွေ့ရင်တော့ ဆစ်ပိုးကျတာလည်းဖြစ်နိုင်ပါတယ်။
အရွက်ဖျားလေးတွေလိပ်နေလို့ပါဗျ
ထောပတ်ပင်များတွင် အရွက်အဖျားများ လိပ်ရခြင်းမှာ အဓိကအားဖြင့် အမြစ်ပုပ်မှိုစွဲခြင်း၊ မြေဆီလွှာတွင် ဆားဓာတ်လောင်ခြင်းနှင့် စုပ်စားပိုးများ ဖျက်ဆီးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ အပင်ခြေတွင် ရေဝပ်ပါက အမြစ်များ ပုပ်ကာ ရေမစုပ်နိုင်တော့ဘဲ အရွက်များ အောက်သို့ လိပ်ကျလာတတ်သလို၊ ကလိုရိုက်ပါသော ဓာတ်မြေဩဇာများကြောင့် ဆားဓာတ်လောင်ပါကလည်း အရွက်ဖျားများ ခြောက်၍ အပေါ်သို့ လိပ်တက်တတ်ပါတယ်။ ဖြေရှင်းရန်အတွက် ရေနုတ်မြောင်းများ စနစ်တကျ ဖောက်ပေးခြင်း၊ အပင်ခြေကို ရေကောင်းရေသန့်ဖြင့် ဆားဓာတ်များ လျှော့ချပေးခြင်းနှင့် လိုအပ်ပါက ပင်လုံးပျံ့ပိုးသတ်ဆေး များ ပက်ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်၊ပုံတင်ပြီးထပ်မေးပေးပါဦးခင်ဗျာ။
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
"စုတ်ဖွားဆေး" ဆိုသည်မှာ အပင်များအတွက် Bio Stimulant Amino acid 5% (ဇီဝလှုံ့ဆော်ပစ္စည်း အမိုင်နိုအက်ဆစ်) ပါဝင်သော ရွက်ဖျန်းအားဆေးတစ်မျိုး ဖြစ်ပါတယ်။ ဤဆေးသည် အပင်၏ အရွက်များတွင် ကလိုရိုဖီးလ်ဓာတ်ကို တိုးပွားစေပြီး အစာချက်လုပ်မှုကို မြှင့်တင်ပေးသည့်အပြင်၊ ရာသီဥတုဖောက်ပြန်မှု သို့မဟုတ် ပိုးမွှားရောဂါကြောင့် ဖြစ်ပေါ်လာသော အပင်နွမ်းလျမှု း ဒဏ်ကို အမြန်ဆုံး ကုစားပေးပါတယ်။ ထို့ပြင် အမြစ်စနစ်ကို အားကောင်းစေကာ မြေဆီလွှာမှ အာဟာရစုပ်ယူမှုကို မြှင့်တင်ပေးခြင်း၊ အပွင့်အသီး တင်နှုန်းကို တိုးတက်စေခြင်းနှင့် အခြားစိုက်ပျိုးရေးဆေးဝါးများနှင့် တွဲဖက်ဖျန်းပါက ဆေးအာနိသင်ကို ပိုမိုစိမ့်ဝင် ထက်မြက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသဖြင့် အပင်ကြီးထွားဆဲအဆင့်၊ ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်များတွင် ပက်ဖျန်းရန် အလွန်သင့်လျော်ပါတယ်။ ပါဝင်ပစ္စည်း တူမတူစစ်ကြည့်ပေးပါဦးခင်ဗျာ
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
ခရမ်းချဉ်ပင် အသီးစသီးချိန်တွင် အသီးကြီးထွားပြီး အရသာကောင်းမွန်စေရန် ပိုတက်စီယမ်သီးသန့် လိုအပ်ပါတယ်။ ထိုအတွက် ဓာတ်မြေဩဇာအဖြစ် ပိုတက်စီယမ်ဆာလဖိတ် (0-0-50) ကို သုံးနိုင်ပြီး သဘာဝနည်းအရ စပါးခွံပြာ သို့မဟုတ် ထင်းပြာကို အပင်ခြေတွင် ကျွေးနိုင်ပါတယ်။ ဝိစာရ ၁၅-၁၅-၁၅ ပတ်လည်မြေဩဇာကျွေးထားတယ်ဆိုလည်းအဆင် ပြေပါတယ်ဗျ။ ပိုးမွှားနှင့် မှိုရောဂါ ကာကွယ်ရန်အတွက် အကြမ်းဖျင်းအားဖြင့်၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် ဖြန်းပေးရမည်ဖြစ်ပြီး၊ ရောဂါကျရောက်နေပါက ၅ ရက်မှ ၇ ရက်ခြားတစ်ကြိမ် ဖြန်းပေးရပါမယ်။ အပင်ပုမျိုးဖြစ်သော်လည်း ခရမ်းချဉ်သီးများ လေးလံလာပါက မြေကြီးနှင့်ထိပြီး အသီးပုပ်ခြင်းနှင့် မှိုရောဂါကျရောက်ခြင်းတို့မှ ကာကွယ်ရန် တိုင်ထောင်ပေးခြင်း သို့မဟုတ် အတန်းတန်းပေးခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
လယ်ကွက်အတွင်း ကောက်ရိုးနှင့် မြက်ဆွေးများ သေချာမပုပ်သေးဘဲ တမန်းပူနေပါက စပါးပင်ငယ်များ အမြစ်မှ အာဟာရမစုပ်ယူနိုင်ဘဲ ဘေးရွက်များ ဝါနီခြောက်လာတတ်သေးတယ်။ တမန်းပူလောင်ခြင်း ဟုတ်၊ မဟုတ် တိကျစွာ သိရှိနိုင်ရန် လယ်ကွက်ထဲ ဆင်းသည့်အခါ အောက်ခြေမြေကြီးမှ ပုပ်စော်နံသော အဆိပ်ငွေ့ (ဟိုက်ဒရိုဂျင်ဆာလ် ဖိုက်) များ ထွက်မထွက်နှင့် ခြေထောက်တွင် ပူနွေးနွေး ခံစားရခြင်း ရှိ၊ မရှိ စစ်ဆေးရပါမယ်။ ၎င်းပြဿနာကို ကုသရန်အတွက် လယ်ကွက်အတွင်းရှိ ရေပူ၊ ရေဟောင်းများကို အမြန်ဆုံး ကုန်စင်အောင် ထုတ်ပစ်ရပါမည်။ ထို့နောက် မြေကြီးအက်ကွဲပြီး အဆိပ်ငွေ့များ ကုန်စင်သွားသည်အထိ (၃) ရက်ခန့် ထားပြီးမှ ရေအသစ်ပြန်သွင်းကာ ပုလဲမြေသြဇာလျှော့ကျွေးပြီး ကုစနည်းကတော့ နီတိုကုသနည်းဖြင့်ဆင်တူပါတယ်ခင်ဗျာ။
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ (ရိုင်ဆိုဘီယမ်) ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ရေဆင်း၊ မိမိတို့မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများ သို့မဟုတ် မြို့ပေါ်ရှိ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်ကြီးများတွင် စုံစမ်းဝယ်ယူနိုင်ပါတယ်။ဝယ်ယူရာတွင် သက်တမ်းမကုန်သေးသည့် ဆေးထုပ်များကိုသာ ရွေးချယ်ရပါမယ်။ စိုက်ပျိုးချိန်တွင် မျိုးစေ့တစ်တင်းစာကို ဇီဝမြေသြဇာဖြင့် အရိပ်အောက်တွင် ထမင်းရည် (သို့) သကြားရည်အနည်းငယ်သုံး၍ သမအောင် လူးနယ်ကာ ချက်ချင်းစိုက်ပျိုးရမည်ဖြစ်ပြီး၊ ဘက်တီးရီးယားများ သေဆုံးနိုင်သဖြင့် ဓာတုမှိုသတ်ဆေးများနှင့် တိုက်ရိုက်ရောစပ်ခြင်း လုံးဝမပြုလုပ်ရန် သတိပြုရပါမယ်။
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးပါ။
ကြွက်သွန်မြိတ်ပိုး (Rice Gall Midge) သည် ရေရှိပြီး စိုထိုင်းဆများသော ပတ်ဝန်းကျင်ကို အလွန်ကြိုက်နှစ်သက်သည့် အင်းဆက်ပိုးပါ။ မိုးသည်းထန်ခြင်း၊ လယ်ကွက်အတွင်း ရေဝပ်ခြင်းနှင့် မှိုင်းအုံသော ရာသီဥတုများသည် ၎င်းတို့ ဥဥရန်နှင့် လောက်ကောင်များ ပေါက်ပွားရန် အကောင်းဆုံးပါ။ ထို့ကြောင့် စပါးပင်ပွားချိန်တွင် ဖျက်ဆီးမှု လက္ခဏာ စတင်တွေ့ရှိပါက လယ်ကွက်အတွင်းရှိ ရေများကို (၁) ရက်မှ (၂) ရက်ခန့် ကုန်စင်အောင် ထုတ်ပစ်ပြီး အခြောက်လှန်းပေးခြင်းဖြင့် ပိုးမွှားပေါက်ပွားမှုကို ထိရောက်စွာ လျှော့ချတားဆီးနိုင်ပါတယ်။ စပါးမြုံ (၁၀) မြုံခန့်ကို စစ်ဆေးရာတွင် တစ်မြုံလျှင် ဖြုတ်ပိုးအကောင်ကြီး (၂) ကောင်ခန့်သာ တွေ့ရှိပါက အပင်တွင် သိသာထင်ရှားသော ဝါခြောက်ခြင်း သို့မဟုတ် ကွက်ခြောက်ခြင်း (ပင်ပြလက္ခဏာ) လုံးဝ မပြသနိုင်သေးပါဘူး။ စိုက်ပျိုးရေးဦးစီးဌာန၏ စီးပွားရေးအရ တွက်ခြေကိုက်အဆင့် (ETL) သတ်မှတ်ချက်အရ စပါးပင်ပွားချိန်တွင် တစ်မြုံလျှင် ပိုးကောင်ရေ (၁၀) ကောင်မှ (၁၅) ကောင်အထက် ရှိမှသာ အပင်များ ပျက်စီးခြေပြပြီး ဆေးဖျန်းနှိမ်နင်းရန် လိုအပ်သဖြင့် ယခုအခြေအနေသည် စိုးရိမ်ရန်မရှိဘဲ စောင့်ကြည့်ရမည့် အဆင့်သာ ဖြစ်ပါတယ်။ တစ်မြုံလျှင် ဖြုတ်ပိုး (၂) ကောင်၊ (၃) ကောင်သာ ရှိသော်လည်း စပါးခင်းတစ်ခုလုံး အနားသတ်မညီဘဲ ဝါခြောက်နေခြင်းသည် ဖြုတ်ပိုးကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight) ကြောင့် ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဖြုတ်ပိုးကြောင့်ဆိုပါက အပင်ခြေမှ စုပ်စားသဖြင့် အကောင်ရေ ထောင်ချီရှိမှသာ အကွက်လိုက် ကွက်ခြောက်တတ်ပြီး၊ ဘက်တီးရီးယားဖြစ်ပါက အရွက်ထိပ်နှင့် အနားများမှစ၍ လှိုင်းတွန့်ပုံစံ ဝါခြောက်ကာ တကွင်းလုံး ပျံ့နှံ့တတ်သောကြောင့် ယူရီးယားကျွေးခြင်းရပ်ပြီး ဘက်တီးရီးယားသတ်ဆေး ဖျန်းပေးရပါမယ်။ဘက်တီးရီးယားရောဂါကျမကျကိုတော့ ရောဂါကျအရွက်၏ပုံကို ရှင်းလင်းပြတ်သားစွာမြင်ရနိုင်မှ ဖြေကြားပေးနိုင်ပါမယ်ခင်ဗျာ။
စပါးအပင်သက်တမ်း၈၀ရိှိပါပြီ ပုံမှာအောက်ခြေအရွက်အနည်းငယ်ခြောက်တာ ဘာကြောင့်ဖြစ်နိုင်ပါသလဲ
သက်တမ်း ၈၀ ရက်ရှိ စပါးခင်းတွင် အောက်ခြေရွက်များ ခြောက်ရခြင်းမှာ ဘက်တီးရီးယားရွက်ခြောက်ရောဂါ စတင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ကာကွယ်ရန် ပုလဲမြေဩဇာလျှော့ကျွေး၍ ပိုတက်ဆီယမ်မြေဩဇာ ဖြည့်တင်းပေးရပါမယ်။အရွက်အနားသတ်များတွင် လှိုင်းတွန့်ပုံစံ ရေစိုနာကွက်များဖြင့် ခြောက်ပါက ပုလဲမြေဩဇာဖြန်းခြင်းကို ရပ်ဆိုင်းပြီး ကော့ပါးဆေး သုံးစွဲရပါမယ်။ ထို့အပြင် ဂုတ်ကျိုးရောဂါ (Rice Blast) ကြောင့်လည်း အရွက်ခြောက်ခြင်း၊ အနှံဖြူခြင်းများ ဖြစ်ပွားတတ်သဖြင့် စပါးနှံထွက်ခါစ အနေအထားတွင် အထူးသတိပြု စစ်ဆေးသင့်ပါတယ်။စပါးနှံထွက်ခါစအချိန်တွင် အပင်အောက်ခြေသာမက အရွက်ပေါ်၌ လွန်းပုံစံ အနာကွက်များနှင့် အနှံဂုတ်နေရာတွင် အညိုကွက်များ ပါ/မပါ အရေးကြီးသဖြင့် ထည့်သွင်းစစ်ဆေးရပါမယ်။
အောက်အရွက်တွေက စပြီး ခြောက်ပြီး၊အပေါ်ရွက်တွေ စိမ်းတာတွေ့ရတယ်။ဘက်တီးရီးယားက၊အပေါ်ရွက်အဖျားကစပြီး အောက်ကိုတဖြည်းဖြည်းကူးစက်ပါတယ်။ ရွက်ဖုံးတွေပုပ်လား၊kချို့တဲ့တာလား?ဆိုတာလဲ စဉ်းစားသင့်ပါတယ်။
အသစ်တူးထားသည့် ငါးကန်အတွက် ရေသွင်း ရေလှယ်စန် များတပ်ဆင်ချင်လို့ ဘယ်ကိုဆက်သွယ်ရမလဲဗျ။ ၁၅မိုင်ကပါ
အတွေ့အကြုံရှိသည့် ငါးမွေးမြူရေးတောင်သူများဖြေကြားပေးလိုက်ကြပါဦးခင်ဗျာ
ပဲပုတ်နဲ့မတ်ပဲစိုက်မှာပါမြေခံဘာထည့်ရမလည်းခင်ဗျမြေကတော့သဲမြေပါ
သဲမြေဆိုရင်တော့ အစိုဓာတ်နဲ့ အဟာရဓာတ်တွေ ထိန်းနိုင်ဖို့အတွက် သဘာဝမြေသြဇာမဖြစ်မနေထည့်ပေးပါ။ ပဲမြစ်ဖုမြေသြဇာကို မျိုးစေ့နဲ့ လူးနယ်ပြီး ထည့်နိုင်ပါတယ်။ သဲဆန်တဲ့မြေမှာ ကယ်ဆီယမ်နဲ့ ဆာလဖာနည်းတတ်တဲ့အတွက်ကြောင့် ကျောက်မှုန့် အိတ်ဝက်ခန့်ထည့်ပေးပါ။ တီစူပါနဲ့ ပိုတက် သို့မဟုတ် ကွန်ပေါင်း ၁၅ ပတ်လည် လည်း ထည့်ပေးနိုင်ပါတယ်။
လူးနယ်ဆေးနဲ့ရောလူးလို့ရလားဗျပဲမစ်ဖုမြေသြဇာကိုပုံလေးပြပေးပါလားခင်ဗျ
အသစ်တူးဖေါ်ထားသည့် ငါးကန်အတွက် ျရသွင်းရေထုတ်စနစ် လုပ်ချင်လို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ
အတွေ့အကြုံရှိသည့် ငါးမွေးမြူရေးတောင်သူများဖြေကြားပေးလိုက်ကြပါဦးခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဘာဖြစ်တာ လဲသိချင်လို့ပါ
ပုံပါစပါးခင်းတွင် ဖြစ်ပွားနေသော ရောဂါသည် ဘက်တီးရီးယားရွက်စင်းရောဂါ (Bacterial Leaf Streak) ဖြစ်ပြီး အရွက်ကြောတစ်လျှောက် ရေစိုနာကွက်ရာမှတစ်ဆင့် အဝါရောင် သို့မဟုတ် အညိုရောင် ထောင့်မှန်စင်းကြောင်းများ ဖြစ်ပေါ်စေပါတယ်။ ဤရောဂါသည် နိုက်ထရိုဂျင် မြေဩဇာလွန်ကဲခြင်း၊ စိုထိုင်းဆများပြီး မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။ ကာကွယ်ရန်အတွက် နိုက်ထရိုဂျင် (ယူရီးယား) ကျွေးခြင်းကို ချက်ချင်းလျှော့ချပြီး ပိုတက်ဆီယမ်မြေဩဇာကို တိုးမြှင့်ကျွေးရပါမယ်။ စိုက်ခင်းအတွင်းရှိ ရေကို အလှည့်ကျ အသွင်းအထုတ်လုပ်ပေးခြင်းနှင့်အတူ ကော့ပါး ဟိုက်ဒရော့ဆိုက် (Copper hydroxide) သို့မဟုတ် ကော့ပါးအောက်ဆီကလိုရိုက် (Copper oxychloride) သို့မဟုတ် ဘက်တီးရီးယားသတ်ဆေးများ (ဥပမာ - Bismerthiazol)သို့မဟုတ် Oxolinic acid ကို စနစ်တကျ ပက်ဖြန်းပေးခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ဆေးတခါဖျန်းပြီးတိုင်း ရောဂါကူးစက်ပျံ့နှံ့မှုရှိမရှိ အမြဲစစ်ဆေးပါ။
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။