မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ
ကန်ထဲ ရေနည်းလို့ စက်တွင်းရေ သွင်းလို့ရပါသလား။ ရေပုပ်နိုင်ပါသလား
ယခင်တစ်ပတ်လောက်က 15ပတ်လည်နဲ့ ပုလဲဓာတ်မြေသြဇာ ရောကြွေးထားပါတယ် သူ့နောက် အမိုင်န်အက်စစ် ဖျန်းထားပါတယ် အပင်ကြီးထွားရန် ဘာများလိုအပ်ပါသေးလဲရှင်းပြပေးပါဆရာ
ဂန္ဓမာပင်များ ပုပြီး အမြင့်မတက်ဘဲ ကြီးထွားမှု ရပ်တန့်နေခြင်းသည် မြေဆီလွှာ ကျစ်လွန်းခြင်း၊ အမြစ်အာဟာရ မစားနိုင်ခြင်း သို့မဟုတ် အပင်ကြီးထွားမှုဟော်မုန်း အားနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အပင်ကို အရှိန်အဟုန်ဖြင့် အမြင့်တက်ပြီး ထွားလာစေရန်အတွက် အပင်ဆဲလ်အသစ်ပွားခြင်းကို လှုံ့ဆော်ပေးသည့် Gibberellic Acid (GA3) ဟော်မုန်း သို့မဟုတ် နိုက်ထရိုဂျင်နှင့် အမိုင်နိုအက်စစ် မြင့်မားစွာပါဝင်သော ရွက်ဖြန်းဆေးကို ၅ ရက်မှ ၇ ရက်တစ်ကြိမ် ဖျန်းပေးသင့်ပါတယ်။ ထို့ပြင် အပင်ခြေမြေဆီလွှာကို လေဝင်လေထွက်ကောင်းအောင် ဆွပေးပြီး၊ အမြစ်သစ်များ အားကောင်းစေရန် အမြစ်အားဆေး (Humic Acid) ထည့်သွင်းပေးခြင်းဖြင့် အပင် ချက်ချင်း ပြန်လည်ထွားကြိုင်းလာပါလိမ့်မယ်။
ရွှေဖရုံကို ဒီလိုဝတ်မှုန်ကူးတာ မှန်ပါသလား ခင်ဗျ။ နည်းလမ်းမှန်ကို လမ်းညွှန်ကြပါအုန်း ဆရာတို့ ခင်ဗျ။
ရွှေဖရုံပင် လက်ဖြင့် ဝတ်မှုန်ကူးခြင်းကို ပန်းပွင့်များ အပြည့်အဝလန်းဆန်းပြီး ဝတ်မှုန်အလုပ်လုပ်နိုင်စွမ်း အမြင့်ဆုံးဖြစ်သည့် မနက်စောစော ၇ နာရီမှ ၁၀ နာရီအတွင်း ပြုလုပ်ရပါမယ်။ ဦးစွာ အောက်ခြေတွင် အသီးကင်းပါသော အမပွင့်နှင့် ရိုးတံအရှည်သာပါသော အဖိုပွင့်ကို ခွဲခြားမှတ်သားပါ။ ထို့နောက် လန်းဆန်းသော အဖိုပွင့်ကို ဆတ်ခနဲခူးယူကာ ပတ်လည်ရှိ ပွင့်ဖတ်များကို ဖယ်ရှားပြီး အလယ်က ဝတ်ဆံတံလေး ပေါ်လာအောင် လုပ်ပါ။ ၎င်းအဖိုဝတ်ဆံတံကို အမပွင့်၏ အလယ်ဗဟိုရှိ ဝတ်မှုံခံတိုင် (Stigma) ပေါ်သို့ ခပ်ဖွဖွလေး အထပ်ထပ် တို့ပေးခြင်းဖြင့် ဝတ်မှုန်ကူးပေးနိုင်ပါတယ်။ အဖိုပွင့်ကို မခူးလိုပါက ဝါဂွမ်းနားကြပ်တံ ကို သုံး၍ ဝတ်မှုန်များယူကာ အမပွင့်ထဲ တို့ပေးနိုင်ပြီး၊ အောင်မြင်ပါက ၃ ရက်မှ ၅ ရက်အတွင်း အသီးကင်းလေး သိသိသာသာ ကြီးထွားလာမည် ဖြစ်ပါတယ်။ပုံထဲကအတိုင်းမှန်ပါတယ်။
ဆရာရေ လုပ်ပါအူးဗျ အခုညအပင်တွေ လိုက်ကြည့်ပီး အပင်တွေလဲနေလို့ ပြင်ပေးရင်း အလိုလုံးတွေတွေ့ရတယ်ဆျာ တစ်နှစ်မှမကြုံဖူးဘူးဆရာ ဘာကြောင့်ဖြစ်တာလဲဆရာ ကယ်စီယမ်း ဘိုရွန်း တစ်ကြိမ်ဝင်ထားပါတယ် ကယ်စီယမ်းနဲ့ပိုတက်လဲဝင်ထားတယ် ကူညီပါအူးဆရာရေ😌
ပုံပါ ခရမ်းချဉ်သီးများတွင် ဖြစ်ပွားနေသည်မှာ ပိုးမွှား သို့မဟုတ် မှိုကြောင့်ဖြစ်သည့် ကူးစက်ရောဂါမဟုတ်ဘဲ အပင်တွင်း ကယ်လ်ဆီယမ် (Calcium) ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ရသည့် “ဖင်ပုပ်ရောဂါ” (Blossom End Rot) ဖြစ်ပါတယ်။ မြေဆီလွှာအတွင်း ရေသွင်းမှု မမှန်ခြင်း (တအားခြောက်လိုက်၊ တအားစိုလိုက်ဖြစ်ခြင်း) နှင့် နိုက်ထရိုဂျင်ဓာတ် အလွန်အကျွံ များပြားခြင်းတို့ကြောင့် အပင်က ကယ်လ်ဆီယမ်ကို အသီးဆီသို့ ပုံမှန် မသယ်ဆောင်နိုင်ဘဲ အသီးအောက်ခြေတွင် မည်းနက်၍ ချိုင့်ဝင်သော အရေပြားမာကွက်များ ဖြစ်လာရခြင်း ဖြစ်ပါတယ်။ စိုက်ခင်းကို ပြုပြင်ရန်အတွက် လက်ရှိ ပုပ်နေသောအသီးများကို ချက်ချင်းဆွတ်ပစ်ရမည်ဖြစ်ပြီး၊ ရေကို ပုံမှန်သမမျှတစွာ ရေသွင်းပေးခြင်းနှင့် ကယ်လ်ဆီယမ် နိုက်ထရိတ် (Calcium Nitrate) မြေဩဇာ သို့မဟုတ် ဂျစအရွက်ဖျန်းအာဟာရများ၊ဂျစ်ဆမ်မြေဩဇာများ ဖြည့်စွက်ကျွေးခြင်းဖြင့် နောက်ထွက်မည့် အသီးအသစ်များကို ရောဂါကင်းဝေးအောင် ကာကွယ်နိုင်ပါလိမ့်မယ်။
ဟူတ်ဆရာကျေးဇူးအထူးတင်ပါတယ်ဆရယ
ဆရာခင်ဗျ အပင်ငယ်စဥ်တုန်း 18.7.7 မြေသြဇာကျွေးထားပါတယ် အသီးပွင့်ဝင်တုန်းကရှေ့တစ်ပတ်ကပဲ 15 ပတ်လည် ကျွေးထားပါတယ်ဆရာ အပွင့်အသီးတွေလှိုင်နေပါပြီ 15 ကျွေးပီးကတည်းကမိုးမရွာပါဘူးဆရာ အတာမိုးရွာလို့ရှိရင် မြေသြဇာထပ်ကျွေးလို့ရပီလား 15 ပတ်လည်မဟူတ်ပဲ 0.52.34 အလိုဟာတွေကျွေးရမလား ဘာတွေဆက်လုပ်ရမလဲဗျ 909ခရမ်းချဥ်ပါဆရာ
ခရမ်းချဉ် 909 အပင်များ လက်ရှိ အပွင့်အသီး လှိုင်နေချိန်တွင် ပြီးခဲ့သည့်အပတ်က ကျွေးထားသော ၁၅ ပတ်လည် မြေဩဇာသည် မိုးမရွာသဖြင့် မြေကြီးထဲတွင် မပျော်ဝင်သေး လောက်ဘူးထင်တယ်။ ထို့ကြောင့် မိုးရွာလျှင်ပင် မြေဩဇာ ထပ်မကျွေးရသေးဘဲ မိုးရေကြောင့် မြေဩဇာ အရည်ပျော်ပြီး အပင်က စုပ်ယူသည်ကို စောင့်ကြည့်လိုက်ပါဦး။ ယခုအချိန်တွင် မြေကြီးထဲသို့ 0-52-34 ထပ်ထည့်ရန် မလိုသော်လည်း အပွင့်အသီး ပိုမိုအောင်မြင်စေရန် 0-52-34 ကို အရွက်ဖျန်းအားဆေးအဖြစ် ဖျန်းပေးခြင်းက ပိုမိုထိရောက်ပါလိမ့်မယ်။ နောက်ပိုင်း အသီးကြီးထွားလာချိန်ကျမှသာ ပိုတက်စီယမ်မြင့်သော မြေဩဇာကို ပြောင်းလဲကျွေးပေးရပါမယ်။
ဟုတ်ဆရာကျေးဇူးပါဆရာ
မဂ်လာပါဗျာ ကျွန်တော်ရဲ့ ပန်းစိုက်ခင်းမှာ ပုံပါအတိုင် ပင်ခြေမဲ ပြီး အမြစ်သစ်မထွက်ပဲ နွမ်းလာပါတယ် ခါးခြောက်ပီးသေတာလဲတွေ့ရပါတယ် ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ
ပုံပါဂန္ဓမာခင်းတွင် ဖြစ်ပွားနေသောပြဿနာမှာ မြေ ဆောင်မှိုကြောင့်ဖြစ်သော ခါးရိရောဂါသို့မဟုတ် ပင်ခြေပုပ်၊ အမြစ်ပုပ်ရောဂါ ဖြစ်ပါတယ်။ မြေကြီးထဲတွင် ရေဝပ်ခြင်း၊ အစိုဓာတ်လွန်ကဲခြင်းနှင့် မှိုပိုးမသန့်စင်ခြင်းတို့ကြောင့် အပင်ခြေ ခြောက်၍ လဲသေရခြင်း ဖြစ်ပါတယ်။ ယင်းကို ကုသရန်အတွက် ရောဂါရအပင်များကို နှုတ်ယူဖျက်ဆီးပြီး စိုက်ခင်းတစ်ခုလုံးကို မက်တယ်လဇီး (Metalaxyl) သို့မဟုတ် မန်ကိုဇက်+မက်တယ်လဇီး ၊ဖော့စတိုင်း အလူမီနီယမ် (Fosetyl-aluminium)ကဲ့သို့သော မှိုသတ်ဆေးတမျိုးမျိုးဖြင့် အပင်ခြေမြေကြီးထဲအထိ စိမ့်ဝင်အောင် ရွှဲရွှဲဖျန်းပေးရပါမယ်။ ရေသွင်းမှုကို လျှော့ချပြီး နောက်တစ်ကြိမ် စိုက်ပျိုးပါက မြေခံတွင် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို မဖြစ်မနေ ထည့်သွင်းပေးသင့်ပါတယ်။စိုက်ဘောင်များတွင် ရေဝပ်ခြင်း လုံးဝမရှိစေရန် ရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပါ။ မြေကြီး အလွန်အကျွံ စိုစွတ်မနေစေရန် ရေသွင်းခြင်းကို လျှော့ချပါ။စိုက်ခင်းအတွင်း ရောဂါကူးစက်မှု မြန်ဆန်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးတစ်မျိုးမျိုးကို အမြန်ဆုံး ဝယ်ယူကာ အပင်ခြေများသို့ နှံ့စပ်အောင် ပက်ဖျန်းပေးစေလိုပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
ဟုတျကဲ့ ပါ
ဖော့စဖရပ် နှင့် ပိုတက်စီယမ် နှစ်မျိုးပါတဲ့အစာအိတ်များပြောပြပေးပါဉီးဗျာ
ဟုတျကဲ့ ပါ
မြန်မာနိုင်ငံတွင် ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) နှစ်မျိုးစလုံး ပါဝင်သော ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူရရှိနိုင်ပါတယ်။ စိုက်ပျိုးရေးဈေးကွက်တွင် နိုက်ထရိုဂျင်မပါဘဲ ဖော့စဖရပ်နှင့် ပိုတက်စီယမ် သီးသန့် အချိုးအစားမြင့်မားစွာ ပါဝင်သည့် MKP (0-52-34) ရွက်ဖျန်းမြေဩဇာ တော့ရှိပါတယ်။အာမို၊ နိုက်ထရိုဖော့စကာ၊ ကောမက် စသည့် အသုံးများသော NPK ကွန်ပေါင်းမြေဩဇာများ (ဥပမာ - 15-15-15, 16-16-8) တွင်လည်း ၎င်းဓာတ်နှစ်မျိုး အချိုးကျ ပါဝင်ပါတယ်။ ထို့ပြင် သဘာဝမြေဩဇာများ ဖြစ်ကြသည့် ကြက်ချေးဆွေးနှင့် ထင်းပြာ တို့သည်လည်း ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ရရှိနိုင်သော ပြည်တွင်းဖြစ် အရင်းအမြစ်များ ဖြစ်ကြပြီး ခရမ်းချဉ်ပင် အပွင့်ပွင့်၊ အသီးတင်ချိန်နှင့် အသီးကြီးထွားချိန်များတွင် အထွက်နှုန်း ကောင်းမွန်စေရန်အတွက် အဓိက အသုံးပြုကြပါတယ်။
ဘာရောဂါလဲ သိချင်ပါတယ်ခင်မျာ
ပုံပါစပါးပင်များတွင် ဖြစ်ပွားနေသော လက္ခဏာမှာ ပိုတက်ဆီယမ် (Potassium - K) အာဟာရဓာတ် ချို့တဲ့ခြင်းဖြစ်ပါတယ်။ မြေဆီလွှာအတွင်း ရေဝပ်ပြီး လေဝင်လေထွက် ညံ့ဖျင်းခြင်းကြောင့် အမြစ်များ အာဟာရစုပ်ယူမှု အားနည်းသွားခြင်း ဖြစ်နိုင်ပါတယ်။ ၎င်းကို သက်သာစေရန် လယ်ကွင်းအတွင်း ရေသွင်းရေထုတ် ပြုလုပ်ပေးခြင်းဖြင့် အမြစ်များ အောက်ဆီဂျင် ရရှိစေကာ ဂျစ်ဆမ် (Gypsum) ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာ တည်ဆောက်ပုံကို ကောင်းမွန်စေပြီး အာဟာရစုပ်ယူမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ထို့ပြင် အရွက်များပေါ်သို့ ပိုတက်ဆီယမ် ရွက်ဖျန်းအား ဆေးအဖြစ် ပက်ဖျန်းပေးခြင်းဖြင့် အာဟာရချို့တဲ့မှုကို အမြန်ဆုံး ကုသပျောက်ကင်းစေနိုင်ပါလိမ့်မယ် သို့မဟုတ် ဂျစ်ဆမ်မြေဩဇာနှင့် ပိုတက်မြေဩဇာရောစပ်၍ကျွေးပေးနိုင်ပါတယ်။
မြေဩဇာ ဘာကြွေးရမလည်း
ပဲတောင့်ရှည်ပင်သည် ၎င်း၏ အမြစ်ဖုများမှတစ်ဆင့် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ကိုယ်တိုင်ဖမ်းယူနိုင်သော ပဲမျိုးရင်းဝင်အပင်ဖြစ်သဖြင့် ယူရီးယား (ပုလဲ) မြေဩဇာကို အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဉ်ရပါမယ်။ နိုက်ထရိုဂျင်များလွန်းပါက အပင်နွယ်တင်ကြမ်းပြီး အပွင့်နှင့်အသီး တင်နည်းသွားတတ်ပါတယ်။ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းစေရန်အတွက် မြေပြင်ချိန်တွင် သဘာဝမြေဩဇာနှင့်အတူ တီစူပါ (သို့မဟုတ်) ဖော့စဖရပ်ဓာတ်ကြွယ်ဝသော မြေခံမြေဩဇာ ကို အဓိကထား ထည့်သွင်းရပါမယ်။ အပင်သက်တမ်း (၁၅) ရက်မှ (၂၁) ရက်အတွင်း အပင်ကြီးထွားချိန်တွင် ၁၅-ပတ်လည် မြေဩဇာ (NPK 15:15:15) ကို အပင်ခြေဘေးတွင် ဘောင်တင်ရင်း ကျွေးပေးရမည်ဖြစ်ပြီး၊ သက်တမ်း (၃၅) ရက်နောက်ပိုင်း ပန်းပွင့်သီးကပ်ချိန်တွင်မူ ပိုတက်ဆီယမ်ဓာတ်မြင့်မားသော မြေဩဇာနှင့်အတူ ကယ်လ်ဆီယမ်၊ ဘိုရွန် ပါဝင်သည့် ရွက်ဖြန်းအာဟာရများ ကို ပက်ဖြန်းပေးခြင်းဖြင့် အသီးရှည်လျားပြီး အထွက်နှုန်း ကောင်းမွန်စေပါလိမ့်မယ်။
ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ
https://greenwaymyanmar.com/posts/Rice_Bacterial_Leaf_Blight_Potassium Deficiency_Bacterial_Leaf_streaks_Symptoms_and_Solving
စပါးက90ရက်သားရှိပါပီနောက်ဆုံးအကြိမ်ပုလဲနဲ့ပေါ်တက်ကြွေးမလို့စောနေသေးလားနောက်ကြပီလားစပါးသက်ရက်က145ဒီနေ့နဲ့မနက်ဖန်မိုးရွာနိုင်လားမြေဆီဘယ်လောက်သုံးရမလဲ
မိုးကောင်းသောက်ဆိုရင်တော့၊မိုးရွာပြီးတာနဲ့၊ကနိသင်းလုံအောင်ပိတ်ပြီး၊ကျွေးသာကျွေးပါ။ရက်ကလည်း အနေတော်ပါပဲ။မိုးလည်း လာနိုင်ပါေသးတယ်
ရိုင်ဇိုဘီယမ် ဝယ်လို့ရမယ့်နေရာ သိချင်ပါတယ်ခင်ဗျာ စိုက်ပျိုးရေးဥိးစီးဌာနမှာပဲ ဝယ်လို့ရတာလားခင်ဗျာ စိုက်ပျိုးရေးဦးစီးဌာန facebook pageမှာ မေးထားတာ ပြန်မဖြေလို့ပါ ဧရာဝတီတိုင်း ဟင်္သာတ အင်္ဂပူဘက်ပါ
ရေဆင်းစိုက်ပျိုးရေးသုတေသနက ထုတ်လုပ်ပြီး၊မြို့နယ်စိုက်ပျိုးရေးရုံးတွေမှာ၊ဖြန့်ဖို့ ပို့ထားပြီးသားပါ။မြို့နယ်စိုက်ပျိုးရေးရုံးကို မေးကြည့်ပါ။
စပါး၂လခွဲသားလောက်မှာ စပါးအဖုံးနေရာမှာ ပိုက်လုံးတွေ ထွက်လာလို့ ဘာဆေးဖျန်းရင် ရမလဲ ညွန်ပေးစေချင်ပါတယ်
စပါးပင်သက်တမ်း ရက် ၈၀ ဝန်းကျင် (၂ လခွဲသား) တွင် ကြက်သွန်မြိတ် သို့မဟုတ် ပိုက်လုံးများ ထွက်လာခြင်းသည် စပါးကြက်သွန်မြိတ်ပိုး (Rice Gall Midge) ကျရောက်ဖျက်ဆီးခြင်းကြောင့် ဖြစ်ပါတယ်။ ယခုကဲ့သို့ စပါးဖုံးလုံးချိန် တွင် ပိုက်လုံးများ မြင်တွေ့ရချိန်၌ ပိုးလောက်ကောင်များသည် အပင်အတွင်း၌ ဖျက်ဆီးမှုပြီးဆုံးကာ သက်တမ်းကုန်လုနီးပါး ဖြစ်နေပြီဖြစ်သလို၊ ပိုက်လုံးထွက်နေသော သားတက်များသည်လည်း အနှံမထွက်နိုင်တော့ဘဲ ပျက်စီးသွားပြီဖြစ်၍ ယခုအချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်းသည် လုံးဝထိရောက်မှုမရှိဘဲ ငွေကုန်လူပန်းသာ ဖြစ်စေပါလိမ့်မယ်။ ထို့ကြောင့် လက်ရှိတွင် ပိုက်လုံးထွက်နေသောအပင်များကို နှုတ်ပယ်မီးရှို့ခြင်း၊ နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ လျှော့ချခြင်းနှင့် အပင်ခံနိုင်ရည်ရှိစေရန် ပိုတက်ရှ် (MOP) မြေဩဇာ ကျွေးခြင်းတို့ကိုသာ ပြုလုပ်သင့်ပါတယ်။ နောင်ရာသီများတွင် ဤပိုးကို ကာကွယ်ရန် စပါးကို မိုးဦးတွင် စောစောစိုက်ပျိုးခြင်း၊ လယ်ကန်သင်းပေါင်းမြက် ရှင်းလင်းခြင်းနှင့် အပင်ငယ်စဉ် သားတက်ချိန် (စိုက်ပြီး ရက် ၂၀-၂၅) တွင်သာ ပင်လုံးပျံ့ပိုးသတ်ဆေးဖြစ်သော ဖစ်ပရိုနေး (Fipronil) သို့မဟုတ် ကာဘိုဖူရန် (Carbofuran) ဆေးများကို ဖြန်းခြင်းဖြင့် ကြိုတင်ကာကွယ်နှိမ်နင်းရပါမယ်။အခုလက်ရှိကျထားတာကို သက်သာစေရန်တော့ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ပင်လုံးပျံ့ပိုးသတ်ဆေးဖြစ်သော ဖစ်ပရိုနေး (Fipronil) သို့မဟုတ် ကာဘိုဖူရန် (Carbofuran) ဆေးများကို ဖြန်းပက်သုံးစွဲလေ့ရှိတယ်။
စပါးကြက်သွန်မိတ်ပိုး ကျနေပုံရတယ်။ ကာဘိုဆာလ်ဖန်၊ကာတက် တမျိုးမျိုး ဖျန်းပေးပါ။ စွဲကပ်၊ပျံ့နှံ့ဆေး တွဲဖျန်းပါ။
ရုံးပတီသီး အစာ ဘယ်နှစ်ရက်တစ်ခါကြွေးရလဲ ပြီးတော့ အသီးဝဲဘဲဆက်ကြွေးရမလား သိပါရစေ ဆရာတို့
ရုံးပတီပင်သည် အာဟာရဓာတ် စဉ်ဆက်မပြတ် လိုအပ်သော အပင်မျိုးဖြစ်သဖြင့် စိုက်ခင်းပြင်ချိန်တွင် သဘာဝမြေဩဇာနှင့် တီစူပါတို့ကို မြေခံကျွေးရပါမယ်။ ထို့နောက် အပင်သက်တမ်းအလိုက် (၁၅) ရက် သို့မဟုတ် (၂၀) ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ယူရီးယားနှင့် ပိုတက်ရှ်မြေဩဇာများကို ခွဲ၍ ကျွေးပေးရပါမယ်။ အသီးသီးနေစဉ် ကာလတစ်လျှောက်လုံးတွင်လည်း အသီးမပြတ်စေရန်အတွက် မြေဩဇာကို ဆက်တိုက်ကျွေးပေးရမည် ဖြစ်သော်လည်း ယူရီးယား အလွန်အကျွံကျွေးပါက အပင်ဝေပြီး အသီးနည်းသွားတတ်သဖြင့် ပိုတက်ရှ်နှင့် ရွက်ဖျန်းအနည်းလို အဟာရဓာတ်များကို မျှတစွာ တွဲဖက်ကျွေးခြင်းဖြင့် အသီးအထွက်နှုန်း ကောင်းမွန်စေနိုင်ပါလိမ့်မယ်။
ရုံးပဒီသီးကအစာမပြတ်လိာအပ်ပါတယ် ဓာတ်စုံလိာအပ်ပါတယ်ဖော့စဖိတ်ကမြေခံထည့်ထားရင်ကြာကြာခံတယ်ဆုံးရနြြန်တဲ့ပိုတက်နဲ့နိုက်ထရီုဂျင်တို့ကိုသုံးပါတ်တစ်ကြီမ်ကြွေးပေးပါငါးအမိုင်နိုကိုဆ.်ရက်တစ်ကြိမ်ကြွေးရင်ရပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်း
ဆရာရေ လုပ်ပါအူးဗျ အခုညအပင်တွေ လိုက်ကြည့်ပီး အပင်တွေလဲနေလို့ ပြင်ပေးရင်း အလိုလုံးတွေတွေ့ရတယ်ဆျာ တစ်နှစ်မှမကြုံဖူးဘူးဆရာ ဘာကြောင့်ဖြစ်တာလဲဆရာ ကယ်စီယမ်း ဘိုရွန်း တစ်ကြိမ်ဝင်ထားပါတယ် ကယ်စီယမ်းနဲ့ပိုတက်လဲဝင်ထားတယ် ကူညီပါအူးဆရာရေ😌
ပုံပါ ခရမ်းချဉ်သီးများတွင် ဖြစ်ပွားနေသည်မှာ ပိုးမွှား သို့မဟုတ် မှိုကြောင့်ဖြစ်သည့် ကူးစက်ရောဂါမဟုတ်ဘဲ အပင်တွင်း ကယ်လ်ဆီယမ် (Calcium) ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ရသည့် “ဖင်ပုပ်ရောဂါ” (Blossom End Rot) ဖြစ်ပါတယ်။ မြေဆီလွှာအတွင်း ရေသွင်းမှု မမှန်ခြင်း (တအားခြောက်လိုက်၊ တအားစိုလိုက်ဖြစ်ခြင်း) နှင့် နိုက်ထရိုဂျင်ဓာတ် အလွန်အကျွံ များပြားခြင်းတို့ကြောင့် အပင်က ကယ်လ်ဆီယမ်ကို အသီးဆီသို့ ပုံမှန် မသယ်ဆောင်နိုင်ဘဲ အသီးအောက်ခြေတွင် မည်းနက်၍ ချိုင့်ဝင်သော အရေပြားမာကွက်များ ဖြစ်လာရခြင်း ဖြစ်ပါတယ်။ စိုက်ခင်းကို ပြုပြင်ရန်အတွက် လက်ရှိ ပုပ်နေသောအသီးများကို ချက်ချင်းဆွတ်ပစ်ရမည်ဖြစ်ပြီး၊ ရေကို ပုံမှန်သမမျှတစွာ ရေသွင်းပေးခြင်းနှင့် ကယ်လ်ဆီယမ် နိုက်ထရိတ် (Calcium Nitrate) မြေဩဇာ သို့မဟုတ် ဂျစအရွက်ဖျန်းအာဟာရများ၊ဂျစ်ဆမ်မြေဩဇာများ ဖြည့်စွက်ကျွေးခြင်းဖြင့် နောက်ထွက်မည့် အသီးအသစ်များကို ရောဂါကင်းဝေးအောင် ကာကွယ်နိုင်ပါလိမ့်မယ်။
ဟူတ်ဆရာကျေးဇူးအထူးတင်ပါတယ်ဆရယ
ဟုတ်ကဲ့၊ရောဂါမဟုတ်ပါဘူးဗျ၊ မိုးကမရွာတော့ စိုက်ခင်းမြေအစိုဓာတ်ကခြောက်လိုက်စိုလိုက်ဖြစ်ခြင်းနှင့် ကယ်လ်စီယမ်အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တာပါခင်ဗျာ၊ရောဂါမဟုတ်ပါဘူးဗျ
မှိုဆေးကတော့မန်ကိုဇက် တစ်ကြိမ်ပဲဝင်ပေးရသေးတယ်ဆရာ
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။