အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄၉ မိနစ် က · နတ္တလင်း

ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား

ပိုးမွှားရောဂါ မတ်ပဲ
You
236
လွန်ခဲ့သော ၄၉ မိနစ် က · ယင်းမာပင်

ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့

ပိုးမွှားရောဂါ ကြက်သွန်နီ
You
2
လွန်ခဲ့သော ၃ နာရီ က · ဒီပဲယင်း

ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ

စိုက်ပျိုး ဗဟုသုတ စပါး
306,242 လွန်ခဲ့သော ၁ နာရီ က

ပူံတင်မေးပေးပါဗျ

You
144
လွန်ခဲ့သော ၃ နာရီ က · မလှိုင်

၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ

ပိုးမွှားရောဂါ ဝါ
Post image
306,242 လွန်ခဲ့သော ၁ နာရီ က

ပုံပါ သဘာဝပိုးသတ်ဆေးစပ်နည်းတွင် ရေနံဆီအစား ဒီဇယ်ကို လုံးဝ အသုံးမပြုသင့်ပါဘူး။ ဒီဇယ်သည် ရေနံဆီထက် ပိုမိုပျစ်ပြီး ပြင်းထန်သောကြောင့် အရွက်ပေါ်တွင် ရေရှည်စွဲကပ်ကာ အပင်ကို ဆိုးရွားစွာ လောင်ကျွမ်းစေနိုင်ပါတယ်။ အပင်မလောင်စေရန်အတွက် ဆေးရည်ကို ဆပ်ပြာရည်အနည်းငယ်ဖြင့် သမအောင်သေချာမွှေရမည်ဖြစ်ပြီး၊ နေပြင်းချိန်တွင် မဖျန်းဘဲ မနက်စောစော သို့မဟုတ် ညနေအေးချိန်တွင်သာ ဖျန်းရပါမယ်။ ထို့ပြင် အခင်းတစ်ခုလုံးမဖျန်းမီ အရွက်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန် လိုအပ်ပါတယ်။ ဤသဘာဝဆေးရည်၏ အာနိသင်အကောင်းဆုံး သက်တမ်းသည် ဆေးအာနိသင်အပြည့်အဝရရန်အကောင်းဆုံးကတော့တစ်ညသိပ်ပြီး ဆေးရည်ပြုလုပ်ပြီးစီးသည့်ဖျန်းရသည်နှင့်တစ်ပြိုင်နက်တည်းအသုံးပြုရန်အရေးကြီးသည်။ရက်ကြာရှည်ထားလို့မရပါ။

You
4
လွန်ခဲ့သော ၅ နာရီ က · မော်လမြိုင်

ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ

မြေဆီလွှာ ဒူးရင်းသီး
Post image
306,242 လွန်ခဲ့သော ၁ နာရီ က

ပုံပါပိုးကောင်သည် စပါးကျိုင်းနက် (သို့မဟုတ်) ဆောင်းပိုးတောင်မာငယ် မျိုးနွယ်စုဝင် ဖြစ်ပြီး ဒူးရင်းပင်ကို ဖျက်ဆီးတတ်သော ပိုးမဟုတ်သဖြင့် စိုးရိမ်ရန်မလိုပါဘူး။ ၎င်းတို့သည် မြေကြီးထဲရှိ သစ်ရွက်ခြောက်၊ မြေဆွေးနှင့် နွားချေး၊ ကြက်ချေးကဲ့သို့သော သဘာဝမြေဩဇာ အဆွေးအမြေ့များကိုသာ စားသုံးလေ့ရှိသောကြောင့် အပင်ခြေတွင် သဘာဝမြေဩဇာ ကျွေးထားပါက အစာရှာရန် စုပြုံရောက်ရှိလာတတ်ကြခြင်း ဖြစ်သည်။ မြေကြီးထဲတွင် တွင်းအောင်းကျက်စားပြီး မြေဆီလွှာကို ပွစောင်းစေကာ လေဝင်လေထွက် ကောင်းမွန်စေသဖြင့် ဒူးရင်းစိုက်ခင်းအတွက် မြေဆွေးဓာတ်ပြုမှုကို အားပေးသော အကျိုးပြုပိုးတစ်မျိုးသာ ဖြစ်ပါသည်။

You
1,412
လွန်ခဲ့သော ၆ နာရီ က · ငပုတော

ပုံပါစပါးပင်က ဘာဖြစ်တဲ့လက္ခဏာလဲဗျ ဘာဆေးဖျန်းရမလဲ

ပိုးမွှားရောဂါ စပါး
Post image
Post image
306,242 လွန်ခဲ့သော ၅ နာရီ က

ရပါတယျ

1,412 လွန်ခဲ့သော ၆ နာရီ က

thiamithoxan လက်ကျန်ရှိပါသေးတယ် date မလွန်သေးပါဘူး အဲ့ဒါရော ဖျန်းလို့ရပါသလားဗျ

You
420
လွန်ခဲ့သော ၆ နာရီ က · ရပ်စောက်

ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ

စိုက်ပျိုး ဗဟုသုတ စပါး
Post image
306,242 လွန်ခဲ့သော ၆ နာရီ က

ပုံပါအတိုင်း စပါးခင်းထဲတွင် အမြစ်စွဲအားကောင်းပြီး ပြိုင်ဆိုင်ပေါက်ရောက်နေသော အပင်မှာ "ရေကညွတ်"ပေါင်း" ဖြစ်ပြီး ၎င်းသည် ရွက်ပြန့်ပေါင်း အမျိုးအစား ဖြစ်ပါတယ်။ တောင်သူဦးကြီး အသုံးပြုခဲ့သော ဆေးများမှာ မြက်မျိုးရင်းဝင် ရွက်ချွန်ပေါင်းများအတွက်သာ အဓိကဖြစ်၍ ယခုပေါင်းကို နှိမ်နင်းနိုင်ခြင်း မရှိဘဲ ဆေးယဉ်ပါးမှု ဖြစ်နေခြင်း ဖြစ်ပါတယ်။ ၎င်းကို အမြစ်ပြတ်ရန်အတွက် 2,4-D Dimethyl Amine ကဲ့သို့သော ရွက် ပြန့်ရွေးချယ်ပေါင်းသတ်ဆေးများကို ပြောင်းလဲအသုံးပြုရပါမယ်။ ဆေးမဖျန်းမီ စိုက်ခင်းထဲမှ ရေကို ကုန်စင်အောင် ထုတ်ပစ်ရန် လိုအပ်ပြီး၊ ဆေးဖျန်းပြီး (၂-၃) ရက်အကြာတွင် ရေကို (၂ လက်မခန့်) ပြန်သွင်း၍ (၅-၇) ရက်ခန့် အိုင်နေအောင် ထိန်းထားပေးခြင်းဖြင့် ပေါင်းပင်များကို ထိရောက်စွာ အမြစ်ပြတ် သေဆုံးစေနိုင်ပါတယ်။

59 လွန်ခဲ့သော ၆ နာရီ က

24Dဆေးသေလောက်ပါတယ်

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
9,757
လွန်ခဲ့သော ၈ နာရီ က · မအူပင်

မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။

မြေဆီလွှာ မတ်ပဲ
Post image
306,242 လွန်ခဲ့သော ၇ နာရီ က

အမြန်ဆွေး မြေ့ရန်အတွက်၂၀လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျင်အီးအမ်အပြင်း ၁လီတာနှုန်းထည့်ရပါမယ်၊ တစ်ဧကကို ၃ဗူးအနည်းဆူံးဖျန်ူးရပါမယ်၊ရိုးပြတ်များအပေါ်နှံ့စပ်စွာဖျန်းရန်လိုအပ်ပါတယ်၊အစိုဓာတ်ရှိရန်လည်းလိုအပ်ပါတယ်၊ ဆေးဖျန်းပြီးနောက် ပုလဲ၇ပြည်နှင့် ဖွဲနုရောပြီးထပ်မံကျဲပက်ပေးနိုင်ပါက ပိုမိုမြန်ဆန်ပြီးအကျိုးကျေးဇူးများပါတယ်ခင်ဗျာ

You
59
လွန်ခဲ့သော ၁၀ နာရီ က · ထန်းတပင်

စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ

စိုက်ပျိုး ဗဟုသုတ စပါး
Post image
306,242 လွန်ခဲ့သော ၇ နာရီ က

ပုံပါပေါင်းပင်သည် စပါးခင်းများတွင် အတွေ့ရများသော ဝက်လာမြက် လို့ခေါ်တာပါ။ အခေါ်ကတော့ကွဲနိုင်ပါတယ်။Bensulfuron-methyl + Bispyribac-sodium စသည့် န့်ပေါင်းသတ်ဆေးများကို စပါးခင်း ရေစစ်ပြီး စနစ်တကျ ဖျန်းပေးမှသာ အမြစ်ပြတ် နှိမ်နင်းနိုင်မည်ဖြစ်ပါတယ်။မြေပြင်ချိန်တွင် သေချာစွာ ထယ်မှောက်ထွန်းမွှေပြီး ပေါင်းပင်အကြွင်းအကျန်များကို အခြောက်လှန်းဖျက်ဆီးပါ။ဆေးဖြန်းပြီး ၂ ရက်မှ ၃ ရက်အကြာတွင် စပါးခင်းထဲသို့ ရေပြန်သွင်းပေးခြင်းဖြင့် ပေါင်းပင်ကို ပုပ်ပျက်သေဆုံးစေနိုင်ပါတယ်။ဤပေါင်းပင်သည် စိုစွတ်သောမြေနှင့် ရေဝပ်သောနေရာများကို ကြိုက်နှစ်သက်သဖြင့် စပါးခင်းထဲတွင် ရေအနက်ကို (၅ စင်တီမီတာခန့်) ညီညာစွာ ထိန်းထားနိုင်ပါက ပေါင်းစေ့များ အလင်းရောင်မရဘဲ အပင်မပေါက်နိုင်အောင် ကာကွယ်နိုင်ပါတယ်။အငပ်ကကြီးသွားတော့ ဆေးထိရောက်မှုတော့နည်းနိုင်ပါတယ်။

You
13
လွန်ခဲ့သော ၁၀ နာရီ က · မင်းလှ

အပင်ကြ‌ီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာ‌ေြမဆီတွေကျွေးရမလဲဗျ

အပင်အာဟာရ သခွား
306,242 လွန်ခဲ့သော ၉ နာရီ က

ပုံပါ သခွားပင်သည် သက်တမ်း ၁၁ ရက်သာရှိသေးသော အပင်ပေါက်အဆင့်ဖြစ်သဖြင့် ပင်စည်နှင့် အမြစ်စနစ် အခြေခိုင်ရန် အဓိကလိုအပ်ပါတယ်။ ဤအဆင့်တွင် အမြစ်ဆင်းကောင်းစေသော ဟူးမစ်အက်ဆစ် (Humic Acid) နှင့် တီစူပါ (Phosphorus) ဓာတ်ပါဝင်မှုများသည့်မြေဩဇာကို အပင်ခြေနှင့် ခပ်လှမ်းလှမ်းတွင် နည်းနည်းချင်းစီ စတင်ကျွေးရပါမယ်။ သက်တမ်း ၂၀ ရက်ကျော်၍ အပင်ကြီးထွားလာချိန်တွင် ကိုင်းဖြာပြီး ထွားကျိုင်းစေရန် နိုက်ထရိုဂျင် (ယူရီးယား) နှင့် သဘာဝမြေဩဇာများကို မြေဆွ၍ ဖြည့်စွက်ကျွေးရမည်ဖြစ်ပြီး၊ သက်တမ်း ၃၅ ရက်နောက်ပိုင်း အသီးတင်ချိန်တွင်မူ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်-ဘိုရွန် အားဆေးရွက်ဖျန်း အားဆေးများကို ပြောင်းလဲအသုံးပြုပေးရပါမယ်။ အပင်ငယ်စဉ် မြေဩဇာအလွန်အကျွံကျွေးပါက အမြစ်လောင်တတ်သဖြင့် ပမာဏကို ဂရုစိုက်ရန် လိုအပ်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
97
လွန်ခဲ့သော ၁၁ နာရီ က · ကြာအင်းဆိပ်ကြီး

အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို‌့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။

မြေဆီလွှာ ဆလပ်
Post image
306,242 လွန်ခဲ့သော ၁၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

မေးခွန်းရှင် ပြုလုပ်ထားသော မြေဆီလွှာဖွဲ့စည်းမှု စမ်းသပ်ချက် (Soil Jar Test) အရ စုစုပေါင်းအမြင့် ၃.၅ စင်တီမီတာတွင် သဲအလွှာ ၄၃%၊ နုန်းအလွှာ ၄၀% နှင့် စေးမြေအလွှာ ၁၇% ပါဝင်နေသဖြင့် ဤမြေသည် စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်သော နုန်းမြေဆီလွှာ အမျိုးအစား ဖြစ်ပါတယ်။ ရေနုတ်စနစ်ကောင်းမွန်ပြီး ရေနှင့်အာဟာရကို မျှတစွာထိန်းညှိပေးနိုင်သောကြောင့် မေးခွန်းရှင် စိုက်ပျိုးလိုသည့် ဆလတ်၊ ပူစီနံ၊ ကိုက်လန်၊ ကန်စွန်း၊ နံနံ စသည့် အိမ်တွင်းစားဖိုဆောင် ဟင်းသီးဟင်းရွက်ပင်များနှင့် အလွန်ကိုက်ညီမှု ရှိပါသည်။ သီးနှံများ ပိုမိုဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးခါနီး မြေပြင်ရာတွင် နိုက်ထရိုဂျင်နှင့် အာဟာရဓာတ် ကြွယ်ဝသော သဘာဝမြေဆွေး သို့မဟုတ် နွားချေးခြောက် မြေဆွေးများကို မဖြစ်မနေ ထပ်မံဖြည့်စွက်ပေးရန် လိုအပ်ပါတယ်။

97 လွန်ခဲ့သော ၁၀ နာရီ က

ကျေးဇူးတင်ပါတယ်ခင်ဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
59
လွန်ခဲ့သော ၁၂ နာရီ က

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

စိုက်ပျိုးနည်း ငွေပန်း
306,242 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရွှေပန်းပင် ၊ငွေပန်းပင်များကို စနစ်တကျ စိုက်ပျိုးရာတွင် အပင်ကြားကို ၄ လက်မမှ ၆ လက်မ နှင့် တစ်တန်းနှင့်တစ်တန်း ကြားကို ၆ လက်မမှ ၈ လက်မ အကွာအဝေး ထားရှိ၍ မျိုးဥများကို မြေအောက်အနက် ၁ လက်မခွဲမှ ၂ လက်မ တွင် မြှုပ်နှံစိုက်ပျိုးရပါမယ်။ ဤအပင်သည် မြေအောက်ဥမှတစ်ဆင့် ဘေးပွားနှုန်း ကောင်းမွန်သောကြောင့် တန်းကြားကို ၆ လက်မထက် ပိုမချန်ဘဲ စိပ်စိပ်စိုက်ပျိုးပေးပါက ပေါင်းမြက်ပေါက်ရောက်မှုကို တားဆီးပေးနိုင်သည့်အပြင် တစ်ဧကလျှင် အပင်ဦးရေ ၈၆,၀၀၀ ဝန်းကျင် အထိ ဝင်ဆန့်ပြီး ပန်းအထွက်နှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပါတယ်။

You
10
လွန်ခဲ့သော ၁၆ နာရီ က · ပဲခူး

မိုးစပါး သက်တမ်းလေးလခွဲစပါးမျိုး ဘယ်စပါးမျိုးကောင်းလဲဗျာ့

စိုက်ပျိုးစီးပွား စပါး
306,242 လွန်ခဲ့သော ၁၄ နာရီ က

ရွှေဝါထွန်းစပါးမျိုး

You
ဖြေလည်သော အဖြေရရှိပြီး
519
လွန်ခဲ့သော ၁၇ နာရီ က · အုတ်ဖို

စပါးခင်း ကြွက်တွေအရမ်းကိုက်နေလို့ ကြွက်သက်ဆေးလည်းချမရတော့ တခြားနည်းလမ်းလေးများရှိရင် ကူညီဖြေဆိုပေးပါအုံး

ပိုးမွှားရောဂါ စပါး
420 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဆံပင်ညှပ်ဆိုင်က ညှပ်ပြီးသား ဆံပင်အတိုအစတွေကို လယ်ဘေးပတ်ပတ်လည် ချထားလိုက်ပါ ကျုပ်တို့ဆီက လက်တွေ့နည်းပါ

306,242 လွန်ခဲ့သော ၁၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

စပါးခင်းတွင် ကြွက်များ ကိုက်ဖျက်သည့် ပြဿနာကို ကြွက်သတ်ဆေး မသုံးဘဲ နှိမ်နင်းရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စက်မှုနည်းလမ်းများကို ပေါင်းစပ်အသုံးပြုရပါမယ်။ ပထမဦးစွာ ကြွက်များ ခိုအောင်းပုန်းခိုနိုင်သည့် လယ်ကန်သင်းရိုးရှိ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး တွင်းဟောင်းများကို မြေဖို့ရပါမယ်။ လယ်ကွင်းပြင်တွင် ငှက်များ နားနားနိုင်ရန် သစ်ကိုင်းခြောက် နားတံများ စိုက်ထူပေးခြင်းဖြင့် သဘာဝအတိုင်း ဖမ်းယူစေနိုင်သလို၊ ထို့အပြင် လယ်ကွင်းပတ်ပတ်လည်ကို ပလတ်စတစ်စများဖြင့် အမြင့် ၂ ပေခန့် ကာရံပြီး စနစ်တကျ ဖမ်းယူခြင်း သို့မဟုတ် ကြွက်များ မနှစ်သက်သော ရေနံဆီ၊ ငရုတ်သီးစိမ်းဖျော်ရည်တို့ကို ကန်သင်းရိုးအနီး ဖြန်းပေးခြင်းဖြင့်လည်း ကြွက်များကို ထိရောက်စွာ မောင်းထုတ်နိုင်တတ်ပါတယ်။

You
73
လွန်ခဲ့သော ၁ ရက် က · မအူပင်

အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ

စိုက်ပျိုး ရေ ခရမ်းချဉ်
73 လွန်ခဲ့သော ၉ နာရီ က

ကျေးဇူးတင်ပါတယ်ဆရာ

306,242 လွန်ခဲ့သော ၁၉ နာရီ က

ဆောင်းခရမ်းချဉ်ကို အောင်မြင်စွာစိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ရာသီဥတုအေးမြစပြုသည့် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ဖြစ်ပြီး၊ ယခုစက်တင်ဘာလလယ်သည် ပျိုးထောင်ရန် အကောင်းဆုံးပြင်ဆင်ရမည့် အချိန်ဖြစ်ပါတယ်။ မျိုးစေ့ရွေးချယ်ရာတွင် ဒေသတွင်းစျေးကွက်ဝင်ပြီး အဝေးသယ်ဆောင်ဒဏ်ခံနိုင်သောထိုင်ဝမ်စပ်မျိုးများနှင့် တိုင်ထောင်/တိုင်လွတ်မျိုးများကို ရွေးချယ်သင့်ပါတယ်။ မြေပြင်ဆင်ရာတွင် ရေမဝပ်စေရန် အရေးကြီးသဖြင့် မြေကို ၈ လက်မအနက်ရအောင် ညက်နေအောင်ထွန်ပြီး၊ တစ်ဧကလျှင် နွားချေးဆွေး လှည်း ၁၅-၂၀ စီးခန့်နှင့်အတူ အောက်ခံဓာတ်မြေဩဇာ (တီစူပါနှင့် ပိုတက်ရှ်) တို့ကို သမအောင်မွှေပေးရမယ်။ ထို့နောက် ရေစီးရေလာကောင်းမွန်စေရန် အမြင့် ၆ လက်မမှ ၈ လက်မရှိသော စိုက်ဘောင်များစနစ်တကျ ဖော်ပေးရပါမယ်။မျိုးစေ့ကို ‌မျိုးစေ့ဆိုင်များမှာသေချာလေးမေးမြန်းဝယ်ယူပါခင်ဗျာ

You

မေးခွန်း

116
လွန်ခဲ့သော ၄၉ မိနစ် က · နတ္တလင်း

ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား

ပိုးမွှားရောဂါ မတ်ပဲ
You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။