အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
59
လွန်ခဲ့သော ၄၅ မိနစ် က · ဟင်္သာတ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

စိုက်ပျိုး ဗဟုသုတ ပဲပုပ်
335,089 လွန်ခဲ့သော ၁၉ မိနစ် က

ပဲပုပ်ပင် အသီး/အဆံ အားကောင်းပြီး အထွက်နှုန်းတိုးစေရန်အတွက် အပွင့်မပွင့်မီနှင့် အသီးတင်ချိန်များတွင် ဩဘာကုမ္ပဏီထုတ် ပီဖိုလန် (P-Pholan) သို့မဟုတ် ကောမက်အားကောင်း (Comet) အပင်အားဆေးများကို စနစ်တကျ ရွက်ဖျန်းပက်ဖျန်းပေးရပါမယ်။ ပဲပုပ်ပင်တွင် အရွက်ဝါခြင်းနှင့် လောင်မဲ (ရွက်ခြောက်) ရောဂါများ ဖြစ်ပွားခြင်းသည် မှိုရောဂါကြောင့် ဖြစ်တတ်သဖြင့် ကာကွယ်နှိမ်နင်းရန်အတွက် ပင်လုံးပျံ့မှိုသတ်ဆေးဖြစ်သော ဩဘာစွယ်စုံ (၁) သို့မဟုတ်ဝိစာရက ကာဗင် (Carben) ကို စိုက်ခင်းအနှံ့ ဂရုတစိုက် ပက်ဖျန်းပေးရပါမယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
14
လွန်ခဲ့သော ၂ နာရီ က · မြောင်

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

အပင်အာဟာရ စပါး
335,089 လွန်ခဲ့သော ၁ နာရီ က

မြေခံ (သမန်းပြင်ချိန်) တွင် မြေဩဇာ ကြိုတင်ထည့်လေ့မရှိဘဲ အပင်စိုက်ပြီးမှသာ မြေဩဇာကျွေးလေ့ရှိသည့် မိရိုးဖလာတောင်သူများအတွက် မြေဩဇာ အလေအလွင့်မရှိစေဘဲ စပါးအထွက်နှုန်း မထိခိုက်စေမည့် အကောင်းဆုံး ပြုပြင်ပြောင်းလဲကျွေးနည်း ကိုလည်း ဗဟုသုတအဖြစ် ပြောပြလိုက်ပါမယ်။ မြေခံမထည့်ထားသည့်အတွက် စပါးပင်ငယ်စဉ်တွင် အာဟာရပြတ်လပ်မှု မရှိစေရန် စိုက်ပြီး (၁၀) ရက်မှ (၁၅) ရက်အတွင်း ပထမအကြိမ် မြေဩဇာကို မဖြစ်မနေ စောစောကျွေးရပါမယ်။ အောက်ပါတို့သည် စပါး (၃) မျိုးစလုံးအတွက် တစ်ဧကနှုန်းထားများ ဖြစ်ပါတယ် - ၁။ ဆင်းသုခ စပါး (သက်တမ်း ၁၃၅ - ၁၄၀ ရက်) • ပထမအကြိမ် (စိုက်ပြီး ၁၀ - ၁၅ ရက်): ယူရီးယား (ပုလဲ) ၁/၃ အိတ် + တီစူပါ အိတ်ဝက်။ (မြေခံမပါသဖြင့် တီစူပါကို ပုလဲနှင့် ရောပြီး စောစောကျွေးရပါမယ်) • ဒုတိယအကြိမ် (မှို့ကပ်ချိန် - စိုက်ပြီး ၅၅ - ၆၀ ရက်): ယူရီးယား ၁/၃ အိတ် + ပိုတက်ရှ် ၁ အိတ် (၅၀ ကီလိုဂရမ်)။ (ပိုတက်ရှ်ကို မြေခံမထည့်ခဲ့သဖြင့် ယခုအကြိမ်တွင် ပမာဏတိုး၍ အပြည့်အဝ ထည့်ပေးရပါမယ်) • တတိယအကြိမ် (စပါးနှံမထွက်မီ ၅ ရက်ခန့် - စိုက်ပြီး ၇၅ - ၈၀ ရက်): ယူရီးယား ၁/၃ အိတ် (အပင်အခြေအနေကြည့်၍ အရွက်ဝါမှသာ ကျွေးရန်)။ ၂။ မနောသုခ စပါး (သက်တမ်း ၁၃၀ - ၁၃၅ ရက်) • ပထမအကြိမ် (စိုက်ပြီး ၁၀ - ၁၅ ရက်): ယူရီးယား ၁/၃ အိတ် + တီစူပါ အိတ်ဝက်။ • ဒုတိယအကြိမ် (မှို့ကပ်ချိန် - စိုက်ပြီး ၅၀ - ၅၅ ရက်): ယူရီးယား ၁/၃ အိတ် + ပိုတက်ရှ် ၁ အိတ်။ (မနောသုခသည် အပင်လဲတတ်သဖြင့် ပိုတက်ရှ်ကို ဤအချိန်တွင် အပြည့်အဝထည့်မှ ပင်စည်သန်မာပါမယ်) • တတိယအကြိမ် (ဖုံးလုံးချိန် - စိုက်ပြီး ၇၀ - ၇၅ ရက်): ယူရီးယား ၁/၃ အိတ်။ ၃။ ဧရာမင်း စပါး (သက်တမ်း ၁၄၅ - ၁၅၀ ရက်) • ပထမအကြိမ် (စိုက်ပြီး ၁၅ - ၂၀ ရက်): ယူရီးယား ၁/၃ အိတ် + တီစူပါ အိတ်ဝက်။ • ဒုတိယအကြိမ် (မှို့ကပ်ချိန် - စိုက်ပြီး ၆၅ - ၇၀ ရက်): ယူရီးယား ၁/၃ အိတ် + ပိုတက်ရှ် ၁ အိတ်။ (ဧရာမင်းသည် ဂုတ်ကျိုးရောဂါ ခံရလွယ်သဖြင့် ပိုတက်ရှ်ကို ယခုအချိန်တွင် ၁ အိတ်အပြည့် ထည့်ပေးခြင်းက ကာကွယ်ရလွယ်ကူစေပါတယ်) • တတိယအကြိမ် (နှံထွက်ခါနီး - စိုက်ပြီး ၈၅ - ၉၀ ရက်): ယူရီးယား ၁/၃ အိတ်။ မိရိုးဖလာ စိုက်ပျိုးသူများအတွက် အရေးကြီးသော သတိပြုရန်အချက်များ 1. မိရိုးဖလာတောင်သူအများစုသည် တီစူပါကို ဒုတိယအကြိမ် (မှို့ကပ်ချိန်) မှ ပုလဲနှင့် ရောကျွေးလေ့ရှိကြတယ်။ ၎င်းသည် လုံးဝမှားယွင်းပါတယ်။ တီစူပါသည် အမြစ်ပွားရန် ဖြစ်သဖြင့် စိုက်ပြီး ၁၀ ရက်ကျော်ကျော် ပထမအကြိမ် ပုလဲကျွေးကတည်းက ရောကျွေးမှသာ အာနိသင်ထိရောက်မှာ ပါ။ 2. အချို့တောင်သူများသည် ပုလဲတစ်မျိုးတည်းကိုသာ အသုံးပြုကြသည်။ မြေခံမထည့်လျှင်ပင် ဒုတိယအကြိမ်တွင် ပိုတက်ရှ်ကို မဖြစ်မနေ ထည့်ပေးပါ။ သို့မှသာ စပါးအစေ့အဆန် တင်းပြည့်ပြီး အထွက်နှုန်း ကောင်းမွန်ပါမယ်။ 3. မြေဩဇာမကြဲမီ စိုက်ခင်းထဲသို့ ရေအဝင်/အထွက်ကို လုံးဝပိတ်ထားပါ။ ကြဲပြီးနောက် မြေဩဇာများ မြေကြီးထဲသို့ အရည်ပျော်ဝင်သွားစေရန် (၇) ရက်ခန့် ရေကို ငြိမ်ထားပေးပါ။ ရေစီးနေပါက မြေဩဇာများ မျောပါဆုံးရှုံးသွားပါလိမ့်မယ်။ အဓိကတော့ ဘယ်အချိန်မှာ ဘယ်‌အဟာရပါမြေဩဇာကျွေးရမယ်ဆိုတာသိဖို့ကအဓိကပါ။ ပမာဏကတော့ မိမိဘာသာ ချင့်ချိန်နိုင်ပါတယ်ခင်ဗျာ။ပမာဏတွေက မြေအမျိုးအစားအလိုက် ဓာတ်ခွဲခန်း အဖြေအလိုက် သိရှိရမှသာအတိအကျတွက်ပေးလို့ရတာမို့၊ ပမာဏကိုတော့မိမိဘာသာချင့်ချိန်စဉ်းစားပါ။စေတနာများစွာဖြင့်ဗဟုသုတအဖြစ်မျှဝေပေးပါသည်။သိချင်တာများရှိပါက နောင်လည်းအမြဲတမ်းမေးနိုင်ပါတယ်။နောက်မိမိကိုယ်တိုင်လုပ်သည့်အခါမှာ သီးသန့်မြေဩဇာများနှင့် ကွန်ပေါင်းမြေဩဇာများဖြင့်တွဲဖက်အသုံးပြုမယ်ဆိုလည်းရပါတယ်။

335,089 လွန်ခဲ့သော ၁ နာရီ က

၁။ ဆင်းသုခ စပါး (သက်တမ်း ၁၃၅ - ၁၄၀ ရက်) ဆင်းသုခသည် သက်လတ်မျိုးဖြစ်ပြီး မြေဆီဩဇာ စုပ်ယူမှု အားကောင်းသော စပါးမျိုး ဖြစ်ပါတယ်။ မြေခံ (သမန်းပြင်ချိန်): တီစူပါ သို့မဟုတ် DAP အိတ်ဝက် (၂၅ ပေါင်) + ပိုတက်ရှ် (KCL) အိတ်ဝက် (၂၅ ပေါင်)။ • ပထမအကြိမ် (ပင်ပွားချိန် - စိုက်ပြီး ၁၅-၂၀ ရက်): ယူရီးယား (ပုလဲ) ၁/၃ အိတ် (၃၅ ပေါင်ခန့်)။ • ဒုတိယအကြိမ် (မှို့ကပ်ချိန် - စိုက်ပြီး ၅၅-၆၀ ရက်): ယူရီးယား ၁/၃ အိတ် (၃၅ ပေါင်) + ပိုတက်ရှ် အိတ်ဝက် (၂၅ ပေါင်)။ • တတိယအကြိမ် (စပါးနှံမထွက်မီ ၅ ရက်ခန့်ဖုံးလုံးချိန် - စိုက်ပြီး ၇၅-၈၀ ရက်): ယူရီးယား ၁/၃ အိတ် (၃၅ ပေါင်ခန့် - အပင်အခြေအနေကြည့်၍ အရွက်ဝါမှသာ ထည့်ရန်)။ ၂။ မနောသုခ စပါး (သက်တမ်း ၁၃၀ - ၁၃၅ ရက်) မနောသုခသည် အပင်ပွားနှုန်းကောင်းပြီး နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ အလွန်အကျွံကျွေးလျှင် အပင်လဲတတ်သဖြင့် ပိုတက်ရှ်ကို သေချာထည့်ပေးရပါမယ်။ • မြေခံ (သမန်းပြင်ချိန်): တီစူပါ အိတ်ဝက် (၂၅ ပေါင်) + ပိုတက်ရှ် အိတ်ဝက် (၂၅ ပေါင်)။ • ပထမအကြိမ် (ပင်ပွားချိန် - စိုက်ပြီး ၁၅-၂၀ ရက်): ယူရီးယား (ပုလဲ) ၁/၃ အိတ်။ • ဒုတိယအကြိမ် (မှို့ကပ်ချိန် - စိုက်ပြီး ၅၀-၅၅ ရက်): ယူရီးယား ၁/၃ အိတ် + ပိုတက်ရှ် အိတ်ဝက်။ • တတိယအကြိမ် (ဖုံးလုံးချိန် - စိုက်ပြီး ၇၀-၇၅ ရက်): ယူရီးယား ၁/၃ အိတ် (အစေ့အဆန် ပြည့်ဝစေရန်)။ ၃။ ဧရာမင်း စပါး (သက်တမ်း ၁၄၅ - ၁၅၀ ရက်) ဧရာမင်းသည် စိုက်ပျိုးသက်တမ်း ပိုရှည်ပြီး အရည်အသွေးကောင်း စပါးမျိုးဖြစ်ကာ ဂုတ်ကျိုးရောဂါနှင့် ဖျက်ပိုးဒဏ် ခံရလွယ်သဖြင့် ပိုတက်ရှ်မြေဩဇာ ကို မဖြစ်မနေ စနစ်တကျ ထည့်သွင်းပေးရပါမယ်။ • မြေခံ (သမန်းပြင်ချိန်): တီစူပါ အိတ်ဝက် (၂၅ ပေါင်) + ပိုတက်ရှ် အိတ်ဝက် (၂၅ ပေါင်)။ • ပထမအကြိမ် (ပင်ပွားချိန် - စိုက်ပြီး ၂၀-၂၅ ရက်): ယူရီးယား (ပုလဲ) ၁/၃ အိတ်။ • ဒုတိယအကြိမ် (မှို့ကပ်ချိန် - စိုက်ပြီး ၆၅-၇၀ ရက်): ယူရီးယား ၁/၃ အိတ် + ပိုတက်ရှ် အိတ်ဝက်။ • တတိယအကြိမ် (အနှံထွက်ခါနီး ဖုံးလုံးချိန်- စိုက်ပြီး ၈၅-၉၀ ရက်): ယူရီးယား ၁/၃ အိတ်။ ယူရီးယားဓာတ် မြေဆီလွှာတွင် အငွေ့ပျံ ဆုံးရှုံးမှုနည်းစေရန် ယူရီးယား ၁ ဆ + နွားချေး (သို့မဟုတ်) မြေဆွေး ၃ ဆ ကို သမအောင်ရောစပ်ပြီး အိတ်ထဲတွင် တစ်ညနှပ်ထားကာ နောက်တစ်နေ့မှ ကြဲပတ်ကျွေးပါကအထိရောက်ဆုံးဖြစ်သည်။ ဓာတ်မြေဩဇာ ကြဲပတ်ချိန်တွင် စိုက်ခင်းထဲ၌ ရေအနက် ၂ လက်မခန့်သာ ရှိသင့်ပြီး ၇ရက်ခန့်အထိရေထိန်းထားနိုင်ရပါမယ်။ (မနက်ခင်း သို့မဟုတ် ညနေခင်း) တွင်သာ ကျွေးရပါမယ်။ ဒါကမြေခံထည့်သွင်းလေ့ရှိသည့်တောင်သူများအတွက်ပါ။ မြေဩဇာကျွေးနည်းအနှစ်ချုပ်ရရင် Pနှင့် Kကို‌ မြေခံမှာထည့်သွင်း၊ မှို့ကပ်ချိန်မှာ ပိုတက်ရှ်မဖြစ်မ‌ နေကျွေး၊ Nပုလဲကို အပင်လိုအပ်ချိန် ၊စပါးပင်အရွက် အရောင်ကြည့်ကျွေးရတာပါ။

You
2
လွန်ခဲ့သော ၃ နာရီ က · မြဝတီ

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

မွေးမြူနည်း ကြက်
You
ဖြေလည်သော အဖြေရရှိပြီး
9,467
လွန်ခဲ့သော ၅ နာရီ က · ချောက်

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

စိုက်ပျိုးစီးပွား ခရမ်းချဉ်
Post image
Post image
Post image
335,089 လွန်ခဲ့သော ၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

လိုရာ ၉၀၉ ခရမ်းချဉ်သည် လတ်တလောတွင် အောက်ခြေ "ဂွသီး" များ အရမ်းသီးနေခြင်းကြောင့် အပင်အာဟာရအားလုံး အောက်သို့ရောက်ကာ မိုးအဆက်မပြတ်ရွာခြင်းနှင့် ပေါင်းစပ်ပြီး အပေါ်သီးမလိုက်နိုင်ခြင်း ဖြစ်ပါတယ်။ မနေ့ကမှ ဒိုင်ဇီနှင့် ဘီတာစီ ဖျန်းထားသဖြင့် ဆေးဒဏ်သက်သာစေရန် ၃ ရက်ခန့် အပင်ကို အနားပေးပါ။ ထို့နောက် ဆေးဒဏ်နှင့် မိုးဒဏ်ကြောင့် ငြိမ်နေသောအပင် လန်းဆန်းလာစေရန် ချက်ချင်းစုပ်ယူနိုင်မည့် အမိုင်နိုအက်ဆစ် + ကယ်စီပလပ် ကို အရင်စတင်ဖျန်းပေးပါ။ နောက်တစ်ပတ်တွင် ဂွသီးများ ကြီးထွားအရောင်တင်ရန် ပိုတက်စီယမ်ပါသော အမိုင်နိုအက်ဆစ် + မင်းသား သို့မဟုတ် ထွက်တိုး + ရှယ်ပီကေ ကို ပြောင်းလဲဖျန်းပေးရပါမယ်။ အပေါ်ပိုင်း သီးပွင့်မှု ပြန်လိုက်လာစေရန်အတွက် အောက်ခြေမှ သားတက်နှင့် အရွက်ဟောင်းများကို ဖဲ့ပေးခြင်း၊ မှည့်စပြုလာသော ဂွသီးများကို အမြန်ဆုံး ဆွတ်ခူးပေးခြင်းတို့ဖြင့် အာဟာရကို အပေါ်သို့ တွန်းတင်ပေးရပါမယ်။ပုံထဲက ခရမ်းချဉ်ပင်ကို ကြည့်ရတာ Lora 909 ရဲ့ သဘာဝအတိုင်း ပင်စည်ထိပ်ဖျားမှာ ပန်းခိုင်ပွင့်ပြီး ကြီးထွားမှု ရပ်တန့်သွားတဲ့ ပုံစံ (Determinate/အပုမျိုး) ဖြစ်တာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ် ခင်ဗျာ။ အခု Lora 909 ခရမ်းချဉ်ပင်ဟာ သက်တမ်း ၂ လကျော်ရှိပြီး ပင်စည်ထိပ်ဖျားမှာ ပန်းခိုင်ပွင့်ကာ ကြီးထွားမှု ရပ်တန့်သွားတဲ့အတွက် အနွယ်တက်မျိုးတွေလို အဆုံးမရှိ ဆက်တိုက် ထပ်သီးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒါနဲ့တင် လုံးဝရပ်သွားတာမျိုး မဟုတ်ဘဲ အောက်က ဂွသီးတွေ ရင့်မှည့်နေချိန်မှာ ပုံထဲက အပေါ်ပိုင်းမှာ မြင်ရတဲ့ အဝါရောင် အပွင့်အဖူးလေးတွေကနေ နောက်ထပ် တစ်သုတ်/တစ်လှိုင်း ထပ်မံ အသီးတင်လာဦးမှာ ဖြစ်ပါတယ်။ ဒီအပုမျိုး (Determinate) တွေဟာ ပုံမှန်အားဖြင့် ၁ သုတ် သို့မဟုတ် ၂ သုတ်လောက်ပဲ ပြိုင်တူရင့်မှည့်အောင် အင်တိုက်အားတိုက် သီးပေးပြီးနောက် ၎င်းတို့ရဲ့ သက်တမ်း ကုန်ဆုံးသွားတတ်တဲ့ သဘာဝရှိပါတယ်ခင်ဗျာ။

9,467 လွန်ခဲ့သော ၄ နာရီ က

ဆျာတို့နဲ့တွေ့ခွင့်ရတာဟာကျွန်တော့်တို့အတွက်တော့ရွှေပါပဲဗျာ ကျေးဇူးတင်ပါတယ်ဆရာရယ်

You
17
လွန်ခဲ့သော ၈ နာရီ က · ဒဂုံမြို့သစ်မြောက်ပိုင်း

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

တန်ဘိုးမြှင့်ထုတ်ကုန် တမာ
အတည်ပြုပြီး 1,114,737 လွန်ခဲ့သော ၇ နာရီ က

မြန်မာနိုင်ငံမှာ၊ကမ္ဘာ့အဆင့်အတန်းမီ၊တမာပိုးသတ်ဆေးစက်ရုံကို၊မကွေးတိုင်း၊ပခုက္ကူမြို့မှာ တည်ရှိပြီးဖြစ်ပါတယ်။ ပြည်တွင်းသုံးထက်၊နိုင်ငံခြားပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နေပါတယ်။(အခုလို အချိန်ခါမျိုးမှာတော့ မသိတော့ပါ)။ စက်ရုံနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့သာလိုအပ်ပါတယ်။

335,089 လွန်ခဲ့သော ၈ နာရီ က

တမာစေ့မှ စီးပွားဖြစ် အရည်အသွေးမီ တမာဆီထုတ်လုပ်ရန် အဓိကဓာတ်များ မပျက်စီးစေသည့် အအေးခံစနစ်ဖြင့် ညှစ်ရမည်ဖြစ်ပြီး၊ ညှစ်မည့် တမာစေ့များသည် အစိုဓာတ် ၁၀% ဝန်းကျင် သာရှိပြီး မှိုကင်းစင်ရန် အရေးကြီးကာ ညှစ်ပြီးနောက် အနည်ကင်းစင်အောင် Filter Press စက်ဖြင့် စစ်ထုတ်ရပါမယ်။ အရေအတွက် အမြောက်အမြား (Bulk) ဝယ်ယူရန်အတွက် တမာပင် အများဆုံး ပေါက်ရောက်ရာ မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ ဝမ်းတွင်း ဒေသရှိ ပွဲရုံများတွင် စုံစမ်းနိုင်သလို၊ ယခု အသုံးပြုနေသော Green Way (အစိမ်းရောင်လမ်း) အက်ပ်၏ ဈေးကွက်ကဏ္ဍ ဈေးတန်းကြီး တွင်လည်း တိုက်ရိုက်ပို့စ်တင်ပြီး အဆက်သွယ်ရှာကြည့်ပါဦး

You
47
လွန်ခဲ့သော ၈ နာရီ က · စလင်း

မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
အတည်ပြုပြီး 1,114,737 လွန်ခဲ့သော ၇ နာရီ က

ဖြုတ်စိမ်းကျရောက်မှု ရှိပါသလား၊စုပ်စားပိုးမှတဆင့် ဗိုင်းရပ်ရောဂါအထိဖြစ်နိုင်ပါတယ်၊အရွက်ပုံစံပြောင်းခြင်း၊ရောင်မညီကွက်ကြားဖြစ်ခြင်းတွေဟာ၊ဗိုင်းရပ်စ် လက္ခဏာတွေဖြစ်ပါတယ်။ စုပ်စားပိုးဆေး+အနည်းလိုအာဟာရအားဆေးဖျန်းပါ။

335,089 လွန်ခဲ့သော ၈ နာရီ က

ပုံပါမြေပဲခင်းတွင် ဖြစ်ပွားနေသည်မှာ ဖလံကောင်စိမ်း/စုတ်စားပိုး (Leafhopper) ကြောင့် အရွက်ထိပ်များ "V" ပုံသဏ္ဌာန် ဝါလာသည့် Hopper Burn လက္ခဏာ ဖြစ်ပါတယ်။ ဤပိုးမွှားသည် အရွက်အောက်မှ အပင်ရည်ကို စုပ်ယူဖျက်ဆီးတတ်သဖြင့် ကာကွယ်ရန်အတွက် စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းအောင် အရင်ရှင်းလင်းရပါမယ်။ ထို့ပြင် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ညဘက်တွင် မီးထောင်ချောက်များဖြင့် ဖမ်းယူနှိမ်နင်းသင့်ပါတယ်။ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ပိုးကျရောက်မှု နည်းပါးပါက တမာစေ့ဆီ (Neem Oil) ၃ ရာခိုင်နှုန်းကို ဖျန်းပေးနိုင်ပြီး၊ ပိုးကျရောက်မှု ပြင်းထန်ပါက အီမီဒါကလိုပရစ် (Imidacloprid) ကဲ့သို့သော ပင်လုံးပြန့်ပိုးသတ်ဆေးများကို အရွက်အောက်မျက်နှာပြင်အထိ ရောက်ရှိအောင် စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိတယ်

You
24
လွန်ခဲ့သော ၈ နာရီ က · ပြည်

နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ

မွေးမြူနည်း နွား
Post image
335,089 လွန်ခဲ့သော ၈ နာရီ က

နွားများ လျင်မြန်စွာ ဝဖြိုးလာစေရန်အတွက် ပထမဦးစွာ နီးစပ်ရာတိကုဆရာဝန်ညွှန်ကြားချက်ဖြင့်သန်ချဆေး ကို မဖြစ်မနေ တိုက်ကျွေးပြီး ရောဂါကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးရပါမယ်။ ထို့နောက် ဝစေရန် ဖွဲနု၊ ဆန်ကွဲနှင့် ပဲဖတ်/နှမ်းဖတ် တို့ကို အချိုးကျစပ်ထားသော အစာနုကို နွားကိုယ်အလေးချိန်၏ ၁% မှ ၂% ခန့် နေ့စဉ် ကျွေးမွေးရပါမယ်။ ၎င်းအပြင် အမျှင်ဓာတ်အတွက် နေဗီယာမြက်ကဲ့သို့ အစာစိမ်းများ ကို တိုးမြှင့်ကျွေးခြင်း၊ ကောက်ရိုးကို ကောက်ရိုးနု ပြုလုပ်ကျွေးခြင်း၊ သန့်ရှင်းသော သောက်ရေကို ၂၄ နာရီပတ်လုံး ရရှိစေခြင်းဖြင့် အာဟာရပြည့်ဝစွာ မွေးမြူနိုင်ပါတယ်

You
ဖြေလည်သော အဖြေရရှိပြီး
59
လွန်ခဲ့သော ၉ နာရီ က · ဟင်္သာတ

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ

ပိုးမွှားရောဂါ ငရုတ်သီး
335,089 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ငရုတ်ခါးရိရောဂါသည် အစိုဓာတ်လွန်ကဲပြီး ရေဝပ်သော ပျိုးခင်းများတွင် ဖြစ်ပွားတတ်သည့် မြေဆောင်မှိုရောဂါဖြစ်ပြီး၊ မြေကြီးနှင့်ထိစပ်နေသော ပင်စည်ခြေပိုင်း ပုပ်၍ လဲကျခြောက်သေစေတတ်ပါတယ်။ ၎င်းကို ကာကွယ်ရန် ရေစီးရေလာကောင်းအောင် ပြင်ဆင်ပြီး Carbendazim သို့မဟုတ် Metalaxyသို့မဟုတ် Foestyl Al မှိုသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပေးရပါမယ်။ မြစ်ခြောက်ဆွေးရောဂါသည် ရာသီဥတုပူပြင်းပြီး မြေကြီးအစိုဓာတ်ပြောင်းလဲမှု မြန်ဆန်ချိန်တွင် သဲနုံးမြေများ၌ အဖြစ်များပြီး၊ အမြစ်များပုပ်ဆွေးကာ တစ်ပင်လုံး ညှိုးခြောက်သေဆုံးစေပါတယ်။ ၎င်းအတွက် မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမား ဇီဝမှိုဆေး ထည့်သွင်းခြင်း၊ ရောဂါရပင်ကို နှုတ်ယူမီးရှို့ခြင်းနှင့် Azoxystrobin သို့မဟုတ် Thiophanate methyl, Hymexazol ဆေးရည်ကို အပင်ခြေသို့ ဖျန်းပေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါတယ်

335,089 လွန်ခဲ့သော ၅၂ မိနစ် က

ငရုတ်ခါးရိအတွက်ကတော့ ဆေးဆိုင်တွေမှာပါဝင်ပစ္စည်း ပြော မေးကြည့်ပါ၊ ဥပမာ ကာဗင်ဒါဇင် (Carbendazim)ပါဝင်သည့်မှိုသတ်ဆေးရှိလား၊ Metalaxy မက်တယ်လက်ဇီးရှိလား၊ဖော့စတိုင်းအလူမီနီယမ် (Foestyl Al)ရှိလားမေးကြည့်ပါ၊

You
35
လွန်ခဲ့သော ၁၀ နာရီ က

ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ

ပိုးမွှားရောဂါ ဂေါ်ဖီထုပ်
Post image
335,089 လွန်ခဲ့သော ၈ နာရီ က

ပုံပါ ဂေါ်ဖီထုပ်ပျိုးပင်များ အစုလိုက်ညှိုးသေပြီး မြေပြင်တွင် မှိုမျှင်ဖြူများ တွေ့ရခြင်းမှာ "ပျိုးပင်ခြေပုပ် ခါးရိရောဂါ" ကြောင့် ဖြစ်ပါတယ်။ ၎င်းသည် မြေဆီလွှာစိုစွတ်မှု လွန်ကဲပြီး လေဝင်လေထွက်မကောင်းချိန်တွင် Pythium နှင့် Rhizoctonia မှိုပိုးများကြောင့် အဖြစ်များပါတယ်။ ယခုအခြေအနေကို ကုသရန် ရောဂါရအပင်နှင့် မှိုမျှင်ရှိသော မြေကို တူးထုတ်ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရေလောင်းခြင်းကို ချက်ချင်းလျှော့ချကာ နံနက်ပိုင်းသာ လောင်းရပါမယ်။ ထို့နောက် Metalaxyl + Mancozeb သို့မဟုတ် Propamocarb သို့မဟုတ် Foestyl Al မှိုသတ်ဆေးတစ်မျိုးမျိုးကို ပျိုးဘောင်ထဲအထိ စိမ့်ဝင်အောင် ဖျန်းပေးရပါမယ်။ နောင်တွင် ကြိုတင်ကာကွယ်ရန်အတွက် မစိုက်ပျိုးမီ မြေကိုနေပူလှန်းခြင်း၊ ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို ထည့်သွင်းခြင်းနှင့် မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။

You
352
လွန်ခဲ့သော ၁၁ နာရီ က · ယင်းမာပင်

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

အပင်အာဟာရ ကွမ်း
အတည်ပြုပြီး 1,114,737 လွန်ခဲ့သော ၇ နာရီ က

နွားသေးပါတဲ့အတွက်၊ တကြိမ်တည်းအများကြီးဖျန်းရင်/လောင်းရင် အပင်အတွက် ဆိုးကျိုးဖြစ်နိုင်ပါတယ်။ အရိပ်အောက်မှာ သိမ်းထားပြီး၊နောက်တပတ်နေမှ၊ တကြိမ် ဖျန်းသင့်ပါတယ်။

335,089 လွန်ခဲ့သော ၁၀ နာရီ က

ဂျီဗာမရုသမ် (Jeevamrutham) သဘာဝဆေးရည်သည် ဓာတုပစ္စည်းမပါသော ဇီဝအာဟာရရည်ဖြစ်၍ အပင်လောင်ခြင်း လုံးဝမဖြစ်နိုင်ပါဘူး။ သို့သော် ဆေးရည်ပြင်းအားများနေပါက ဘေးကင်းထိရောက်စေရန် ဆေးရည်ကို စိုက်ခင်းသွင်းရေဖြင့်ရောစပ်အသုံးပြုပြီး ပြင်းအား ဖျော့နိုင်ပါတယ်။ ကွမ်းပင်ခြေလောင်းရာတွင် မြေကြီးအစိုဓာတ်ရှိချိန်၌ ပင်စည်မှ ၃ လက်မခန့်ခွာ၍ ပတ်လည်လောင်းပေးရမည်ဖြစ်ပြီး၊ ဖျော်စပ်ပြီးသား ဆေးရည်ကို အာနိသင်အရှိဆုံးဖြစ်စေရန် ရက်ပေါင်း ၇ ရက်အတွင်း ကုန်အောင်အသုံးပြုသင့်ပါတယ်

You
70
လွန်ခဲ့သော ၁၂ နာရီ က · ကမာရွတ်

ဒူးရင်းနဲ့ကြက်မောက် မြေချစိုက်ထားတဲ့ကာလ 1နှစ်သားကျော်ကျော်နဲ့6လသားတွေအတွက် ကျွေးလို့ရမယ့် ဓါတ်မြေသြဇာနဲ့ ဘယ်နလ1ကြိမ်လောက်ကျွေးရမလဲသိချင်လို့ပါခင်ဗျာ 1နှစ်ကျော်ကျော်အပင်တွေကလည်း ကြီးထွားမှုအရမ်းနှေးကွေးနေလို့လမ်းညွှန် ညွှန်ကြားပေးစေလိုပါတယ်ခင်ဗျာ

အပင်အာဟာရ ဒူးရင်းသီး
အတည်ပြုပြီး 1,114,737 လွန်ခဲ့သော ၇ နာရီ က

ဒီအရွယ်မှာ အမှားမခံနိုင်သေးတဲ့အရွယ်မို့၊သဘာဝမြေဆွေးများများနဲ့၊၁၅ပတ်လည်ကို၊တပင် ၂၀ဂရမ်ခန့် ၊ဝိုက်ကျင်းပြုလုပ်ပြီးကျွေးပါ။ဘာကြောင့်အပင်တက်နှေးရသလဲ?အဖြေရှာပါ။

335,089 လွန်ခဲ့သော ၁၂ နာရီ က

အပင်သက်တမ်း ၁ နှစ်ကျော် ဒူးရင်းနှင့် ကြက်မောက်ပင်ငယ်များ ကြီးထွားမှုမြန်ဆန်စေရန်အတွက် မြေဩဇာကို တစ်နှစ်လျှင် ၃ ကြိမ်မှ ၄ ကြိမ် (မိုးဦး၊ မိုးလယ်၊ မိုးနှောင်းနှင့် နွေဦး) ခွဲ၍ ကျွေးရပါမယ်။ တစ်ပင်လျှင် တစ်နှစ်စာအတွက် သဘာဝနွားချေး/ကြက်ချေးဆွေး ၅ ကီလိုမှ ၁၀ ကီလိုခန့်နှင့် အပင် ကြီးထွားမှုကို အားပေးသည့် NPK 15:15:15 သို့မဟုတ် 16:16:16 ဓာတ်မြေဩဇာ ၃၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဟင်းစားဇွန်း ၃ ဇွန်းမှ ၅ ဇွန်းခန့်) ကို အညီအမျှခွဲ၍ အပင်ခြေရင်းမှခွာကာ ပတ်လည်ကျွေးပေးရပါမယ်။ အပင်ကြီးထွားမှု အလွန်နှေးကွေးနေခြင်းကို ကျော်လွှားရန် မြေဆီလွှာကို မြေဆွပေးခြင်း၊ ကောက်ရိုးဖုံးအုပ်ပေးခြင်းတို့အပြင် ၁၅ ရက်တစ်ကြိမ် အမိုင်နိုအက်ဆစ်ပါဝင်သော ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းပေးခြင်းဖြင့် အညွန့်သစ်များ လျင်မြန်စွာ ထွက်လာစေနိုင်ပါတယ်။

You
20
လွန်ခဲ့သော ၁၃ နာရီ က · ယင်းမာပင်

စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ

ပိုးမွှားရောဂါ စပါး
Post image
Post image
335,089 လွန်ခဲ့သော ၁၂ နာရီ က

စပါးဆစ်ပိုး၊ကြက်သွန်မြိတ်ပိုး၊ဖြုတ်ပိုး တခုခုကျတာဖြစ်နိုင်လို့ တောင်သူဦးကြီးက ပိုးကျတယ်သိတာဆို ဘာပိုးကျတာလဲပြန်ပြောထားပေးပါဦးဗျ

You
196
လွန်ခဲ့သော ၁၉ နာရီ က · မောင်တော

ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်

ခေတ်သစ်စိုက်ပျိုးရေး ငရုတ်ကောင်း
335,089 လွန်ခဲ့သော ၁၆ နာရီ က

ဧရာဝတီတိုင်း ပုသိမ်ဒေသသည် မိုးရေချိန်ကောင်းမွန်ပြီး ပူအိုက်စိုစွတ်သော ရာသီဥတုရှိသဖြင့် ငရုတ်ကောင်းစိုက်ပျိုးရန် အလွန်သင့်တော်ပါတယ်။ နိုင်ငံခြားမျိုးများအနက် မြန်မာ့ရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်ပြီး အထွက်နှုန်းကောင်းမွန်သော မလေးရှားမူရင်း ကူချင်းမျိုး (Kuching) နှင့် အိန္ဒိယစပ်မျိုးဖြစ်သော ပန်နီယူးမျိုးများ (Panniyur) ကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးရာတွင် ပုသိမ်ဒေသ၏ မိုးများသော အခြေအနေကြောင့် ရေဝပ်ခြင်းမရှိစေရန် ရေစီးရေလာ စနစ်တကျ ဆောင်ရွက်ဖို့ အရေးကြီးပြီး၊ အပင်ငယ်စဉ် အရိပ်ပေးခြင်းနှင့် နွေရာသီတွင် မြေအစိုဓာတ် ထိန်းသိမ်းပေးခြင်းတို့ကို စနစ်တကျ ဂရုစိုက်ခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းနိုင်ပါတယ်

You
196
လွန်ခဲ့သော ၁၉ နာရီ က · မောင်တော

ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ

စိုက်ပျိုးနည်း ခရမ်းသီး
335,089 လွန်ခဲ့သော ၁၆ နာရီ က
You
ဖြေလည်သော အဖြေရရှိပြီး
250
လွန်ခဲ့သော ၂၃ နာရီ က · ပုသိမ်

ဘီးစပ်ရွက်၊တမာရွက်များကိုထုထောင်းပြီးရလာသောအရေည်ကိုရွှေခရုများကိုနှိမ်နင်းလို့ရနိုင်မလာဗျို့။

ပိုးမွှားရောဂါ စပါး
335,089 လွန်ခဲ့သော ၁၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဘီးစပ်ရွက်နှင့် တမာရွက်ကို ထုထောင်း၍ ရရှိလာသော အရည်သည် စပါးခင်းရှိ ရွှေခရု (ခေါ်) ရွှေလရု အန္တရာယ်ကို ကာကွယ်နှင်ထုတ်နိုင်ပါတယ်။ ဤအရွက်များတွင် ပါဝင်သော ပြင်းရှသည့်အနံ့နှင့် အလွန်ခါးသော အဆီအနှစ်များကြောင့် ရွှေခရုများ စပါးပင်နုနုလေးများကို ကိုက်ဖြတ်မစားနိုင်အောင် တားဆီးပေးပါတယ်။ အသုံးပြုရာတွင် အရွက်များကို နုတ်နုတ်စင်း၊ ထုထောင်းပြီးနောက် ရေတွင် အနည်းဆုံးတစ်ညစိမ်၍ ဆပ်ပြာရည်အနည်းငယ်ကို ဆေးစွဲကပ်ဆေး ‌အဖြစ် ရောစပ်ကာ ဖျန်းပေးရပါမယ်။ ပိုမိုထိရောက်စေရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရေသွင်းမြောင်းဝတွင် ဆေးအိတ်ချည်ထားခြင်းနှင့် ပန်းရောင်ခရုဥအုံများကို လိုက်လံကောက်ယူဖျက်ဆီးခြင်းတို့ကိုပါ တွဲဖက်လုပ်ဆောင်လေ့ရှိတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်း

59
လွန်ခဲ့သော ၄၅ မိနစ် က · ဟင်္သာတ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

စိုက်ပျိုး ဗဟုသုတ ပဲပုပ်
335,089 လွန်ခဲ့သော ၁၉ မိနစ် က

ပဲပုပ်ပင် အသီး/အဆံ အားကောင်းပြီး အထွက်နှုန်းတိုးစေရန်အတွက် အပွင့်မပွင့်မီနှင့် အသီးတင်ချိန်များတွင် ဩဘာကုမ္ပဏီထုတ် ပီဖိုလန် (P-Pholan) သို့မဟုတ် ကောမက်အားကောင်း (Comet) အပင်အားဆေးများကို စနစ်တကျ ရွက်ဖျန်းပက်ဖျန်းပေးရပါမယ်။ ပဲပုပ်ပင်တွင် အရွက်ဝါခြင်းနှင့် လောင်မဲ (ရွက်ခြောက်) ရောဂါများ ဖြစ်ပွားခြင်းသည် မှိုရောဂါကြောင့် ဖြစ်တတ်သဖြင့် ကာကွယ်နှိမ်နင်းရန်အတွက် ပင်လုံးပျံ့မှိုသတ်ဆေးဖြစ်သော ဩဘာစွယ်စုံ (၁) သို့မဟုတ်ဝိစာရက ကာဗင် (Carben) ကို စိုက်ခင်းအနှံ့ ဂရုတစိုက် ပက်ဖျန်းပေးရပါမယ်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။