အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
45
လွန်ခဲ့သော ၁ နာရီ က · ဝေါ

ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ

ပိုးမွှားရောဂါ စပါး
303,553 လွန်ခဲ့သော ၁၁ မိနစ် က

အပင်သက်တမ်း ၉၀ ရက် (စပါးနှံထွက်ခါနီး) သည် အလွန်အရေးကြီးသဖြင့် ပိုးလောင်မီး (Rice Hispa) ကို နှိမ်နင်းရာတွင် ဆေးပမာဏကို စနစ်တကျ သုံးစွဲရန် လိုအပ်ပါတယ်။ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့အရွက်တွင်းအောင်း ပိုးလောက်ကောင်နှင့် အကောင်ကြီးများကို နှိမ်နင်းရန် ကာတပ် ဟိုက်ဒရိုကလိုရိုက် (Cartap Hydrochloride) သို့မဟုတ် ဖစ်ပရိုနေး (Fipronil) စသည့် ပင်လုံးပျံ့ပိုးသတ်ဆေး တစ်မျိုးမျိုးကိုသုံးစွဲလေ့ရှိတယ်။ အပင်လောင်ခြင်း လုံးဝမဖြစ်စေရန် နေပူရှိန်ပြင်းချိန်ကို ရှောင်ကြဉ်ပြီး နံနက်စောစော သို့မဟုတ် ညနေစောင်းတွင်သဆေးဖျန်း‌လေ့ရှိတယ်။ တစ်ချိန်တည်းတွင် ပိုးပိုမိုပွားများစေသည့် နိုက်ထရိုဂျင် (ယူရီးယား) ကျွေးခြင်းကို ရပ်ဆိုင်းပြီး၊ အပင်မာကျောစေရန် ပိုတက်စီယမ်မြေဩဇာကို ပြောင်းလဲကျွေးပေးရပါမယ်။

You
8,538
လွန်ခဲ့သော ၄ နာရီ က · ချောက်

ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
303,553 လွန်ခဲ့သော ၁၃ မိနစ် က

ဒီကနေ့အခက်ခဲအချို့ဖြစ်သွားလို့ဖြေပေးတာနောက်ကျသွားပါတယ်၊နားလည်ပေးကြပါဦးခင်ဗျာ

303,553 လွန်ခဲ့သော ၁၄ မိနစ် က

ဒီဂရန်း ၆၀၀ နှင့် မင်းသားအတွဲကို စိတ်ချလက်ချ ရောဖျန်းနိုင်ပါတယ်ခင်ဗျာ။ ဒီဂရန်း ၆၀၀ (Metiram + Pyraclostrobin) ဟာ ခရမ်းချဉ် လောင်မဲရောဂါနဲ့ အခြားရောဂါများကို ကာကွယ်ကုသပေးတဲ့အပြင် အပင်ကို စိမ်းစိုစေပါတယ်။ မင်းသား (K₂O + CaO) ကတော့ ဆဲလ်နံရံကို ခိုင်မာစေလို့ ဖင်ပုပ်ရောဂါ ကာကွယ်ပြီး အပွင့်အသီး လိုက်စေပါတယ်။ ဆေးနှစ်မျိုးလုံးက ဓာတ်ပြုပြီး အပင်လောင်တာမျိုး မရှိလို့ အခုလို အပွင့်လိုက်ချိန်မှာ ဖျန်းဖို့ အလွန်သင့်တော်ပါတယ်။ ယခင်က မန်ကိုဇက်တစ်ကြိမ်ပဲ ဖျန်းရသေးတာကြောင့် အုပ်စုတူ ဒီဂရန်းကို ဖျန်းနိုင်သော်လည်း၊ နောက်ပိုင်းမှာ ဆေးယဉ်ပါးမှု မဖြစ်အောင် အခြားမှိုသတ်ဆေးအုပ်စုနဲ့ ပြောင်းဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဆေးဖျော်စပ်တဲ့အခါ ရေထဲကို ဒီဂရန်း (မှိုသတ်ဆေး) အရင်ထည့်မွှေပြီးမှ မင်းသား (အာဟာရဆေး) ကို ထည့်သွင်းဖျော်စပ်ရမှာ ဖြစ်ပါတယ်။

You
435
လွန်ခဲ့သော ၅ နာရီ က · ညောင်ရွှေ

အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း

ပိုးမွှားရောဂါ နှင်းဆီ
303,553 လွန်ခဲ့သော ၇ မိနစ် က

နှစ်လသား နှင်းဆီပင်ငယ်လေး ကြီးထွားမှု နှေးနေရခြင်းမှာ အမြစ်များ မြေကြီးထဲတွင် အခြေချရန် အချိန်ယူနေရသည့် သဘာဝကြောင့် ဖြစ်နိုင်သလို၊ ပုံထဲရှိ မြေကြီးမှာ ကျစ်လစ်မာကျောနေသဖြင့် အမြစ်များ လေဝင်လေထွက်မရဘဲ အာဟာရစုပ်ယူမှု အားနည်းနေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ ဖြေရှင်းရန်အတွက် အပင်ခြေပတ်ပတ်လည်ရှိ မြေကြီးကို ခပ်ဖွဖွဆွပေးပြီး နွားချေးဆွေး သို့မဟုတ် (သဘာဝမြေဩဇာ) ထည့်ပေးပါ၊ ထို့နောက် အပင်ထွားစေရန် Nitrogen မြင့်မားသော NPK (ဥပမာ - 15:15:15) ဓာတ်မြေဩဇာကို ပမာဏနည်းနည်းဖြင့် ကျွေးပေးရပါမယ်။ ရေကို နေ့တိုင်း ရေဝပ်အောင်မလောင်းဘဲ မြေခြောက်မှသာ အောက်အထိ စိမ့်ဝင်အောင် ဝအောင်လောင်းပေးပြီး တစ်နေ့လျှင် နေရောင်ခြည် အနည်းဆုံး ၆ နာရီ ရရှိအောင် ထားရှိပေးရပါမယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
435
လွန်ခဲ့သော ၅ နာရီ က · ညောင်ရွှေ

နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ

အပင်အာဟာရ နှင်းဆီ
Post image
303,553 လွန်ခဲ့သော ၈ မိနစ် က

နှစ်လသား နှင်းဆီပင်ငယ်လေး ကြီးထွားမှု နှေးနေရခြင်းမှာ အမြစ်များ မြေကြီးထဲတွင် အခြေချရန် အချိန်ယူနေရသည့် သဘာဝကြောင့် ဖြစ်နိုင်သလို၊ ပုံထဲရှိ မြေကြီးမှာ ကျစ်လစ်မာကျောနေသဖြင့် အမြစ်များ လေဝင်လေထွက်မရဘဲ အာဟာရစုပ်ယူမှု အားနည်းနေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ ဖြေရှင်းရန်အတွက် အပင်ခြေပတ်ပတ်လည်ရှိ မြေကြီးကို ခပ်ဖွဖွဆွပေးပြီး နွားချေးဆွေး သို့မဟုတ် (သဘာဝမြေဩဇာ) ထည့်ပေးပါ၊ ထို့နောက် အပင်ထွားစေရန် Nitrogen မြင့်မားသော NPK (ဥပမာ - 15:15:15) ဓာတ်မြေဩဇာကို ပမာဏနည်းနည်းဖြင့် ကျွေးပေးရပါမယ်။ ရေကို နေ့တိုင်း ရေဝပ်အောင်မလောင်းဘဲ မြေခြောက်မှသာ အောက်အထိ စိမ့်ဝင်အောင် ဝအောင်လောင်းပေးပြီး တစ်နေ့လျှင် နေရောင်ခြည် အနည်းဆုံး ၆ နာရီ ရရှိအောင် ထားရှိပေးရပါမယ်။

You
ဖြေလည်သော အဖြေရရှိပြီး
7
လွန်ခဲ့သော ၉ နာရီ က · ဒဂုံမြို့သစ်မြောက်ပိုင်း

ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ

စိုက်ပျိုး ဗဟုသုတ
Post image
Post image
Post image
Post image
အတည်ပြုပြီး 321,488 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပုံမှန်အားဖြင့် အပြာရောင်အရည်တွေက ကောပါးအခြေခံ မှိုသတ်ဆေးအရောင်တွေ ဖြစ်လေ့ရှိတယ်။ သံသယဖြစ်ရင်တော့ မစားပါနဲ့ဗျ။ တကယ်လို့စားမယ်ဆိုရင်တော့ သေချာပြောင်အောင်ဆေး၊ ရှာလကာရည်/ baking soda တို့နဲ့ စိမ်ထားပြီး ဆေးအာနိသင်လျော့ကျသွားအောင် လုပ်ပြီးမှ စားစေချင်ပါတယ်ဗျ။ (တစ်ခါတစ်လေ မူလအရွက်က မဟုတ်ဘဲ ဈေးခြင်းထောင်းထဲမှာ ဘူးတွေကနေ ဖိတ်စင်တာလည်း ဖြစ်လေ့ရှိတာမို့ သေချာစဉ်းစားကြည့်ပါဦးဗျ)

7 လွန်ခဲ့သော ၆ နာရီ က

ဖြေကြားပေးတာ ကျေးဇူးပါရှင့်

You
7
လွန်ခဲ့သော ၉ နာရီ က · ဒဂုံမြို့သစ်မြောက်ပိုင်း

ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်

စိုက်ပျိုး ဗဟုသုတ
303,553 လွန်ခဲ့သော ၈ နာရီ က

မန်ကိုဇက် မှိုသတ်ဆေးဖျန်းထားပုံရတယ်

You
ဖြေလည်သော အဖြေရရှိပြီး
119
လွန်ခဲ့သော ၉ နာရီ က

စပါးဘေးရွက်တွေ နီနေပါတယ်

ပိုးမွှားရောဂါ စပါး
Post image
Post image
303,553 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ရေဝပ်ပြီး ‌ မြေချဉ်ခြင်းကြောင့် ဖြစ်သော သံဓာတ်အဆိပ်သင့်ခြင်း ဖြစ်ပြီး အောက်ရွက်များတွင် အညိုစက်များ မြင်ရကာ အမြစ်များ သံချေးရောင် ပြောင်းပုပ်သွားတတ်ပါတယ်။ ရေဝပ်ပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မြေဆီလွှာထဲရှိ သံဓာတ် (Iron) များပြားစွာ စုပ်ယူမိပြီး အရွက်များ ကြေးနီရောင်/အညိုရောင် ပြောင်းလာခြင်း ဖြစ်ပါတယ်။ အောက်ရွက်များ၏ ရွက်ဖျားမှစ၍ အညိုရောင်အစက်အပြောက်ငယ်လေးများ စတင်တွေ့ရတတ်ပြီး အမြစ်ကို နှုတ်ကြည့်လျှင် အဖြူရောင်မရှိဘဲ သံချေးရောင်/အမဲရောင် ပြောင်းကာ ပုပ်နေတတ်ပါတယ်။ လယ်ကွင်းထဲမှ ရေကို ကုန်အောင် ထုတ်ပစ်ပြီး အမြစ်များ လေရှူနိုင်ရန် မြေကြီးပပ်ကြားအက်သည်အထိ ရက်အနည်းငယ် အခြောက်ခံပေးပါ။ ရေပြန်သွင်းချိန်တွင် ပိုတက်စီယမ် (ပိုတက်ရှ်) မြေသြဇာ နှင့် ဂျစ်ပဆမ် (Gypsum) ထည့်ပေးခြင်းဖြင့် သံဓာတ်စုပ်ယူမှုကို လျှော့ချပေးနိုင်ပါတယ်။

အတည်ပြုပြီး 321,488 လွန်ခဲ့သော ၈ နာရီ က

နီတိုလက္ခဏာလို့ ယူဆပါတယ်။ ရေထဲမှာလည်း ရေညှိတွေရှိနေတော့ အမြစ်က မသန်စွမ်းနိုင်ဘဲ အပင်က နီတိုဖြစ်လာတာပါ။ ရေထုတ်ပေးပါ။ ကျောက်မှုန့်ထည့်ပေးပါ။ စပါးနီတို

You
ဖြေလည်သော အဖြေရရှိပြီး
1,869
လွန်ခဲ့သော ၁၀ နာရီ က · ပွင့်ဖြူ

ယူရီးယားပေါင်၂၀ပိုတက်ပေါင်၂၀ဆိုရင်ပြည်နဲ့ချင်ရင်ဘယ်နှစ်ပြည်ရှိလဲခဗျ

အပင်အာဟာရ စပါး
303,553 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခန့်မှန်းခြေ ယူရီးယား ၈ပြည် ပိုတက်ရှ်၅ပြည်

1,869 လွန်ခဲ့သော ၂ နာရီ က

ကျေးဇူးပါဆရာ

You
182
လွန်ခဲ့သော ၁၀ နာရီ က · လက်ပံတန်း

ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏

စိုက်ပျိုး ဗဟုသုတ ရွှေဖရုံသီး
Post image
303,553 လွန်ခဲ့သော ၈ နာရီ က

@U Kyar ကိုယ်ပိုင်ပို့စ်တင်မေးပေးပါဗျ

303,553 လွန်ခဲ့သော ၈ နာရီ က

ရွှေဖရုံပင်များကို အညွန့်ဆိတ်ရန်နှင့် မြေသြဇာကျွေးရန် အကောင်းဆုံးအချိန်မှာ အပင်သက်တမ်း ၂၀ မှ ၄၅ ရက်ဝန်းကျင် (နွယ်မပြေးမီနှင့် ပန်းမပွင့်မီကာလ) ပါ။ နွယ်ပင်အလျား ၂ ပေခွဲခန့်ရှိပြီး အရွက် ၆ ရွက်မှ ၈ ရွက် ထွက်လာချိန်တွင် ပင်မနွယ်၏ ထိပ်ဖျားအညွန့်ကို ဆိတ်ပေးခြင်းဖြင့် ဘေးကိုင်းပွားများ ပိုမိုထွက်ရှိကာ မမျိုးဥအပွင့်ပွင့်နှုန်းနှင့် အထွက်နှုန်းကို မြင့်မားစေပါတယ်။ မြေသြဇာကျွေးရာတွင် ပုံပါအတိုင်း နွယ်စတင်ထွက်ချိန်တွင် အပင်ဝေဆာစေရန် နိုက်ထရိုဂျင်မြင့်မားသော ယူရီးယား သို့မဟုတ် ၁၅ ပတ်လည်မြေသြဇာကို အပင်ခြေနှင့် ခပ်လှမ်းလှမ်းတွင် ပတ်ကျွေးရမည်ဖြစ်ပြီး၊ သက်တမ်း ၄၀ ကျော် အဖူးအပွင့်စတင်ချိန်တွင် ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော တီစူပါနှင့် ပိုတက်ရှ်မြေသြဇာသို့ ပြောင်းလဲကျွေးကာ ရေပုံမှန်သွင်းပေးရပါမှာပါ။

You
13
လွန်ခဲ့သော ၁၉ နာရီ က · ချီဗွေ

အဲ့ရာဘာဖစ်တာလည်း

ပိုးမွှားရောဂါ လိမ္မော်
Post image
303,553 လွန်ခဲ့သော ၈ နာရီ က

ပုံပါလက္ခဏာသည် လိမ္မော်ပင်များတွင် အဖြစ်များသော Phytophthora သို့မဟုတ် Fusarium မှိုကြောင့်ဖြစ်သည့် ပင်စည်ပုပ်/အမြစ်ပုပ်ရောဂါ (Foot Rot / Gummosis) သို့မဟုတ် စိုက်ပျိုးရေးကိရိယာများကြောင့် ဒဏ်ရာရရှိရာမှတစ်ဆင့် ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဤရောဂါသည် စိုထိုင်းဆများခြင်းနှင့် ရေဝပ်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားတတ်ပြီး ပင်စည်အခေါက်များပုပ်ကာ အတွင်းသားပေါ်လာသည်အထိ ပျက်စီးစေပါတယ်။ ကုသရန်အတွက် ပထမဦးစွာ ပုပ်နေသော အခေါက်နှင့် အသားများကို ဓားဖြင့် အသားကောင်းပေါ်သည်အထိ ခြစ်ထုတ်ဖယ်ရှားရပါမယ်။ ထို့နောက် ဒဏ်ရာနေရာကို ကော့ပါးမှိုသတ်ဆေးအနှစ် (Copper Fungicide) ကိုသုတ်လိမ်းပေးရမည်ဖြစ်ပြီး၊ Fosetyl-Al ကဲ့သို့သော ပင်လုံးပြန့်မှိုသတ်ဆေးကို အပင်ခြေသို့ ဖျန်းပေးခြင်း ကာကွယ်ရပါမယ်။ ရေရှည်အတွက် အပင်ခြေတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ ပြုလုပ်ပေးပြီး ပေါင်းမြက်များရှင်းကာ လေဝင်လေထွက် ကောင်းမွန်အောင် ထားရှိရပါမယ်။

You
44
လွန်ခဲ့သော ၂၀ နာရီ က · မင်းဘူး

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

စိုက်ပျိုးနည်း မှို (ကောက်ရိုးမှို)
303,553 လွန်ခဲ့သော ၂၀ နာရီ က
You
201
လွန်ခဲ့သော ၂၁ နာရီ က · ကျောင်းကုန်း

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

စိုက်ပျိုး ဗဟုသုတ စပါး
အတည်ပြုပြီး 1,110,650 လွန်ခဲ့သော ၇ နာရီ က

ဝါထပ်ရခြင်းရဲ့ အဓိကအချက်ကိုက၊ရာသီကို ချိန်ပြီးထပ်ပေးရတာပါ။ မြန်မာပြက္ခဒိန်မှာ လဆန်း၊လဆုတ် ဆိုတဲ့ နေနဲ့လ ကိုအခြေခံပြီး ၊နွေ၊မိုး၊ဆောင်း၊၁၂လရာသီ ဖွဲ့ပါတယ်။ တလ ပျမ်းမျှ ၂၉.၅ရက် နဲ့ တနှစ် ၃၅၄ရက်ရှိပါတယ်။ ကမ္ဘာ့ပြက္ခဒိန်မှာက၊နေသွားလမ်းကြောင်းအတိုင်းသတ်မှတ်လို့ တနှစ်ကို ၃၆၅.၂၄ရက် မှ နေကိုတပတ်ပြည့်ပါတယ်။ အဲဒါမှ တနှစ်လို့သတ်မှတ်ပါတယ်။ ဒါကြောင့်၊နေ၊လ၊ရာသီနဲ့ ချိန်ညှိရာမှာ ၁၁-ရက်နောက်ကျနေပါတယ်။ ဒါကို ၊လိုက်ညှိပေးရလို့ ဝါထပ်ခြင်းဖြစ်လာရပါတယ်။ ဒါကြောင့်၊ ဝါမထပ်တဲ့တော်သလင်းလနဲ့၊ဝါထပ်တဲ့တော်သလင်းလ မတူပါဘူး။ (မြန်မာလ အမည်၊ရက်စွဲများနဲ့ စိုက်ချိန်၊သိမ်းချိန်တွေကို အမြဲအတည်ယူလို့မရပါ) နားလည်သလိုရှင်းပြတာဖြစ်ပါတယ်ဗျ။

303,553 လွန်ခဲ့သော ၂၀ နာရီ က

မြန်မာ့ပြက္ခဒိန်တွင် ဝါထပ်နှစ်များကြောင့် လအမည်များ နောက်ကျကျန်ရစ်လေ့ရှိသော်လည်း နေသွားစနစ်နှင့် ရာသီဥတု ဖြစ်စဉ် (မိုးရွာသွန်းမှု၊ အပူချိန်၊ နေ့တာအလျား) တို့သည် ပြက္ခဒိန်အတိုင်း နောက်မကျဘဲ ပုံမှန်အတိုင်းသာ ရွေ့လျားပါတယ်။ထို့ကြောင့် ပြက္ခဒိန်လက ဝါခေါင်လဖြစ်နေသော်လည်း သဘာဝပတ်ဝန်းကျင်၏ ရာသီဥတုမှာ တော်သလင်းလသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် ပေါ်ဆန်းမွှေးကဲ့သို့သော အလင်းတုံ့ပြန်လွယ် စပါးမျိုးများသည် ပြက္ခဒိန်စာသားကို ကြည့်၍ အပွင့်ပွင့်သည်မဟုတ်ဘဲ နေ့တာတိုလာမှု (အလင်းရောင်ရရှိချိန် လျော့နည်းလာမှု) ဟူသည့် သဘာဝတရားပေါ်တွင်သာ မူတည်၍ မှို့ကပ်၊အနှံထွက်ရင့်မှည့်ကြတာပါ။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြက္ခဒိန်လအမည်ထက် လက်တွေ့သဘာဝ ရာသီဥတုနှင့် မိမိစိုက်ပျိုးထားသော စပါးပင်၏ သက်တမ်းရက်စွဲ ကိုသာ အခြေခံ၍ အမှန်ယူ ဆုံးဖြတ်ရပါမယ်။ ကျွန်တော့်ထက်ပိုသိသောစိုက်ပျိုးရေးပညာရှင်ကြီးများ၊တောင်သူဦးကြီးများလည်းဝင်ရောက်ဆွေးနွေးပေးကြပါဦး

You
46
လွန်ခဲ့သော ၂၁ နာရီ က

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ

စိုက်ပျိုးနည်း ငွေပန်း
303,553 လွန်ခဲ့သော ၂၀ နာရီ က

ရွှေပန်းပင်ကို မြေကြီးမှ တူးယူပြီးနောက် အရိပ်အောက်တွင် တစ်လခန့် သိမ်းဆည်းထားရန် လုံးဝမသင့်တော်ပါဘူး။ အမြစ်များ လေပြတ်ပြီး အပင်ခြောက်သွေ့သေဆုံးနိုင်သဖြင့် တူးပြီးသည်နှင့် စိုက်ခင်းထဲသို့ ချက်ချင်းရွှေ့စိုက်ရပါမယ်။ အရိပ်အောက်တွင် ထားလိုပါက ပျိုးအိတ်ဖြင့်သာ ပျိုးထားသင့်ပါတယ်။

You
30
လွန်ခဲ့သော ၂၂ နာရီ က · ကျောက်ဆည်

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

စိုက်ပျိုး ဗဟုသုတ ဆား
303,553 လွန်ခဲ့သော ၂၀ နာရီ က

ဆားခါး (Epsom Salt) သို့မဟုတ် မဂ္ဂနီဆီယမ် ဆာလ်ဖိတ် (Magnesium Sulphate) သည် အပင်များအတွက် မရှိမဖြစ် လိုအပ်သော မဂ္ဂနီဆီယမ် နှင့် ဆာလ်ဖာ (ကန့်ဓာတ်) တို့ကို အဓိက ပံ့ပိုးပေးပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်သည် အပင်များ အစာချက်လုပ်ရန် ကလိုရိုဖီးလ် (စိမ်းရောင်ခြယ်) ဖြစ်ပေါ်မှုကို တိုးတက်စေပြီး မြေဆီလွှာထဲရှိ နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်စ်ဓာတ်များကို ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဆာလ်ဖာဓာတ်သည် အပင်အတွင်း ဗီတာမင်နှင့် အင်ဇိုင်းများကို ထုတ်လုပ်ပေးသဖြင့် သီးနှံများ၏ အရသာ၊ အနံ့နှင့် အရည်အသွေးကို မြင့်မားစေပါတယ်။ ဆားခါးကို အသုံးပြုခြင်းဖြင့် အရွက်များ စိမ်းစိုလာခြင်း၊ အပင်ပြောင်းရွှေ့စိုက်ပျိုးရာတွင် နာလန်ထလွယ်ခြင်းနှင့် အပွင့်၊ အသီး တင်နိုင်စွမ်း ပိုမိုမြင့်မားလာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ရေ (၁) ဂါလန်တွင် ဆားခါး ဟင်းစားဇွန်း (၁) ဇွန်းနှုန်း ဖျော်စပ်၍ အရွက်ဖျန်းစနစ် သို့မဟုတ် အပင်ခြေရင်းလောင်းစနစ်ဖြင့် (၂) ပတ်တစ်ကြိမ် သုံးစွဲနိုင်ပါတယ်ခင်ဗျာ။

You
7
လွန်ခဲ့သော ၂၃ နာရီ က · ကောလင်း

ပဲပုတ်ခင်းကအရွက်တွေဝါပြီးကြွေကျကုန်တာဘာရောဂါဖြစ်တာလဲဗျအရွက်မှာအစက်ပျောက်တွေစဖြစ်ပြီးဝါလာတာ

အပင်အာဟာရ ပဲပုပ်
303,553 လွန်ခဲ့သော ၂၃ နာရီ က

ပုံတင်မေးပေးပါခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်း

348
လွန်ခဲ့သော ၇ နှစ် က · ကလော

ချင်းစိပ်ပြိုးနည်း

စိုက်ပျိုးနည်း ချင်း
100,149 လွန်ခဲ့သော ၆ နှစ် က

ခြင်းဖြင့် ချင်း (ဂျင်း) စိုက်ပျိုးနည်း အဲ့ဒီ့linkထဲကိုဝင်ပြီးလေ့လာနိုင်ပါတယ်ရှင့်

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။