ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ
ဧရာမင်းစပါးသည် သက်တမ်း ၁၁၀ ရက်ဆိုပါက အနှံထွက်ရန် ပြင်ဆင်နေသည့် အရေးကြီးအချိန်ဖြစ်ပြီး မြေဩဇာကျွေးထားသည်မှာ တစ်လကျော်ပြီဖြစ်၍ အပင်က အာဟာရဓာတ်အလွန်အသုံးပြုနေရသဖြင့် အောက်ခြေရွက်ရင့်များမှတစ်ဆင့် နိုက်ထရိုဂျင်အာဟာရဓာတ် ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ပုလဲမြေဩဇာနှင်ကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုးရောစပ်ပြီး အမြန်ဆုံးကျွေးပေးပါခင်ဗျာ။