မီးဖိုချောင်ထဲက အစားအစာလေးတွေ အသုံးပြုပြီး အင်းဆက်ပိုးမွှားများကို နှိမ်နင်းကြမယ်
လူတိုင်း လူတိုင်းက မိမိအိမ်ကို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးနဲ့ အင်းဆက်ပိုးမွှားများ ကင်းစင်စေချင်ကြပါတယ်။ ဒါပေမဲ့လည်း ဓာတုပိုးသတ်ဆေးတွေ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ထိုပိုးသတ်ဆေးတွေကို အစားအစာတွေပေါ်မှာ မတော်တဆ ပက်ဖြန်းမိမယ်ဆိုရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။
ဒါဆိုရင် အိမ်တွင်းမှာ သောင်းကျန်းနေတဲ့ အင်းဆက်ပိုးမွှားတွေကို ဘယ်လိုဖယ်ရှားကြမလဲ။
အခုဖော်ပြပေးမယ့် သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းပေးလိုက်ပါ။
အိမ်ထဲမှာ ပိုးဟပ်တွေ သောင်းကျန်းနေတယ်ဆိုရင်

ကြက်သွန်နီ တစ်ဥကို ခပ်ပါးပါးလှီးဖြတ်ပြီးနောက် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သမအောင် ရောနှောလိုက်ပါ။ ထို့နောက် အိမ်နံရံရဲထောင့်စွန်းတွေမှာ ဖြူးထားလိုက်ပါ။ နေ့စဉ်နေ့တိုင်း ဖြူးထားပေးမယ်ဆိုရင် ရက်အတော်ကြာတဲ့အခါ ပိုးဟပ်များ ဝေးဝေးပြေးသွားပါလိမ့်မယ်။
သင်က ပင့်ကူတွေကို ကြောက်တတ်တဲ့သူလား

စပရေးဘူးထဲသို့ ရေ ၂၀၀ မီလီလီတာထည့်လိုက်ပါ။ ထို့နောက် ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ထပ်ထည့်လိုက်ပါ။ ပက်ပါမင့် ၅ စက်မှ ၁၀ စက်ခန့် ထပ်ထည့်ပြီးနောက် စပရေးဘူးကို ကောင်းစွာ လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ပင့်ကူများ ရှိနေတတ်တဲ့နေရာမှာ စပရေးဘူးကို ဖြန်းပေးလိုက်ပါ။
တစ်ပတ်ကို တစ်ကြိမ်ခန့် ဖြန်းပေးလိုက်မယ်ဆိုရင် သင့်အိမ်မှာ ပင့်ကူနဲ့ ပင့်ကူအိမ်တွေကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ပက်ပါမင့်အဆီ မသုံးချင်ဘူးဆိုရင် လာဗန်ဒါအဆီ (သို့) Tea Tree အဆီတို့ကို အစားထိုး အသုံးပြုနိုင်ပါတယ်။
ပုရွက်ဆိတ်များကို ဝေးဝေးပြေးစေချင်တယ်ဆိုရင်

သစ်ကြမ်းပိုးခေါက်အမှုန့်လေးတွေကို ပုရွက်ဆိတ်များ သွားသွားလာလာရှိတတ်သော နေရာတစ်ဝိုက်မှာ ဖြူးထားလိုက်ပါ။ ပုရွက်ဆိတ်တွေက သစ်ကြမ်းပိုးခေါက်မှုန့်ရဲက အနံ့ကို အလွန်မုန်းကြပါတယ်။
သင့်ဥယျာဉ်ခြံအတွင်းက သစ်ပင်ပန်းမာန်လေးတွေထဲမှာ အင်းဆက်ပိုးကောင်တွေ ကျနေလို့ စိတ်ညစ်နေပါသလား

ငရုတ်ပွ ၉၀ ဂရမ်ကို ပါးပါးလှီးလိုက်ပါ။ ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကိုလည်း ပါးပါးလှီးလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များ ရလာသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ရေနွေး ၅၀၀ မီလီလီတာနဲ့ ရောနှောပြီး နွေးတဲ့နေရာမှာ ၂၄ နာရီခန့် ထားထားလိုက်ပါ။ ထို့နောက် စပရေးဘူးထဲထည့်ပြီး ပိုးကောင်တွေ ကျနေတဲ့ သစ်ပင်ပန်းမာန်လေးတွေပေါ်မှာ ပက်ဖြန်းပေးလိုက်ပါ။
ဒါဆိုရင်တော့ သစ်ပင်ပန်းမာန်လေးတွေက ပိုးကောင်လေးတွေကင်းပြီး လှပနေမှာပဲဖြစ်ပါတယ်။
Source: Brightside.me
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 1 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....