သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
မင်္ဂလာပါ ဒီနေ့တော့ စိုက်ပျိုးရေးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ မြေဆီလွှာအကြောင်းကို အတူတူလေ့လာကြရအောင်။
မြန်မာနိုင်ငံမှာ အဓိကမြေအမျိုးအစားပေါင်း၂၄ မျိုးကျော်ရှိပါတယ်။ မြစ်ဝှမ်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာတွေ့ရတဲ့ နုန်းမြေတွေအပူပိုင်းဒေသက သဲဝန်းနဲ့ စနယ်မြေတွေ ကုန်းမြင့်ဒေသတွေက မြေနီမြေဝါတွေ တောင်တန်းဒေသတွေက နီညိုတောမြေနဲ့ ကမ်းရိုးတန်းဒေသတွေက ဆားပေါက်၊ နွံပေါက်လယ်မြေအစရှိတဲ့ မြေကြီးအမျိုးအစားတွေပါဝင်ပါတယ်။
မြေဆီလွှာကိုလေ့လာတဲ့အခါမှာတော့ မြေသားဖွဲ့စည်းပုံ၊ စိုထိုင်းစ၊ အော်ဂဲနစ်ဓာတ်ပါဝင်မှုနဲ့ အက်ဆစ်ဓာတ်၊ အယ်ကာလိုင်းဓာတ်တွေကိုကြည့်ပါတယ်။ ဒါတွေက ဘယ်သီးနှံကို စိုက်သင့်တယ်ဆိုတာကို ပြောပြပေးပါတယ်။ ဥပမာအားဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မြေဆီလွှာတွေဟာ အော်ဂဲနစ်ဓာတ်နည်းပေမယ့် သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေကြွယ်ဝပါတယ်။ ဒီမြေတွေမှာအမှုန်လေးတွေ ငါးဆယ်ရာခိုင်နှုန်းကျော်ပါဝင်တာကြောင့် ရေကိုကောင်းကောင်းထိန်းထားနိုင်ပါတယ်။ ဒါဟာခြောက်သွေ့ရာသီမှာ သီးနှံတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဒီမြေက စပါးအပြင် ပဲတီစိမ်းနဲ့ မတ်ပဲစိုက်ဖို့လည်း သင့်တော်ပါတယ်။
မြေသားဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး ရေထိန်းနိုင်စွမ်းကိုတိုးစေသလို အဟာရဓာတ်တွေကိုလည်း တဖြည်းဖြည်းကြွယ်ဝလာစေတဲ့ စိုက်ပျိုးရေးနည်းလမ်းကောင်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေက ပေါင်းပင်၊ ပိုးမွှားနဲ့ရောဂါတွေကိုလည်း လျော့နည်းစေပါတယ်။
မြေဆီလွှာကျန်းမာကောင်းမွန်စေတဲ့ နည်းလမ်းငါးခုကို ကြည့်လိုက်ကြရအောင်။
ပထမဆုံးကတော့ Mulching နဲ့ Composting ပါ။ Mulching က မျက်နှာပြင်ကို အကာအကွယ်နဲ့ ဖုံးပေးတာဖြစ်ပြီး Composting ကတော့ပုပ်ဆွေးသွားတဲ့ အော်ဂဲနစ်ပစ္စည်းတွေကို မြေထဲပြန်ရောထည့်ပေးတာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကောက်ရိုးအကြွင်းကျန်တွေကိုမီးရှို့တာထက်ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မီးရှို့လိုက်ရင် အနုဇီဝပိုးတွေသေစေပြီး ကာဗွန်ထုတ်လွှတ်သလို မြေလွှာကိုလည်း အကာကွယ်ဖြစ်သွားစေပါတယ်။ အဲ့ဒါကြောင့်အော်ဂဲနစ်ပစ္စည်းတွေကို မြေထဲပြန်ထည့်ပေးတာပိုကောင်းပါတယ်။
နောက်တစ်ခုကတော့ Cover Cropping နဲ့ Crop Rotation ဖြစ်ပါတယ်။ Cover Cropping က စိုက်ပျိုးရာသီးနှစ်ခုကြားမှာ တခြားသီးနှံတွေကိုစိုက်ပျိုးတာ။ Crop Rotation ကတော့သီးနှံအမျိုးမျိုးကို အလှည့်အကျ စိုက်ပျိုးရိတ်သိမ်းတာပါ။ ဒါဟာသီးနှံတစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါစိုက်တဲ့ Mono Cropping နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သီးနှံတစ်မျိုးစီမှာ အသုံးပြုတဲ့ အာဟာရဓာတ်အမြစ်အနက်နဲ့ ဆွဲဆောင်တဲ့ပိုးမွှားရောဂါတွေမတူကြပါဘူး။ အဲ့ဒါကြောင့်သီးနှံစုံလင်မှုက မြေဆီလွှာကျန်းမာရေးအတွက်အရေးကြီးပါတယ်။
နောက်တစ်ခုကတော့မြေထွန်ယက်တာပါ။ Minimum Tillering ဆိုတာက မျိုးစေ့စိုက်ဖို့ လိုအပ်သလောက်ပဲ မြေကိုလှန်ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့အလွန်အကျွံထွန်ယက်တာနဲ့ အထူးသဖြင့် စိုစွတ်တဲ့မြေတွေမှာစိုက်ရင် စက်ယန္တရားကြီးတွေအသုံးပြုတာက မြေဖွဲ့စည်းပုံကိုပျက်စီးစေပြီး မြေကိုဖိသိပ်သွားစေတယ်။ ဒါ့အပြင် အကျိုးပြုမှိုနဲ့ အနုဇီဝေပိုးတွေကိုထိခိုက်စေပြီး သိုလှောင်ထားတဲ့ကာဗွန်တွေကိုထုတ်လွှတ်စေပါတယ်။ အဲ့ဒါကြောင့်မြေသားဖွဲ့စည်းပုံ ကောင်းကောင်းထိန်းထားနိုင်ဖို့ မြေကိုအလွန်အကျွံမထိခိုက်စေသင့်ပါဘူး။
ရေသွင်းစိုက်ပျိုးရေးအကြောင်းကိုဆက်ကြည့်ရအောင်။ အကောင်းဆုံးမြေဆီလွှာဆိုတာ စိုစွတ်ပေမယ့် ရေစီးဆင်းနိုင်တဲ့မြေမျိုးဖြစ်သင့်ပါတယ်။ ညှစ်ထားတဲ့ရေစိုဖော့တုံးတစ်ခုလိုပေါ့။ ကောင်းမွန်နဲ့ ရေပေးသွင်းမှုက အောက်ဆီဂျင်ကိုထိန်းသိမ်းပေးပြီး မြေဆီလွှာထဲက အနုဇီဝပိုးတွေနဲ့ အမြစ်တွေကို ကာကွယ်ပေးပါတယ်။
နောက်ဆုံးကတော့ ဓာတုမြေဩဇာတွေ ပိုးသပ်ဆေးတွေနဲ့ စိုက်ပျိုးရေးဓာတုပစ္စည်းတွေ မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင်တော့ စိုက်ပျိုးရေးအတွက်ထောက်အကူဖြစ်ပြီး အလွန်အကျွံအသုံးပြုရင်တော့ မြေဆီလွှာကိုထိခိုက်စေပါတယ်။ အဲ့ဒါကြောင့် ရေရှည်မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့ ဓာတုပစ္စည်းတွေကိုအော်ဂန်းနစ်နည်းလမ်းတွေနဲ့သာ တွဲဖက်အသုံးပြုသင့်ပါတယ်။
ကျန်းမာတဲ့မြေဆီလွှာဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ စိုက်ပျိုးရာသီတိုင်းမှာ ပြုလုပ်တဲ့ရွေးချယ်မှုတွေတိုင်းကနေတဖြည်းဖြည်းတည်ဆောက်ယူရတာဖြစ်ပါတယ်။
"ကျန်းမာတဲ့ မြေဆီလွှာ၊ ပျော်ရွှင်တဲ့လယ်ယာ၊ ခိုင်မာတဲ့မိသားစု"

ယခုဆောင်းပါးကို LIFT Fund Myanmar မှ တင်ဆက်ထားခြင်းဖြစ်သည်။
AI-animated ဗီဒီယိုမှတစ်ဆင့်လည်း မြန်မာနိုင်ငံတွင် မြေဆီလွှာကျန်းမာရေးက သီးနှံကြီးထွားမှု၊ ရေထိန်းနိုင်မှု၊ အစားအစာထုတ်လုပ်မှုနှင့် ရေရှည်စိုက်ပျိုးရေးခံနိုင်ရည်အပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို လေ့လာဖော်ပြထားပါသည်။
ဤဗီဒီယိုတွင် မြေဖုံးခြင်း၊ သဘာဝမြေဆွေးပြုလုပ်ခြင်း၊ သီးနှံလှည့်စိုက်ပျိုးခြင်းနှင့် ကောင်းမွန်သော ရေသွင်းစနစ်များကဲ့သို့ ပြောင်းလဲနေသော ရာသီဥတုအခြေအနေများအောက်တွင် လယ်သမားများ မြေဆီလွှာကျန်းမာရေးကို အားကောင်းစေရန် ကူညီနိုင်သော လက်တွေ့နည်းလမ်းများကို မီးမောင်းထိုးပြထားပါသည်။
ကျန်းမာသော မြေဆီလွှာသည် သီးနှံများအတွက်သာ မကပါ။ ၎င်းသည် အသက်မွေးဝမ်းကျောင်းမှုများ၊ အစားအစာဖူလုံရေးနှင့် လူမှုအသိုက်အဝန်းများကိုလည်း ပံ့ပိုးပေးပါသည်။
⚠️ သတိပြုရန်: ဤဗီဒီယိုတွင် ပညာပေးနှင့် ဇာတ်ကြောင်းဖော်ပြမှု ရည်ရွယ်ချက်များအတွက် ဖန်တီးထားသော AI-generated visuals များ ပါဝင်ပါသည်။ ဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ နေရာများနှင့် မြင်ကွင်းများသည် အမှန်တကယ်ရှိသူများ သို့မဟုတ် အမှန်တကယ် ဖြစ်ရပ်များကို ကိုယ်စားပြုဖော်ပြထားခြင်း မဟုတ်ပါ။
Zinthumin
လွန်ခဲ့သော ၁ ပတ် ကစပါးအဖုံးလုံးချိန်ကို 15.15.15. အပြင်ဘာမြေဩဇာကျွေးသင့်လဲဗျ🙏🙏🙏
nay
လွန်ခဲ့သော ၁ ပတ် ကဘာတွေလဲ
ကိုပြည့်ဖြိုးေ၀
လွန်ခဲ့သော ၂ ပတ် ကသဘော်သီးပင်ကို ဘယ်လိုပျိုးကမလည်း ဘယ်လိုစိုက်ပျိုးကမလည်း ပြောပြပေးပါအုံးခင်မျာ့
PhoPannOo
လွန်ခဲ့သော ၃ ပတ် ကအပင်ပျိုးပီးမှစိုရင်ပိုသေချာတယ် အစေ့ချမစိုက်နဲ့ရှင်ဖို့ရခိုင်နူန်းနည်းတယ် တစ်ပင်နဲ့တစ်ပင်5ပေကွာ 1ပေပတ်လည်ကျင်းတူးပီးမြေဆွေးသစ်ရွက်ဆွေး။နွားချေးအနည်းငယ်ရောစပ်၍စိုက်ရင်ပိုကောင်းတယ်
ဉီးဆန်းဝင်း
လွန်ခဲ့သော ၃ ပတ် ကဖရဲကိုဘယ်လိုစိုက်ရမလည်း
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....