အရည်ရွှမ်းပြီး ဆေးဖက်ဝင်တဲ့ သလဲသီး
သလဲသီးသည် အရည်ရွှမ်းပြီး နှစ်သက်ဖွယ်ကောင်းသော ချဥ်ဖြုံဖြုံအရသာနှင့် ပြည့်စုံသော အသီးတစ်မျိုးဖြစ်သည်။ သလဲပင်ကို ချုံပင်အနေနှင့် လည်းကောင်း၊ အပင်အနေနှင့်လည်းကောင်း တွေ့ရသည်။ သလဲပင်သည် ရာသီအလိုက်အရွက်ကြွေသော အပင်(သို့)ချုံပင် ဖြစ်သည်။ အမြင့် (၁၅-၂၅)ပေ ထိရှိကြသည်။ အလျား(၃)လက်မခန့်ရှိသည်။
သလဲသီးသည် အရွယ်အားဖြင့် လိမ္မော်သီးမျှသာရှိသည်။ သို့သော် လိမ္မော်သီးထက် အလုံးထွားသည်ကိုသာ အများအားဖြင့် တွေ့ရသည်။ အချင်း(၃-၄)လက်မထိရှိ၍ ထင်ရှားသော အမြှောင်း(၆)မြှောင်း ပါရှိသည်။ အခွံသည် မာ၍ ချောမွတ်သည့်အပြင် အဝါ၊ အနီနှင့် ရွှေဖလားရောင်ဟူ၍ အရောင်အမျိုးမျိုးရှိကြသည်။ သလဲသီးအတွင်း၌ အခန်းအများအပြားရှိသည်။ ထိုအခန်းများ၌ အနားများရှိသည့် ရှည်လျားလျားအစေ့များစွာ ပါရှိသည်။ ထိုအစေ့များကို အနီရောင်ရှိသည့် အပေါ်ယံအသားများက ဖုံးနေသည်။ ထိုအပေါ်ယံ အသား၏ အရောင်မှာ အဖြူရောင်လည်း ဖြစ်နိုင်ပါသည်။
သလဲပင်သည် မူလက ချုံပင်မျှသာ ဖြစ်သော်လည်း လူတို့ပြုပြင်စိုက်ပျိုးသဖြင့် (၁၅-၂၅)ပေအထိ မြင့်သော အပင်ဖြစ်လာသည်။ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများရှိ နိုင်ငံများတွင်လည်း သလဲပင်ကို စိုက်ပျိုးကြသည်။ နုန်းမြေထူထပ်သည့် မြေဆီလွှာတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယမှတစ်ဆင့် ပျံ့ပွားလာရာ ရှမ်းကုန်းပြင်မြင့်၊ မိုးခေါင်ရေရှားရပ်ဝန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ အချို့ဒေသများတွင်လည်း ခြံဥယျာဥ်၌ စိုက်ပျိုးကြသည်။ သလဲသီးတွင် ပါရှိသည့် အစေ့များကို ဖုံးအုပ်နေသော အပေါ်ယံအသားသည် အရသာရှိသော်လည်း ပါးလွှာသောကြောင့် ယခုအခါသလဲသီးကို အသီးမှည့်အတိုင်းစားသုံးခြင်းနည်းပါးလာပြီး သလဲသီးမှ အရည်ကို ညှစ်ယူ၍ ဖျော်ရည်ပြုလုပ်ကြပါသည်။ သလဲသီးမှာ အရည်ရွှမ်းပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါသည်။
အီရန်နိုင်ငံတွင် သလဲသီး၏ အပေါ်ယံအသားကို ဝိုင်အရက်ချက်လုပ်ရာတွင် အသုံးပြုကြသည်။ သလဲသီးအခွံ၊ အပင်၏ အခေါက်နှင့် အမြစ်တို့မှ သားရေနယ်ရာ၌ အသုံးချနိုင်သော ဖန်ရည်ကို ထုတ်ယူကြသည်။ ထိုဖန်ရည်ကို ဘယဆေးဖေါ်စပ်ရာ၌လည်း အသုံးချသည်။
ကျန်းမာရေး၏ သလဲသီးအသုံးဝင်ပုံ

သလဲသီးမှာ သဘာဝအလျောက် ဆေးဖက်ဝင်နေသော အသီးဖြစ်ပါသည်။ Vitamic- C, Vitamic- K, Thiamin, Folate, Antioxidants, Dietary Fiber အစရှိသည့် ဆေးဖက်ဝင် အာဟာရဓါတ်များစွာ ပါဝင်ပါသည်။
၁။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
သလဲသီးတွင် Antioxidantsနှင့် Polyphenols များ တွေ့ရှိရပြီး ကင်ဆာဖြစ်စေခြင်းကို ကာကွယ်ပေးပါသည်။ ထိုအသီး၏ အားသာချက်မှာ ကင်ဆာဖြစ်စေမည့် ဆဲလ်များကို သေစေနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အမျိုးသားဆီးလမ်းကြောင်းပိတ် အကျိတ်ကင်ဆာတို့ကို ကာကွယ်ပေးပါသည်။
၂။ သွေးလည်ပတ်မှုကို ထိန်းပေးခြင်း
သလဲသီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးပါက သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဖျော်ရည်အဖြစ်ပြုလုပ်ပြီး သောက်ပါက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ကျစေပါသည်။
၃။ သွားကျန်းမာရေးကို အထောက်အကူပြုခြင်း
သလဲသီးမှာ သွားကျန်းမာရေးအတွက် အကျိုးပြုစေမည့် သတ္တုဓါတ်များပါရှိပြီး သွားပိုးစားခြင်းနှင့် ခံတွင်းအတွင်း မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်ပေးပါသည်။
၄။ အသားအရေအတွက် ကောင်းမွန်ခြင်း
သလဲသီးသည် အသားအရေအတွက် ကောင်းမွန်စေပြီး ကြည်လင်သော အသားအရေဖြစ်စေဖို့ရန် ထောက်ပံ့ပေးပါသည်။ အမဲစက်များကို လျော့ကျစေပြီး အရွယ်တင် နုပျိုစေပါသည်။ အစွမ်းထက် Antioxidantsများ ပါဝင်နေသောကြောင့်ဖြစ်သည်။
၅။ အိမ်ထောင်ရေးသုခပြည့်စုံနိုင်ခြင်း
သလဲသီးကို ဖျော်ရည်လုပ်သောက်ခြင်းဖြင့် အိမ်ထောင်ရှင် စုံတွဲများ ပို၍ အိမ်ထောင်ရေးသုခနှင့် ပြည့်စုံစေနိုင်သည်ဟု ဆိုကြပါသည်။ သလဲသီးတွင် ပါဝင်သော Antioxidants၊ Vitamic- C, Vitamic- B3, ပိုတက်စီယမ်နှင့် သဘာဝီနေတို့ကြောင့် ဖြစ်ပါသည်။ သလဲသီး၏ ရနံ့မှာလည်း ဆွဲဆောင်မှုကို ပေးနိုင်ပါသည်။
၆။ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးခြင်း
သလဲသီးမှာ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်နှင့် သက်ဆိုင်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။
၇။ အဆစ်နာရောဂါကို သက်သာစေခြင်း
သလဲသီးမှာ အရိုးအဆစ်ရောင်နာရောဂါရှိသူများအတွက်လည်း ဝေဒနာကိုသက်သာစေပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026