အစိမ်းရောင်လမ်း
သင့်ရဲ့နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ မီးဖိုချောင်ရှိ အစားအစာများ

သင့်ရဲ့နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ မီးဖိုချောင်ရှိ အစားအစာများ

 သင့်မီးဖိုချောင်ရှိ အစားအစာတွေက ချက်ပြုတ်ဖို့တစ်ခုတည်းအတွက် အသုံးဝင်တာမဟုတ်ပါဘူး။ အာဟာရဓာတ်လည်း ပေးစွမ်းတာကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေသလို အလှအပနဲ့ အိမ်တွင်း သန့်ရှင်းရေးတွေအတွက်လည်း ဘက်စုံအသုံးဝင်ပါသေးတယ်။

 ဘယ်လိုအစားအစာတွေက သင့်ရဲ့နေ့စဉ်ဘဝအတွက် အသုံးဝင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

 နေလောင်ဒဏ်ကို သက်သာစေမယ့် မိရောနိစ်

 အာလူးကြော်များ၊ အသားညှပ်ပေါင်မုန့်များ၊ ဟမ်ဘာဂါများ စားတဲ့အခါ တွဲဖက်စားသုံးတဲ့ မိရောနိစ်က နေလောင်ဒဏ်ကို သက်သာစေတယ်ဆိုလို့ အံ့သြသွားပါသလား။

 မအံ့သြလိုက်ပါနဲ့။ မိရောနိစ်လေးကို နေလောင်ဒဏ်ခံထားရတဲ့ အသားအရေပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိရောနိစ်က နေလောင်ဒဏ်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သက်သာစေပြီး အသားအရေကို အစိုဓာတ်ပြန်လည် ဖြည့်တင်းပေးပါလိမ့်မယ်။

 နေလောင်ဒဏ်အတွက် မိရောနိစ်တစ်ခုတည်းကိုသာ အသုံးပြုနိုင်တာမဟုတ်ပါဘူး။ ရှာလကာရည်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ဝါဂွမ်းစလေးကို ရှာလကာရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် နေလောင်ဒဏ်ခံထားရတဲ့ အရေပြားပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ရိုးရိုးရှာလကာရည် (သို့) ပန်းသီးရှာလကာရည် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

 သင့်အိမ်ခန်းထဲမှာ ဆေးလိပ်နံ့ နံနေတယ်ဆိုရင်

 ပန်းသီးရှာလကာရည် (သို့) ရိုးရိုးရှာလကာရည်ကို သင့် အိမ်ပတ်ဝန်းကျင်မှာ ပတ်ဖြန်းပေးလိုက်ပါ။ တစ်ရက်ကြာတဲ့အခါ နံနေတဲ့ဆေးလိပ်အနံ့က ပျောက်သွားပါလိမ့်မယ်။ အနံအသက်များ မြန်မြန်ပျောက်ကင်းချင်တယ်ဆိုရင်တော့ အဝတ်စတစ်ခုကို ရှာလကာရည် ဆွတ်ပေးလိုက်ပါ။ ထို့နောက် နံနေတဲ့အနီးတစ်ဝိုက်မှာ ဝှေ့ယမ်းပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်အိမ်က အနံ့အသက် ကောင်းမွန်သွားပါလိမ့်မယ်။

 နွားနို့က သားရေအိတ်များ၊ သားရေဖိနပ်များကို သန့်ရှင်းတောက်ပြောင်သွားအောင် ကူညီပေးနိုင်တယ်ဆိုတာကိုရော စာဖတ်သူတို့ သိပြီးပါပြီလား

 သင့်ရဲ့ သားရေအိတ်၊ သားရေဖိနပ်က အရောင်ညစ်ထေးသွားလို့ စိတ်မညစ်လိုက်ပါနဲ့ ဝါဂွမ်းစလေးကို နွားနို့ထဲ နှစ်ပေးပြီးနောက် သားရေအိတ် (သို့) သားရေဖိနပ်ပေါ်မှာ ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် အခြောက်ခံပေးပြီးနောက် အဝတ်စတစ်ခုနဲ့ ထပ်မံသန့်စင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ သားရေအိတ် (သို့) သားရေဖိနပ်လေးက အသစ်အတိုင်းပဲ သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

 လျှာ အပူလောင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းကို ကုသပေးမယ့် သကြားခဲ

 ဗိုက်အရမ်းဆာနေတဲ့ ပူနေတဲ့အစားအစာတစ်ခုကို အလျင်စလို စားလိုက်မိပြီလား။ ပူတဲ့အစားအစာကြောင့် လျှာကျက်သွားတယ်ဆိုရင် သကြားခဲလေး ငုံထားလိုက်ပါ။ စပ်တဲ့အစားအစာကြောင့် ပူစပ်ပူလောင်ဖြစ်နေတယ်ဆိုရင်လည်း သကြား စားသုံးပေးနိုင်ပါတယ်။

 MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....